All Articlesသွားကျန်းမာရေး

Malocclusioin

1 Mins read

မြန်မာနိုင်ငံတွင် အတွေ့ရအများဆုံးဖြစ်သော အလှအပရေးရာ ပြဿနာတစ်ခု သို့မဟုတ် သွားများမညီမညာဖြစ်ခြင်း

သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများတွင် အဖြစ်များသော ပြဿနာတစ်ခုမှာ သွားခေါခြင်း၊ သွားထပ်ခြင်းနှင့် သွားများမညီမညာဖြစ်ခြင်းတို့ ဖြစ်သည်။ ထိုသို့ဖြစ်ပါကလည်း ကာယကံရှင်အနေဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်သည့်အခါ စိတ်မချမ်းသာသလို ရုပ်လည်းမလှဟု ခံစားရတတ်ပါသည်။

သွားများပို၍ပေါက်ခြင်း၊ လျော့၍ပေါက်ခြင်း၊ ပုံမှန်ပေါက်ရမည့်အတိုင်း မပေါက်ဘဲ လိမ်၍ ပေါက်ခြင်း၊ လဲ၍ပေါက်ခြင်းတို့ကြောင့်လည်း သပ်သဖွယ်ဖြစ်ကာ သွားခေါ၊ သွားထပ်ခြင်းများ ဖြစ်တတ်ပါ သည်။

ထို့အပြင် ကလေးဘဝတွင် လက်မစုပ်ခြင်း၊ လက်သည်းလက်ထိပ်တို့ကို အမြဲကိုက်တတ် ခြင်း၊ ပါးစပ်ဖြင့်အသက်ရှုခြင်းနှင့် လျှာဖြင့်အမြဲ သွားများကိုတွန်းထုတ်တတ်ခြင်း စသည့် မကောင်းသောအကျင့် များ ကြောင့် သွားခေါ၊ သွားထပ်ခြင်း ဖြစ်တတ်ပါသည်။ ၎င်းအမူအကျင့်များရှိနေပါက သွားဘက်ဆိုင်ရာဆရာဝန်၊ ကလေးစိတ်ရောဂါကုဆရာဝန်များနှင့် အမြန်ဆုံးတိုင်ပင်ပြသကာ ကုသသင့်ပါသည်။

ထို့အပြင် ကလေးငယ်များတွင် တွေ့ရတတ်သော သွားပိုးစားရောဂါပျံ့နှံ့စွာ ဖြစ်ပွားရခြင်း သည် နို့ဘူးကိုညအိပ်ရာဝင်လျှင် စို့၍အိပ်တတ်ခြင်းကြောင့်ဖြစ်ပါသည်။ ယင်းသို့ သွားပိုးစားရောဂါ ငယ်စဉ်က ဖြစ်ပွားပါက ငယ်သွားများ စောစီးစွာဆုံးရှုံးရပြီး နောင်ထွက်မည့် ကြီးသွားများ၏ သွားပေါက်ခြင်းဖြစ်စဉ်များ ကမောက်ကမဖြစ်ကာ ကြီးသွားများ မညီမညာ ဖြစ်တတ်ပါသည်။

အချို့သောကလေးများတွင်မူ ကြီးသွားများပေါက်လာသော်လည်း အပေါ်မှ ငယ်သွားများ သည် ကျိုးသင့်သည့်အချိန်တွင် မကျိုးသောကြောင့် သွားများထပ်၍ပေါက်ခြင်းများ ဖြစ်တတ်ပါသည်။ ထိုကဲ့သို့ဖြစ်ပါ က သွားဘက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြသသင့်ပါသည်။

အစောဆုံးကြီးသွားပေါက်သည့်အချိန်မှာ အသက်ခြောက်နှစ်ခန့်ဖြစ်ရာ ထိုအသက်အရွယ်မှ အသက် ၁၂ နှစ် ၁၃ နှစ်ခန့်အထိ ငယ်သွားနှင့် ကြီးသွားလဲသည့်ဖြစ်စဉ်အား ဂရုတစိုက်စောင့်ကြည့်သင့်ပါသည်။ အလိုအလျောက် မကျိုးနိုင်သော ငယ်သွားများအား သွားဘက်ဆိုင်ရာဆရာဝန်နှင့် စနစ်တကျ နှုတ်ပြီး ကုသမှုခံယူသင့်ပါသည်။ ယခုအခါတွင် မညီညာသော သွားများအား သွားညှိကုသခြင်းဖြင့် ပြန်လည်ပြုပြင်နိုင်သော်လည်း ကုသချိန် အနည်းဆုံး နှစ်နှစ်ခန့်အချိန်ပေးရခြင်း၊ ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် မိမိတို့ရင်သွေးငယ်၏ သွားများအား ကြိုတင်ကာကွယ်ကာ ဂရုစိုက်ပေးခြင်းအားဖြင့် ကုသခြင်းထက် ပို၍ ထိရောက်နိုင်မည် ဖြစ်ပေသည်။

Dr.Sai T S

ျမန္မာႏိုင္ငံတြင္ အေတြ႔ရအမ်ားဆံုးျဖစ္ေသာ အလွအပေရးရာ ျပႆနာတစ္ခု သို႔မဟုတ္ သြားမ်ားမညီမညာျဖစ္ျခင္း

သြားႏွင့္ခံတြင္းဆုိင္ရာ ျပႆနာမ်ားတြင္ အျဖစ္မ်ားေသာ ျပႆနာတစ္ခုမွာ သြားေခါျခင္း၊ သြားထပ္ျခင္းႏွင့္ သြားမ်ားမညီမညာျဖစ္ျခင္းတို႔ ျဖစ္သည္။ ထိုိသို႔ျဖစ္ပါကလည္း ကာယကံရွင္အေနျဖင့္ ပတ္၀န္းက်င္တြင္ ေနထိုင္သည့္အခါ စိတ္မခ်မ္းသာသလို ႐ုပ္လည္းမလွဟု ခံစားရတတ္ပါသည္။

သြားမ်ားပို၍ေပါက္ျခင္း၊ ေလ်ာ့၍ေပါက္ျခင္း၊ ပံုမွန္ေပါက္ရမည့္အတုိင္း မေပါက္ဘဲ လိမ္၍ ေပါက္ျခင္း၊ လဲ၍ေပါက္ျခင္းတို႔ေၾကာင့္လည္း သပ္သဖြယ္ျဖစ္ကာ သြားေခါ၊ သြားထပ္ျခင္းမ်ား ျဖစ္တတ္ပါ သည္။

ထုိ႔အျပင္ ကေလးဘ၀တြင္ လက္မစုပ္ျခင္း၊ လက္သည္းလက္ထိပ္တို႔ကို အၿမဲကိုက္တတ္ ျခင္း၊ ပါးစပ္ျဖင့္အသက္႐ႈျခင္းႏွင့္ လွ်ာျဖင့္အၿမဲ သြားမ်ားကိုတြန္းထုတ္တတ္ျခင္း စသည့္ မေကာင္းေသာအက်င့္ မ်ား ေၾကာင့္ သြားေခါ၊ သြားထပ္ျခင္း ျဖစ္တတ္ပါသည္။ ၄င္းအမူအက်င့္မ်ားရွိေနပါက သြားဘက္ဆိုင္ရာဆရာ၀န္၊ ကေလးစိတ္ေရာဂါကုဆရာ၀န္မ်ားႏွင့္ အျမန္ဆံုးတုိုင္ပင္ျပသကာ ကုသသင့္ပါသည္။

ထို႔အျပင္ ကေလးငယ္မ်ားတြင္ ေတြ႔ရတတ္ေသာ သြားပိုးစားေရာဂါပ်ံ႕ႏွံ႔စြာ ျဖစ္ပြားရျခင္း သည္ ႏို႔ဘူးကိုညအိပ္ရာ၀င္လွ်င္ စို႔၍အိပ္တတ္ျခင္းေၾကာင့္ျဖစ္ပါသည္။ ယင္းသို႔ သြားပိုးစားေရာဂါ ငယ္စဥ္က ျဖစ္ပြားပါက ငယ္သြားမ်ား ေစာစီးစြာဆံုး႐ႈံးရၿပီး ေနာင္ထြက္မည့္ ႀကီးသြားမ်ား၏ သြားေပါက္ျခင္းျဖစ္စဥ္မ်ား ကေမာက္ကမျဖစ္ကာ ႀကီးသြားမ်ား မညီမညာ ျဖစ္တတ္ပါသည္။

အခ်ိဳ႕ေသာကေလးမ်ားတြင္မူ ႀကီးသြားမ်ားေပါက္လာေသာ္လည္း အေပၚမွ ငယ္သြားမ်ား သည္ က်ဳိးသင့္သည့္အခ်ိန္တြင္ မက်ဳိးေသာေၾကာင့္ သြားမ်ားထပ္၍ေပါက္ျခင္းမ်ား ျဖစ္တတ္ပါသည္။ ထိုကဲ့သို႔ျဖစ္ပါ က သြားဘက္ဆိုင္ရာဆရာ၀န္ႏွင့္ တုိင္ပင္ျပသသင့္ပါသည္။

အေစာဆံုးႀကီးသြားေပါက္သည့္အခ်ိန္မွာ အသက္ေျခာက္ႏွစ္ခန္႔ျဖစ္ရာ ထိုအသက္အရြယ္မွ အသက္ ၁၂ ႏွစ္ ၁၃ ႏွစ္ခန္႔အထိ ငယ္သြားႏွင့္ ႀကီးသြားလဲသည့္ျဖစ္စဥ္အား ဂရုတစုိက္ေစာင့္ၾကည့္သင့္ပါသည္။ အလိုအေလ်ာက္ မက်ိဳးႏုိင္ေသာ ငယ္သြားမ်ားအား သြားဘက္ဆိုင္ရာဆရာ၀န္ႏွင့္ စနစ္တက် နႈတ္ၿပီး ကုသမႈခံယူသင့္ပါသည္။ ယခုအခါတြင္ မညီညာေသာ သြားမ်ားအား သြားညွိကုသျခင္းျဖင့္ ျပန္လည္ျပဳျပင္ႏုိင္ေသာ္လည္း ကုသခ်ိန္ အနည္းဆံုး ႏွစ္ႏွစ္ခန္႔အခ်ိ္န္ေပးရျခင္း၊ ကုန္က်စရိတ္မ်ားျပားျခင္းတို႔ေၾကာင့္ မိမိတို႔ရင္ေသြးငယ္၏ သြားမ်ားအား ႀကိဳတင္ကာကြယ္ကာ ဂရုစိုက္ေပးျခင္းအားျဖင့္ ကုသျခင္းထက္ ပို၍ ထိေရာက္ႏုိင္မည္ ျဖစ္ေပသည္။

Dr.Sai T S

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

When should you start brushing your baby's teeth? How to take care of children's dental health?

1 Mins read
၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။ သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ…

Leave a Reply

Your email address will not be published. Required fields are marked *