All Articlesပိုးသေဆေးများ

Medipime

1 Mins read
All Articlesပိုးသေဆေးများ

Medipime

1 Mins read

ပါဝင်သောဆေး-Cefepime HCl။

ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် အသက်ရူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်း၊ သွေးဖြူဥနည်းနေ၍ အဖျားတက်နေသူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှသည် ကျောက်ကပ်ရောင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ ဝမ်းဗိုက်အတွင်း ပိုးဝင်သောရောဂါများ။
သုံးစွဲရန်အညွှန်း-ရောဂါပေါ်မူတည်၍ ၀.၅-၂ ဂရမ် ၈-၁၂နာရီခြား ၁-၂ပတ်ထိသုံးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေး၊ ပင်နီစလင်၊ B lactamစသောဆေးများနှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးသုံးနေစဉ် ပိုးထပ်ဝင်ခြင်းဖြစ်တတ်ပါသည်။ သွေးခဲနှုန်းကို စစ်ဆေးနေသင့်ပါသည်။ အစာအိမ်နှင့်အူလမ်ကြောင်းပြဿနာရှိသူများ(အူရောင်နေသူ)၊ တက်နိုင်သူများတွင် သတိပြုသုံးစွဲပါ။ နို့တိုက်မိခင်များ၊ အသက် ၂လအောက်ကလေးများဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ကျောက်ကပ်မကောင်းသူများ ဆေးပမာဏချိန်ညှိသုံးစွဲရန် လိုအပ်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဆေးထိုးသင့်နေရာတွင် ရောင်ရမ်းယားယံခြင်း၊ သွေးကြောရောင်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း မှသည် ဆိုးရွားစွာဓာတ်မတည့်မှုများ၊ အရေပြားများပျက်စီးကွာကျခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးအားနည်းခြင်း၊ အသည်းထိခိုက်ခြင်း စသည်အထိ ဖြစ်တတ်ပါသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-aminoglycosides စသောပိုးသတ်ဆေးနှင့်တွဲသုံးပါက ကျောက်ကပ်နှင့် နားပျက်စီးခြင်းဖြစ်တတ်ပါသည်။ ဆီးဆေးများနှင့် တွဲသုံးပါက ကျောက်ကပ်ထိခိုက်နိုင်ပါသည်။ aminophylline ဆေးနှင့် တွဲမသုံးသင့်ပါ။
ဒေါက်တာချို(ဆေး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *