ပါဝင်သောဆေး-ceftrizone Na, Salbactam Na၊
ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ သွေးတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် သွေးဆိပ်တက်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ လိင်မှတဆင့် ကူးစက်သောရောဂါများ၊ ခွဲစိတ်ကုသမှုခံယူမည့်သူများ၊ ခုခံအားကျဆင်းနေသူများတွင် ရောဂါပိုးဝင်ရောက်ခြင်း။
သုံးစွဲရန်အညွှန်း- ၁-၂ ဂရမ် တစ်နေ့ ၁-၂ကြိမ်။ ဆေးအများဆုံးသုံးနိုင်သောပမာဏ-၄ ဂရမ်။ ရောဂါပေါ်မူတည်၍ သုံးစွဲရမည့် ဆေးပမာဏမတူညီသဖြင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
လုံးဝအသုံးမပြုသင့်သောသူများ-cephalosporin ပိုးသတ်ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင်ဆေးနှင့် မတည့်သူများ၊ အူအမြှေးပါးအတုဖြစ်တတ်သော အူမကြီးရောင်သူများ သတိပြု သုံးစွဲပါ။ ကျောက်ကပ်နှင့် အသည်းမကောင်းသူများတွင် အသုံးပြုပါက အနီးကပ်စောင့်ကြည့်ရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ လမစေ့သောမွေးကင်းစကလေး များတွင် သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ လျှာနှင့် နှုတ်ခမ်းများရောင်ခြင်း၊ ဓာတ်မတည့်ခြင်း (ယားယံခြင်း၊ အင်ပြင်ထခြင်း၊ ဖောခြင်း)၊ ဆေးထိုးသောနေရာတွင် နာကျင်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အရက်နှင့် တွဲသောက်ပါက အရက်ဖြတ်ဆေး၏ အာနိသင်များ ဖြစ်တတ်ပါသည်။ သွေးကျဲဆေး၏ အာနိသင်ကို များစေပါသည်။
ဒေါက်တာချို(ဆေး ၁)