အချစ် နှင့် ကာမဆန္ဒ
အချစ် ဆိုသည်မှာ….
ဆရာထူးအိမ်သင်ရဲ့ သီချင်း ထဲကလို ဆန်းကြယ်မှုများနဲ့ အရာဖြစ်ပြီး နှလုံးသားတို့ရဲ့အရှင်သခင်လို့ တင်စားရလောက်အောင် ထူးခြားလွန်းတဲ့အရာပါ.. အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုရပါလိမ့်မယ်… ၅၂၈ အချစ် ၊ ၁၅၀၀ ချစ်ခြင်း စသည်ဖြင့် ကွဲပြားနေစေဦးတော့ အချစ်ဆိုတာ လူသားတိုင်းကို စိုးမိုးနိုင်တာတော့ အမှန်ပါပဲ…. ဆိုတော့ကာ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ၁၅၀၀ အချစ်နဲ့ ကျန်းမာရေးဟာ ပိုသက်ဆိုင်နေတယ်လို့ မြင်ပါတယ်.. အချစ်ကြောင့် ရူးမိုက်တယ်၊ စွန့်စားတယ်၊ အောင်မြင်တယ် ၊ ကျရှုံးတယ် ၊ ဒဏ်ရာအနာတရ ဖြစ်ကြ၊ ကျန်းမာရေးထိခိုက်သည်ထိ ဖြစ်ကြ စသည်ဖြင့်ပေါ့… ဒါပြင် ချစ်ခြင်းကြောင့် လူသားနှစ်ဦးပေါင်းစပ်ကြတဲ့အခါမှာ… သဘာဝတရားအရ making sex (ကာမ) အရောက်မြောက်ကြလေ့ရှိပါတယ်…
sex (ကာမဆန္ဒ) ဆိုတာ
– ‘gender’ မတူညီကြတဲ့ ဖို နဲ့ မ နှစ်ယောက်ဟာ ပထမ နှစ်သက် စိတ်ဝင်စားကြတယ်၊ ဒုတိယ ချစ်ကြိုက်မယ်၊ မခွဲခွာနိုင်လို့ အတူပေါင်းသင်းနေထိုင်ကြတယ်… သို့သော် လူချင်း မခွဲနိုင်လို့ ပေါင်းစပ်ကြပေမယ့် စိတ်ချင်းတော့ မတူကြပါဘူး..ဒီတော့ တစ်ယောက်က love ကို ပိုအလေးထားပြီး တစ်ယောက် sex မှာ ပိုပျော်မွေ့သွားနိုင်တာမျိုး ဖြစ်နိုင်ပါတယ်…
ဒီတော့ကာ Love နဲ့ Sex ကြားက ကွာခြားတဲ့ တချို့ သဘောတရားလေးတွေ ပြောပြချင်ပါတယ်…
Love ဟာ လူယောက်အပေါ် (သို့) အရာဝတ္ထု တစ်ခုပေါ် (သို့) မိမိစိတ်ထဲက ဝါသနာ ဆိုတဲ့ အရာတွေပေါ်ကို အရမ်း စွဲလမ်းတာမျိုး ၊ ရိုမန်းတစ် (romance ) ဖြစ်တဲ့အရာမျိုးကို လိုချင်တာ၊ ပေးစွမ်းချင်တာ စသည်ဖြင့် မျိုးစုံတွေးလို့ရပါတယ်… သေချာ ပြောပနိုင်လောက်အောင်ထိကို မစွမ်းနိုင်တဲ့ ဆန်းကြယ်လှတဲ့ စိတ်ခံစားမှု တစ်မျိုးပါ….
Sex – လူသားနှစ်ယောက်ထိတွေ့တယ်၊ အာရုံခံစားမှုတွေ့မှာ ပျော်မွေ့တယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်… အမျိုးသားနဲ့ အမျိုးသမီး (သို့) အမျိုးသားနှစ်ဦး (သို့)အမျိုးသမီးနှစ်ဦး (သို့) တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့်တောင် sex ကို ခံစားနိုင်ကြပါတယ်…
ဒါပြင် making love နဲ့ making sex ဆိုပြီး ကွဲပြားမှုရှိပါသေးတယ်…
မရင်းနှီးသူ မသိသူနှစ်ယောက်ဟာ… ကာမဆန္ဒ တစ်ခုထဲကြောင့် sex ကိစ္စ ပြုလုပ်နိုင်ပါတယ် … ဒါကိုmaking sex (ချစ်ခြင်းမပါတဲ့ ကာမအရာမြောက်ခြင်း) လို့ ဆိုကြပါတယ်…
“making love ” ဟာ ချစ်သူ လင်မယားတို့ တစ်ယောက်ဆန္ဒက်ု တစ်ယောက် သိတယ်၊ သူရဲ့ ခန္ဓာကိုယ်တင်မက သူရဲ့ နှလုံးသား၊ စိတ်ခံစားမှုကို ပါ လိုက်လျောညီထွေရှိပြီး sex ကိစ္စပြီးမြောက်တယ်လို့ ဆိုနိုင်ပါတယ်…အချစ်ပါတဲ့ ကာမ အရာမြောက်ခြင်းပေါ့….
ပြောခဲ့တာတွေဟာ လူသားတိုင်း ယေဘုယျ ကြုံတွေ့နေရတဲ့ အချစ်နဲ့ ကာမ(လိင်စိတ်ဆန္ဒ) ကြားထဲ ဖြစ်တတ်တဲ့ သဘောတရားတွေပါ…
အိမ်ထောင်မှု တစ်ခုတည်ဆောက်တဲ့ အခါမှာတော့ love ဟာ အရေးကြီးသလို sex ဟာလဲ တစ်ထောင့်တစ်နေရာက အရေးပါလှပါတယ်… သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ရာ အစွန်းနှစ်ဖက်ကို ဆွဲကိုင်မထားပဲ လိုက်လျောညီထွေ နေထိုင်ဖို့လိုအပ်ပါတယ်… မိမိအိမ်ထောင်ဖက်ရဲ့ စိတ်ခံစားမှု ၊ ဆန္ဒ ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ရာ တစ်ယောက်နှင့် တစ်ယောက် အမှန်တကယ် ရင်းနှီးပွင့်လင်းနေထိုင်ဖို့ လိုအပ်ပါတယ်…
ဒါကြောင့် love နဲ့. sex ကြား ဗျာမများပဲ သာယာလှပတဲ့ အိမ်ထောင်မှုကို တည်ဆောက်နိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်..
ပိုင်နီမောင်
အခ်စ္ ႏွင့္ ကာမဆႏၵ
အခ်စ္ ဆိုသည္မွာ….
ဆရာထူးအိမ္သင္ရဲ႕ သီခ်င္း ထဲကလို ဆန္းၾကယ္မႈမ်ားနဲ႔ အရာျဖစ္ၿပီး ႏွလံုးသားတို႔ရဲ ့အ႐ွင္သခင္လို႔ တင္စားရေလာက္ေအာင္ ထူးျခားလြန္းတဲ့အရာပါ.. အမ်ိဳးမ်ိဳး အဓိပၸါယ္ ဖြင့္ဆိုရပါလိမ့္မယ္… ၅၂၈ အခ်စ္ ၊ ၁၅၀၀ ခ်စ္ျခင္း စသည္ျဖင့္ ကဲြျပားေနေစဦးေတာ့ အခ်စ္ဆိုတာ လူသားတိုင္းကို စိုးမိုးႏိုင္တာေတာ့ အမွန္ပါပဲ…. ဆိုေတာ့ကာ က်န္းမာေရး ႐ႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ေတာ့ ၁၅၀၀ အခ်စ္နဲ႔ က်န္းမာေရးဟာ ပိုသက္ဆိုင္ေနတယ္လို႔ ျမင္ပါတယ္.. အခ်စ္ေၾကာင့္ ႐ူးမိုက္တယ္၊ စြန္႔စားတယ္၊ ေအာင္ျမင္တယ္ ၊ က်ရံႈးတယ္ ၊ ဒဏ္ရာအနာတရ ျဖစ္ၾက၊ က်န္းမာေရးထိခိုက္သည္ထိ ျဖစ္ၾက စသည္ျဖင့္ေပါ့… ဒါျပင္ ခ်စ္ျခင္းေၾကာင့္ လူသားႏွစ္ဦးေပါင္းစပ္ၾကတဲ့အခါမွာ… သဘာဝတရားအရ making sex (ကာမ) အေရာက္ေျမာက္ၾကေလ့႐ွိပါတယ္…
sex (ကာမဆႏၵ) ဆိုတာ
– ‘gender’ မတူညီၾကတဲ့ ဖို နဲ႔ မ ႏွစ္ေယာက္ဟာ ပထမ ႏွစ္သက္ စိတ္ဝင္စားၾကတယ္၊ ဒုတိယ ခ်စ္ႀကိဳက္မယ္၊ မခဲြခြာႏိုင္လို႔ အတူေပါင္းသင္းေနထိုင္ၾကတယ္… သို႔ေသာ္ လူခ်င္း မခဲြႏိုင္လို႔ ေပါင္းစပ္ၾကေပမယ့္ စိတ္ခ်င္းေတာ့ မတူၾကပါဘူး..ဒီေတာ့ တစ္ေယာက္က love ကို ပုိအေလးထားၿပီး တစ္ေယာက္ sex မွာ ပိုေပ်ာ္ေမြ႔သြားႏိုင္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္…
ဒီေတာ့ကာ Love နဲ႔ Sex ၾကားက ကြာျခားတဲ့ တခိ်ိဳ႕ သေဘာတရားေလးေတြ ေျပာျပခ်င္ပါတယ္…
Love ဟာ လူေယာက္အေပၚ (သို႔) အရာဝတၳဳ တစ္ခုေပၚ (သို႔) မိမိစိတ္ထဲက ဝါသနာ ဆိုတဲ့ အရာေတြေပၚကို အရမ္း စဲြလမ္းတာမ်ိဳး ၊ ႐ိုမန္းတစ္ (romance ) ျဖစ္တဲ့အရာမ်ိဳးကုိ လိုခ်င္တာ၊ ေပးစြမ္းခ်င္တာ စသည္ျဖင့္ မ်ဳိးစံုေတြးလို႔ရပါတယ္… ေသခ်ာ ေျပာပႏိုင္ေလာက္ေအာင္ထိကို မစြမ္းႏိုင္တဲ့ ဆန္းၾကယ္လွတဲ့ စိတ္ခံစားမႈ တစ္မ်ိဳးပါ….
Sex – လူသားႏွစ္ေယာက္ထိေတြ႔တယ္၊ အာရံုခံစားမႈေတြ႔မွာ ေပ်ာ္ေမြ႔တယ္လို႔ အၾကမ္းဖ်င္း ဆိုႏိုင္ပါတယ္… အမ်ိဳးသားနဲ႔ အမ်ိဳးသမီး (သို႔) အမ်ိဳးသားႏွစ္ဦး (သို႔)အမ်ိဳးသမီးႏွစ္ဦး (သို႔) တစ္ကုိယ္ရည္ အာသာေျဖျခင္္းျဖင့္ေတာင္ sex ကို ခံစားႏိုင္ၾကပါတယ္…
ဒါျပင္ making love နဲ႔ making sex ဆိုၿပီး ကဲြျပားမႈ႐ွိပါေသးတယ္…
မရင္းႏွီးသူ မသိသူႏွစ္ေယာက္ဟာ… ကာမဆႏၵ တစ္ခုထဲေၾကာင့္ sex ကိစၥ ျပဳလုပ္ႏိုင္ပါတယ္ … ဒါကိုmaking sex (ခ်စ္ျခင္းမပါတဲ့ ကာမအရာေျမာက္ျခင္း) လို႔ ဆုိၾကပါတယ္…
“making love ” ဟာ ခ်စ္သူ လင္မယားတို႔ တစ္ေယာက္ဆႏၵက္ု တစ္ေယာက္ သိတယ္၊ သူရဲ႕ ခႏၶာကုိယ္တင္မက သူရဲ႕ ႏွလံုးသား၊ စိတ္ခံစားမႈကို ပါ လိုက္ေလ်ာညီေထြ႐ွိၿပီး sex ကိစၥၿပီးေျမာက္တယ္လို႔ ဆိုႏိုင္ပါတယ္…အခ်စ္ပါတဲ့ ကာမ အရာေျမာက္ျခင္းေပါ့….
ေျပာခဲ့တာေတြဟာ လူသားတိုင္း ေယဘုယ် ၾကံဳေတြ႔ေနရတဲ့ အခ်စ္နဲ႔ ကာမ(လိင္စိတ္ဆႏၵ) ၾကားထဲ ျဖစ္တတ္တဲ့ သေဘာတရားေတြပါ…
အိမ္ေထာင္မႈ တစ္ခုတည္ေဆာက္တဲ့ အခါမွာေတာ့ love ဟာ အေရးႀကီးသလို sex ဟာလဲ တစ္ေထာင့္တစ္ေနရာက အေရးပါလွပါတယ္… သာယာတဲ့ အိမ္ေထာင္ေရးျဖစ္ဖို႔ရာ အစြန္းႏွစ္ဖက္ကို ဆဲြကိုင္မထားပဲ လိုက္ေလ်ာညီေထြ ေနထိုင္ဖို႔လိုအပ္ပါတယ္… မိမိအိမ္ေထာင္ဖက္ရဲ႕ စိတ္ခံစားမႈ ၊ ဆႏၵ ၊ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ရာ တစ္ေယာက္ႏွင့္ တစ္ေယာက္ အမွန္တကယ္ ရင္းႏွီးပြင့္လင္းေနထိုင္ဖို႔ လိုအပ္ပါတယ္…
ဒါေၾကာင့္ love နဲ႔. sex ၾကား ဗ်ာမမ်ားပဲ သာယာလွပတဲ့ အိမ္ေထာင္မႈကို တည္ေဆာက္ႏိုင္ၾကပါေစလို႔ ေတာင္းဆုေမတၱာျပဳလ်က္..
ပိုင္နီေမာင္