တင်းတိပ်
ပျိုမိဒီတို့ရဲ့ အလှကို ဖျက်တတ်တဲ့ တင်းတိပ်ဆိုတဲ့ အရေပြားပြဿနာတစ်ခုအကြောင်းပါ။ တကယ်တော့တင်းတိပ်ဟာ အသားဖြူတဲ့သူတွေအတွက်ရော အသားညိုတဲ့သူတွေအတွက် ပါ စိတ်ဒုက္ခရောက်စေပါတယ်။ ဖြူတဲ့သူအတွက်ကျတော့ အညိုကွက်ကြီးက မျက်နှာပေါ် မှာ အထင်းသား။ အသားညိုတဲ့သူတွေအတွက်မှာတော့ အရောင့်ရင့်ရင့် မည်းမည်းကွက် က ကြည့်ရသူကို အဆင်မပြေဖြစ်စေပြန်တာကြောင့် အလှအပကြိုက်သူ ပျိုမေတို့အတွက် စိတ် အနှောင့်အယှက်ဖြစ်ကြရပါတယ်။ဒီတော့ မိန်းမသားအများစုဟာ သူတို့ရဲ့တင်းတိတ်ကြောင့် ငွေတွေကုန်ကြ ၊ စိတ်တွေပင်ပန်းကြဖြစ်ကြရတာ သိပ်ပြီးတော့မဆန်းသလိုပါပဲ။ ဒီလိုအလှ ဖျက်တဲ့တင်းတိတ်အကြောင်းကိုအကြောင်းအမျိုးမျိုးကြောင့်မရေးသားဖြစ်ခဲ့ပါဘူး။အခြား သောရေပြားရောဂါပြသာနာတွေကိုသာရေးသားဖြစ်ခဲ့ပါတယ်။ရေးသားပေးဖို့တိုက်တွန်းကြတာကိုလည်းမကြာခဏ၊လက်တွေ့အနေနဲ့လည်းဆေးခန်းတွေမှာကြုံတွေ့နေရတွေကများပြားလွန်းလှပြီးမရေးမဖြစ်ရေးသားဖို့တွန်းအားသစ်တွေလည်းပေးလာတာကလည်းတစ်ကြောင်း အစရှိ သဖြင့် အကြောင်းပေါင်းစုံစွာနဲ့ပေါင်းစုံလာတာကြောင့် ဒီတစ်ခါမှာတော့ တင်းတိတ် ဆိုတဲ့ အကြောင်းကို ရေးသားဖြစ်ခဲ့ပါပြီ။
ကြည်စင်ဝင်းပ ဖြူလွှလွှခင့်မျက်နှာ
ပြစ်မျိုးမှဲ့မထင်စွာ လှရက်လိုက်တာ။
ဇမ္ဗူတစ်ခွင် ပြိုင်စံရှုံးတဲ့ တုနိူင်းမဲ့သူ့သွင်ပြင်
မောင့်စိတ်မှာ ထာဝစဉ် စွဲမြဲကာမြင်ခဲ့။
ဂုဏ်ရှိန်ဝင့်ထည်ဝါ၊ အလှသွေးတို့ ကြွယ်ချိန်ခါ
သူနဲ့အတူယှဉ်ကာတွဲ
ပွဲတက်ခဲ့ နေ့များစွာ မေ့ရက်နိုင်ပါ။
ထိုစဉ်ခါ သူနဲ့တွဲ ၊ နွှဲလျှောက်ရ ပျို့မောင်မှာ
ခင့်အလှစိန်နားကပ် အရောင်ရယ်ကြောင့်
ပါးပြောင်ရတာ။
ဝါကြွားလို့ မဆိုချင်ပါ ဒီမောင်ရဲ့ စိတ်မနောမှာတော့
ဒါမှကွယ် မောင့်နှမရယ်လို့ ဂုဏ်ယူမိမနောဘဝင်မှာ
ပီတိတွေဖြာ။
ချစ်သူတို့ဘာသာ နေမင်းကို လထင်ပါလို့
နွေကန္တာမှာ တူစုံတွဲ
ရက်လနှစ်ကြာ။
ဆိုးချက်ကယ်နာ ထိုးနှက်ခဲ့ ကံကြမ္မာက
အလှကြိုက်သူ မောင့်ယမင်းကိုမှ ညှင်းရက်စက်တာ။
ညိုမည်းရောင် တိမ်လွှာကွက်တွေက ရွှေပါးပြင်နုနု
ထက်မှာလ
မသက်မညှာထွက်ပေါ်ကာ အလှကိုဖျက်တယ်
မောင်လည်းကွယ် နှမငယ်အတွက်ရယ် ဘယ်ပုံကြံရပါ့
အလိုကွယ်…
ပြုရက်လေခြင်း။
တင်းတိပ်အကြောင်းကို ရေးတော့မယ်ဆိုတော့အထက်က ကဗျာလေးကို သတိရမိပါတယ်။ တင်းတိပ်ဟာဖြစ်တဲ့သူတင်သာမကသက်ဆိုင်သူကိုပါစိတ်အနှောင့်အယှက်ဖြစ်စေတတ်တာ ကို သတိထားမိပါတယ်။ တင်းတိပ်အကြောင်းဟာ တင်းတိပ်ဖြစ်နေသူတင်သာမက သူတို့နဲ့ သက်ဆိုင်သူတွေကပါ သိရှိဖို့ ဖတ်ကြမှာဖြစ်ပြီး အကျိုးရှိစေမှာ ဖြစ်တဲ့အတွက်ရေးရသူတွေ အတွက် ကုသိုလ်နှစ်ခုရသလို ဖြစ်နေပါတယ်။ ဒီတော့မှ တင်းတိပ်အကြောင်းကို ရေးဖို့ပိုပြီး အားပေးသလို ဖြစ်သွားပါတော့တယ်။
တင်းတိပ်ဆိုတာ
ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများအတွက် တင်းတိပ်ဆိုတာဟာ မစိမ်းတဲ့ စကားလုံးပါ။ တင်းတိပ်ဆိုလိုက်တာနဲ့ပဲ မျက်နှာပေါ်က မည်းမည်းကွက်တွေကို ပြေးမြင်မိကြပါလိမ့်မယ်။ သို့သော်လည်း အင်္ဂလိပ်လိုမှာတော့ Melasma, Chloasma Facei, Mask of Pregnancy အစရှိသဖြင့် အမျိုးမျိုး ခေါ်ဝေါ်မှုပြုကြပါတယ်။
အာရှတိုက်မှာ နေထိုင်တဲ့ အာရှလူမျိုးတွေမှာ ပိုပြီး အတွေ့ရများတာကို တွေ့ရ ပါတယ်။ အတွေ့ရပိုများတာလည်း ပြောတာပါ။ အခြားသောဒေသမှာနေတဲ့သူတွေမှာလည်း တွေ့ရပါတယ်။ ဥပမာ- လက်တင်အမေရိက၊ တောင်အမေရိကမှာနေတဲ့ စပိန်မျိုးနွယ်စုဝင် လူမျိုးတွေမှာလည်း ဖြစ်ပါတယ်။ ယောက်ျားလေးတွေမှာ သိပ်မဖြစ်တတ်ဘဲအမျိုးသမီးတွေ မှာသာ ဖြစ်ပွားမှုများတာကို တွေ့ရပါတယ်။ တင်းတိပ်ဘာကြောင့် ဖြစ်ရသလဲဆိုတာဟာ လည်း လူနာများအမေးများတဲ့ မေးခွန်းတစ်ခုပါ။ တင်းတိပ်ဆိုတာ မွေးရာပါ ရောဂါမဟုတ် ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ဆက်ဆံခြင်းအားဖြင့်လည်း မကူးစက်ပါဘူး။ ဒီလို ဆိုရင် တင်းတိပ်ဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။
တင်းတိပ်ဘာကြောင့်ဖြစ်ရတယ်။
တင်းတိပ်ဟာ နေရောင်ကြောင့်ဖြစ်တယ်လို့ဟို အရင်က အယူအဆရှိခဲ့ပါတယ်။ ဒီလိုဆိုရင် ရော နေရောင်ကြောင့် မဟုတ်ဘူးလားဆိုပြီးမေးစရာဖြစ်လာပါတယ်။ တကယ်တော့ တင်းတိပ် ဖြစ်ရတာဟာ အကြောင်းအရာတစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ နေရောင်ဟာလည်း အကြောင်းတစ်ခုအနေနဲ့တော့ ပါပါသေးတယ်။ နေရောင်ခြည်အပြင် ဟိုမုန်းနဲ့ ဗီဇဖြစ်တည်ပါ ရှိမှုတွေနဲ့လည်း သက်ဆိုင်ပြန်ပါသေးတယ်။ တိတိကျကျဖြစ်စေတဲ့ အကြောင်းအရာကိုတော့ ယခုအချိန်အထိ မသိရှိရသေးပါဘူး။
တင်းတိပ်ဖြစ်တတ်တဲ့နေရာတွေ
ကျွန်တော်တို့နိုင်ငံမှာတော့ တင်းတိပ်ဆိုရင် မျက်နှာမှာ ဖြစ်တယ်။ မျက်နှာပေါ်ဆိုတာ တောင်မှ ပါးရိုးပေါ်မှာ ဖြစ်တဲ့ အမည်းကွက်တွေကိုပဲ တင်းတိပ်ရယ်လို့ ပြောချင်ကြပါတယ်။ ဒါကြောင့် တခြားနေရာမှာဖြစ်တဲ့ တင်းတိပ်ကို တင်းတိပ်ရယ်လို့ လက်မခံချင်ကြပါဘူး။ တကယ်တော့ တင်းတိပ်ဆိုတာ အဲဒီတစ်နေရာတည်းမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ နဖူး၊ နှုတ်ခမ်း၊ နှာခေါင်း၊ နားထင်၊ ပါးရဲ့ ဘေးဘက် စတဲ့မျက်နှာရဲ့ အစိတ်အပိုင်းတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ပြီး လည်ပင်း၊ ကုပ်၊ လက်မောင်းစတဲ့ နေရာတွေမှာဖြစ်တဲ့ အညိုရောင်အကွက်တွေကိုလည်း တင်းတိပ်အဖြစ် ဆေးပညာမှာ ခေါ်ဆိုပါသေးတယ်။
ဖြစ်တတ်တဲ့သူတွေ
အမျိုးသမီးတွေကတော့ အမျိုးသားတွေထက်ပိုပြီး ဖြစ်ကြပါတယ်။ အမျိုးသမီးတွေဟာ ဘာကြောင့် အမျိုးသားတွေထက် ပိုပြီး ဖြစ်ကြတာလဲဆိုတော့ တင်းတိပ်ဖြစ်ပေါ်ခြင်းဟာ သူတို့ရဲ့ ဟိုမုန်းအီစထရိုဂျင်နဲ့ ပိုပြီး သက်ဆိုင်လို့ပါ။ ကိုယ်ဝန်ဆောင်ချိန်တွေမှာဆိုရင် တိင်းတိပ်တွေ ထွက်လာတတ်တာပါတယ်။ ၁၀-၁၅ ရာနှုန်းလောက်သော အမျိုးသမီး ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း အီစထရိုဂျင်ဆိုတဲ့ ဟိုမုန်းနဲ့ပဲ သက်ဆိုင်ပြန်ပါတယ်။ အဲဒီဟိုမုန်းဓာတ်တွေ မြင့်တတ်နေတဲ့အချိန်မှာ တင်းတိပ်တွေထွက်လာ တာပါ။ ဒါကြောင့်လည်း Mask of Pregnancy ရယ်လို့ အင်္ဂလိပ်လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ဟိုမုန်းနဲ့ ပတ်သက်ဆက်စပ်ပြီးတော့ ထပ်ပြီး ပြောရရင် သားဆက်ခြားဆေးတွေ သောက်တဲ့ သူတွေ၊ သွေးဆုံးပြီးနောက်ပိုင်း ဟိုမုန်းအစားထိုးကုသမှု ယူနေတဲ့သူတွေမှာလည်း အီစထရိုဂျင် ဟိုမုန်းတွေကြောင့် ဒီတင်းတိပ်တွေ ထွက်တာကို တွေ့ရနိုင်ပါသေးတယ်။ ဟိုမုန်း သုံးစွဲသူ အမျိုးသမီးတွေဲ့ ၁၀-၂၅ ရာနှုန်းလောက်မှာ တွေ့ရတတ်ပါတယ်။
တကယ်တော့လည်း ကိုယ်ဝန်ဆောင်တိုင်း၊ သားဆက်ခြားဆေးတွေသောက်လိုက် တိုင်းလည်း တင်းတိပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ မဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတော့ တင်းတိပ်ဖြစ်ပေါ်ခြင်းဟာ ဟိုမုန်းအပြင် အခြားအကြောင်းပြချက်တွေလည်း ပါဝင်ပတ်သက် နေသေးလို့ သုံးသပ်ပြောဆိုကြတာပါ။
နောက်ပြီး အသားညိုတဲ့သူတွေဟာ ဖြူတဲ့သူတွေထက် ပိုပြီး များပါတယ်။ ဒီလို အသားဖြူတဲ့သူတွေ အသားညိုတဲ့သူတွေမှာ ပိုပြီး ဖြစ်ရတာဟာလည်း အသားညိုသူတွေမှာ ရှိတဲ့ အရောင်ခြယ်ဆဲလ်တွေကနေ ရှိတာကြောင့် ဖြစ်ပါတယ်။ သွေးချင်းတွေထဲမှာ တင်းတိပ် ဖြစ်တတ်တဲ့သူ ရှိနေရင်လည်း တင်းတိပ်ပိုပြီး ဖြစ်ကြတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မျိုးရိုးဗီဇကို တင်းတိပ်မှာ ထည့်သွင်းစဉ်းစားထားကြတာ ဖြစ်ပါတယ်။ နေရောင်နဲ့ ထိတွေ့မှု များတဲ့ သူတွေဟာလည်း တင်းတိပ်ပိုပြီးကဖြစ်ကြပါတယ်။ ဒါကတော့ နေရောင်ဟာ အရေပြားအရောင်ခြယ်ဆဲလ်တွေကို အရောင်ထွက်အောင် လှုံ့ဆော်တာကြောင့် ဖြစ်ပါတယ်။
တင်းတိပ်အမျိုးအစား
တကယ်တော့လည်း အများအားဖြင့် အရပ်ထဲမှာတော့ တင်းတိပ်ကို အမျိုး အစား သိပ်မခွဲခြားကြပါဘူး။ ဆေးပညာမှာတော့ ခွဲခြားထားပါတယ်။ ဗဟုသုတ ဖြစ်စေဖို့နဲ့ကုသခြင်းအကြောင်းမှာလည်းအနည်းငယ်သက်ဆိုင်မှုရှိနေတာမို့ ရေးသား ဖော်ပြလိုက်ပါတယ်။အရေပြားအရောင်ခြယ်ဆဲလ်တွေက ထုတ်တဲ့ အရောင်ရဲ့ တည်ရှိ နေရာကို လိုက်ပြီး တင်းတိပ်အမျိုးအစား သုံးမျိုးရှိပါတယ်။
(၁) အပေါ်ယံလွှာ အမျိုးအစား(Epidermal Melasma)
(၂) အလယ်လွှာအမျိုးအစား(Dermaal Melasma)
(၃) နှစ်လွှာပေါင်းအမျိုးအစား(Mixed Type)တို့ပဲ ဖြစ်ပါတယ်။
အပေါ်ယံလွှာအမျိုးအစားဆိုတာဟာ အရောင်ခြယ်ဆဲလ်က ထုတ်လိုက် တဲ့အရောင် Pigments တွေဟာ အရေပြားရဲ့ အပေါ်ဆုံးအလွှာ Epidermis ထဲမှာ စုပုံတည်ရှိနေတာကို ခေါ်တာပါ။ အလယ်လွှာအမျိုးအစားဆိုတာကတော့ အရောင် ခြယ်ဆဲလ်က ထုတ်လိုက်တဲ့အရောင် pigments တွေဟာ အရေပြားရဲ့ အလယ်လွှာ မှာပဲ စုပုံနေတာကို ခေါ်တာပါ။ တတိယအမျိုုးအစားဖြစ်တဲ့ နှစ်လွှာပေါင်းအမျိုးအစား တင်းတိပ်ကတော့ အရောင်ခြယ်ဆဲလ်က ထုတ်လိုက်တဲ့ အရောင် pigments တွေဟာ အရေပြားရဲ့ အပေါ်ယံလွှာရော အလယ်လွှာထဲမှာပါ ရောနှောတည်ရှိနေတာကြောင့် အရောအနှောအမျိုးအစား တင်းတိပ် Mixed Type လို့ ခေါ်ဆိုလိုက်တာပါ။
တင်းတိပ်ပျောက်တယ်
တကယ်တော့ တင်းတိပ်ဟာ တော်တော်ကုရခက်တဲ့ ပြဿနာတစ်ခုပါ။ တချို့ တချို့သော သူတွေကဆိုရင် တင်းတိပ်ကို မပျောက်နိုင်ဘူးလို့တောင် ထင်ကြပါတယ်။ ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ ဟိုမုန်းကြောင့် ဖြစ်ရတဲ့ တင်းတိပ်အမျိုးအစားတွေကတော့ သူအလိုလို ပြန်ပြီး ပျောက်သွားနိုင်ပါတယ်။ ဥပမာ- ကိုယ်ဝန်ဆောင်စဉ်မှာပေါ်လာတတ်တဲ့ တင်းတိပ်တွေ၊ နောက်ပြီး သားဆက်ခြားဆေးသောက်စဉ်မှာ ပေါ်လာတတ်တဲ့ တင်းတိပ်တွေ စတဲ့ တင်းတိပ်တွေဟာ မီးဖွားပြီးရင်၊ ဆေးရပ်လိုက်ရင် သူ့အလိုလို ပျောက်သွားတတ်ကြ ပါတယ်။ နောက်တစ်ခုကတော့ တင်းတိပ်အမျိုးအစားသုံးမျိုးထဲက အပေါ်ယံအလွှာအမျိုး အစား Epidermal Melasma တင်းတိပ်ဟာ ပုံမှန်ကုသနည်းတွေနဲ့တင် ပျောက်ကင်းနိုင်ဖို့ တော်တော်လေးခက်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီလိုဆိုရင် မပျောက်နိုင်ဘူးလားဆို ပြန်တော့ လည်း ပျောက်တော့ပျောက်ကင်းနိုင်ပါတယ်လို့ပဲ ပြန်ဖြေရမှာပါ။ တိတိကျကျတော့ ပြောလို့ မရနိုင်ပြန်ပါဘူး။ ယခုအချိန်အထိကတော့ ပျောက်ကင်းဖို့ ရာနှုန်းပိုင်းမှာ နည်းတယ်လို့ ပြောလို့ရနိုင်ပါတယ်။
တင်းတိပ်ကို ဘယ်လိုသိ
တင်းတိပ်ကို တကယ်တော့ အမြင်မှာတင်ပဲ ဒါဟာ တင်းတိပ်ပါလို့ ပြောလို့ရနိုင် ပါတယ်။ လူတော်တော်များများကလည်း သိနိုင်ကြပါတယ်။ သို့သော်လည်း ဖြစ်တဲ့နေရာဟာ နည်းနည်းထူးခြားရင်တော့ ဒါဟာ တင်းတိပ်ပါလို့ ပြောရရင် လက်မခံဘဲ ဖြစ်တတ်ကြပါ တယ်။ ဥပမာ – လက်မောင်းပေါ်မှာ ဖြစ်တဲ့အခါမျိုးမှာပေါ့။ ဘာပဲဖြစ်ဖြစ် တင်းတိပ်တွေကို သူတို့ဖြစ်ပေါ်နေတဲ့ နေရာ၊ ဖြစ်နေတဲ့သူ (ယောက်ျား၊ မိန်းမ၊ ကိုယ်ဝန်ဆောင်မိခင်၊ သန္ဓေတား ဆေးသောက်နေတဲ့ အမျိုးသမီး) ဘယ်လိုခံစားချက်မှ မပေးတဲ့ အညိုကွက်စတာ တွေကို ကြည့်မြင်သုံးသပ်ပြီး ဆုံးဖြတ်ပေးလို့ ရနိုင်ပါတယ်။ ဒါပေမဲ့လည်း ရံဖန်ရံခါမှားတတ် ကြပါသေးတယ်။ မှားတတ်တဲ့ ပြဿနာတွေကတော့ လိမ်းဆေး၊ သောက်ဆေးတွေနဲ့ နေရောင်ဓာတ်ပြုခြင်းကြောင့် ဖြစ်ရတဲ့ အမည်းကွက်တွေလေးတွေ၊ ထိခိုက်ရောင်ရမ်းပြီး နောက် ကျန်ခဲ့တဲ့ အမည်းကွက်၊ အရေပြားမှိုကြောင့်ဖြစ်ရတဲ့ အညိုကွက်စတာတွေနဲ့တော့ မှားတတ်ကြပါသေးတယ်။ သိပ်ပြီး မသေချာဘူးဆိုရင်တော့ ဒါတွေနဲ့ ကွဲပြားအောင် Wood’s Lamp ဆိုတဲ့ မီးတပ်မှန်ဘီလူးနဲ့ ကြည့်ပြီး ခွဲခြားနိုင်သလို အသားစယူပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုပြုလုပ်ခြင်းနဲ့လည်း ရောဂါကို အတိအကျပြောပြနိုင်ပါတယ်။
ဘယ်လိုကုသရပါမယ်
တင်းတိပ်ကုသနည်းတွေကတော့ အများကြီးပါ။ ပြီးပြည့်စုံအောင် ကောင်းမွန်တဲ့ ကုသမှု မရှိသေးတာကြောင့်လည်း ယခုအချိန်အထိ အသစ်သစ်သော ကုသနည်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ကုသမှုတွေကို အကြမ်းအားဖြင့် လိမ်းဆေးများနဲ့ ကုသခြင်း၊ ဓာတုဆေးရည်များနဲ့ အရေပြားအပေါ်ယံအလွာကို ဆေးကြောဖယ်ရှားခြင်းဖြင့် ကုသခြင်း၊ လေဆာရောင်ခြည်ဖြင့် ကုသခြင်းဆိုပြီး ခွဲခြားလို့ရပါတယ်။ ဒီလိုကုသနည်းတွေကလည်း သူ့ အကျိုးနဲ့ သူ၊ သူ့ဆိုးကျိုးနဲ့ သူရှိကြပါတယ်။
နေရောင်ခြည်ကိုကာကွယ်ကြမယ်
အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေအထဲက ဘယ်ကုသနည်းနဲ့ပဲ ကုသပါစေ၊ တင်းတိပ်ကု သမယ်ဆိုရင်တော့ နေရောင်ခြည်ကို ကာကွယ်ဖို့က အဓိကျပါတယ်။ နေရောင်ခြည်ကို ကာကွယ်ထားပါမှ တင်းတိပ်ဟာ ပျောက်ကင်းမှာဖြစ်သလို ပြန်ပြီးတော့လည်း မဖြစ်ဖို့အတွက် လည်း အရေးပါပါတယ်။ တင်းတိပ်ကို ဖြစ်ပေါ်စေတဲ့အကြောင်းတွေထဲက တစ်ခုဖြစ်နေတာ ကြောင့် သူ့ကို ချန်လှပ်ပြီးထားလို့ မရနိုင်ပါဘူး။
နေရောင်ခြည်ကို ကာကွယ်ရာမှာလည်း ညအချိန်ကလွဲပြီး ကျန်နေ့ခင်းအချိန်တွေမှာ အမြဲလိုလို နေရောင်ကာကွယ်အဆီတွေကို လိမ်းထားနိုင်ပါမှ တော်ရုံကျပါမယ်။ နံနက်မျက်နှာ သစ်ပြီးတာနဲ့ နေရောင်ကာကွယ်အဆီကို စတင်လိမ်းထားသင့်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ နေရောင်ဟာ တိုက်ရိုက်ထိတွေ့မှ သူ့ရဲ့ဒဏ်ကို ခံရတာ မဟုတ်ပါဘူး။ နေရောင်ရှိန် နေရင်တောင် သူ့ရဲ့ ခရမ်းလွန်ရောင်ခြည်တွေက အရေပြားအပေါ်ကို သက်ရောက်နေတာ ကြောင့် နေရောင်ရဲ့ ဒဏ်ကိုခံရတာပဲဖြစ်ပါတယ်။ တချို့က နေရောင်ကာအဆီကို နေရောင်ထဲကို သွားမယ်ဆိုမှ လိမ်းတတ်တဲ့အကျင့် ရှိကြပါတယ်။ တကယ်လို့ ကိုယ်ဟာ နေရောင်အနည်းငယ်ဝင်တဲ့ အိမ်ရဲ့ ဧည့်ခန်းထဲမှာရှိမယ်ဆိုရင်၊ ဒါမှမဟုတ် ဆင်ဝင်အောက်မှာ ရှိနေမယ်ဆိုရင် မိမိအရေပြားဟာ နေရောင်မထိသော်လည်း နေရောင်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့ကာ နေရောင်ရဲ့ ဒဏ်ကို ခံစားရတာနဲ့ တူညီတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ် စေမှာပဲဖြစ်ပါတယ်။
ဒါကြောင့် တင်းတိပ်ကို ကာကွယ်ဖို့အတွက် နေရောင်ကာဆီလိမ်းဖို့၊ နေရောင်ထဲကို ထွက်မယ်ဆိုရင်လည်း နေရောင်ကာဆီလိမ်းထားတယ်ဆိုပြီး၊ ထီး၊ ဦးထုပ် စတဲ့ အမိုးအကာ မပါဘဲ လျှောက်မသွားဖို့၊ နေရောင်ထဲကိုလည်း တတ်နိုင်သလောက် မထွက်ကြဖို့၊ ထွက်မယ် ဆိုရင်လည်း အပူဆုံး အချိန်တွေကို ရှောင်ကြဖို့ လိုပါတယ်။ ဒီလို နေရောင်ကို ကာကွယ်တာဟာ တင်းတိပ်တစ်ခုတည်းအတွက်တင်မကပါဘူး၊ အခြားသော အရေပြားကို ထိန်းသိမ်းမှုတွေနဲ့လည်း သက်ဆိုင်တာကြောင့် အရေပြားကို အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးနိုင်ပါသေးတယ်။
တချို့ကတော့ ဒီလို နေရောင်ကာကွယ်ဆီလိမ်းခြင်းကို တင်းတိပ်ကုသခြင်းရဲ့ လိမ်းဆေးဖြင့် ကုသခြင်း ခေါင်းစဉ်အောက်မှာ ထားကြပါတယ်။ ဘယ်နေရာမှာပဲ ထားထား နေရောင်ခြည်ကို ကာကွယ်ဖို့ လိုအပ်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
တင်းတိပ်ပျောက်တဲ့ လိမ်းဆေးတွေ
တင်းတိပ်အတွက် လိမ်းဆေးတွေ၊ အလှကုန်ပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ အများကြီးတွေ့နိုင်ပါတယ်။ ဈေးတွေကလည်း ကြီးမှကြီး( ဈေးပေါပေါတွေလည်း ရှိတော့ ရှိပါတယ်။) လှချင်တဲ့သူတွေ အတွက်ကတော့ ဈေးကြီးတာကို ပြဿနာလို့ မထင်ကြပါဘူး။ ပျောက်ရင်ပြီးရောဆိုပြီး ဝယ်လိမ်းကြပါတယ်။ ပျောက်တဲ့သူလည်း ပျောက်၊သက်သာတဲ့ သူတွေလည်း သက်သာပေါ့။ ပိုဆိုးသွားတဲ့သူတွေ၊ ပြန်ပြီးဖြစ်တဲ့သူတွေ၊ အဖြူတစ်ကွက်၊ အမည်းတစ်ကွက်နဲ့ ကွက်တိကွက်ကျားဖြစ်ကုန်တဲ့သူတွေ၊ အရေပြားတွေ လန်ပြီးရဲရောင်ကုန် တဲ့သူတွေလည်း မနည်းမနောပါပဲ။ ဒါကြောင့် တင်းတိပ်ပျောက်ဆေးဆိုတာ ဘာတွေလည်း ဆိုတာ ရေးပြပါ့မယ်။ ကိုယ်သုံးတဲ့ လိမ်းဆေး၊ ကိုယ်သုံးတဲ့ အလှကုန်ပစ္စည်းတွေအထဲမှာ အခုရေးတဲ့ ဆေးတွေရော ပါသလားစသဖြင့် ချင့်ချိန်သုံးသပ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တင်းတိပ်ပျောက်လိမ်းဆေးတွေ၊ အလှကုန်တွေမှာ အဓိက ပါဝင်တာကတော့ အရောင်ချွတ် နိုင်စွမ်းရှိတဲ့ ဓာတုပစ္စည်းတွေပါ။ အင်္ဂလိပ်လို Bleaching Agent လို့ ခေါ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ နာမည်တွေကတော့ တင်းတိပ်အတွက် အသုံးများတဲ့ အရောင်ချွတ် ပစ္စည်းတွေ ဖြစ်ပါတယ်။
* 2- 4 % Hydroquinone
* Tretinoin Cream/ Gel
* Azelic Acid 20%
* KOjic Acid
Mandelic Acid
ဒီပစ္စည်းတွေကတော့ တစ်ခုတည်းလိမ်းရတာ ရှိသလို နှစ်ခု၊ သုံးခုပေါင်းပြီး လိမ်းရ တာလည်း ရှိပါတယ်။
တချို့သော အလှကုန်ပစ္စည်းတွေမှာတော့ သဘာဝသစ်သီး၊ သစ်ရွက်၊ အပင်၊ ဥတွေ ကနေ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုကြပါတယ်။ အဲဒီပစ္စည်းတွေဟာလည်း အသုံးပြုကြပါတယ်။ အဲဒီပစ္စည်းတွေဟာလည်း အရောင်ချွတ်နိုင်တဲ့ ဂုဏ်သတ္တိ သဘာဝထွက် ကုန်တွေပါ။ ဒီတော့ သဘာဝမို့ အန္တရာယ်ကင်းတယ်၊ ဓာတုပစ္စည်းမို့ အန္တရာယ်ရှိတယ်။ ဒီလိုလည်း တစ်သမတ်တည်း ပြောလို့မရပါဘူး။ သူ့ဟာနဲ့သူ ကောင်းကျိုးတွေရှိသလို ဆိုး ကျိုးတွေလည်း ပါတတ်ပါတယ်။
ဒီပစ္စည်းတွေကို ညပိုင်းမှာပဲ အဓိကအသုံးပြုရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီ အရောင်ချွတ်သတ္တိရှိတဲ့ ပစ္စည်းအများစုဟာ နေရောင်နဲ့ အဆင်မပြေဖြစ်နိုင်တာကြောင့် ဖြစ်ပါ တယ်။ နောက်ပြီး သူတို့ကို သုံးစွဲနေတဲ့သူတွေကလည်း နေရောင်ကာအဆီကို မဖြစ်မနေ သုံးစွဲဖို့ လိုအပ်ပြန်ပါတယ်။ တချို့သော အမျိုးသမီးတွေဟာ ဒါကို မသိတာကြောင့် ဒီဆေး တွေကို သုံးနေသော်လည်း နေရောင်ကာဆီကို မသုံး၊ နေရောင်ထဲကို အကာအကွယ်မပါဘဲ ထွက်တတ်ကြပါတယ်။ ဒီတော့ တင်းတိပ်တွေပိုပြီး ဆိုးလာပါတယ်။ ဒီတော့ ဒီလိမ်းဆေး၊ ဒီအလှကုန်ပစ္စည်းက မကောင်းဘူး ဖြစ်ကုန်ကြပါတယ်။ အချက်မသိတော့ သမက်ကို သူခိုးထင် သလို ပါပဲ။
တချို့သောအရောင်ချွတ်ဆေးတွေ၊ တချို့သော သဘာဝအရောင်ချွတ်သတ္တိရှိ ပစ္စည်း ပါတဲ့ အလှကုန်တွေဟာ အရေပြားက အရောင်ထုတ်ဆဲလ်တွေရဲ့ လုပ်ရပ်တွေကို အပြီးတိုင် ရပ်နားလိုက်စေတာကြောင့် အရေပြားဟာ အရောင်မထွက်တော့ဘဲ ဖြူဆွတ်ဆွတ်ဖြစ်ကာ ကျန်ရစ်တတ်ပါတယ်။ တင်းတိပ်ဆိုတဲ့ အမည်းကွက်ကတော့ ပျောက်သွားပါတယ်။ သို့သော်လည်း အဖြူကွက်ကြီးကျန်ရစ်ကာ မလှမဖြစ်ရပြန်ပါတယ်။
ပါလေရော စတီးရွိုက်ဟာ တင်းတိပ်လိမ်းဆေးမှာလည်း ပါပြန်ပါတယ်။ တချို့သော တင်းတိပ်များဟာ စတီးရွိုက်လိမ်းဆေးကိုပါ ပေါင်းစပ်ပြီး ကုသပါမှ သက်သာမှုကို ရရှိတတ်ပါ တယ်။ လိမ်းဆေးကိုတော့ များသောအားဖြင့် အပေါ်ယံအလွှာပိုင်းမှာသာ ဖြစ်တဲ့ တင်းတိပ် တွေမှာပဲ အသုံးပြုကြတာပါ။
ပီလင်းလုပ်မယ်
တကယ်တော့ ဓာတုဆေးရည်တွေကို အသုံးပြုပြီး အရေပြားရဲ့ အပေါ်ယံအလွှာကို ဆေးကြောဖယ်ရှားလိုက်ခြင်းကို ပီလင်းလုပ်တယ်လို့ ခေါ်တာပါ။ မျက်နှာဆေးတယ်လို့ တချို့က ခေါ်ကြပြန်ပါတယ်။ ဒီနည်းဟာလည်း တင်းတိပ်ကုသနည်းထဲက နည်းတစ်ခုပါ။ လိမ်းဆေးတွေနဲ့ အဆင်သိပ်မပြေရင် ဒီနည်းကို သုံးတတ်ကြပါတယ်။ ဒါမှမဟုတ် တင်းတိပ် ဟာ ဒုတိယအလွှာအထိ ရောက်နေရင်၊ ဒါမှမဟုတ် နှစ်ခုပေါင်းအမျိုးအစားမှာဆိုရင် သုံးတတ်ကြပါတယ်။
* Jessner’s Solution
* Glycolic peels
* Salicaylic Acid
* TCA
စတဲ့ ဆေးရည်တွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း ကောင်းတာတွေရှိ သလို အားနည်းချက်တွေလည်း ရှိပါတယ်။ ဒီနည်းလမ်းကိုလည်း လိမ်းဆေးနဲ့ တွဲပြီး ကုသမှုပြုလို့ရပါတယ်။
လေဆာနဲ့ တင်းတိပ်
လေဆာဆိုတဲ့ ရောင်ခြည်နဲ့ တင်းတိပ်ကို ကုသလို့လည်း ရနိုင်ပါတယ်။ လေဆာစက် တွေကလည်း အမျိုးမျိုုးရှိပါတယ်။ လေဆာစက်တိုင်းဟာ တင်းတိပ်တွေကို ကုလို့ မရနိုင်ပါ ဘူး။ Q- switched pigmentary laser, 1064 nm-Q intensed Nd: YAG laser with low energy, fraction laser, phototherapy (spectra) အစရှိသဖြင့် တင်းတိပ် အတွက် လေဆာစက်တွေဟာ အမျိုးစုံလင်စွာ ရှိကြပါတယ်။ ဘယ်တင်းတိပ်အမျိုးအစားအတွက် ဘယ် လေဆာ၊ ဘယ်အတွက်ဆို ဘယ်လေဆာစသဖြင့် သူ့ပြဿနာနဲ့ သူခွဲခြားကုသတဲ့ စက်အမျိုး အစားသပ်သပ်စီ ရှိပါတယ်။
နောက်ပြီး လေဆာနဲ့ ကုသတိုင်းလည်း ကောင်းသွားကြတာတော့ မဟုတ်ပါဘူး။ တချို့က လေဆာနဲ့ ကုရင် နတ်ရေကန်ထဲဆင်းပြီးပြန်တက်လာသလို နတ်သမီးတမျှဝင်း ပသွားမယ်လို့ ထင်တတ်ကြပါတယ်။ လေဆာမှာလည်း ကောင်းတာတွေရှိသလို ဆိုးတာတွေ လည်း ရှိပါတယ်။ လေဆာနဲ့ကုမယ်ဆိုရင် တင်းတိပ်ရဲ့ အတိမ်အနက်ကို သိရှိဖို့လိုအပ်ပါ တယ်။ တချို့သောလေဆာတွေက အရောင်ခြယ်ပစ္စည်းတွေကို ချေဖျက်တာရှိသလို တချို့ သောလေဆာတွေက တင်းတိပ်ဖြစ်ပေါ်ရာနေရာ အရေပြားရဲ့ သွေကြောဆိုင်ရာတွေက ို ပစ်မှ် ထားကုသတာလည်း ရှိပါတယ်။ လေဆာနဲ့ ကုသရာမှာလည်း တစ်ကြိမ်တည်းနဲ့တော့ မပြီးနိုင်ပါဘူး။ လေဆာကြောင့် အရေပြားလောင်းတာမျိုး၊ ရဲရောင်လာတာတွေ၊ ကုသမှု အကျိုးရလဒ်မထူးခြားတာတွေ စတဲ့ ပြဿနာတွေလည်း ကြုံတွေ့နိုင်ပါတယ်။ လေဆာရဲ့ အဓိကပြဿနာကတော့ အဖြူကွက်ကျန်နေခဲ့ခြင်းပါ။ အမည်းရောင်တင်းတိပ်ကနေ အဖြူ ကွက်တွေအဖြစ် ကျန်ရစ်တတ်ပါတယ်။ အဖြူကွက်ကြီးကြီး ကျန်တတ်သလို အဖြူကွက် သေးသေးလေးတွေမှာလည်း ကျန်နေတတ်ပါတယ်။ နောက်ပြီး လေဆာနဲ့ ကုသအပြီးမှာ အရေပြားကို ဒီအတိုင်းထားလို့မပါရဘူး။ post Laser Care အဖြစ် အရေပြားကို ဆေးကုသမှု၊ ထိန်းသိမ်းမှုတွေကို ဆက်လက်လုပ်ဆောင်ရပါသေးတယ်။
တင်းတိပ်တွေကို ကုသရာမှာ တစ်မျိုးတည်းနဲ့ ရံဖန်ရံခါမှာ မပျောက်ကင်းနိုင်ဘဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် အထက်ပါကုသမှုတွေကို လိုအပ်ရင် လိုအပ်သလို တွဲဖက် ပူးပေါင်းပြီး ကုသမှုတွေ လုပ်ပေးရတတ်ပါတယ်။ တချို့တချို့သောသူတွေကတော့ သူတို့ရဲ့ တင်းတိပ်အကွက်လေးတွေကို မိတ်ကပ်နဲ့ ဖုံးအပ်ထားလိုက်ကြတတ်ပါတယ်။ ကုသနည်းမ မဟုတ်သော်လည်း အမည်းကွက်ကို ဖုံးအုပ်ထားလိုက်တာကြောင့် အတိုင်းအတာတစ်ခု အထိတော့ အဆင်ပြေသွားနိုင်ပါတယ်။ ကုသနည်းတွေနဲ့ အဆင်မပြေဖြစ်တတ်တဲ့ တင်းတိပ် တွေကိုတော့ နောက်ဆုံးမှာ ဒီနည်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်။
အဆုံးသတ်အနေနဲ့ ခြုံပြီး ပြောရမယ်ဆိုရင် တင်းတိပ်ဆိုတာ အသက်အန္တရာယ်နဲ့ ဝေးလွန်းလှပါတယ်။ အလှအပရေးရာပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ဒါကို ဟိုဟာလိမ်း၊ ဒီဟာလိမ်း မလုပ်ဖို့ လိုပါတယ်။ ဟိုလိမ်းဒီလိမ်းလုပ်ပြီး ပြဿနာဖြစ်တဲ့သူတွေအများကြီးပါ။ ဆေးကြောင့်လေးတတ်ပါတယ်။ ဒါကြောင့် တင်းတိပ်ဖြစ်ရာမှာ သူများတကာပြောတာတွေကို လျှောက်မလုပ်ဘဲ အခုရေးခဲ့တဲ့ အကြောင်းအရာတွေကို အသေအချာဖတ်ရှုပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာကြမယ်ဆိုရင် အားလုံးအဆင်ပြေကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ အဓိကကျတဲ့ နေရောင်ကိုတော့ မဖြစ်မနေ ကာကွယ်ရှောင်ရှားရပါလိမ့်မယ်။ တချို့က တင်းတိပ်ပျောက်ကင်းသွားတာနဲ့ပဲ နေရောင်ကိုမရှောင်၊ အရေပြားကို မထိန်းသိမ်းထား ကြတော့ တင်းတိပ်ပြန်ပြီးဖြစ်၊ အရင်ကထက် ပိုပြီး ဆိုးကြရပါတယ်။ သုံးမယ့်အလှကုန်ပစ္စည်း တွေမှာလည်း ပါဝင်တဲ့ ပစ္စည်းတွေကို အသေအချာလေ့လာသင့်ပါတယ်။ ကုသမှုခံယူတဲ့ အခါမှာလည်း အဆင်ပြေတဲ့နည်းလမ်းတွေကိုသုံးသပ်ရွေးချယ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။
တင်းတိပ်အကြောင်းကိုလည်း အတန်သင့် ရှင်းပြခဲ့ပြီးပြီးဆိုတော့ စာဖတ်သူတို့လည်း နားလည်သင့်သလောက်တော့ နားလည်သွားလောက်ပြီးလို့ ထင်ပါတယ်။ တင်းတိပ်ကင်းတဲ့ မျက်နှာပိုင်ရှင်များ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း တစ်ခန်းရပ်လိုက်ပါရစေ။
စေတနာများစွာဖြင့်
ဒေါက်တာလင်းထက် (အရေပြားအထူးကုဆရာဝန်)
တင္းတိပ္
ပ်ဳိမိဒီတုိ႕ရဲ႕ အလွကုိ ဖ်က္တတ္တဲ့ တင္းတိပ္ဆုိတဲ့ အေရျပားျပႆနာတစ္ခုအေၾကာင္းပါ။ တကယ္ေတာ့တင္းတိပ္ဟာ အသားၿဖဴတဲ႕သူေတြအတြက္ေရာ အသားညိဳတဲ႕သူေတြအတြက္ ပါ စိတ္ဒုကၡေရာက္ေစပါတယ္။ ၿဖဴတဲ႕သူအတြက္က်ေတာ႕ အညိဳကြက္ႀကီးက မ်က္ႏွာေပၚ မွာ အထင္းသား။ အသားညိဳတဲ႕သူေတြအတြက္မွာေတာ႕ အေရာင္႔ရင္႔ရင္႕ မည္းမည္းကြက္ က ၾကည္႕ရသူကို အဆင္မေၿပၿဖစ္ေစၿပန္တာေၾကာင္႕ အလွအပၾကိဳက္သူ ပ်ိဳေမတို႕အတြက္ စိတ္ အေႏွာင္႕အယွက္ၿဖစ္ၾကရပါတယ္။ဒီေတာ႕ မိန္းမသားအမ်ားစုဟာ သူတို႕ရဲ႕တင္းတိတ္ေၾကာင့္ ေငြေတြကုန္ၾက ၊ စိတ္ေတြပင္ပန္းၾကၿဖစ္ၾကရတာ သိပ္ၿပီးေတာ႕မဆန္းသလိုပါပဲ။ ဒီလိုအလွ ဖ်က္တဲ႕တင္းတိတ္အေၾကာင္းကိုအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႕မေရးသားၿဖစ္ခဲ႔ပါဘူး။အၿခား ေသာေရၿပားေရာဂါၿပသာနာေတြကိုသာေရးသားၿဖစ္ခဲ႕ပါတယ္။ေရးသားေပးဖို႕တိုက္တြန္းၾကတာကိုလည္းမၾကာခဏ၊လက္ေတြ႔အေနနဲ႕လည္းေဆးခန္းေတြမွာၾကဳံေတြ႕ေနရေတြကမ်ားၿပားလြန္းလွၿပီးမေရးမၿဖစ္ေရးသားဖို႕တြန္းအားသစ္ေတြလည္းေပးလာတာကလည္းတစ္ေၾကာင္း အစရွိ သၿဖင္႔ အေၾကာင္းေပါင္းစုံစြာနဲ႕ေပါင္းစုံလာတာေၾကာင္႕ ဒီတစ္ခါမွာေတာ့ တင္းတိတ္ ဆိုတဲ႕ အေၾကာင္းကို ေရးသားၿဖစ္ခဲ့ပါၿပီ။
ၾကည္စင္၀င္းပ ၿဖဴလႊလႊခင္႔မ်က္ႏွာ
ၿပစ္မ်ိဳးမွဲ႕မထင္စြာ လွရက္လိုက္တာ။
ဇမၺဴတစ္ခြင္ ၿပိဳင္စံရႈံးတဲ့ တုႏိူင္းမဲ့သူ႕သြင္ၿပင္
ေမာင့္စိတ္မွာ ထာ၀စဥ္ စြဲၿမဲကာၿမင္ခဲ့။
ဂုဏ္ရွိန္၀င္႕ထည္၀ါ၊ အလွေသြးတို႕ ၾကြယ္ခ်ိန္ခါ
သူနဲ႕အတူယွဥ္ကာတြဲ
ပြဲတက္ခဲ႕ ေန႔မ်ားစြာ ေမ့ရက္နိုင္ပါ။
ထိုစဥ္ခါ သူနဲ႕တြဲ ၊ ႏႊဲေလွ်ာက္ရ ပ်ိဳ႕ေမာင္မွာ
ခင့္အလွစိန္နားကပ္ အေရာင္ရယ္ေၾကာင့္
ပါးေၿပာင္ရတာ။
၀ါၾကြားလို႕ မဆိုခ်င္ပါ ဒီေမာင္ရဲ႕ စိတ္မေနာမွာေတာ႕
ဒါမွကြယ္ ေမာင့္ႏွမရယ္လို႕ ဂုဏ္ယူမိမေနာဘ၀င္မွာ
ပီတိေတြၿဖာ။
ခ်စ္သူတို႕ဘာသာ ေနမင္းကို လထင္ပါလို႕
ေႏြကႏၱာမွာ တူစုံတြဲ
ရက္လႏွစ္ၾကာ။
ဆိုးခ်က္ကယ္နာ ထိုးႏွက္ခဲ့ ကံၾကမၼာက
အလွၾကိဳက္သူ ေမာင္႔ယမင္းကိုမွ ညွင္းရက္စက္တာ။
ညိဳမည္းေရာင္ တိမ္လႊာကြက္ေတြက ေရႊပါးၿပင္ႏုႏု
ထက္မွာလ
မသက္မညွာထြက္ေပၚကာ အလွကိုဖ်က္တယ္
ေမာင္လည္းကြယ္ ႏွမငယ္အတြက္ရယ္ ဘယ္ပုံႀကံရပါ့
အလိုကြယ္…
ျပဳရက္ေလၿခင္း။
တင္းတိပ္အေႀကာင္းကို ေရးေတာ့မယ္ဆိုေတာ့အထက္က ကဗ်ာေလးကို သတိရမိပါတယ္။ တင္းတိပ္ဟာၿဖစ္တဲ့သူတင္သာမကသက္ဆိုင္သူကိုပါစိတ္အေႏွာင့္အယွက္ၿဖစ္ေစတတ္တာ ကို သတိထားမိပါတယ္။ တင္းတိပ္အေႀကာင္းဟာ တင္းတိပ္ၿဖစ္ေနသူတင္သာမက သူတို႕နဲ႔ သက္ဆိုင္သူေတြကပါ သိရွိဖို႔ ဖတ္ႀကမွာၿဖစ္ၿပီး အက်ိဳးရွိေစမွာ ၿဖစ္တဲ့အတြက္ေရးရသူေတြ အတြက္ ကုသိုလ္ႏွစ္ခုရသလို ၿဖစ္ေနပါတယ္။ ဒီေတာ့မွ တင္းတိပ္အေႀကာင္းကို ေရးဖို႔ပိုၿပီး အားေပးသလို ၿဖစ္သြားပါေတာ့တယ္။
တင္းတိပ္ဆုိတာ
ကၽြန္ေတာ္တုိ႕ ျမန္မာလူမ်ဳိးေတြ ေတာ္ေတာ္မ်ားမ်ားအတြက္ တင္းတိပ္ဆုိတာဟာ မစိမ္းတဲ့ စကားလုံးပါ။ တင္းတိပ္ဆုိလို္က္တာနဲ႕ပဲ မ်က္ႏွာေပၚက မည္းမည္းကြက္ေတြကုိ ေျပးျမင္မိၾကပါလိမ့္မယ္။ သုိ႕ေသာ္လည္း အဂၤလိပ္လုိမွာေတာ့ Melasma, Chloasma Facei, Mask of Pregnancy အစရွိသျဖင့္ အမ်ဳိးမ်ဳိး ေခၚေ၀ၚမႈျပဳၾကပါတယ္။
အာရွတုိက္မွာ ေနထိုင္တဲ့ အာရွလူမ်ဳိးေတြမွာ ပုိၿပီး အေတြ႕ရမ်ားတာကုိ ေတြ႕ရ ပါတယ္။ အေတြ႕ရပုိမ်ားတာလည္း ေျပာတာပါ။ အျခားေသာေဒသမွာေနတဲ့သူေတြမွာလည္း ေတြ႕ရပါတယ္။ ဥပမာ- လက္တင္အေမရိက၊ ေတာင္အေမရိကမွာေနတဲ့ စပိန္မ်ဳိးႏြယ္စု၀င္ လူမ်ဳိးေတြမွာလည္း ျဖစ္ပါတယ္။ ေယာက္်ားေလးေတြမွာ သိပ္မျဖစ္တတ္ဘဲအမ်ဳိးသမီးေတြ မွာသာ ျဖစ္ပြားမႈမ်ားတာကုိ ေတြ႕ရပါတယ္။ တင္းတိပ္ဘာေၾကာင့္ ျဖစ္ရသလဲဆုိတာဟာ လည္း လူနာမ်ားအေမးမ်ားတဲ့ ေမးခြန္းတစ္ခုပါ။ တင္းတိပ္ဆုိတာ ေမြးရာပါ ေရာဂါမဟုတ္ ပါဘူး။ တစ္ေယာက္နဲ႕ တစ္ေယာက္ထိေတြ႕ဆက္ဆံျခင္းအားျဖင့္လည္း မကူးစက္ပါဘူး။ ဒီလုိ ဆုိရင္ တင္းတိပ္ဟာ ဘာေၾကာင့္ျဖစ္ရတာပါလဲ။
တင္းတိပ္ဘာေၾကာင့္ျဖစ္ရတယ္။
တင္းတိပ္ဟာ ေနေရာင္ေၾကာင့္ျဖစ္တယ္လုိ႕ဟုိ အရင္က အယူအဆရွိခဲ့ပါတယ္။ ဒီလုိဆုိရင္ ေရာ ေနေရာင္ေၾကာင့္ မဟုတ္ဘူးလားဆုိၿပီးေမးစရာျဖစ္လာပါတယ္။ တကယ္ေတာ့ တင္းတိပ္ ျဖစ္ရတာဟာ အေၾကာင္းအရာတစ္မ်ဳိးတည္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ေနေရာင္ဟာလည္း အေၾကာင္းတစ္ခုအေနနဲ႕ေတာ့ ပါပါေသးတယ္။ ေနေရာင္ျခည္အျပင္ ဟုိမုန္းနဲ႕ ဗီဇျဖစ္တည္ပါ ရွိမႈေတြနဲ႕လည္း သက္ဆုိင္ျပန္ပါေသးတယ္။ တိတိက်က်ျဖစ္ေစတဲ့ အေၾကာင္းအရာကုိေတာ့ ယခုအခ်ိန္အထိ မသိရွိရေသးပါဘူး။
တင္းတိပ္ျဖစ္တတ္တဲ့ေနရာေတြ
ကၽြန္ေတာ္တုိ႕ႏုိင္ငံမွာေတာ့ တင္းတိပ္ဆုိရင္ မ်က္ႏွာမွာ ျဖစ္တယ္။ မ်က္ႏွာေပၚဆိုတာ ေတာင္မွ ပါး႐ုိးေပၚမွာ ျဖစ္တဲ့ အမည္းကြက္ေတြကိုပဲ တင္းတိပ္ရယ္လုိ႕ ေျပာခ်င္ၾကပါတယ္။ ဒါေၾကာင့္ တျခားေနရာမွာျဖစ္တဲ့ တင္းတိပ္ကုိ တင္းတိပ္ရယ္လုိ႕ လက္မခံခ်င္ၾကပါဘူး။ တကယ္ေတာ့ တင္းတိပ္ဆုိတာ အဲဒီတစ္ေနရာတည္းမွာပဲ ျဖစ္တာမဟုတ္ပါဘူး။ နဖူး၊ ႏႈတ္ခမ္း၊ ႏွာေခါင္း၊ နားထင္၊ ပါးရဲ႕ ေဘးဘက္ စတဲ့မ်က္ႏွာရဲ႕ အစိတ္အပိုင္းေတြမွာလည္း ျဖစ္ေပၚႏုိင္ပါတယ္။ ေနာက္ၿပီး လည္ပင္း၊ ကုပ္၊ လက္ေမာင္းစတဲ့ ေနရာေတြမွာျဖစ္တဲ့ အညိဳေရာင္အကြက္ေတြကိုလည္း တင္းတိပ္အျဖစ္ ေဆးပညာမွာ ေခၚဆုိပါေသးတယ္။
ျဖစ္တတ္တဲ့သူေတြ
အမ်ဳိးသမီးေတြကေတာ့ အမ်ဳိးသားေတြထက္ပုိၿပီး ျဖစ္ၾကပါတယ္။ အမ်ဳိးသမီးေတြဟာ ဘာေၾကာင့္ အမ်ဳိးသားေတြထက္ ပုိၿပီး ျဖစ္ၾကတာလဲဆုိေတာ့ တင္းတိပ္ျဖစ္ေပၚျခင္းဟာ သူတို႕ရဲ႕ ဟုိမုန္းအီစထ႐ုိဂ်င္နဲ႕ ပုိၿပီး သက္ဆုိင္္လုိ႕ပါ။ ကိုယ္၀န္ေဆာင္ခ်ိန္ေတြမွာဆုိရင္ တိင္းတိပ္ေတြ ထြက္လာတတ္တာပါတယ္။ ၁၀-၁၅ ရာႏႈန္းေလာက္ေသာ အမ်ဳိးသမီး ကိုယ္၀န္ေဆာင္ေတြမွာ ျဖစ္တတ္ပါတယ္။ ဒါဟာလည္း အီစထ႐ုိဂ်င္ဆုိတဲ့ ဟုိမုန္းနဲ႕ပဲ သက္ဆုိင္ျပန္ပါတယ္။ အဲဒီဟုိမုန္းဓာတ္ေတြ ျမင့္တတ္ေနတဲ့အခ်ိန္မွာ တင္းတိပ္ေတြထြက္လာ တာပါ။ ဒါေၾကာင့္လည္း Mask of Pregnancy ရယ္လုိ႕ အဂၤလိပ္လုိ႕ ေခၚဆုိၾကတာ ျဖစ္ပါတယ္။ ဟုိမုန္းနဲ႕ ပတ္သက္ဆက္စပ္ၿပီးေတာ့ ထပ္ၿပီး ေျပာရရင္ သားဆက္ျခားေဆးေတြ ေသာက္တဲ့ သူေတြ၊ ေသြးဆုံးၿပီးေနာက္ပုိင္း ဟုိမုန္းအစားထုိးကုသမႈ ယူေနတဲ့သူေတြမွာလည္း အီစထ႐ုိဂ်င္ ဟုိမုန္းေတြေၾကာင့္ ဒီတင္းတိပ္ေတြ ထြက္တာကုိ ေတြ႕ရႏုိင္ပါေသးတယ္။ ဟုိမုန္း သုံးစြဲသူ အမ်ဳိးသမီးေတြဲ႕ ၁၀-၂၅ ရာႏႈန္းေလာက္မွာ ေတြ႕ရတတ္ပါတယ္။
တကယ္ေတာ့လည္း ကုိယ္၀န္ေဆာင္တိုင္း၊ သားဆက္ျခားေဆးေတြေသာက္လုိက္ တုိင္းလည္း တင္းတိပ္ျဖစ္တာေတာ့ မဟုတ္ပါဘူး။ မျဖစ္တဲ့သူေတြလည္း ရွိပါတယ္။ ဒီေတာ့ တင္းတိပ္ျဖစ္ေပၚျခင္းဟာ ဟုိမုန္းအျပင္ အျခားအေၾကာင္းျပခ်က္ေတြလည္း ပါ၀င္ပတ္သက္ ေနေသးလုိ႕ သုံးသပ္ေျပာဆုိၾကတာပါ။
ေနာက္ၿပီး အသားညိဳတဲ့သူေတြဟာ ျဖဴတဲ့သူေတြထက္ ပုိၿပီး မ်ားပါတယ္။ ဒီလုိ အသားျဖဴတဲ့သူေတြ အသားညိဳတဲ့သူေတြမွာ ပုိၿပီး ျဖစ္ရတာဟာလည္း အသားညိဳသူေတြမွာ ရွိတဲ့ အေရာင္ျခယ္ဆဲလ္ေတြကေန ရွိတာေၾကာင့္ ျဖစ္ပါတယ္။ ေသြးခ်င္းေတြထဲမွာ တင္းတိပ္ ျဖစ္တတ္တဲ့သူ ရွိေနရင္လည္း တင္းတိပ္ပုိၿပီး ျဖစ္ၾကတာကုိေတြ႕ရွိရပါတယ္။ ဒါေၾကာင့္လည္း မ်ဳိး႐ုိးဗီဇကုိ တင္းတိပ္မွာ ထည့္သြင္းစဥ္းစားထားၾကတာ ျဖစ္ပါတယ္။ ေနေရာင္နဲ႕ ထိေတြ႕မႈ မ်ားတဲ့ သူေတြဟာလည္း တင္းတိပ္ပုိၿပီးကျဖစ္ၾကပါတယ္။ ဒါကေတာ့ ေနေရာင္ဟာ အေရျပားအေရာင္ျခယ္ဆဲလ္ေတြကုိ အေရာင္ထြက္ေအာင္ လႈံ႕ေဆာ္တာေၾကာင့္ ျဖစ္ပါတယ္။
တင္းတိပ္အမ်ဳိးအစား
တကယ္ေတာ့လည္း အမ်ားအားျဖင့္ အရပ္ထဲမွာေတာ့ တင္းတိပ္ကုိ အမ်ဳိး အစား သိပ္မခြဲျခားၾကပါဘူး။ ေဆးပညာမွာေတာ့ ခြဲျခားထားပါတယ္။ ဗဟုသုတ ျဖစ္ေစဖို႕နဲ႕ကုသျခင္းအေၾကာင္းမွာလည္းအနည္းငယ္သက္ဆုိင္မႈရွိေနတာမို႕ ေရးသား ေဖာ္ျပလုိက္ပါတယ္။အေရျပားအေရာင္ျခယ္ဆဲလ္ေတြက ထုတ္တဲ့ အေရာင္ရဲ႕ တည္ရွိ ေနရာကုိ လုိက္ၿပီး တင္းတိပ္အမ်ဳိးအစား သုံးမ်ဳိးရွိပါတယ္။
(၁) အေပၚယံလႊာ အမ်ဳိးအစား(Epidermal Melasma)
(၂) အလယ္လႊာအမ်ဳိးအစား(Dermaal Melasma)
(၃) ႏွစ္လႊာေပါင္းအမ်ဳိးအစား(Mixed Type)တို႕ပဲ ျဖစ္ပါတယ္။
အေပၚယံလႊာအမ်ုိးအစားဆုိတာဟာ အေရာင္ျခယ္ဆဲလ္က ထုတ္လုိက္ တဲ့အေရာင္ Pigments ေတြဟာ အေရျပားရဲ႕ အေပၚဆုံးအလႊာ Epidermis ထဲမွာ စုပုံတည္ရွိေနတာကုိ ေခၚတာပါ။ အလယ္လႊာအမ်ဳိးအစားဆုိတာကေတာ့ အေရာင္ ျခယ္ဆဲလ္က ထုတ္လုိက္တဲ့အေရာင္ pigments ေတြဟာ အေရျပားရဲ႕ အလယ္လႊာ မွာပဲ စုပုံေနတာကုိ ေခၚတာပါ။ တတိယအမ်ုဳိးအစားျဖစ္တဲ့ ႏွစ္လႊာေပါင္းအမ်ဳိးအစား တင္းတိပ္ကေတာ့ အေရာင္ျခယ္ဆဲလ္က ထုတ္လုိက္တဲ့ အေရာင္ pigments ေတြဟာ အေရျပားရဲ႕ အေပၚယံလႊာေရာ အလယ္လႊာထဲမွာပါ ေရာေႏွာတည္ရွိေနတာေၾကာင့္ အေရာအေႏွာအမ်ဳိးအစား တင္းတိပ္ Mixed Type လို႕ ေခၚဆုိလုိက္တာပါ။
တင္းတိပ္ေပ်ာက္တယ္
တကယ္ေတာ့ တင္းတိပ္ဟာ ေတာ္ေတာ္ကုရခက္တဲ့ ျပႆနာတစ္ခုပါ။ တခ်ဳိ႕ တခ်ဳိ႕ေသာ သူေတြကဆုိရင္ တင္းတိပ္ကုိ မေပ်ာက္ႏုိင္ဘူးလုိ႕ေတာင္ ထင္ၾကပါတယ္။ ဒီလိုလည္း မဟုတ္ျပန္ပါဘူး။ ဟုိမုန္းေၾကာင့္ ျဖစ္ရတဲ့ တင္းတိပ္အမ်ဳိးအစားေတြကေတာ့ သူအလုိလုိ ျပန္ၿပီး ေပ်ာက္သြားႏုိင္ပါတယ္။ ဥပမာ- ကို္ယ္၀န္ေဆာင္စဥ္မွာေပၚလာတတ္တဲ့ တင္းတိပ္ေတြ၊ ေနာက္ၿပီး သားဆက္ျခားေဆးေသာက္စဥ္မွာ ေပၚလာတတ္တဲ့ တင္းတိပ္ေတြ စတဲ့ တင္းတိပ္ေတြဟာ မီးဖြားၿပီးရင္၊ ေဆးရပ္လိုက္ရင္ သူ႕အလုိလုိ ေပ်ာက္သြားတတ္ၾက ပါတယ္။ ေနာက္တစ္ခုကေတာ့ တင္းတိပ္အမ်ဳိးအစားသုံးမ်ဳိးထဲက အေပၚယံအလႊာအမ်ဳိး အစား Epidermal Melasma တင္းတိပ္ဟာ ပုံမွန္ကုသနည္းေတြနဲ႕တင္ ေပ်ာက္ကင္းႏုိင္ဖုိ႕ ေတာ္ေတာ္ေလးခက္တယ္လုိ႕ ဆုိရပါလိမ့္မယ္။ ဒီလုိဆုိရင္ မေပ်ာက္ႏုိင္ဘူးလားဆုိ ျပန္ေတာ့ လည္း ေပ်ာက္ေတာ့ေပ်ာက္ကင္းႏုိင္ပါတယ္လုိ႕ပဲ ျပန္ေျဖရမွာပါ။ တိတိက်က်ေတာ့ ေျပာလုိ႕ မရႏုိင္ျပန္ပါဘူး။ ယခုအခ်ိန္အထိကေတာ့ ေပ်ာက္ကင္းဖုိ႕ ရာႏႈန္းပိုင္းမွာ နည္းတယ္လုိ႕ ေျပာလုိ႕ရႏုိင္ပါတယ္။
တင္းတိပ္ကုိ ဘယ္လုိသိ
တင္းတိပ္ကုိ တကယ္ေတာ့ အျမင္မွာတင္ပဲ ဒါဟာ တင္းတိပ္ပါလုိ႕ ေျပာလုိ႕ရႏုိင္ ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကလည္း သိႏုိင္ၾကပါတယ္။ သုိ႕ေသာ္လည္း ျဖစ္တဲ့ေနရာဟာ နည္းနည္းထူးျခားရင္ေတာ့ ဒါဟာ တင္းတိပ္ပါလုိ႕ ေျပာရရင္ လက္မခံဘဲ ျဖစ္တတ္ၾကပါ တယ္။ ဥပမာ – လက္ေမာင္းေပၚမွာ ျဖစ္တဲ့အခါမ်ဳိးမွာေပါ့။ ဘာပဲျဖစ္ျဖစ္ တင္းတိပ္ေတြကုိ သူတုိ႕ျဖစ္ေပၚေနတဲ့ ေနရာ၊ ျဖစ္ေနတဲ့သူ (ေယာက္်ား၊ မိန္းမ၊ ကုိယ္၀န္ေဆာင္မိခင္၊ သေႏၶတား ေဆးေသာက္ေနတဲ့ အမ်ဳိးသမီး) ဘယ္လုိခံစားခ်က္မွ မေပးတဲ့ အညိဳကြက္စတာ ေတြကုိ ၾကည့္ျမင္သုံးသပ္ၿပီး ဆုံးျဖတ္ေပးလုိ႕ ရႏုိင္ပါတယ္။ ဒါေပမဲ့လည္း ရံဖန္ရံခါမွားတတ္ ၾကပါေသးတယ္။ မွားတတ္တဲ့ ျပႆနာေတြကေတာ့ လိမ္းေဆး၊ ေသာက္ေဆးေတြနဲ႕ ေနေရာင္ဓာတ္ျပဳျခင္းေၾကာင့္ ျဖစ္ရတဲ့ အမည္းကြက္ေတြေလးေတြ၊ ထိခိုက္ေရာင္ရမ္းၿပီး ေနာက္ က်န္ခဲ့တဲ့ အမည္းကြက္၊ အေရျပားမႈိေၾကာင့္ျဖစ္ရတဲ့ အညိဳကြက္စတာေတြနဲ႕ေတာ့ မွားတတ္ၾကပါေသးတယ္။ သိပ္ၿပီး မေသခ်ာဘူးဆိုရင္ေတာ့ ဒါေတြနဲ႕ ကြဲျပားေအာင္ Wood’s Lamp ဆိုတဲ့ မီးတပ္မွန္ဘီလူးနဲ႕ ၾကည့္ၿပီး ခြဲျခားႏုိင္သလုိ အသားစယူၿပီး ဓာတ္ခြဲစမ္းသပ္ စစ္ေဆးမႈျပဳလုပ္ျခင္းနဲ႕လည္း ေရာဂါကုိ အတိအက်ေျပာျပႏုိင္ပါတယ္။
ဘယ္လုိကုသရပါမယ္
တင္းတိပ္ကုသနည္းေတြကေတာ့ အမ်ားႀကီးပါ။ ၿပီးျပည့္စုံေအာင္ ေကာင္းမြန္တဲ့ ကုသမႈ မရွိေသးတာေၾကာင့္လည္း ယခုအခ်ိန္အထိ အသစ္သစ္ေသာ ကုသနည္းေတြ ထြက္ေပၚေနဆဲ ျဖစ္ပါတယ္။ ကုသမႈေတြကုိ အၾကမ္းအားျဖင့္ လိမ္းေဆးမ်ားနဲ႕ ကုသျခင္း၊ ဓာတုေဆးရည္မ်ားနဲ႕ အေရျပားအေပၚယံအလြာကုိ ေဆးေၾကာဖယ္ရွားျခင္းျဖင့္ ကုသျခင္း၊ ေလဆာေရာင္ျခည္ျဖင့္ ကုသျခင္းဆုိၿပီး ခြဲျခားလုိ႕ရပါတယ္။ ဒီလုိုကုသနည္းေတြကလည္း သူ႕ အက်ဳိးနဲ႕ သူ၊ သူ႕ဆုိးက်ဳိးနဲ႕ သူရွိၾကပါတယ္။
ေနေရာင္ျခည္ကုိကာကြယ္ၾကမယ္
အထက္မွာေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြအထဲက ဘယ္ကုသနည္းနဲ႔ပဲ ကုသပါေစ၊ တင္းတိပ္ကု သမယ္ဆုိရင္ေတာ့ ေနေရာင္ျခည္ကုိ ကာကြယ္ဖုိ႕က အဓိက်ပါတယ္။ ေနေရာင္ျခည္ကုိ ကာကြယ္ထားပါမွ တင္းတိပ္ဟာ ေပ်ာက္ကင္းမွာျဖစ္သလုိ ျပန္ၿပီးေတာ့လည္း မျဖစ္ဖုိ႕အတြက္ လည္း အေရးပါပါတယ္။ တင္းတိပ္ကုိ ျဖစ္ေပၚေစတဲ့အေၾကာင္းေတြထဲက တစ္ခုျဖစ္ေနတာ ေၾကာင့္ သူ႕ကို ခ်န္လွပ္ၿပီးထားလုိ႕ မရႏုိ္င္ပါဘူး။
ေနေရာင္ျခည္ကုိ ကာကြယ္ရာမွာလည္း ညအခ်ိန္ကလြဲၿပီး က်န္ေန႕ခင္းအခ်ိန္ေတြမွာ အၿမဲလုိလုိ ေနေရာင္ကာကြယ္အဆီေတြကို လိမ္းထားႏုိ္င္ပါမွ ေတာ္႐ုံက်ပါမယ္။ နံနက္မ်က္ႏွာ သစ္ၿပီးတာနဲ႕ ေနေရာင္ကာကြယ္အဆီကုိ စတင္လိမ္းထားသင့္ပါတယ္။ ဘာေၾကာင့္လည္း ဆုိေတာ့ ေနေရာင္ဟာ တိုက္႐ိုက္ထိေတြ႕မွ သူ႕ရဲ႕ဒဏ္ကုိ ခံရတာ မဟုတ္ပါဘူး။ ေနေရာင္ရွိန္ ေနရင္ေတာင္ သူ႕ရဲ႕ ခရမ္းလြန္ေရာင္ျခည္ေတြက အေရျပားအေပၚကုိ သက္ေရာက္ေနတာ ေၾကာင့္ ေနေရာင္ရဲ႕ ဒဏ္ကုိခံရတာပဲျဖစ္ပါတယ္။ တခ်ဳိ႕က ေနေရာင္ကာအဆီကုိ ေနေရာင္ထဲကုိ သြားမယ္ဆုိမွ လိမ္းတတ္တဲ့အက်င့္ ရွိၾကပါတယ္။ တကယ္လို႕ ကိုယ္ဟာ ေနေရာင္အနည္းငယ္၀င္တဲ့ အိမ္ရဲ႕ ဧည့္ခန္းထဲမွာရွိမယ္ဆုိရင္၊ ဒါမွမဟုတ္ ဆင္၀င္ေအာက္မွာ ရွိေနမယ္ဆိုရင္ မိမိအေရျပားဟာ ေနေရာင္မထိေသာ္လည္း ေနေရာင္မွာပါတဲ့ ခရမ္းလြန္ ေရာင္ျခည္နဲ႕ ထိေတြ႕ကာ ေနေရာင္ရဲ႕ ဒဏ္ကုိ ခံစားရတာနဲ႕ တူညီတဲ့ ျဖစ္စဥ္ေတြ ျဖစ္ေပၚ ေစမွာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ တင္းတိပ္ကုိ ကာကြယ္ဖို႕အတြက္ ေနေရာင္ကာဆီလိမ္းဖုိ႕၊ ေနေရာင္ထဲကုိ ထြက္မယ္ဆုိရင္လည္း ေနေရာင္ကာဆီလိမ္းထားတယ္ဆုိၿပီး၊ ထီး၊ ဦးထုပ္ စတဲ့ အမုိးအကာ မပါဘဲ ေလွ်ာက္မသြားဖို႕၊ ေနေရာင္ထဲကုိလည္း တတ္ႏုိင္သေလာက္ မထြက္ၾကဖုိ႔၊ ထြက္မယ္ ဆုိရင္လည္း အပူဆုံး အခ်ိန္ေတြကုိ ေရွာင္ၾကဖုိ႕ လုိပါတယ္။ ဒီလုိ ေနေရာင္ကုိ ကာကြယ္တာဟာ တင္းတိပ္တစ္ခုတည္းအတြက္တင္မကပါဘူး၊ အျခားေသာ အေရျပားကုိ ထိန္းသိမ္းမႈေတြနဲ႕လည္း သက္ဆုိင္တာေၾကာင့္ အေရျပားကုိ အိုမင္းရင့္ေရာ္ျခင္းကေန ကာကြယ္ေပးႏိုင္ပါေသးတယ္။
တခ်ဳိ႕ကေတာ့ ဒီလုိ ေနေရာင္ကာကြယ္ဆီလိမ္းျခင္းကုိ တင္းတိပ္ကုသျခင္းရဲ႕ လိမ္းေဆးျဖင့္ ကုသျခင္း ေခါင္းစဥ္ေအာက္မွာ ထားၾကပါတယ္။ ဘယ္ေနရာမွာပဲ ထားထား ေနေရာင္ျခည္ကုိ ကာကြယ္ဖို႕ လုိအပ္တာကေတာ့ အမွန္ပဲ ျဖစ္ပါတယ္။
တင္းတိပ္ေပ်ာက္တဲ့ လိမ္းေဆးေတြ
တင္းတိပ္အတြက္ လိမ္းေဆးေတြ၊ အလွကုန္ပစၥည္းေတြကုိ ေစ်းကြက္အတြင္းမွာ အမ်ားႀကီးေတြ႕ႏုိင္ပါတယ္။ ေစ်းေတြကလည္း ႀကီးမွႀကီး( ေစ်းေပါေပါေတြလည္း ရွိေတာ့ ရွိပါတယ္။) လွခ်င္တဲ့သူေတြ အတြက္ကေတာ့ ေစ်းႀကီးတာကို ျပႆနာလုိ႕ မထင္ၾကပါဘူး။ ေပ်ာက္ရင္ၿပီးေရာဆုိၿပီး ၀ယ္လိမ္းၾကပါတယ္။ ေပ်ာက္တဲ့သူလည္း ေပ်ာက္၊သက္သာတဲ့ သူေတြလည္း သက္သာေပါ့။ ပုိဆုိးသြားတ့ဲသူေတြ၊ ျပန္ၿပီးျဖစ္တဲ့သူေတြ၊ အျဖဴတစ္ကြက္၊ အမည္းတစ္ကြက္နဲ႕ ကြက္တိကြက္က်ားျဖစ္ကုန္တဲ့သူေတြ၊ အေရျပားေတြ လန္ၿပီးရဲေရာင္ကုန္ တဲ့သူေတြလည္း မနည္းမေနာပါပဲ။ ဒါေၾကာင့့္ တင္းတိပ္ေပ်ာက္ေဆးဆုိတာ ဘာေတြလည္း ဆုိတာ ေရးျပပါ့မယ္။ ကုိယ္သုံးတဲ့ လိမ္းေဆး၊ ကုိယ္သုံးတဲ့ အလွကုန္ပစၥည္းေတြအထဲမွာ အခုေရးတဲ့ ေဆးေတြေရာ ပါသလားစသျဖင့္ ခ်င့္ခ်ိန္သုံးသပ္ႏုိင္ၾကလိမ့္မယ္လုိ႕ ထင္ပါတယ္။ တင္းတိပ္ေပ်ာက္လိမ္းေဆးေတြ၊ အလွကုန္ေတြမွာ အဓိက ပါ၀င္တာကေတာ့ အေရာင္ခၽြတ္ ႏုိင္စြမ္းရွိတဲ့ ဓာတုပစၥည္းေတြပါ။ အဂၤလိပ္လုိ Bleaching Agent လုိ႕ ေခၚပါတယ္။ ေအာက္မွာ ေဖာ္ျပထားတဲ့ နာမည္ေတြကေတာ့ တင္းတိပ္အတြက္ အသုံးမ်ားတဲ့ အေရာင္ခၽြတ္ ပစၥည္းေတြ ျဖစ္ပါတယ္။
* 2- 4 % Hydroquinone
* Tretinoin Cream/ Gel
* Azelic Acid 20%
* KOjic Acid
Mandelic Acid
ဒီပစၥည္းေတြကေတာ့ တစ္ခုတည္းလိမ္းရတာ ရွိသလုိ ႏွစ္ခု၊ သုံးခုေပါင္းၿပီး လိမ္းရ တာလည္း ရွိပါတယ္။
တခ်ိဳ႕ေသာ အလွကုန္ပစၥည္းေတြမွာေတာ့ သဘာ၀သစ္သီး၊ သစ္ရြက္၊ အပင္၊ ဥေတြ ကေန ထုတ္လုပ္ထားတ့ဲ ပစၥည္းေတြကုိ အသုံးျပဳၾကပါတယ္။ အဲဒီပစၥည္းေတြဟာလည္း အသုံးျပဳၾကပါတယ္။ အဲဒီပစၥည္းေတြဟာလည္း အေရာင္ခၽြတ္ႏုိင္တဲ့ ဂုဏ္သတိၱ သဘာ၀ထြက္ ကုန္ေတြပါ။ ဒီေတာ့ သဘာ၀မုိ႕ အႏၱရာယ္ကင္းတယ္၊ ဓာတုပစၥည္းမုိ႕ အႏၱရာယ္ရွိတယ္။ ဒီလုိလည္း တစ္သမတ္တည္း ေျပာလုိ႕မရပါဘူး။ သူ႕ဟာနဲ႕သူ ေကာင္းက်ဳိးေတြရွိသလုိ ဆုိး က်ဳိးေတြလည္း ပါတတ္ပါတယ္။
ဒီပစၥည္းေတြကုိ ညပုိင္းမွာပဲ အဓိကအသုံးျပဳရပါတယ္။ ဘာေၾကာင့္လည္း ဆုိေတာ့ ဒီ အေရာင္ခၽြတ္သတၱိရွိတဲ့ ပစၥည္းအမ်ားစုဟာ ေနေရာင္နဲ႕ အဆင္မေျပျဖစ္ႏုိင္တာေၾကာင့္ ျဖစ္ပါ တယ္။ ေနာက္ၿပီး သူတုိ႕ကုိ သုံးစြဲေနတဲ့သူေတြကလည္း ေနေရာင္ကာအဆီကုိ မျဖစ္မေန သုံးစြဲဖုိ႕ လုိအပ္ျပန္ပါတယ္။ တခ်ိဳ႕ေသာ အမ်ဳိးသမီးေတြဟာ ဒါကုိ မသိတာေၾကာင့္ ဒီေဆး ေတြကုိ သုံးေနေသာ္လည္း ေနေရာင္ကာဆီကုိ မသုံး၊ ေနေရာင္ထဲကုိ အကာအကြယ္မပါဘဲ ထြက္တတ္ၾကပါတယ္။ ဒီေတာ့ တင္းတိပ္ေတြပုိၿပီး ဆုိးလာပါတယ္။ ဒီေတာ့ ဒီလိမ္းေဆး၊ ဒီအလွကုန္ပစၥည္းက မေကာင္းဘူး ျဖစ္ကုန္ၾကပါတယ္။ အခ်က္မသိေတာ့ သမက္ကုိ သူခုိးထင္ သလုိ ပါပဲ။
တခ်ဳိ႕ေသာအေရာင္ခၽြတ္ေဆးေတြ၊ တခ်ိဳ႕ေသာ သဘာ၀အေရာင္ခၽြတ္သတိၱရွိ ပစၥည္း ပါတဲ့ အလွကုန္ေတြဟာ အေရျပားက အေရာင္ထုတ္ဆဲလ္ေတြရဲ႕ လုပ္ရပ္ေတြကုိ အၿပီးတုိင္ ရပ္နားလုိက္ေစတာေၾကာင့္ အေရျပားဟာ အေရာင္မထြက္ေတာ့ဘဲ ျဖဴဆြတ္ဆြတ္ျဖစ္ကာ က်န္ရစ္တတ္ပါတယ္။ တင္းတိပ္ဆုိတဲ့ အမည္းကြက္ကေတာ့ ေပ်ာက္သြားပါတယ္။ သို႕ေသာ္လည္း အျဖဴကြက္ႀကီးက်န္ရစ္ကာ မလွမျဖစ္ရျပန္ပါတယ္။
ပါေလေရာ စတီးရြိဳက္ဟာ တင္းတိပ္လိမ္းေဆးမွာလည္း ပါျပန္ပါတယ္။ တခ်ဳိ႕ေသာ တင္းတိပ္မ်ားဟာ စတီးရြိဳက္လိမ္းေဆးကိုပါ ေပါင္းစပ္ၿပီး ကုသပါမွ သက္သာမႈကုိ ရရွိတတ္ပါ တယ္။ လိမ္းေဆးကုိေတာ့ မ်ားေသာအားျဖင့္ အေပၚယံအလႊာပုိင္းမွာသာ ျဖစ္တဲ့ တင္းတိပ္ ေတြမွာပဲ အသုံးျပဳၾကတာပါ။
ပီလင္းလုပ္မယ္
တကယ္ေတာ့ ဓာတုေဆးရည္ေတြကုိ အသုံးျပဳၿပီး အေရျပားရဲ႕ အေပၚယံအလႊာကုိ ေဆးေၾကာဖယ္ရွားလုိက္ျခင္းကုိ ပီလင္းလုပ္တယ္လို႕ ေခၚတာပါ။ မ်က္ႏွာေဆးတယ္လုိ႕ တခ်ဳိ႕က ေခၚၾကျပန္ပါတယ္။ ဒီနည္းဟာလည္း တင္းတိပ္ကုသနည္းထဲက နည္းတစ္ခုပါ။ လိမ္းေဆးေတြနဲ႕ အဆင္သိပ္မေျပရင္ ဒီနည္းကုိ သုံးတတ္ၾကပါတယ္။ ဒါမွမဟုတ္ တင္းတိပ္ ဟာ ဒုတိယအလႊာအထိ ေရာက္ေနရင္၊ ဒါမွမဟုတ္ ႏွစ္ခုေပါင္းအမ်ဳိးအစားမွာဆုိရင္ သုံးတတ္ၾကပါတယ္။
* Jessner’s Solution
* Glycolic peels
* Salicaylic Acid
* TCA
စတဲ့ ေဆးရည္ေတြပဲ ျဖစ္ပါတယ္။ ဒီနည္းလမ္းကလည္း ေကာင္းတာေတြရွိ သလုိ အားနည္းခ်က္ေတြလည္း ရွိပါတယ္။ ဒီနည္းလမ္းကုိလည္း လိမ္းေဆးနဲ႕ တြဲၿပီး ကုသမႈျပဳလုိ႕ရပါတယ္။
ေလဆာနဲ႕ တင္းတိပ္
ေလဆာဆုိတဲ့ ေရာင္ျခည္နဲ႕ တင္းတိပ္ကုိ ကုသလုိ႕လည္း ရႏုိ္င္ပါတယ္။ ေလဆာစက္ ေတြကလည္း အမ်ဳိးမ်ုဳိးရွိပါတယ္။ ေလဆာစက္တုိင္းဟာ တင္းတိပ္ေတြကုိ ကုလုိ႕ မရႏုိ္င္ပါ ဘူး။ Q- switched pigmentary laser, 1064 nm-Q intensed Nd: YAG laser with low energy, fraction laser, phototherapy (spectra) အစရွိသျဖင့္ တင္းတိပ္ အတြက္ ေလဆာစက္ေတြဟာ အမ်ဳိးစုံလင္စြာ ရွိၾကပါတယ္။ ဘယ္တင္းတိပ္အမ်ဳိးအစားအတြက္ ဘယ္ ေလဆာ၊ ဘယ္အတြက္ဆုိ ဘယ္ေလဆာစသျဖင့္ သူ႕ျပႆနာနဲ႕ သူခြဲျခားကုသတဲ့ စက္အမ်ဳိး အစားသပ္သပ္စီ ရွိပါတယ္။
ေနာက္ၿပီး ေလဆာနဲ႕ ကုသတုိင္းလည္း ေကာင္းသြားၾကတာေတာ့ မဟုတ္ပါဘူး။ တခ်ုိ႕က ေလဆာနဲ႕ ကုရင္ နတ္ေရကန္ထဲဆင္းၿပီးျပန္တက္လာသလုိ နတ္သမီးတမွ်၀င္း ပသြားမယ္လုိ႕ ထင္တတ္ၾကပါတယ္။ ေလဆာမွာလည္း ေကာင္းတာေတြရွိသလုိ ဆုိးတာေတြ လည္း ရွိပါတယ္။ ေလဆာနဲ႕ကုမယ္ဆုိရင္ တင္းတိပ္ရဲ႕ အတိမ္အနက္ကုိ သိရွိဖုိ႕လုိအပ္ပါ တယ္။ တခ်ဳိ႕ေသာေလဆာေတြက အေရာင္ျခယ္ပစၥည္းေတြကုိ ေခ်ဖ်က္တာရွိသလုိ တခ်ုိဳ႕ ေသာေလဆာေတြက တင္းတိပ္ျဖစ္ေပၚရာေနရာ အေရျပားရဲ႕ ေသြေၾကာဆုိင္ရာေတြက ုိ ပစ္မွ္ ထားကုသတာလည္း ရွိပါတယ္။ ေလဆာနဲ႕ ကုသရာမွာလည္း တစ္ႀကိမ္တည္းနဲ႕ေတာ့ မၿပီးႏုိင္ပါဘူး။ ေလဆာေၾကာင့္ အေရျပားေလာင္းတာမ်ဳိး၊ ရဲေရာင္လာတာေတြ၊ ကုသမႈ အက်ဳိးရလဒ္မထူးျခားတာေတြ စတဲ့ ျပႆနာေတြလည္း ႀကံဳေတြ႕ႏုိင္ပါတယ္။ ေလဆာရဲ႕ အဓိကျပႆနာကေတာ့ အျဖဴကြက္က်န္ေနခ့ဲျခင္းပါ။ အမည္းေရာင္တင္းတိပ္ကေန အျဖဴ ကြက္ေတြအျဖစ္ က်န္ရစ္တတ္ပါတယ္။ အျဖဴကြက္ႀကီးႀကီး က်န္တတ္သလုိ အျဖဴကြက္ ေသးေသးေလးေတြမွာလည္း က်န္ေနတတ္ပါတယ္။ ေနာက္ၿပီး ေလဆာနဲ႕ ကုသအၿပီးမွာ အေရျပားကုိ ဒီအတုိင္းထားလုိ႕မပါရဘူး။ post Laser Care အျဖစ္ အေရျပားကို ေဆးကုသမႈ၊ ထိန္းသိမ္းမႈေတြကုိ ဆက္လက္္လုပ္ေဆာင္ရပါေသးတယ္။
တင္းတိပ္ေတြကုိ ကုသရာမွာ တစ္မ်ဳိးတည္းနဲ႕ ရံဖန္ရံခါမွာ မေပ်ာက္ကင္းႏုိင္ဘဲ ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ အထက္ပါကုသမႈေတြကုိ လိုအပ္ရင္ လိုအပ္သလုိ တြဲဖက္ ပူးေပါင္းၿပီး ကုသမႈေတြ လုပ္ေပးရတတ္ပါတယ္။ တခ်ဳိ႕တခ်ိဳ႕ေသာသူေတြကေတာ့ သူတုိ႕ရဲ႕ တင္းတိပ္အကြက္ေလးေတြကုိ မိတ္ကပ္နဲ႕ ဖုံးအပ္ထားလုိက္ၾကတတ္ပါတယ္။ ကုသနည္းမ မဟုတ္ေသာ္လည္း အမည္းကြက္ကုိ ဖုံးအုပ္ထားလုိက္တာေၾကာင့္ အတုိ္င္းအတာတစ္ခု အထိေတာ့ အဆင္ေျပသြားႏုိင္ပါတယ္။ ကုသနည္းေတြနဲ႕ အဆင္မေျပျဖစ္တတ္တဲ့ တင္းတိပ္ ေတြကုိေတာ့ ေနာက္ဆုံးမွာ ဒီနည္းကုိပဲ ေရြးခ်ယ္ရပါလိမ့္မယ္။
အဆုံးသတ္အေနနဲ႕ ၿခံဳၿပီး ေျပာရမယ္ဆုိရင္ တင္းတိပ္ဆုိတာ အသက္အႏၱရာယ္နဲ႕ ေ၀းလြန္းလွပါတယ္။ အလွအပေရးရာျပႆနာတစ္ခုသာ ျဖစ္ပါတယ္။ ဒါကုိ ဟုိဟာလိမ္း၊ ဒီဟာလိမ္း မလုပ္ဖုိ႕ လုိပါတယ္။ ဟုိလိမ္းဒီလိမ္းလုပ္ၿပီး ျပႆနာျဖစ္တဲ့သူေတြအမ်ားႀကီးပါ။ ေဆးေၾကာင့္ေလးတတ္ပါတယ္။ ဒါေၾကာင့္ တင္းတိပ္ျဖစ္ရာမွာ သူမ်ားတကာေျပာတာေတြကုိ ေလွ်ာက္မလုပ္ဘဲ အခုေရးခဲ့တဲ့ အေၾကာင္းအရာေတြကို အေသအခ်ာဖတ္႐ႈၿပီး ေဆာင္ရန္၊ ေရွာင္ရန္ေတြကုိ လုိ္က္နာၾကမယ္ဆုိရင္ အားလုံးအဆင္ေျပၾကလိမ့္မယ္လို႕ ထင္ျမင္မိပါတယ္။ အဓိကက်တဲ့ ေနေရာင္ကုိေတာ့ မျဖစ္မေန ကာကြယ္ေရွာင္ရွားရပါလိမ့္မယ္။ တခ်ဳို႕က တင္းတိပ္ေပ်ာက္ကင္းသြားတာနဲ႕ပဲ ေနေရာင္ကိုမေရွာင္၊ အေရျပားကုိ မထိန္းသိမ္းထား ၾကေတာ့ တင္းတိပ္ျပန္ၿပီးျဖစ္၊ အရင္ကထက္ ပုိၿပီး ဆုိးၾကရပါတယ္။ သုံးမယ့္အလွကုန္ပစၥည္း ေတြမွာလည္း ပါ၀င္တဲ့ ပစၥည္းေတြကို အေသအခ်ာေလ့လာသင့္ပါတယ္။ ကုသမႈခံယူတဲ့ အခါမွာလည္း အဆင္ေျပတဲ့နည္းလမ္းေတြကုိသုံးသပ္ေရြးခ်ယ္ႏုိင္လိမ့္မယ္လို႕ ယူဆပါတယ္။
တင္းတိပ္အေၾကာင္းကုိလည္း အတန္သင့္ ရွင္းျပခဲ့ၿပီးၿပီးဆုိေတာ့ စာဖတ္သူတို႕လည္း နားလည္သင့္သေလာက္ေတာ့ နားလည္သြားေလာက္ၿပီးလုိ႕ ထင္ပါတယ္။ တင္းတိပ္ကင္းတဲ့ မ်က္ႏွာပုိင္ရွင္မ်ား ျဖစ္ၾကပါေစလုိ႕ ဆုမြန္ေကာင္းေတာင္းရင္း တစ္ခန္းရပ္လုိက္ပါရေစ။
ေစတနာမ်ားစြာျဖင့္
ေဒါက္တာလင္းထက္ (အေရျပားအထူးကုဆရာ၀န္)