အမျိုးသားများလည်း သားကြောဖြတ်လို့ရတာ သိပြီးပြီလား?
အမျိုးသမီးတွေ သားကြောဖြတ်လိုက်ရင်ကလေးမရတော့ဘူးဆိုတဲ့ကိစ္စကိုတော်တော်များများသိထားကြပြီးဖြစ်ပါတယ်။
အမျိုးသားများ သားကြောဖြတ်ခြင်းအကြောင်းကိုရော သင်ကြားဖူးပြီးပြီလား?
အိမ်ထောင်တစ်ခုမှာကလေးရဖို့ဆိုတာဟာအမျိုးသမီးကမမျိုးဥ ကြွေပြီးသားအိမ်လက်တံကတစ်ဆင့် သားအိမ်ကိုရောက်လာရပြီးအမျိုးသားဘက်က သုတ်ပိုးနဲ့ပေါင်းစည်းပြီး သန္တေတည်ခြင်းဖြစ်စေပါတယ်။အမျိုးသား သုတ်ပိုးက တော့ သုတ်ရည်ပြွန်ကတစ်ဆင့် သုတ်ရည်နဲ့အတူအမျိုးသားလိင်အဂါၤထဲ
ကိုရောက်လာရပါတယ်။
အမျိုးသားများသားကြောဖြတ်ခြင်းမှာတော့ ဒီ သုတ်ရည်ပို့ဆောင်ပေးတဲ့ သုတ်ရည်ပြွန်ကို ခွဲစိတ်ပြီး ပြွန်နှစ်ခုမဆက်နိုင်အောင်လုပ်ထားလိုက်ခြင်းမျိုးပါ။ ဒီခါ အမျိုးသား သုတ်ရည်ထဲမှာ သုတ်ပိုးပါမလာတော့ဘဲမျိုူးမအောင်တော့သော( ကလေးမရနိုင်တော့သော) အမျိုးသား သားကြောဖြတ်ခြင်း ဖြစ်သွားပါတယ်။
ဘယ်လိုခွဲစိတ်မှုမျိုးလဲ?
မေ့ဆေး သို့ ထုံဆေးပေးပြီး သုတ်ပို့ပြွန်ရှိရာ ပေါင်ရင်းထိပ် ၂ဖက်ကို ခွဲစိတ်ရာပေးပြီး ခွဲခြင်းဖြစ်ပါတယ်။ ခွဲစိတ်ချိန် ၃၀မိနစ်ခန့်သာကြာတတ်ပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ?
ခွဲတဲ့နေရာမှာ သွေးခြေဥခြင်းမျိုးသာဖြစ်နိုင်ပါတယ်။ခွဲပြီးတာနဲ့ တန်းပြီး မျိုးမအောင်တာမျိုးမဟုတ်ပါဘူး။ သုတ်ပို့ပြွန်ထဲရောက်ပြီးသားသုတ်ပိုးတွေက ခွဲပြီးသည့်တိုင်အောင်ပြွန်ထဲမှာရှိနေနိုင်ပါတယ်။ဒါကြောင့် ခွဲပြီး ၂လကနေ ၃လလောက်ကြာတဲ့ အထိ အခြားသားဆက်ခြားနည်းနဲ့တွဲပြီးသုံးတာရမျိုးလုပ်ရပါမယ်။ ( ဥပမာ_ အမျိုးသားက ကွန်ဒုံးသုံးတာမျိုး၊ အမျိုးသမီးက တားဆေးထိုးတာမျိုး)
ခွဲစိတ်ပြီးတော့ လိင်ကိစ္စမှာအနှောက်အယှက်ဖြစ်စေမှာလား?
လုံးဝမဖြစ်စေပါဘူး။ လိင်စိတ်လျှော့နည်းသွားမှာမျိုးလည်း စိတ်ပူဖို့မလိုပါဘူး။ခွဲစိတ်ပြီး ၇ရက် ၈ရက်ကြာရင် လိင်ဆက်ဆံမှုပြန်လုပ်နိုင်မှာဖြစ်ပါတယ်။
လိင်ဆက်ဆံတဲ့နေရာမှာလည်း ပုံမှန်ဆက်ဆံသလို သုတ်ရည်ထွက်မှာဖြစ်ပြီးအဲ့ဒီသုတ်ရည်ထဲမှာ သတ်ပိုးမပါဝင်တော့တာသာ ဖြစ်ပါတယ်။
လုံးဝ ရာနှုန်းပြည့်ကလေးမရဖို့ကာကွယ်ပါသလား?
ရာနှုန်းပြည့်ဆိုတဲ့ သားဆက်ခြားနည်းမရှိပါဘူး။ ဒီ အမျိုးသား သားကြောဖြတ်ခြင်းမှာလည်းလုူအယောက် ၅၀၀ မှာ ၁ယောက်ဆိုသလို သားကြောဖြတ်ထားရက်နဲ့ ဖြတ်ထားတဲ့ ပြွန် ၂ခုပြန်ဆက်ပြီးကလေးရတာမျိုးဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အမျိုးသား သားကြောဖြတ်ခြင်းကို ခွင့်မပြုသေးဘူးလို့ သိထားပါတယ်။
ဗဟုသုတ အလို့ငှာ ဆောင်းပါးကို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
မယ်တင်( ဆေး ၁)
အမ်ိဳးသားမ်ားလည္း သားေၾကာျဖတ္လို႔ရတာ သိၿပီးၿပီလား?
အမ်ိဳးသမီးေတြ သားေၾကာျဖတ္လိုက္ရင္ကေလးမရေတာ့ဘူးဆိုတဲ့ကိစၥကိုေတာ္ေတာ္မ်ားမ်ားသိထားၾကၿပီးျဖစ္ပါတယ္။
အမ်ိဳးသားမ်ား သားေၾကာျဖတ္ျခင္းအေၾကာင္းကိုေရာ သင္ၾကားဖူးၿပီးၿပီလား?
အိမ္ေထာင္တစ္ခုမွာကေလးရဖို႔ဆိုတာဟာအမ်ိဳးသမီးကမမ်ိဳးဥ ေႂကြၿပီးသားအိမ္လက္တံကတစ္ဆင့္ သားအိမ္ကိုေရာက္လာရၿပီးအမ်ိဳးသားဘက္က သုတ္ပိုးနဲ႔ေပါင္းစည္းၿပီး သေနၱတည္ျခင္းျဖစ္ေစပါတယ္။အမ်ိဳးသား သုတ္ပိုးက ေတာ့ သုတ္ရည္ႁပြန္ကတစ္ဆင့္ သုတ္ရည္နဲ႔အတူအမ်ိဳးသားလိင္အဂါၤထဲ
ကိုေရာက္လာရပါတယ္။
အမ်ိဳးသားမ်ားသားေၾကာျဖတ္ျခင္းမွာေတာ့ ဒီ သုတ္ရည္ပို႔ေဆာင္ေပးတဲ့ သုတ္ရည္ႁပြန္ကို ခြဲစိတ္ၿပီး ႁပြန္ႏွစ္ခုမဆက္ႏိုင္ေအာင္လုပ္ထားလိုက္ျခင္းမ်ိဳးပါ။ ဒီခါ အမ်ိဳးသား သုတ္ရည္ထဲမွာ သုတ္ပိုးပါမလာေတာ့ဘဲမ်ိဳူးမေအာင္ေတာ့ေသာ( ကေလးမရႏိုင္ေတာ့ေသာ) အမ်ိဳးသား သားေၾကာျဖတ္ျခင္း ျဖစ္သြားပါတယ္။
ဘယ္လိုခြဲစိတ္မႈမ်ိဳးလဲ?
ေမ့ေဆး သို႔ ထံုေဆးေပးၿပီး သုတ္ပို႔ႁပြန္ရွိရာ ေပါင္ရင္းထိပ္ ၂ဖက္ကို ခြဲစိတ္ရာေပးၿပီး ခြဲျခင္းျဖစ္ပါတယ္။ ခြဲစိတ္ခ်ိန္ ၃၀မိနစ္ခန္႔သာၾကာတတ္ပါတယ္။
ေနာက္ဆက္တြဲဘာေတြျဖစ္ႏိုင္လဲ?
ခြဲတဲ့ေနရာမွာ ေသြးေျခဥျခင္းမ်ိဳးသာျဖစ္ႏိုင္ပါတယ္။ခြဲၿပီးတာနဲ႔ တန္းၿပီး မ်ိဳးမေအာင္တာမ်ိဳးမဟုတ္ပါဘူး။ သုတ္ပို႔ႁပြန္ထဲေရာက္ၿပီးသားသုတ္ပိုးေတြက ခြဲၿပီးသည့္တိုင္ေအာင္ႁပြန္ထဲမွာရွိေနႏိုင္ပါတယ္။ဒါေၾကာင့္ ခြဲၿပီး ၂လကေန ၃လေလာက္ၾကာတဲ့ အထိ အျခားသားဆက္ျခားနည္းနဲ႔တြဲၿပီးသံုးတာရမ်ိဳးလုပ္ရပါမယ္။ ( ဥပမာ_ အမ်ိဳးသားက ကြန္ဒံုးသံုးတာမ်ိဳး၊ အမ်ိဳးသမီးက တားေဆးထိုးတာမ်ိဳး)
ခြဲစိတ္ၿပီးေတာ့ လိင္ကိစၥမွာအေႏွာက္အယွက္ျဖစ္ေစမွာလား?
လံုးဝမျဖစ္ေစပါဘူး။ လိင္စိတ္ေလၽွာ့နည္းသြားမွာမ်ိဳးလည္း စိတ္ပူဖို႔မလိုပါဘူး။ခြဲစိတ္ၿပီး ၇ရက္ ၈ရက္ၾကာရင္ လိင္ဆက္ဆံမႈျပန္လုပ္ႏိုင္မွာျဖစ္ပါတယ္။
လိင္ဆက္ဆံတဲ့ေနရာမွာလည္း ပံုမွန္ဆက္ဆံသလို သုတ္ရည္ထြက္မွာျဖစ္ၿပီးအဲ့ဒီသုတ္ရည္ထဲမွာ သတ္ပိုးမပါဝင္ေတာ့တာသာ ျဖစ္ပါတယ္။
လံုးဝ ရာႏႈန္းျပည့္ကေလးမရဖို႔ကာကြယ္ပါသလား?
ရာႏႈန္းျပည့္ဆိုတဲ့ သားဆက္ျခားနည္းမရွိပါဘူး။ ဒီ အမ်ိဳးသား သားေၾကာျဖတ္ျခင္းမွာလည္းလုူအေယာက္ ၅၀၀ မွာ ၁ေယာက္ဆိုသလို သားေၾကာျဖတ္ထားရက္နဲ႔ ျဖတ္ထားတဲ့ ႁပြန္ ၂ခုျပန္ဆက္ၿပီးကေလးရတာမ်ိဳးျဖစ္ႏိုင္ပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ အမ်ိဳးသား သားေၾကာျဖတ္ျခင္းကို ခြင့္မျပဳေသးဘူးလို႔ သိထားပါတယ္။
ဗဟုသုတ အလို႔ငွာ ေဆာင္းပါးကို ေဖာ္ျပလိုက္ျခင္းျဖစ္ပါတယ္။
မယ္တင္( ေဆး ၁)