ပေါင်ချိန်မပြည့်တဲ့ ကလေးငယ်

မွေးကင်းစ ကလေးငယ်တွေရဲ့ပျမ်းမျှပေါင်ချိန်ကို ၃.၄ကီလိုဂရမ် (3.4kg) ဒါမှမဟုတ် ၇.၆ပေါင် (7.6lb)လို့သတ်မှတ်ပါတယ်။ အကယ်၍များ ကလေးရဲ့ပေါင်ချိန်ဟာ ၂.၅ကီလို (2.5kg) ဒါမှမဟုတ် ၅.၅ပေါင် (5.5lb) ထက်လျော့နည်းနေမယ်ဆိုရင်တော့ ပေါင်မပြည့်ဘဲမွေးလာတယ်လို့သတ်မှတ်ရပါမယ်။ ၁.၅ကီလိုဂရမ် (1.5kg) / ၃.၃ပေါင် (3.3lb)ထက်နည်းမယ်ဆိုရင်တော့ အလွန်အမင်းပေါင်ချိန်နည်းခြင်း လို့ခေါ်ပါတယ်။
မွေးကင်းစကလေးငယ် အားလုံးရဲ့ ၈ရာခိုင်နှုန်းဟာ ပေါင်မပြည့်ဘဲမွေးလာကြရတယ်လို့ မှတ်တမ်းများအရသိရပါတယ်။

ဘာကြောင့်ပေါင်မပြည့်ရသလဲ

သန္ဓေသားလေးတွေဟာ ကိုယ်ဝန်တတိယပတ်မှာ ကိုယ်အလေးချိန် ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် လမစေ့ဘဲမွေးဖွားခြင်းဟာ ကိုယ်အလေးချိန်မပြည့်ရခြင်းရဲ့အဓိကအကြောင်းအရင်းအဖြစ်တည်ရှိနေပါတယ်။ ပေါင်မပြည့်ရခြင်းရဲ့ အခြားသောအကြောင်းရင်းတွေကတော့

  • ကိုယ်ဝန်ဆောင်စဉ်မိခင်တွင် သွေးတိုးရောဂါရှိနေခြင်း
  • အမွှာမွေးဖွားခြင်း
  • အချင်းအနေအထားမမှန်ခြင်း
  • မိခင်၏ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်း
  • ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအားထိခိုက်နိုင်သော ရောဂါများဖြစ်ပွားခြင်း
  • ကလေးတွင်မျိုးရိုးဗီဇဆိုင်ရာ မွေးရာပါရောဂါများပါနေခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

ပေါင်ချိန်မပြည့်ရင် ဘာတွေဖြစ်နိုင်သလဲ?

ပေါင်ချိန်မပြည့်တဲ့ကလေးငယ်တွေမှာအဖြစ်များတဲ့ရောဂါတွေကတော့

  • ကူးစက်ရောဂါများဖြစ်ပွားလွယ်ခြင်း
  • အသားဝါရောဂါဖြစ်ပွားခြင်း
  • နို့တိုက်ရခက်ခဲခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း
  • ဦးခေါင်းတွင်းသွေးယိုစိမ့်ခြင်းစသည်တို့ပဲဖြစ်ပါတယ်။

ကလေးငယ်ပေါင်မပြည့်ခြင်းမှရှောင်ကွင်းစေနိုင်ဖို့

မွေးရာပါဗီဇဆိုင်ရာရောဂါများနဲ့ အချင်း၊ သားအိမ်ပုံမမှန်ခြင်းကြောင့် ဖြစ်ရတဲ့ ပေါင်မပြည့်ခြင်းတို့ကတော့ ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် မိခင်တိုအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုရွေးချယ်စားသုံးပြီး ပုံမှန်လှုပ်ရှားသွားလာမှုများကိုလည်းပြုလုပ်မယ်၊ နောက်ပြီး အရက်သေစာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကိုရှောင်ကျဉ်မယ်ဆိုရင်တော့ အခြားသော ပေါင်မပြည့်ရခြင်းရဲ့အကြောင်းရင်းများကို ကာကွယ်နိုင်မှယဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ေပါင္ခ်ိန္မျပည့္တဲ့ ကေလးငယ္

ေမြးကင္းစ ကေလးငယ္ေတြရဲ႕ပ်မ္းမ်ွေပါင္ခ်ိန္ကို ၃.၄ကီလိုဂရမ္ (3.4kg) ဒါမွမဟုတ္ ၇.၆ေပါင္ (7.6lb)လို႔သတ္မွတ္ပါတယ္။ အကယ္၍မ်ား ကေလးရဲ႕ေပါင္ခ်ိန္ဟာ ၂.၅ကီလို (2.5kg) ဒါမွမဟုတ္ ၅.၅ေပါင္ (5.5lb) ထက္ေလ်ာ့နည္းေနမယ္ဆိုရင္ေတာ့ ေပါင္မျပည့္ဘဲေမြးလာတယ္လို႔သတ္မွတ္ရပါမယ္။ ၁.၅ကီလိုဂရမ္ (1.5kg) / ၃.၃ေပါင္ (3.3lb)ထက္နည္းမယ္ဆိုရင္ေတာ့ အလြန္အမင္းေပါင္ခ်ိန္နည္းျခင္း လို႔ေခၚပါတယ္။
ေမြးကင္းစကေလးငယ္ အားလံုးရဲ႕ ၈ရာခိုင္ႏႈန္းဟာ ေပါင္မျပည့္ဘဲေမြးလာၾကရတယ္လို႔ မွတ္တမ္းမ်ားအရသိရပါတယ္။

ဘာေၾကာင့္ေပါင္မျပည့္ရသလဲ

သေႏၶသားေလးေတြဟာ ကိုယ္ဝန္တတိယပတ္မွာ ကိုယ္အေလးခ်ိန္ ဖြံ႔ၿဖိဳးတိုးတက္မႈအျမန္ဆံုးျဖစ္ပါတယ္။ ဒါေၾကာင့္ လမေစ့ဘဲေမြးဖြားျခင္းဟာ ကိုယ္အေလးခ်ိန္မျပည့္ရျခင္းရဲ႕အဓိကအေၾကာင္းအရင္းအျဖစ္တည္႐ွိေနပါတယ္။ ေပါင္မျပည့္ရျခင္းရဲ႕ အျခားေသာအေၾကာင္းရင္းေတြကေတာ့

  • ကိုယ္ဝန္ေဆာင္စဥ္မိခင္တြင္ ေသြးတိုးေရာဂါ႐ွိေနျခင္း
  • အမႊာေမြးဖြားျခင္း
  • အခ်င္းအေနအထားမမွန္ျခင္း
  • မိခင္၏ က်န္းမာေရးႏွင့္ အာဟာရ ခ်ိဳ႕တဲ့ျခင္း
  • ကိုယ္ဝန္ေဆာင္စဥ္ ေဆးလိပ္၊ အရက္ႏွင့္ မူးယစ္ေဆးဝါးမ်ားသံုးစြဲျခင္း
  • ကိ္ုယ္ဝန္ေဆာင္စဥ္ သေႏၶသားအားထိခိုက္ႏိုင္ေသာ ေရာဂါမ်ားျဖစ္ပြားျခင္း
  • ကေလးတြင္မ်ိဳး႐ိုးဗီဇဆိုင္ရာ ေမြးရာပါေရာဂါမ်ားပါေနျခင္း တို႔ေၾကာင့္ပဲျဖစ္ပါတယ္။

ေပါင္ခ်ိန္မျပည့္ရင္ ဘာေတြျဖစ္ႏိုင္သလဲ?

ေပါင္ခ်ိန္မျပည့္တဲ့ကေလးငယ္ေတြမွာအျဖစ္မ်ားတဲ့ေရာဂါေတြကေတာ့

  • ကူးစက္ေရာဂါမ်ားျဖစ္ပြားလြယ္ျခင္း
  • အသားဝါေရာဂါျဖစ္ပြားျခင္း
  • ႏို႔တိုက္ရခက္ခဲျခင္း
  • အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားျဖစ္ပြားျခင္း
  • ဦးေခါင္းတြင္းေသြးယိုစိမ့္ျခင္းစသည္တို႔ပဲျဖစ္ပါတယ္။

ကေလးငယ္ေပါင္မျပည့္ျခင္းမွေ႐ွာင္ကြင္းေစႏိုင္ဖို႔

ေမြးရာပါဗီဇဆိုင္ရာေရာဂါမ်ားနဲ႔ အခ်င္း၊ သားအိမ္ပံုမမွန္ျခင္းေၾကာင့္ ျဖစ္ရတဲ့ ေပါင္မျပည့္ျခင္းတို႔ကေတာ့ ကာကြယ္လို႔မရပါဘူး။ ဒါေပမယ့္ မိခင္တို္အေနနဲ႔ က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအစာမ်ားကိုေရြးခ်ယ္စားသံုးၿပီး ပံုမွန္လႈပ္႐ွားသြားလာမႈမ်ားကိုလည္းျပဳလုပ္မယ္၊ ေနာက္ၿပီး အရက္ေသစာ၊ ေဆးလိပ္နဲ႔ မူးယစ္ေဆးဝါးသံုးစြဲမႈကိုေ႐ွာင္က်ဥ္မယ္ဆိုရင္ေတာ့ အျခားေသာ ေပါင္မျပည့္ရျခင္းရဲ႕အေၾကာင္းရင္းမ်ားကို ကာကြယ္ႏိုင္မွယျဖစ္ပါတယ္လို႔ တင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *