အချစ်ရဲ့သက်သေခံအမှတ်အသားလေးတွေ
မောင်နှံနှစ်ဦးအကြားမှာ အချစ်ရမ္မက်ရဲ့နောက်ကိုလိုက်ရင်းနဲ့ စိတ်မထိန်းနိုင်ဘဲ အနမ်းကြမ်းကြမ်းခြွေမိတဲ့အခါ အရာလေးတွေကျန်ခဲ့တတ်ပါတယ်။ ဒါကို Love bites သို့မဟုတ် Hickeys လို့ခေါ်ကြပါတယ်။ ဒီလိုမျိုးနမ်းရှုံ့မှုဟာ ကောင်းကျိုးအနေနဲ့ တစ်ဦးနဲ့တစ်ဦး စိတ်ကျေနပ်မှုရှိစွာချစ်ကြခြင်း၊ ပျော်ရွှင်ရခြင်းကို ဖြစ်စေနိုင်သလိုပါပဲ အခန့်မသင့်တဲ့အခါမှာ လူမြင်နိုင်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းစပ်၊ နားရွက်အောက်နား၊ လက်မောင်းစတဲ့နေရာတွေမှာ အမှတ်တမဲ့ အနမ်းခြွေမိရင်တော့ အပြင်သွား၊အလုပ်သွားတဲ့အခါ အခက်အခဲဖြစ်ပြီး စိတ်ကသိကအောက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အချစ်မာကင်လေးတွေ အမြန်ပျောက်စေမယ့်နည်းလမ်းလေးတွေကိုတင်ပြလိုက်ပါတယ်။
ဒီအမှတ်လေးတွေဟာ အရေပြားကိုနှုတ်ခမ်း၊သွားတို့နဲ့ဖိကပ် စုပ်ပြီးကိုက်လိုက်တဲ့အတွက် အရေပြားပေါ်ရှိသွေးကြောမျှင်လေးတွေပေါက်သွားတဲ့အတွက်ဒဏ်ရာဖြစ်ကျန်ခဲ့တာပဲဖြစ်ပါတယ်။ hickeysလေးတွေကမြန်မြန်ပျောက်ချင်ရင်တော့
၁။ ဖုံးကွယ်နိုင်သောနေရာများကို ဖုံးကာဝတ်ဆင်ဖို့မမေ့ပါနဲ့။ လက်မောင်း လည်ပင်းအောက်နားနဲ့ ရင်ညွန့်က အမှတ်အသားလေးတွေကို လက်ရှည်အကျီ၊ လည်စေ့အကျီတို့ဝတ်ကာဖုံးပါ။
၂။ ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့မိတ်ကပ်လိမ်းပြီး အရောင်မှိန်အောင်လုပ်ပါ။ ခပ်ပါးပါးလိမ်းလိုက်တဲ့အခါမှာ လုံးဝပျောက်မသွားရင်တောင် အမှတ်တမဲ့ဆိုရင်တွေ့နိုင်မှာမဟုတ်တော့ပါဘူး။
၃။ ဆံပင်ချပြီးဖုံးအုပ်ပါ။ ဆံပင်ရှည်တဲ့မိန်းကလေးတွေအတွက်တော့အသုံးဝင်မယ့်နည်းလမ်းတစ်ခုပါပဲ။
၄။ လူစိတ်ဝင်စားနိုင်မယ့် လည်ဆွဲများ၊ bling bling များဝတ်ထားမယ်ဆိုရင်အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါကြောင့် အမှတ်အသားကျန်နေခဲ့တဲ့နေ့ရက်တွေဆိုရင် သာမန်ခန့်သာခပ်ရိုးရို ဝတ်ဆင်ပါ။
၅။ ရေခဲကပ်ပေးပါ။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်ရေခဲကပ်ပေးခြင်းဟာ ဒီhickeysလေးတွေကိုအရောင်ဖျော့သွားစေမှာပါ။
၆။ သွားတိုက်ဆေးအနည်းငယ်ယူပြီး ဒဏ်ရာပေါ်မှာသုတ်လိမ်းပေးထားပါ။ နာရီဝက်ခန့်အကြာမှာ ဒဏ်ရာဟာ မရဲတော့ဘဲအရောင်ဖျော့လာပါလိမ့်မယ်။
၇ ဘယ်လိုမှဖုံးကွယ်လို့မလွယ်ရင်တော့ ဒဏ်ရာရတဲ့ပုံစံအနေနဲ့ ပလာစတာကပ်ထားပြီး ဟန်ဆောင်နိုင်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
အခ်စ္ရဲ႕သက္ေသခံအမွတ္အသားေလးေတြ
ေမာင္ႏွံႏွစ္ဦးအၾကားမွာ အခ်စ္ရမၼက္ရဲ႕ေနာက္ကိုလိုက္ရင္းနဲ႔ စိတ္မထိန္းႏိုင္ဘဲ အနမ္းၾကမ္းၾကမ္းေႁခြမိတဲ့အခါ အရာေလးေတြက်န္ခဲ့တတ္ပါတယ္။ ဒါကို Love bites သို႔မဟုတ္ Hickeys လို႔ေခၚၾကပါတယ္။ ဒီလိုမ်ိဳးနမ္းရႈံ႕မႈဟာ ေကာင္းက်ိဳးအေနနဲ႔ တစ္ဦးနဲ႔တစ္ဦး စိတ္ေက်နပ္မႈရွိစြာခ်စ္ၾကျခင္း၊ ေပ်ာ္႐ႊင္ရျခင္းကို ျဖစ္ေစႏိုင္သလိုပါပဲ အခန႔္မသင့္တဲ့အခါမွာ လူျမင္ႏိုင္တဲ့ေနရာေတြျဖစ္တဲ့ လည္ပင္းစပ္၊ နား႐ြက္ေအာက္နား၊ လက္ေမာင္းစတဲ့ေနရာေတြမွာ အမွတ္တမဲ့ အနမ္းေႁခြမိရင္ေတာ့ အျပင္သြား၊အလုပ္သြားတဲ့အခါ အခက္အခဲျဖစ္ၿပီး စိတ္ကသိကေအာက္ျဖစ္ရတတ္ပါတယ္။ ဒါေၾကာင့္ အခ်စ္မာကင္ေလးေတြ အျမန္ေပ်ာက္ေစမယ့္နည္းလမ္းေလးေတြကိုတင္ျပလိုက္ပါတယ္။
ဒီအမွတ္ေလးေတြဟာ အေရျပားကိုႏႈတ္ခမ္း၊သြားတို႔နဲ႔ဖိကပ္ စုပ္ၿပီးကိုက္လိုက္တဲ့အတြက္ အေရျပားေပၚရွိေသြးေၾကာမွ်င္ေလးေတြေပါက္သြားတဲ့အတြက္ဒဏ္ရာျဖစ္က်န္ခဲ့တာပဲျဖစ္ပါတယ္။ hickeysေလးေတြကျမန္ျမန္ေပ်ာက္ခ်င္ရင္ေတာ့
၁။ ဖုံးကြယ္ႏိုင္ေသာေနရာမ်ားကို ဖုံးကာဝတ္ဆင္ဖို႔မေမ့ပါနဲ႔။ လက္ေမာင္း လည္ပင္းေအာက္နားနဲ႔ ရင္ၫြန႔္က အမွတ္အသားေလးေတြကို လက္ရွည္အက်ီ၊ လည္ေစ့အက်ီတို႔ဝတ္ကာဖုံးပါ။
၂။ ကိုယ့္အသားအေရနဲ႔လိုက္ဖက္တဲ့မိတ္ကပ္လိမ္းၿပီး အေရာင္မွိန္ေအာင္လုပ္ပါ။ ခပ္ပါးပါးလိမ္းလိုက္တဲ့အခါမွာ လုံးဝေပ်ာက္မသြားရင္ေတာင္ အမွတ္တမဲ့ဆိုရင္ေတြ႕ႏိုင္မွာမဟုတ္ေတာ့ပါဘူး။
၃။ ဆံပင္ခ်ၿပီးဖုံးအုပ္ပါ။ ဆံပင္ရွည္တဲ့မိန္းကေလးေတြအတြက္ေတာ့အသုံးဝင္မယ့္နည္းလမ္းတစ္ခုပါပဲ။
၄။ လူစိတ္ဝင္စားႏိုင္မယ့္ လည္ဆြဲမ်ား၊ bling bling မ်ားဝတ္ထားမယ္ဆိုရင္အလြယ္တကူေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ အမွတ္အသားက်န္ေနခဲ့တဲ့ေန႔ရက္ေတြဆိုရင္ သာမန္ခန႔္သာခပ္႐ိုး႐ို ဝတ္ဆင္ပါ။
၅။ ေရခဲကပ္ေပးပါ။ ဆယ္မိနစ္၊ ဆယ့္ငါးမိနစ္ခန႔္ေရခဲကပ္ေပးျခင္းဟာ ဒီhickeysေလးေတြကိုအေရာင္ေဖ်ာ့သြားေစမွာပါ။
၆။ သြားတိုက္ေဆးအနည္းငယ္ယူၿပီး ဒဏ္ရာေပၚမွာသုတ္လိမ္းေပးထားပါ။ နာရီဝက္ခန႔္အၾကာမွာ ဒဏ္ရာဟာ မရဲေတာ့ဘဲအေရာင္ေဖ်ာ့လာပါလိမ့္မယ္။
၇ ဘယ္လိုမွဖုံးကြယ္လို႔မလြယ္ရင္ေတာ့ ဒဏ္ရာရတဲ့ပုံစံအေနနဲ႔ ပလာစတာကပ္ထားၿပီး ဟန္ေဆာင္ႏိုင္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ