” သွေးဆုံးခြင်းနဲ့စိတ်ဆန္ဒ “
သွေးဆုံးချိန်ဆိုတာ အမျိုးသမီးများ တစ်ချိန်ချိန်မှာတွေ့ကြုံလာရမယ့် ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ဒီအချိန်ဟာ အမျိုးသမီးတို့ ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာနဲ့ လိင်စိတ်ဆန္ဒပိုင်းဆိုင်ရာ ပြောင်းလဲရာ အချိုးအကွေ့တစ်ခုဆိုလည်းမမှားပါဘူး။ယခုဆောင်းပါးမှာ အဓိကဖော်ပြလိုတာကတော့ သွေးဆုံးခြင်းနဲ့ လိင်စိတ်ဆန္ဒအကြောင်းပဲဖြစ်ပါတယ်။
အမျိုးသမီးတို့ရဲ့လိင်စိတ်ဆန္ဒကို အဓိက လွှမ်းမိုးနေတဲ့ဟော်မုန်းတွေကတော့ ‘မ’ဟော်မုန်းအီစထရိုဂျင်နဲ့ ပမာဏအနည်းငယ်သာပါဝင်တဲ့ ‘ကျား’ဟော်မုန်း တက်စတိုစတာရုန်းပြဲဖစ်ပါတယ်။
သွေးဆုံးချိန်ရောက်တဲ့အခါမှာ အဆိုပါဟော်မုန်းနှစ်မျိုးလုံးရဲ့ပမာဏ သိသိသာသာလျော့ကျသွားပါတယ်။ထိုအခါ အမျိုးသမီးအနေနဲ့ လိင်မှုရေးရာ ကိစ္စများအပေါ်စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ တော်ရုံနှိုးဆွမှုများအပေါ် စိတ်လှုပ်ရှားခံစားမှုမရှိတော့ခြင်း၊ အထိအတွေ့များအပေါ် သာယာမှုမရှိတော့ခြင်း စတဲ့ပြသနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။’မ’ဟော်မုန်းလျော့နည်းလာတာနဲ့အမျှမိန်းမကိုယ်ဆီသို့ သွေးထောက်ပံ့မှုလျော့နည်းလာပါတယ်။ရလဒ်အနေနဲ့ မိန်းမကိုယ်ခြောက်သွေ့လာပြီး လိင်ဆက်ဆံတဲ့အခါ နာကျင်မှုမှုခံစားလာရပါတယ်။အကျိုးဆက်ကတော့ နာကျင်မှုကြောင့် တဖြည်းဖြည်းနဲ့ လိင်ဆက်ဆံရမှာကိုပါ ကြောက်ရွံရှောင်ဖယ်လာခြင်းဖြစ်ပါတယ်။
(ဒါတွေက အမျိုးသမီးအားလုံး သွေးဆုံးချိနိမှာကြုံတွေ့ရမှာလားဆိုတော့….အားလုံးတော့လည်းမဟုတ်ပါဘူး။အမျိုးသမီးအချို့ကတော့ သွေးဆုံးပြီးချိန်မှာ ကိုယ်ဝန်ရရှိမှာ ကြောက်ဖို့မလိုတော့တဲ့အတွက် စိတ်လက်ပေါ့ပါးသွားတာမို့ လိင်မှုကိစ္စများမှာ မူလကထက် ပိုမိုအဆင်ပြေလာကြတယ်လို့ ဖွင့်ဟကြပါတယ်။)
အကယ်၍ သွေးဆုံးပြီးချိန်မှာ လိင်ဆန္ဒလျော့ကျလာခြင်းဟာ ပြသနာတစ်ရပ်ဖြစ်နေမယ်ဆိုပါက ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်လျော်မှုရှိပါကဟော်မုန်းအစားထိုးကုသမှုခံယူခြင်း၊ လိင်ဆက်ဆံရာတွင် ချောဆီအသုံးပြုခြင်းများပြုလုပ်နိုင်ပါတယ်။မိမိရဲ့ခင်ပွန်းကို ပွင့်လင်းစွာပြောပြတိုင်ပင်ဖို့နဲ့ မိမိအဖော်ရဲ့ နားလည်နှစ်သိမ့်ပေးမှုကလည်း အလွန်အရးပါပါတယ်။အိမ်ထောင်ရေးသာယာဖို့အတွက် လိင်ကိစ္စတစ်ခုတည်းက ပဓာနမဟုတ်ဘဲ တစ်ဦးပေါ်တစ်ဦးနားလည်မှုရှိဖို့နဲ့ အခြားသောနည်းလမ်းများဖြင့် ချစ်ခြင်းတရားကိုပုံဖော်နိုင်ဖို့က နည်းလမ်းကောင်းများဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
ဒေါက်တာဝင်း (UM 2)
” ေသြးဆံုးျခင္းနဲ႔စိတ္ဆႏၵ “
ေသြးဆံုးခ်ိန္ဆိုတာ အမ်ိဳးသမီးမ်ား တစ္ခ်ိန္ခ်ိန္မွာေတြ႔ၾကံဳလာရမယ့္ ကိစၥရပ္တစ္ခုပဲျဖစ္ပါတယ္။ဒီအခ်ိန္ဟာ အမ်ိဳးသမီးတို႔ ႐ုပ္ပိုင္းဆိုင္ရာ ၊စိတ္ပိုင္းဆိုင္ရာနဲ႔ လိင္စိတ္ဆႏၵပိုင္းဆိုင္ရာ ေျပာင္းလဲရာ အခ်ိဳးအေကြ႔တစ္ခုဆိုလည္းမမွားပါဘူး။ယခုေဆာင္းပါးမွာ အဓိကေဖာ္ျပလိုတာကေတာ့ ေသြးဆံုးျခင္းနဲ႔ လိင္စိတ္ဆႏၵအေၾကာင္းပဲျဖစ္ပါတယ္။
အမ်ိဳးသမီးတို႔ရဲ႕လိင္စိတ္ဆႏၵကို အဓိက လႊမ္းမိုးေနတဲ့ေဟာ္မုန္းေတြကေတာ့ ‘မ’ေဟာ္မုန္းအီစထ႐ိုဂ်င္နဲ႔ ပမာဏအနည္းငယ္သာပါဝင္တဲ့ ‘က်ား’ေဟာ္မုန္း တက္စတိုစတာ႐ုန္းပျဲဖစ္ပါတယ္။
ေသြးဆံုးခ်ိန္ေရာက္တဲ့အခါမွာ အဆိုပါေဟာ္မုန္းႏွစ္မ်ိဳးလံုးရဲ႕ပမာဏ သိသိသာသာေလ်ာ့က်သြားပါတယ္။ထိုအခါ အမ်ိဳးသမီးအေနနဲ႔ လိင္မႈေရးရာ ကိစၥမ်ားအေပၚစိတ္ဝင္စားမႈေလ်ာ့နည္းလာျခင္း၊ ေတာ္ရံုႏိႈးဆြမွုမ်ားအေပၚ စိတ္လႈပ္႐ွားခံစားမႈမ႐ွိေတာ့ျခင္း၊ အထိအေတြ႔မ်ားအေပၚ သာယာမႈမ႐ွိေတာ့ျခင္း စတဲ့ျပသနာေတြျဖစ္ေပၚလာႏိုင္ပါတယ္။’မ’ေဟာ္မုန္းေလ်ာ့နည္းလာတာနဲ့အမ်ွမိန္းမကိုယ္ဆီသို႔ ေသြးေထာက္ပ႔ံမႈေလ်ာ့နည္းလာပါတယ္။ရလဒ္အေနနဲ႔ မိန္းမကိုယ္ေျခာက္ေသြ႔လာၿပီး လိင္ဆက္ဆံတဲ့အခါ နာက်င္မႈမႈခံစားလာရပါတယ္။အက်ိဳးဆက္ကေတာ့ နာက်င္မႈေၾကာင့္ တျဖည္းျဖည္းနဲ႔ လိင္ဆက္ဆံရမွာကိုပါ ေၾကာက္ရြံေ႐ွာင္ဖယ္လာျခင္းျဖစ္ပါတယ္။
(ဒါေတြက အမ်ိဳးသမီးအားလံုး ေသြးဆံုးခ်ိနိမွာၾကံဳေတြ႔ရမွာလားဆိုေတာ့….အားလံုးေတာ့လည္းမဟုတ္ပါဘူး။အမ်ိဳးသမီးအခ်ိဳ႕ကေတာ့ ေသြးဆံုးၿပီးခ်ိန္မွာ ကိုယ္ဝန္ရ႐ွိမွာ ေၾကာက္ဖို႔မလိုေတာ့တဲ့အတြက္ စိတ္လက္ေပါ့ပါးသြားတာမို႔ လိင္မႈကိစၥမ်ားမွာ မူလကထက္ ပိုမိုအဆင္ေျပလာၾကတယ္လို႔ ဖြင့္ဟၾကပါတယ္။)
အကယ္၍ ေသြးဆံုးၿပီးခ်ိန္မွာ လိင္ဆႏၵေလ်ာ့က်လာျခင္းဟာ ျပသနာတစ္ရပ္ျဖစ္ေနမယ္ဆိုပါက ဆရာဝန္နဲ႔တိုင္ပင္ၿပီး သင့္ေလ်ာ္မွုရွိပါကေဟာ္မုန္းအစားထိုးကုသမႈခံယူျခင္း၊ လိင္ဆက္ဆံရာတြင္ ေခ်ာဆီအသံုးျပဳျခင္းမ်ားျပဳလုပ္ႏိုင္ပါတယ္။မိမိရဲ႕ခင္ပြန္းကို ပြင့္လင္းစြာေျပာျပတိုင္ပင္ဖို႔နဲ႔ မိမိအေဖာ္ရဲ႕ နားလည္ႏွစ္သိမ့္ေပးမႈကလည္း အလြန္အရးပါပါတယ္။အိမ္ေထာင္ေရးသာယာဖို႔အတြက္ လိင္ကိစၥတစ္ခုတည္းက ပဓာနမဟုတ္ဘဲ တစ္ဦးေပၚတစ္ဦးနားလည္မႈ႐ွိဖို႔နဲ႔ အျခားေသာနည္းလမ္းမ်ားျဖင့္ ခ်စ္ျခင္းတရားကိုပံုေဖာ္ႏိုင္ဖို႔က နည္းလမ္းေကာင္းမ်ားျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။
ေဒါက္တာဝင္း (UM 2)