ရာသီသွေးဆင်းများခြင်း၊ပုံမှန်မဟုတ်ပဲ သွေးဆင်းခြင်း

အမျိုးသမီးတစ်ယောက် အပျိုဖော်စဝင်ပြီဆိုတာနဲ့ လစဉ် မျိုးဥကြွေခြင်း၊ဓမ္မတာလာခြင်း အစရှိတဲ့အရာတွေကို ကြုံတွေ့ရမှာမလွဲမသွေပါ။ဒီဖြစ်စဉ်တွေဟာ ပုံမှန်တွေ့ကြုံနေရမှာပဲ ဖြစ်ပါတယ်။ထိုအရာတွေထဲကမှ ဓမ္မတာလာချိန် သွေးဆင်းများခြင်း၊ပုံမှန် မဟုတ်ပဲ သွေးဆင်းခြင်းအကြောင်းကို ပြောပြခြင်ပါတယ်… အမျိုးသမီးအများစုမှာ ဒီလိုသွေးဆင်းများခြင်းကို မကြုံရတတ်ပေမယ့် တချို့သောအမျိုးသမီးတွေမှာ အလုပ်အကိုင်ပျက်လောက်အောင် ကြုံတွေ့ရတတ်တာမို့ သတိပြုစရာတစ်ခုပါ…

ပုံမှန်ထက် ရာသီသွေးပိုဆင်းတာကို ဘယ်လိုသိနိုင်မလဲ ?

  • မိမိသုံးနေကျ tampons ၊ pads အစရှိသည်တို့ကို ပုံမှန်ထက် ပိုသုံးရခြင်း၊ တစ်နာရီခြားတစ်ခါ မကြာခဏလဲရခြင်း၊
  • ညဘက်ထ၍ padsကို လဲရလောက်အောင် များခြင်း
  • ရာသီသွေး တစ်ပတ်ထက် ပိုဆင်းခြင်း
  • ရာသီသွေးထဲတွင် သွေးခဲများပါတတ်ပါက လေးပုံတစ်ပုံထက်များခြင်း
  • ပုံမှန်မိမိလုပ်နေကျ အလုပ်တွေ မလုပ်နိုင်လောက်အောင် သွေးဆင်းများခြင်း
  • သွေးအားနည်းခြင်း၊မောပန်းလွယ်ခြင်း၊နုံးချိခြင်း
  • ရာသီလာချိန် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း အစရှိတာတွေ တွေ့ရတတ်ပါတယ်

ဒီလို ရာသီသွေးဆင်းများခြင်းကို တွေ့ရတတ်တဲ့သူတွေကတော့…

မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံး ရာသီလာတဲ့အချိန်(menarche)မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ချိန်မို့ ရာသီသွေးဆင်းချိန်တွင် မျိုးဥမပါခြင်း ဖြစ်တတ်ပါတယ်၊ဒီလိုအချိန်မှာ ရာသီသွေးဆင်းများတတ်ပါတယ်၊လူတိုင်းမှာတော့ မဖြစ်တတ်ပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလဲ ပုံမှန်မဟုတ်ပဲ သွေးဆင်းများတတ်တာတွေ ကြုံတွေ့ရတတ်ပါတယ်.. ကိုယ်ဝန်ပျက်ခြင်း၊သန္ဓေသားနေရာမမှန်ခြင်း အစရှိတာတွေကြောင့် ဖြစ်တတ်ပါတယ်

သွေးမဆုံးမီနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် သားအိမ်ကင်ဆာ၊မျိုးဥကင်ဆာ၊သွေးနှင့်ဆိုင်သော ရောဂါ၊ အသည်းနှင့်ကျောက်ကပ်ရောဂါ(သို့)တခြားရောဂါ တစ်ခုကို ကုသနေရင်း ဆေး၏ ဘေးထွက်ဆိုးကျိုး၊ အစရှိတာတွေကြောင့်လဲ သွေးဆင်းများတတ်ပါတယ်.. ထို့ပြင် မျိုးဥ လုပ်ဆောင်မှုမမှန်ကန်၍ သွေးဆင်းများခြင်း၊ဟော်မုန်းဓာတ် မမှန်ကန်ခြင်းတွေကြောင့်လဲ ဖြစ်တတ်ပါတယ်..

ဒါကြောင့် မိမိတွင်

  • ရာသီ လာချိန်တွင် ပုံမှန်ထက် သွေးဆင်းများနေခြင်း
  • သွေးဆုံးပြီးသော်လည်း ပုံမမှန်ပဲ သွေးဆင်းခြင်း အစရှိတာတွေ ကြုံရပါက ဆရာဝန်နှင့် အမြန်ဆုံး ပြ၍ ကုသသင့်ပါတယ်…

ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုလျက်….

ပိုင်နီမောင်








သွေးမဆုံးမီနှင့်​ ​သွေးဆုံးပြီး အမျိုးသမီးများတွင်​ သားအိမ်​ကင်​ဆာ၊​မျိုးဥကင်​ဆာ၊သွေးနှင့်​ဆိုင်​​သော ​ရောဂါ၊ အသည်းနှင့်ေ​ကျာက်​ကပ်​​ရောဂါ(သို့)တခြား​ရောဂါ တစ်​ခုကို ကုသ​နေရင်း ​ဆေး၏ ​ဘေးထွက်​ဆိုးကျိုး၊ အစရှိတာ​တွေ​ကြောင့်​လဲ သွေးဆင်းများတတ်​ပါတယ်​.. ထို့ပြင်​ မျိုးဥ လုပ်​​ဆောင်​မှုမမှန်​ကန်​၍ ​သွေးဆင်းများခြင်း၊​ဟော်​မုန်းဓာတ်​ မမှန်​ကန်​ခြင်း​တွေ​ကြောင့်​လဲ ဖြစ်​တတ်​ပါတယ်​..

ဒါ​ကြောင့်​ မိမိတွင်

  • ရာသီ လာချိန်​တွင်​ ပုံမှန်​ထက်ေ​သွးဆင်းများ​နေခြင်း


ပိုင်​နီ​မောင်

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *