ပါဝင်သောဆေး-Mebeverine HCl၊
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အူမကြီးလှုပ်ရှားမှုမမှန်သော ရောဂါ IBS ၏ ရောဂါဝေဒနာများ သက်သာစေရန်။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၂ကြိမ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင် မိနစ် ၂၀ခန့် ကြိုသောက်ရန်။ ဆေးကို ဝါးမစားရ။ အလုံးလိုက်မျိုချသောက်သုံးပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အူမလှုပ်သောအခြေအနေ ဖြစ်နေသူများ။
သတိပြုရမည့်အချက်များ-သွေးရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ အသည်းနှင့် ကျောက်ကပ် မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အဖြစ်နည်းသောဆေးဖြစ်ပါသည်။ ယားယံခြင်း၊ အင်ပြင်ထခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်တတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)