ချမ်းတုန် ချမ်းတုန် ချမ်း

အသုပ်ဆိုင်ဝယ် ဆရာဝန်ပေါက်စ မိချိုတစ်ယောက် နံနက်စာ စားနေစဉ် “ဆရာမလေးမလား” ဆိုတဲ့အသံကြောင့် မော့ကြည့်မိရာ နေ့လည်စာဝယ်စားနေကြ ထမင်းဆိုင်မှ အန်တီကြီး ဖြစ်နေသည်။

ဆရာမ–“သြော် အန်တီ အသုပ်လာစားတာလား။ အန်တီ့ထမင်းဆိုင်တောင် မတွေ့တာကြာပြီ။ မဖွင့်တော့ဘူးလား။”

အန်တီ–“မဟုတ်ပါဘူး ဆရာမရယ်။ အိမ်ကလူကြီး နေမကောင်းလို့ မဖွင်ြ့ဖစ်တာ။”

မ–“ဘာဖြစ်တာလဲ အန်တီရဲ့။”

တီ–“ငှက်ဖျားပြန်ထတာလားမသိပါဘူး။ ချမ်းတုန်ပြီး ဖျားတာပဲ။ “

မ–“အရင်က ငှက်ဖျားဖြစ်ဖူးလို့လား။ဖြစ်တာကြာပြီလား။ ဖြစ်တုန်းက ရောဂါပျောက်အောင် မကုခဲ့ဘူးလား။”

တီ–“ကုတော့ကုတာပါပဲ ဆရာမရယ်။ ငှက်ဖျားရောဂါဆိုတာ အမြစ်ပြတ်တယ်လို့ ရှိတာမှမဟုတ်တာ။ ပြန်ပြန်ဖြစ်တာပါပဲ။”

မ–“မဟုတ်သေးဘူး အန်တီရဲ့။ ငှက်ဖျားရောဂါ ဆိုတာ အနောဖလိ လို့ခေါ်တဲ့ ငှက်ဖျားပိုးကို သယ်ဆောင်လာတဲ့ခြင်ကိုက်လို့ ဖြစ်တာ။ ပိုးကြောင့်ဖြစ်တာဖြစ်လို့ ပိုးသတ်ဆေးစနစ်တကျသောက်ရင် ပျောက်ကင်းအောင်ကုသနိုင်တဲ့ရောဂါပါ။ အရင်တုန်းက ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ခဲ့ပေမယ့် အခုခောတ်တိုးတက်လာတာနဲ့ အညီ ပျောက်ကင်းအောင်ကုသနိုင်ပြီလေ။”

တီ–“ဟုတ်လား ဆရာမလေး။ ပိုးကြောင့်ဖြစ်တာဆို ဘာဖြစ်လို့ အချိန်ကြာမှရောဂါပြန်ပြန်ထတတ်တာလဲ။ “

မ–“အဲဒါက ငှက်ဖျားဖြစ်စေတဲ့ ပိုးအမျိုးအစားကွာလို့ ဖြစ်တာ။ အချို့ပိုးက ရောဂါပြင်းပြင်းထန်ထန်ဖြစ်စေတယ်။ ဒါပေမယ့်ရောဂါ ပြန်ထလေ့ မရှိဘူး။ အချို့ပိုးတွေက အသည်းထဲမှာ အောင်းနေပြီး အချိန်ကြာမှပြန်ထွက်လာပြီး ရောဂါပြန်ဖြစ်စေတာ။ အရင်က အသည်းထဲကပိုးတွေကို မသတ်နိုင်လို့ ရောဂါပြန်ထကြတာ။ အခုတော့ အမြစ်ပျောက်အောင်ကုနိုင်ပြီလေ။ အခု ဦးလေးကို ဆရာဝန်ပြထားသေးလား။ သေသေချာချာ ဆေးစစ်မှုခံယူပြီး စနစ်တကျကုသမှု ခံယူသင့်တယ်နော်။”

တီ–“ဟုတ်ကဲ့ပါ ဆရာမလေး။ ဒီနေ့ ဆေးခန်းသွားပြပြီး ပျောက်အောင်ကုတော့မယ်။ မဟုတ်ရင် အလုပ်ပျက် အကိုင်ပျက်နဲ့။ အခုမှသိတာ နောက်တောင်ကျနေပြီ။ ကျေးဇူးတင်ပါတယ်ဆရာမလေး။ သွားလိုက်ဦးမယ်နော်။”

မ–“ဟုတ်ကဲ့ပါရှင်။ မြန်မြန်ပြန်နေကောင်းပါစေရှင်။ “

အန်တီကြီးထွက်သွားတော့မှ အသုပ်ဆက်စားရင်း အတွေးများဆက်နေလိုက်သည်။ အခု ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး မည်မျှပင် တိုးတက်ပါစေ ပြည်သူတွေရဲ့အသိပညာတိုးတက်အောင် မလုပ်နိုင်ရင် အောင်မြင်မှု ပန်းတိုင်ဆွက်ခူးနိုင်မှာ မဟုတ်ပေဘူး။ ယခုကိစ္စမှာလည်း ငှက်ဖျားရောဂါဆိုတာ ငှက်ပျောသီးစား၊ စမ်းရေသောက်ခြင်းကြောင့်ဖြစ်တာမဟုတ်ဘဲ ခြင်ကိုက်လိ့ုဖြစ်တတ်သည်။ မီးတောက်အရက်၊ ဆေးမြီးတိုတွေ သုံးရုံနဲ့ ရောဂါမပျောက်နိုင်ပါ။နီးစပ်ရာကျန်းမာရေးဌာနတွင် စနစ်တကျ စစ်ဆေးကုသမှု ခံယူနိုင်ပြီဖြစ်ကြောင်း တစ်ယောက်မှစ ပြောပြရင်း ပြည်သူ့ကျန်းမာရေး တစ်ထောင့် တစ်နေရာမှ ပါဝင်နိုင်အောင်ကြိုးစားမည်ဟု ခံယူမိပါသတည်း။

ရီချို(ဆေး ၁)

ခ်မ္းတုန္ ခ်မ္းတုန္ ခ်မ္း

အသုပ္ဆိုင္၀ယ္ ဆရာ၀န္ေပါက္စ မိခ်ိဳတစ္ေယာက္ နံနက္စာ စားေနစဥ္ “ဆရာမေလးမလား” ဆိုတဲ့အသံေၾကာင့္ ေမာ့ၾကည့္မိရာ ေန႔လည္စာ၀ယ္စားေနၾက ထမင္းဆိုင္မွ အန္တီၾကီး ျဖစ္ေနသည္။

ဆရာမ–“ေၾသာ္ အန္္တီ အသုပ္လာစားတာလား။ အန္တီ့ထမင္းဆိုင္ေတာင္ မေတြ႔တာၾကာျပီ။ မဖြင့္ေတာ့ဘူးလား။”

အန္တီ–“မဟုတ္ပါဘူး ဆရာမရယ္။ အိမ္ကလူၾကီး ေနမေကာင္းလို႔ မဖြင္ျ့့ဖစ္တာ။”

မ–“ဘာျဖစ္တာလဲ အန္တီရဲ့။”

တီ–“ငွက္ဖ်ားျပန္ထတာလားမသိပါဘူး။ ခ်မ္းတုန္ျပီး ဖ်ားတာပဲ။ “

မ–“အရင္က ငွက္ဖ်ားျဖစ္ဖူးလို႔လား။ျဖစ္တာၾကာျပီလား။ ျဖစ္တုန္းက ေရာဂါေပ်ာက္ေအာင္ မကုခဲ့ဘူးလား။”

တီ–“ကုေတာ့ကုတာပါပဲ ဆရာမရယ္။ ငွက္ဖ်ားေရာဂါဆိုတာ အျမစ္ျပတ္တယ္လို႔ ရွိတာမွမဟုတ္တာ။ ျပန္ျပန္ျဖစ္တာပါပဲ။”

မ–“မဟုတ္ေသးဘူး အန္တီရဲ့။ ငွက္ဖ်ားေရာဂါ ဆိုတာ အေနာဖလိ လို႔ေခၚတဲ့ ငွက္ဖ်ားပိုးကို သယ္ေဆာင္လာတဲ့ျခင္ကိုက္လို႔ ျဖစ္တာ။ ပိုးေၾကာင့္ျဖစ္တာျဖစ္လို႔ ပိုးသတ္ေဆးစနစ္တက်ေသာက္ရင္ ေပ်ာက္ကင္းေအာင္ကုသနိုင္တဲ့ေရာဂါပါ။ အရင္တုန္းက ေရာဂါကို ေပ်ာက္ကင္းေအာင္မကုသနိုင္ခဲ့ေပမယ့္ အခုေခာတ္တိုးတက္လာတာနဲ႔ အညီ ေပ်ာက္ကင္းေအာင္ကုသနိုင္ျပီေလ။”

တီ–“ဟုတ္လား ဆရာမေလး။ ပိုးေၾကာင့္ျဖစ္တာဆို ဘာျဖစ္လို႔ အခ်ိန္ၾကာမွေရာဂါျပန္ျပန္ထတတ္တာလဲ။ “

မ–“အဲဒါက ငွက္ဖ်ားျဖစ္ေစတဲ့ ပိုးအမ်ိဳးအစားကြာလို႔ ျဖစ္တာ။ အခ်ိဳ႕ပိုးက ေရာဂါျပင္းျပင္းထန္ထန္ျဖစ္ေစတယ္။ ဒါေပမယ့္ေရာဂါ ျပန္ထေလ့ မရွိဘူး။ အခ်ိဳ႕ပိုးေတြက အသည္းထဲမွာ ေအာင္းေနျပီး အခ်ိန္ၾကာမွျပန္ထြက္လာျပီး ေရာဂါျပန္ျဖစ္ေစတာ။ အရင္က အသည္းထဲကပိုးေတြကို မသတ္နိုင္လို႔ ေရာဂါျပန္ထၾကတာ။ အခုေတာ့ အျမစ္ေပ်ာက္ေအာင္ကုနိုင္ျပီေလ။ အခု ဦးေလးကို ဆရာ၀န္ျပထားေသးလား။ ေသေသခ်ာခ်ာ ေဆးစစ္မႈခံယူျပီး စနစ္တက်ကုသမႈ ခံယူသင့္တယ္ေနာ္။”

တီ–“ဟုတ္ကဲ့ပါ ဆရာမေလး။ ဒီေန႔ ေဆးခန္းသြားျပျပီး ေပ်ာက္ေအာင္ကုေတာ့မယ္။ မဟုတ္ရင္ အလုပ္ပ်က္ အကိုင္ပ်က္နဲ႔။ အခုမွသိတာ ေနာက္ေတာင္က်ေနျပီ။ ေက်းဇူးတင္ပါတယ္ဆရာမေလး။ သြားလိုက္ဦးမယ္ေနာ္။”

မ–“ဟုတ္ကဲ့ပါရွင္။ ျမန္ျမန္ျပန္ေနေကာင္းပါေစရွင္။ “

အန္တီၾကီးထြက္သြားေတာ့မွ အသုပ္ဆက္စားရင္း အေတြးမ်ားဆက္ေနလိုက္သည္။ အခု က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရး မည္မွ်ပင္ တိုးတက္ပါေစ ျပည္သူေတြရဲ့အသိပညာတိုးတက္ေအာင္ မလုပ္နိုင္ရင္ ေအာင္ျမင္မႈ ပန္းတိုင္ဆြက္ခူးနိုင္မွာ မဟုတ္ေပဘူး။ ယခုကိစၥမွာလည္း ငွက္ဖ်ားေရာဂါဆိုတာ ငွက္ေပ်ာသီးစား၊ စမ္းေရေသာက္ျခင္းေၾကာင့္ျဖစ္တာမဟုတ္ဘဲ ျခင္ကိုက္လိ႔ုျဖစ္တတ္သည္။ မီးေတာက္အရက္၊ ေဆးျမီးတိုေတြ သံုးရံုနဲ႔ ေရာဂါမေပ်ာက္နိုင္ပါ။နီးစပ္ရာက်န္းမာေရးဌာနတြင္ စနစ္တက် စစ္ေဆးကုသမႈ ခံယူနိုင္ျပီျဖစ္ေၾကာင္း တစ္ေယာက္မွစ ေျပာျပရင္း ျပည္သူ႔က်န္းမာေရး တစ္ေထာင့္ တစ္ေနရာမွ ပါ၀င္နိုင္ေအာင္ၾကိဳးစားမည္ဟု ခံယူမိပါသတည္း။

ရီခ်ိဳ(ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *