ချစ်ခြင်းမေတ္တာ ဘယ်ကလာ?
ချစ်ခြင်းမေတ္တာဟာ အရာရာကို အောင်နိုင်တယ် လို့ စလိုက်ရင် အချစ်ဝတ္ထုတစ်ပုဒ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဆေးဆောင်းပါးတစ်ပုဒ်ရဲ့ နိဒါန်းပါ။
ချစ်ခြင်းမေတ္တာဆိုတာ မမြင်နိုင်တဲ့ စိတ္တဇနာမ်ပဲလို့ သတ်မှတ်တဲ့အတွက် လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး ဆိုပေမယ့် ဆေးပညာကတော့ ချစ်မေတ္တာသရုပ်ကို တစ်ပိုင်းတစ်စ လှစ်ပြလိုက်ပါပြီ။
ချစ်ခြင်းက ဘယ်အရာတွေကို အောင်နိုင်ပါသလဲ?
ဒါကို သိချင်ရင် မွေးလူနာ မိခင်လောင်းတွေကို ကြည့်ပါလို့ ဆေးသိပ္ပံပညာက ဆိုပါတယ်။ မိခင်တစ်ယောက် မီးဖွားတာ ဘယ်လောက်နာပါသလဲ။ အရိုးပေါင်း ၃၀ကျော် တစ်ပြိုင်တည်းကျိုးကြည့်ရင် သိပါမယ် တဲ့။
ဒါဆို ဒီလောက် နာတဲ့ နာကျင်မှုကို ဘယ်လိုများ မိခင်လောင်းတွေ ကျော်ဖြတ်နိုင်ပါသလဲ?
ချစ်ခြင်းမေတ္တာ ခေါ်ဆိုသမုတ်တဲ့ အောက်ဆီတိုစင် (Oxytocin) ဟော်မုန်းကြောင့်ပါ။
အောက်ဆီတိုစင်ဟာ သားအိမ်ညှစ်ရာမှာ အကူအညီပေးတယ်၊ နို့ထွက်စေဖို့ အထောက်အပံ့ပေးတယ်ဆိုတာတွေအပြင် လေ့လာတွေ့ရှိချက်တွေအရ အောက်ဆီတိုစင်ကြောင့် မိခင်ဟာ မီးတွင်းမှာ စိတ်ဘယ်လောက်ဆတ်နေဆတ်နေ မိမိရင်သွေးငိုသံကြားတာနဲ့ အိပ်နေရင်တောင် ကလေးကို ထကြည့်နိုင်တာ၊ ကလေးအပေါ် မငြိုငြင်တာ စတာတွေဟာ အောက်စီတိုစင်ပမာဏနဲ့ အများကြီးသက်ဆိုင်တယ်လို့ ဆိုပါတယ်။ အောက်စီတိုစင်သာ မထွက်ရင် ညဘက်ကြီးတွေ ကလေးထကြည့်တဲ့အခါ စိတ်မတိုဖို့ မလွယ်ပါဘူး တဲ့။
ဒါ့အပြင် လူတစ်ယောက်ဟာ နောက်တစ်ယောက်ကို ချစ်မိရင် အောက်စီတိုစင်ပမာဏ လေးဆဝန်းကျင် ထွက်တယ်ဆိုပါတယ်။ ဒါကြောင့် မိမိချစ်ရသူက ဘယ်လိုပဲ နာကျင်အောင် ပြောဆိုပါစေ သည်းခံနိုင်တာ ဖြစ်ပါသတဲ့လေ။
ဒေါက်တာယမင်း (ဆေး ၁)
ခ်စ္ျခင္းေမတၱာ ဘယ္ကလာ?
ခ်စ္ျခင္းေမတၱာဟာ အရာရာကို ေအာင္နိုင္တယ္ လို႔ စလိုက္ရင္ အခ်စ္ဝတၳဳတစ္ပုဒ္လို႔ ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ဒါဟာ ေဆးေဆာင္းပါးတစ္ပုဒ္ရဲ႕ နိဒါန္းပါ။
ခ်စ္ျခင္းေမတၱာဆိုတာ မျမင္နိုင္တဲ့ စိတၱဇနာမ္ပဲလို႔ သတ္မွတ္တဲ့အတြက္ လက္ဆုပ္လက္ကိုင္ မျပနိုင္ဘူး ဆိုေပမယ့္ ေဆးပညာကေတာ့ ခ်စ္ေမတၱာသရုပ္ကို တစ္ပိုင္းတစ္စ လွစ္ျပလိုက္ပါၿပီ။
ခ်စ္ျခင္းက ဘယ္အရာေတြကို ေအာင္နိုင္ပါသလဲ?
ဒါကို သိခ်င္ရင္ ေမြးလူနာ မိခင္ေလာင္းေတြကို ၾကည့္ပါလို႔ ေဆးသိပၸံပညာက ဆိုပါတယ္။ မိခင္တစ္ေယာက္ မီးဖြားတာ ဘယ္ေလာက္နာပါသလဲ။ အရိုးေပါင္း ၃၀ေက်ာ္ တစ္ၿပိဳင္တည္းက်ိဳးၾကည့္ရင္ သိပါမယ္ တဲ့။
ဒါဆို ဒီေလာက္ နာတဲ့ နာက်င္မႈကို ဘယ္လိုမ်ား မိခင္ေလာင္းေတြ ေက်ာ္ျဖတ္နိုင္ပါသလဲ?
ခ်စ္ျခင္းေမတၱာ ေခၚဆုိသမုတ္တဲ့ ေအာက္ဆီတိုစင္ (Oxytocin) ေဟာ္မုန္းေၾကာင့္ပါ။
ေအာက္ဆီတိုစင္ဟာ သားအိမ္ညႇစ္ရာမွာ အကူအညီေပးတယ္၊ နို႔ထြက္ေစဖို႔ အေထာက္အပံ့ေပးတယ္ဆိုတာေတြအျပင္ ေလ့လာေတြ႕ရွိခ်က္ေတြအရ ေအာက္ဆီတိုစင္ေၾကာင့္ မိခင္ဟာ မီးတြင္းမွာ စိတ္ဘယ္ေလာက္ဆတ္ေနဆတ္ေန မိမိရင္ေသြးငိုသံၾကားတာနဲ႔ အိပ္ေနရင္ေတာင္ ကေလးကို ထၾကည့္နိုင္တာ၊ ကေလးအေပၚ မၿငိဳျငင္တာ စတာေတြဟာ ေအာက္စီတိုစင္ပမာဏနဲ႔ အမ်ားႀကီးသက္ဆိုင္တယ္လို႔ ဆိုပါတယ္။ ေအာက္စီတိုစင္သာ မထြက္ရင္ ညဘက္ႀကီးေတြ ကေလးထၾကည့္တဲ့အခါ စိတ္မတိုဖို႔ မလြယ္ပါဘူး တဲ့။
ဒါ့အျပင္ လူတစ္ေယာက္ဟာ ေနာက္တစ္ေယာက္ကို ခ်စ္မိရင္ ေအာက္စီတိုစင္ပမာဏ ေလးဆဝန္းက်င္ ထြက္တယ္ဆိုပါတယ္။ ဒါေၾကာင့္ မိမိခ်စ္ရသူက ဘယ္လိုပဲ နာက်င္ေအာင္ ေျပာဆိုပါေစ သည္းခံနိုင္တာ ျဖစ္ပါသတဲ့ေလ။
ေဒါက္တာယမင္း (ေဆး ၁)