All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကျားကျားတို့ သွေးဆုံးခြင်း

1 Mins read

ကျားကျားတို့ သွေးဆုံးခြင်း

ခေါင်းစဉ် မြင်လိုက်ရသည်နှင့် မျက်လုံးပြူးစရာ ။ ဘယ့်နှယ့် ယောက်ျားဖြစ်ပြီး သွေးဆုံးစရာလားပေါ့ ။ တကယ်တော့ ဒါဟာ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ပြောင်းလဲလာနေတဲ့ ယောက်ျားဟော်မုန်းတွေရဲ့ သက်ရောက်မှုကို ဖော်ပြတဲ့ ရောဂါနာမည်တစ်ခုပါ ။

အသက် ၅၀ ကျော် ဝန်းကျင်ရောက်လာပြီဆိုလျှင် ယောက်ျားတွေမှာ ကျားဟော်မုန်းဖြစ်တဲ့ ( testosterone hormone) ထုတ်လုပ်မှုဟာ နည်းပါးလာပါတယ် ။ တချို့သူတွေမှာတော့ Hypogonadism လိူ့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေအားနည်းစေတဲ့ ရောဂါတွေနဲ့ ပိုပြီးဆက်စပ်မှုရှိပါတယ် ။ ဒီအခြေအနေ နှစ်ခုလုံးဟာ ကျားဟော်မုန်းဓာတ်ထုတ်လုပ်မှုကို ကျဆင်းစေပါတယ် ။

ဒီယောက်ျားဟော်မုန်းကို ဝှေးစေ့ကနေ ထုတ်လုပ်ပေးပါတယ် ။ ဒီကျားဟော်မုန်းဟာ လိင်စိတ်လှုံ့ဆော်မှုတစ်ခုထဲ အသုံးဝင်တာ မဟုတ်ပါဘူး ။ ဆယ်ကျော်သက် ကြီးကောင်ဝင်ချိန် ပြောင်းလဲမှုတွေ အတွက် ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ၊ သင့်ကြွက်သားတွေအတွက် ၊ အရေးပေါ်အချိန်တွေမှာ လျင်လျင်မြန်မြန် တုန့်ပြန်နိုင်ရန် အတွက် အစရှိတဲ့ နေရာအမျိုးမျိုးမှာ အရေးပါ ပါတယ် ။

ကျားသွေးဆုံးကိုင်ခြင်းဟာ အမျိုးသမီးသွေးဆုံးကိုင်ခြင်းတွေနဲ့ နေရာအတော်များများမှာကွဲပြားပါတယ် ။ ဥပမာ ယောက်ျားတွေတိုင်း သွေးဆုံးကိုင်ရောဂါ မဖြစ်ပါဘူး ။ နောက်ပြီး လိင်အင်္ဂါတွေရဲ့ လုပ်ဆောင်မှု လုံးဝရပ်တန့်သွားတာမျိုးမရှိပါဘူး ။ ဒါပေမယ့် ဒီလို ဟော်မုန်းထုတ်လွှမှုနည်းပါးသွားခြင်းကနေ သင့်ရဲ့ လိင်မှုကိစ္စတွေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ် ။

ဘယ်လို လက္ခဏာတွေ ရှိမလဲ ?

ယောက်ျားသွေးဆုံးကိုင်ခြင်းဟာ ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိင်မှုကိစ္စဆိုင်ရာ အကုန်လုံးအပေါ်မှာ သက်ရောက်မှု ရှိပါတယ် ။ ဒါတွေဟာ အသက်ကြီးလာတာနဲ့အမျှ အနည်းနဲ့အများဆိုသလို ကြုံတွေ့ရတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်

* အားနည်းနေခြင်း

* စိတ်ကျရောဂါဖြစ်ခြင်း

* စိတ်အားတက်ကြွမှု နည်းပါးခြင်း

* မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်း

* အာရုံစူးစိုက်နိုင်မှု လျော့ပါးလာခြင်း

* ညဘက်တွေ အိပ်မပျော်ခြင်း

* ဝလာခြင်း

* ကြွက်သားထုလျော့နည်းလာခြင်း

* ရုပ်ပိုင်းဆိုင်ရာ သွားလာလှုပ်ရှားရာတွင် သွက်လက်မှု နည်းပါးလာခြင်း

* အရိုးပွလာခြင်း

* လိင်ကိစ္စတွင် တက်ကြွမှု မရှိခြင်း

* လိင်ဆက်ဆံရန် ခက်ခဲခြင်း

* မြုံခြင်း

* အမွှေးအမှင် နည်းပါးလာခြင်း

* ဝှေးစေ့အရွယ်သေးငယ်လာခြင်း

အစရှိသည့် လက္ခဏာများကို ကြုံတွေ့နိုင်ပါတယ် ။

ဒီလိုအခြေအနေမျိုးတွေဖြစ်လာပြီဆိုပါက ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးကုသရန် လိုအပ်ပါတယ် ။ ထိုအခါ သင့်ဆရာဝန်မှ လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများကို လုပ်ဆောင်ပြီး ရောဂါ မှန်မမှန် ဆုံးဖြတ်ပေးပါလိမ့်မယ် ။

သင့်ဟော်မုန်း အပြောင်းအလဲဟာ အရမ်းကြီး ဆိုးဆိုးရွားရွားဖြစ်မနေဘူးဆိုလျှင် သင့်အနေနဲ့ ကုသမှု ခံယူရန်မလိုအပ်ပါဘူး ။ အများအားဖြင့် သင့်နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲပေးခြင်းဖြင့် သက်သာရာရစေနိုင်ပါတယ် ။

* ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် စားသုံးခြင်း

* လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း

* အိပ်ချိန် လုံလုံလောက်လောက် အိပ်စက်ပေးခြင်း

* စိတ်ဖိစီးမှုကို လျှော့ချခြင်း

* တရားထိုင်ခြင်း

အစရှိသည်တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…