ပါဝင်သောဆေး-ငါးကြီးဆီ။
ဆေးပုံစံ-ဆေးတောင့်ပျော့ပုံစံ။
အသုံးပြုနိုင်သော အခြေအနေများ- သွေးလည်ပတ်မှုနှင့် နှလုံးအားကောင်းစေရန်၊ သွေးတွင်းအဆီများ ထိန်းညှိပေးရန် စသည်တို့အတွက် အားဖြည့်ဆေး အဖြစ်အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- ၃ လုံး တစ်နေ့ ၂ ကြိမ်။ သို့ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။ ဆေးကို အလုံးလိုက်မျိုချသောက်သုံးပါ။ ချေခြင်း၊ ခွဲခြင်း၊ ဝါးစားခြင်းမပြုရ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ- အရက်သောက်သုံးသူများ၊ ပန်းနာရင်ကျပ်ရှိသူများ၊ သွေးကျဲစေတတ်သောဆေးများ သောက်သုံးနေသူများ၊ သွေးပမွှားရောဂါရှိသူများ၊ ငါးနှင့် ပင်လယ်စာ ဓာတ်မတည့်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ဆေးမတည့်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ပျို့ခြင်း၊ နှုန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-သွေးကျဲစေတတ်သောဆေးများနှင့် တွဲမသုံးသင့်ပါ။ (ဥပမာ- အကိုက်အခဲပျောက်ဆေးများ၊ သွေးကျဲဆေးများ၊ သွေးတိုးကျဆေးများ၊ antiplatelet, coumarin စသည်)
ဒေါက်တာချို(ဆေး ၁)