အာသာပြေပျော့ စိတ်ဖြေလျော့ကြတဲ့အခါ
လူငယ်လူရွယ်ရယ်လို့ဖြစ်လာရင် အားလုံးနီးပါးသော ယောကျ်ားလေးများနဲ့ မိန်းကလေးအချို့ဟာ မိမိဘာသာလိင်စိတ်ဖြေဖျောက်ခြင်း (masturbation) ကိုလုပ်တတ်ကြပါတယ်။ မိမိဘာသာမဟုတ်ဘဲ မိမိလက်တွဲဖော်နဲ့အတူ လိင်အင်္ဂါချင်း မထိစပ်ဘဲ လက် သို့မဟုတ် ကိရိယာလေးတွေနဲ့ အပြန်အလှန်စိတ်ဖြေတာကိုလည်း masturbation လို့ခေါ်နိုင်ပါတယ်။ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် လိင်စိန်ဆိုတာရှိပါတယ်။ ဒီ့အတွက် တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှု လို့ပြောလို့မရပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ ပုံမှန်အပြုအမူပဲဖြစ်ပါတယ်။
တစ်ကိုယ်ရေလိင်စိတ်ဖြေဖျောက်ခြင်းကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ စိတ်ဖိစီးမှု၊ စိတ်ခံစားမှုတွေအတွက်ထွက်ပေါက်ဖြစ်သွားပြီး စိတ်တင်းကျပ်မှုကိုသက်သာစေပါတယ်။ တစ်ကိုယ်ရေလိင်စိတ်ဖြေခြင်းဟာ လုံခြုံမှု၊ စိတ်ချရမှုရှိပြီး လိင်မှကူးစက်တတ်သောရောဂါတွေကိုလည်းကာကွယ်ရာမှာအသုံးဝင်ပါတယ်။ ဒါပေမယ့် လက်နဲ့မဟုတ်ဘဲ sex toys ကိရိယာတွေအသုံးပြုခဲ့မယ်ဆိုရင်တော့ ဒီကိရိယာလေးတွေရဲ့သန့်ရှင်းမှုကို သေချာဂရုစိုက်ရပါမယ်။ အထူးသဖြင့် sex toysတွေကို မျှဝေသုံးသူတွေမှာ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများ (Sexually Transmitted Infection) မကူးစက်အောင်အထူးသဖြင့်ဂရုစိုက်ကာ သန့်သန့်ရှင်းရှင်းထားရပါမယ်။ masturbation ဟာ အိပ်ပျော်အောင်လဲအထောက်အကူပြုပါတယ်။ ၂၀၀၃ခုနှစ်က ပြုလုပ်ခဲ့တဲ့သုသေတနတစ်ခုအရ တစ်ပတ်ကို တစ်ကိုယ်ရေအာသာဖြေခြင်း ငါးကြိမ်နှင့်အထက်ပြုလုပ်တဲ့ ယောကျ်ားလေးတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ တွေ့ရှိထားပါတယ်။
တစ်ကိုယ်ရေအာသာဖြေခြင်းကို တစ်နေ့ကိုဘယ်နှကြိမ်အထိလုပ်နိုင်တယ်၊ ဘယ်နှကြိမ်ကျော်ရင် အန္တရာယ်ရှိတယ်ဆိုတဲ့သတ်မှတ်ချက်တော့မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဇီဝကမ္မ မတူညီတဲ့သဘောအရ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် ဒီအမူအကျင့်ကို အလွန်အကျွံပြုလုပ်ခဲ့မယ်ဆိုရင်တော့ နေ့စဉ်အလုပ်တွေ၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာ အဆင်မပြေတာ အာရုံစူးစိုက်မှုအားနည်းတာ၊ မှတ်ဉာဏ်ထိခိုက်နိုင်တာတွေဖြစ်ပေါ်နိုင်တာမို့ တန်ဆေးလွန်ဘေးလို့သာပြောပါရစေ။ အကြိမ်ကြိမ်အာသာဖြေတဲ့အခါ ဦးနှောက်မှာဟော်မုန်းထွက်မှုအပြောင်းအလဲတွေဖြစ်လာပြီး ဒီကိစ္စတစ်ခုကိုပဲ အထပ်ထပ်အခါခါစိတ်ထဲရှိနေစေကာ လူမှုဘဝကိုထိခိုက်စေနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ ခြုံငုံပြီးပြောရရင်တော့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာဟာ ယောကျ်ားလေး၊မိန်းကလေးမရွေး လိင်စိတ်ရှိတဲ့သူတိုင်း လုပ်မိတတ်တဲ့ သာမန်အလေ့အထတစ်ခုပါပဲ။ ဒီ့အတွက် ဒါကိုရှက်စရာ၊ သိမ်ငယ်စရာလို့မှတ်စရာမလိုတဲ့အပြင် စိတ်ဖိစီးမှုကိုလျော့ကျနိုင်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ စိတ်ထွက်ပေါက်တစ်ခုဖြစ်စေပါစေ။ ဒါပေမယ့် သာမန်ထက်ပိုစွဲလန်းကာ အလွန်အကျွံပြုလုပ်မိမယ်ဆိုရင်တော့ စိတ်နဲ့ခန္ဓာ နှစ်ဖြာလုံး ဆိုးကျိုးတွေရှိစေနိုင်တာမို့ သင့်ရုံသာနှလုံးသွင်းပြီး နေထိုင်ကြစေချင်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
အာသာေျပေပ်ာ့ စိတ္ေျဖေလ်ာ့ၾကတဲ့အခါ
လူငယ္လူရြယ္ရယ္လို႔ျဖစ္လာရင္ အားလံုးနီးပါးေသာ ေယာက်္ားေလးမ်ားနဲ႔ မိန္းကေလးအခ်ိဳ႕ဟာ မိမိဘာသာလိင္စိတ္ေျဖေဖ်ာက္ျခင္း (masturbation) ကိုလုပ္တတ္ၾကပါတယ္။ မိမိဘာသာမဟုတ္ဘဲ မိမိလက္တြဲေဖာ္နဲ႔အတူ လိင္အဂၤါခ်င္း မထိစပ္ဘဲ လက္ သို႔မဟုတ္ ကိရိယာေလးေတြနဲ႔ အျပန္အလွန္စိတ္ေျဖတာကိုလည္း masturbation လို႔ေခၚႏိုင္ပါတယ္။ ေယာက်္ားေလးျဖစ္ျဖစ္၊ မိန္းကေလးျဖစ္ျဖစ္ လိင္စိန္ဆိုတာ႐ွိပါတယ္။ ဒီ့အတြက္ တစ္ကိုယ္ေရအာသာေျဖျခင္းဆိုတာဟာ စိတ္ပိုင္းဆိုင္ရာ မူမမွန္မႈ လို႔ေျပာလို႔မရပါဘူး။ ဒါဟာ လူတစ္ေယာက္ရဲ႕ ပံုမွန္အျပဳအမူပဲျဖစ္ပါတယ္။
တစ္ကိုယ္ေရလိင္စိတ္ေျဖေဖ်ာက္ျခင္းေၾကာင့္ ရႏိုင္တဲ့အက်ိဳးေက်းဇူးေတြကေတာ့ စိတ္ဖိစီးမႈ၊ စိတ္ခံစားမႈေတြအတြက္ထြက္ေပါက္ျဖစ္သြားၿပီး စိတ္တင္းက်ပ္မႈကိုသက္သာေစပါတယ္။ တစ္ကိုယ္ေရလိင္စိတ္ေျဖျခင္းဟာ လံုျခံဳမႈ၊ စိတ္ခ်ရမႈ႐ွိၿပီး လိင္မွကူးစက္တတ္ေသာေရာဂါေတြကိုလည္းကာကြယ္ရာမွာအသံုးဝင္ပါတယ္။ ဒါေပမယ့္ လက္နဲ႔မဟုတ္ဘဲ sex toys ကိရိယာေတြအသံုးျပဳခဲ့မယ္ဆိုရင္ေတာ့ ဒီကိရိယာေလးေတြရဲ႕သန္႔႐ွင္းမႈကို ေသခ်ာဂ႐ုစိုက္ရပါမယ္။ အထူးသျဖင့္ sex toysေတြကို မ်ွေဝသံုးသူေတြမွာ လိင္မွတဆင့္ကူးစက္တတ္တဲ့ေရာဂါမ်ား (Sexually Transmitted Infection) မကူးစက္ေအာင္အထူးသျဖင့္ဂ႐ုစိုက္ကာ သန္႔သန္႔႐ွင္း႐ွင္းထားရပါမယ္။ masturbation ဟာ အိပ္ေပ်ာ္ေအာင္လဲအေထာက္အကူျပဳပါတယ္။ ၂၀၀၃ခုႏွစ္က ျပဳလုပ္ခဲ့တဲ့သုေသတနတစ္ခုအရ တစ္ပတ္ကို တစ္ကိုယ္ေရအာသာေျဖျခင္း ငါးႀကိမ္ႏွင့္အထက္ျပဳလုပ္တဲ့ ေယာက်္ားေလးေတြဟာ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ ေလ်ာ့နည္းေစတယ္လို႔ ေတြ႔႐ွိထားပါတယ္။
တစ္ကိုယ္ေရအာသာေျဖျခင္းကို တစ္ေန႔ကိုဘယ္ႏွႀကိမ္အထိလုပ္ႏိုင္တယ္၊ ဘယ္ႏွႀကိမ္ေက်ာ္ရင္ အႏၲရာယ္႐ွိတယ္ဆိုတဲ့သတ္မွတ္ခ်က္ေတာ့မ႐ွိပါဘူး။ လူတစ္ဦးခ်င္းစီရဲ႕ ဇီဝကမၼ မတူညီတဲ့သေဘာအရ ကြဲျပားႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအမူအက်င့္ကို အလြန္အကြၽံျပဳလုပ္ခဲ့မယ္ဆိုရင္ေတာ့ ေန႔စဥ္အလုပ္ေတြ၊ လူမႈေပါင္းသင္းဆက္ဆံေရးေတြမွာ အဆင္မေျပတာ အာရံုစူးစိုက္မႈအားနည္းတာ၊ မွတ္ဥာဏ္ထိခိုက္ႏိုင္တာေတြျဖစ္ေပၚႏိုင္တာမို႔ တန္ေဆးလြန္ေဘးလို႔သာေျပာပါရေစ။ အႀကိမ္ႀကိမ္အာသာေျဖတဲ့အခါ ဦးေႏွာက္မွာေဟာ္မုန္းထြက္မႈအေျပာင္းအလဲေတြျဖစ္လာၿပီး ဒီကိစၥတစ္ခုကိုပဲ အထပ္ထပ္အခါခါစိတ္ထဲ႐ွိေနေစကာ လူမႈဘဝကိုထိခိုက္ေစႏိုင္ပါတယ္။
အဆံုးသတ္အေနနဲ႔ ျခံဳငံုၿပီးေျပာရရင္ေတာ့ တစ္ကိုယ္ေရအာသာေျဖျခင္းဆိုတာဟာ ေယာက်္ားေလး၊မိန္းကေလးမေရြး လိင္စိတ္႐ွိတဲ့သူတိုင္း လုပ္မိတတ္တဲ့ သာမန္အေလ့အထတစ္ခုပါပဲ။ ဒီ့အတြက္ ဒါကို႐ွက္စရာ၊ သိမ္ငယ္စရာလို႔မွတ္စရာမလိုတဲ့အျပင္ စိတ္ဖိစီးမႈကိုေလ်ာ့က်ႏိုင္တဲ့အတြက္ လိင္ပိုင္းဆိုင္ရာ စိတ္ထြက္ေပါက္တစ္ခုျဖစ္ေစပါေစ။ ဒါေပမယ့္ သာမန္ထက္ပိုစြဲလန္းကာ အလြန္အကြၽံျပဳလုပ္မိမယ္ဆိုရင္ေတာ့ စိတ္နဲ႔ခႏၶာ ႏွစ္ျဖာလံုး ဆိုးက်ိဳးေတြ႐ွိေစႏိုင္တာမို႔ သင့္ရံုသာႏွလံုးသြင္းၿပီး ေနထိုင္ၾကေစခ်င္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ