ပါဝင်သောဆေး-Bacillus subtilis, Streptococcus faecium
ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ ဆေးမှုန့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ပိုးသတ်ဆေးများနှင့် ကင်ဆာဆေးများကြောင့် ဖြစ်သော အူအခြေအနေများ (ဝမ်းပျော့ခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်း စသည်)၊ အသည်းဓာတ်များသောကြောင့် ဦးနှောက်ထိခိုက်ခြင်းကို ကာကွယ်ရန်။
သုံးစွဲရန်အညွှန်း-ဆေးတောင့် ၁-၂ လုံး တစ်နေ့ ၂-၃ ကြိမ်။ ဆေးမှုန့်ထုပ် ၁-၂ ထုပ် သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ပစ္စည်းများနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-မွေးရာပါ မျိုးဗီဇရောဂါ ရှိသူများ(lactase deficiency)၊ ၃ လအောက်ကလေးများ သတိပြုသုံးစွဲပါ။ ဆေးကို ကြာရှည် မသုံးသင့်ပါ။
ဘေးထွက်ဆိုးကျိုး-နည်းသောဆေးဖြစ်ပါသည်။
ဒေါက်တာချို(ဆေး ၁)