ပါဝင်သောဆေး-Cefotaxime Na၊
ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ပိုးကြောင့်ဖြစ်သော ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ ဆီးလမ်းကြောင်းရောဂါများ၊ မီးယပ်ရောဂါများ၊ အရေပြားနှင့် အရိုးအဆစ်ရောဂါများ၊ ခွဲမွေးသော မိခင်များ၊ aminoglycoside ပိုးသတ်ဆေးနှင့်လည်း တွဲသုံးနိုင်ပါသည်။
သုံးစွဲရန်အညွှန်း- ရောဂါနှင့် လူတစ်ဦးချင်းဆီပေါ် မူတည်၍ ဆေးသုံးစွဲရမည့် ပမာဏ ကွာခြားနိုင်ပါသည်။ ၀.၅-၂ ဂရမ် တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်ထိသုံးစွဲနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ cephalosporin အုပ်စုဝင် ပိုးသတ်ဆေးများနှင့် မတည့်သူများ။
သတိပြုရမည့်အချက်များ-ကျောက်ကပ်မကောင်းသူများ၊ ဆေးမတည့်ခြင်းဖြစ်ဖူးသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-သွေးပမွှား၊ သွေးဖြူဥများ နည်းခြင်း၊ အင်ပြင်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဆေးမတည့်ခြင်း၊ သွေးတွင်း အသည်းဓာတ်၊ ကျောက်ကပ်ဓာတ်များတက်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-aminoglycoside အုပ်စုဝင်ဆေးများနှင့် တွဲသုံးနိုင်သော်လည်း ကျောက်ကပ်ထိခိုက်မှု ပိုဖြစ်တတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)