ကျွန်တော် ကျား မပီသတော့ဘူးလား
ဇီဝကတို့ ယောကျာၤးလေးတွေဟာ ကျားဆိုတဲ့ ဝေါဟာရအတိုင်းအရာရာကို ကျားကျားလျားလျား လုပ်တတ် ကိုင်တတ်ကြပါတယ် ။အဲ့ဒီလို ကျားကျားလျားလျား မဟုတ်တော့ဘဲ အိပ်ရာထက်က ချစ်မှု့ကိစ္စရပ်များမှာပါ မစွမ်းဆောင်နိုင်တော့ဘူးဆိုရင် မိမိတို့ဘာသာ “ကျား မပီသတော့ဘူးလား”ရယ်လို့ ဒွိဟများရပါတယ်။
ဒါဆို ကျားမပီသတဲ့ လက္ခဏာ ၊ကျားဟော်မုန်းလ်ဓာတ် Testosterone နည်းတဲ့ လက္ခဏာတွေက ဘာများပါလဲ
-အအိပ်အနေမမှန်ခြင်း
-အိပ်ရာထက်က ချစ်မှုရေးရာကိစ္စများတွင် စိတ်ဝင်စားမှုနည်းလာခြင်း
-လိင်ကိစ္စများတွင် စွမ်းဆောင်ရည်ကျဆင်းလာခြင်း(ပန်းသေ ပန်းညှိုးဖြစ်ခြင်း)
-သားသမီးမရခြင်း
-ကြွက်သားများ အားနည်းလာခြင်း
-ကိုယ်အလေးချိန်တက်လာခြင်း
ကျားဟော်မုန်းလ်ဓာတ်ဟာ အမျိုးသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေဖြစ်တဲ့ အမွှေးအမျှင်များ ၊အသံသြခြင်း ၊ကြွက်သားအဖုအထစ်များနဲ့ ပြည့်စုံစေခြင်း ၊လိင်မှုကိစ္စများကို စိတ်ဝင်တစားဖြစ်စေခြင်း စတာတွေကို ဖြစ်စေပြီး ကျားကျားလျားလျား ဖြစ်စေပါတယ် ။ဒါပေမယ့် အသက် ၃၀အရွယ်ကစပြီး ကျားဟော်မုန်းလ်ဓာတ်ဟာ စတင်ကျဆင်းလာတတ်ပါတယ် ။
တခြား ဘာအကြောင်းတွေကြောင့် ကျား ဟော်မုန်းလ်ဓာတ်ကျဆင်းတတ်သေးသလဲဆိုရင်
-ကပ္ပာယ်အိတ် ထိခိုက်မိခြင်း
-ကပ္ပာယ်အိတ် ပိုးဝင်ခြင်း
-ကပ္ပာယ်အိတ် ကင်ဆာ
-ဟော်မုန်းလ် ရောဂါများ
-ခုခံအားကျဆင်းစေတဲ့ ရောဂါပိုးဝင်ခြင်း
-သွေးချိုဆီးချိုရောဂါ
-အဝလွန်ရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ် ။
ဘယ်လို ကုသလို့ ရမလဲ
-အဓိက ကဘာကြောင့် ဖြစ်တာလဲဆိုတာ ရောဂါရှာပြီး ကုသရမှာပါ ။
-နည်းသွားတဲ့ ကျားဟော်မုန်းလ်ဓာတ်တွေကို ပြန်လည်ဖြည့်သွင်း ကုသပေးလို့ရပါ တယ် ။ဆရာဝန်ညွှန်ကြားချက်တော့လိုပါတယ် ။ဘာဖြစ်လို့လဲဆိုရင် ထိုကဲ့သို့ ဟော် မုန်းလ်ဓာတ်နဲ့ ပြန်ကုတဲ့အခါ အခန့်မသင့်ရင် ဆီးကြိတ်ကင်ဆာများ ၊သွေးပျစ်ရောဂါ၊ စိတ်ဓာတ်ကျရောဂါများ ဖြစ်ပွားနိုင်လို့ပါ ။
ခေတ်သစ်ဇီဝက