ခွဲမွေးအပြီးမှာ ခွဲကြောင်းပြန်ပွင့်ခဲ့သော်
ရိုးရိုးမွေးခြင်းနဲ့ခွဲမွေးခြင်းမှာ အားသာချက်၊အားနည်းချက်ကိုယ်စီရှိတဲ့အကြောင်းကို စာရေးသူဆောင်းပါးတစ်ပုဒ်ရေးပြီးတင်ခဲ့ပြီးပါပြီ။ အခုခွဲမွေးတဲ့အခါမှာဖြစ်တတ်တဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ ခွဲကြောင်းပြန်လည်ပွင့်ထွက်ခြင်းအကြောင်းကိုတင်ပြပါမယ်။
ခွဲကြောင်းပြန်လည်ပွင့်ထွက်ခြင်းဟာ အလေးအပင်မ,ခြင်းကြောင့်ပြန်လည်ပွင့်တာထက် ခွဲကြောင်းနှင့် ဝမ်းတွင်းပိုးဝင်၍ပြန်လည်ပွင့်ခြင်းကအဖြစ်ပိုများပါတယ်။ ခွဲခွဲကြောလမ်းကြောင်းပြန်လည်ပွင့်ခြင်းဟာ ခွဲမွေးမိခင် တစ်ထောင်မှာ ၆ဦးခန့်ဖြစ်တတ်တာကြောင့် နည်းတယ်လည်းမဆိုနိုင် များတယ်လည်းမဆိုနိုင်ပါဘူး။ ခွဲကြောင်းပွင့်ထွက်ရတဲ့အဓိကအကြောင်းရင်းတွေကတော့
– မွေးပြီးချိန်သွေးအလွန်အမင်းသွန်ခြင်း
– သားအိမ်နံရံရောင်ခြင်း
– ခွဲလမ်းကြောင်းပိုးဝင်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။
ခွဲလမ်းကြောင်းပြန်လည်ပွင့်ခြင်းမှာ အဓိကစိုးရိမ်ရတဲ့အချက်ကတော့ ပိုးဝင်ခြင်းပါပဲ။ ခွဲကြောင်းမှတစ်ဆင့် ဗိုက်တစ်ပြင်လုံးယောင်ယမ်းတဲ့အထိအခြေအနေဆိုးသွားနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တဲ့အတွက် အထူးသဖြင့်ဆီးချိုရောဂါရှင်များ အလွန်ဂရုပြုရမယ့်အချက်တစ်ချက်ပဲဖြစ်ပါတယ်။
ခွဲလမ်းကြောင်းပြန်လည်ပွင့်ထွက်ခြင်းကိုကာကွယ်ဖို့အတွက်ကတော့
– ဆီးချိုရှိပါက သွေးတွင်းသကြားဓာတ်ကိုပုံမှန်ပမာဏအတွင်းရှိအောင် ထိန်းသိမ်းဆင်ခြင်ပါ။
– မွေးပြီးကာလအတွင်း အလေးအပင်မခြင်းကိုရှောင်ကျဉ်ပါ။
– သာမန်တစ်နေ့တာ လုပ်ဖွယ်ဆောင်တာအမှုကိစ္စများကို ဆက်လက်လုပ်ဆောင်ပါ။
– ခွဲကြောင်းနေရာကိုသန့်ရှင်းစွာထားပါ။
– ဆရာဝန်များညွှန်ကြားသည့်အတိုင်း ပိုးသတ်ဆေးကိုရက်ပြည့်အောင်သောက်ပါ။
– ဆေးမြီးတိုများ၊ နနွင်းနှင့် ဘယဆေးအစရှိသည်တို့ကိုခွဲကြောင်းပေါ်သုတ်လိမ်းခြင်းကိုရှောင်ကျဉ်ပါ။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ခြဲေမြးအၿပီးမွာ ခြဲေၾကာင္းျပန္ပြင့္ခဲ့ေသာ္
႐ိုး႐ိုးေမြးျခင္းနဲ႔ခြဲေမြးျခင္းမွာ အားသာခ်က္၊အားနည္းခ်က္ကိုယ္စီ႐ွိတဲ့အေၾကာင္းကို စာေရးသူေဆာင္းပါးတစ္ပုဒ္ေရးၿပီးတင္ခဲ့ၿပီးပါၿပီ။ အခုခြဲေမြးတဲ့အခါမွာျဖစ္တတ္တဲ့ အားနည္းခ်က္တစ္ခုျဖစ္တဲ့ ခြဲေၾကာင္းျပန္လည္ပြင့္ထြက္ျခင္းအေၾကာင္းကိုတင္ျပပါမယ္။
ခြဲေၾကာင္းျပန္လည္ပြင့္ထြက္ျခင္းဟာ အေလးအပင္မ,ျခင္းေၾကာင့္ျပန္လည္ပြင့္တာထက္ ခြဲေၾကာင္းႏွင့္ ဝမ္းတြင္းပိုးဝင္၍ျပန္လည္ပြင့္ျခင္းကအျဖစ္ပိုမ်ားပါတယ္။ ခြဲခြဲေျကာလမ္းေၾကာင္းျပန္လည္ပြင့္ျခင္းဟာ ခြဲေမြးမိခင္ တစ္ေထာင္မွာ ၆ဦးခန္႔ျဖစ္တတ္တာေၾကာင့္ နည္းတယ္လည္းမဆိုႏိုင္ မ်ားတယ္လည္းမဆိုႏိုင္ပါဘူး။ ခြဲေၾကာင္းပြင့္ထြက္ရတဲ့အဓိကအေၾကာင္းရင္းေတြကေတာ့
– ေမြးၿပီးခ်ိန္ေသြးအလြန္အမင္းသြန္ျခင္း
– သားအိမ္နံရံေရာင္ျခင္း
– ခြဲလမ္းေၾကာင္းပိုးဝင္ျခင္းတို႔ေၾကာင့္ပဲျဖစ္ပါတယ္။
ခြဲလမ္းေၾကာင္းျပန္လည္ပြင့္ျခင္းမွာ အဓိကစိုးရိမ္ရတဲ့အခ်က္ကေတာ့ ပိုးဝင္ျခင္းပါပဲ။ ခြဲေၾကာင္းမွတစ္ဆင့္ ဗိုက္တစ္ျပင္လံုးေယာင္ယမ္းတဲ့အထိအေျခအေနဆိုးသြားႏိုင္ၿပီး အသက္အႏၲရာယ္ကိုပါထိခိုက္ႏိုင္တဲ့အတြက္ အထူးသျဖင့္ဆီးခ်ိဳေရာဂါ႐ွင္မ်ား အလြန္ဂ႐ုျပဳရမယ့္အခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။
ခြဲလမ္းေၾကာင္းျပန္လည္ပြင့္ထြက္ျခင္းကိုကာကြယ္ဖို႔အတြက္ကေတာ့
– ဆီးခ်ိဳ႐ွိပါက ေသြးတြင္းသၾကားဓာတ္ကိုပံုမွန္ပမာဏအတြင္း႐ွိေအာင္ ထိန္းသိမ္းဆင္ျခင္ပါ။
– ေမြးၿပီးကာလအတြင္း အေလးအပင္မျခင္းကိုေ႐ွာင္က်ဥ္ပါ။
– သာမန္တစ္ေန႔တာ လုပ္ဖြယ္ေဆာင္တာအမႈကိစၥမ်ားကို ဆက္လက္လုပ္ေဆာင္ပါ။
– ခြဲေၾကာင္းေနရာကိုသန္႔႐ွင္းစြာထားပါ။
– ဆရာဝန္မ်ားၫႊန္ၾကားသည့္အတိုင္း ပိုးသတ္ေဆးကိုရက္ျပည့္ေအာင္ေသာက္ပါ။
– ေဆးၿမီးတိုမ်ား၊ နႏြင္းႏွင့္ ဘယေဆးအစ႐ွိသည္တို႔ကိုခြဲေၾကာင္းေပၚသုတ္လိမ္းျခင္းကိုေ႐ွာင္က်ဥ္ပါ။
ေမတၱာျဖင့္
စိုင္းျမတ္သူ