long term intake of junk food

အသင့်စားအစာတွေ အရမ်းစားရင် ဘာတွေ ဖြစ်နိုင်သလဲ?

အသင့်စား အစားအစာ အမျိုးအစားပေါ်လိုက်ပြီး ဒါလေးတွေ ဖြစ်တတ်လို့ သတိထားကြရအောင်လား!

၁။ အစာအိမ်နဲ့ အူလမ်းကြောင်း

အသင့်သောက် အအေးတွေနဲ့ ခေါက်ဆွဲခြောက်တွေဟာ ကစီဓာတ်များစွာ သိပ်သည်းပါဝင်နေပြီး အမျှင်ဓာတ်မပါသလောက်ရှိတဲ့အတွက် ဝမ်းချုပ်ခြင်း၊ သွေးတွင်း သကြားဓာတ်ပမာဏ ကမောက်ကမဖြစ်ခြင်း၊ ကိုယ်အလေးချိန် မြင့်တက်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။

၂။ နှလုံးနဲ့ သွေးလှည့်စနစ်

အာလူးကြော်၊ ပီဇာ၊ ဟန်ဘာဂါ၊ ခရက်ကာ၊ ကွတ်ကီး စတဲ့ ဂျုံပမာဏများစွာပါဝင်တဲ့ ဆီကြော်မုန့်တွေမှာ အသွင်ပြောင်းအဆီတွေ များစွာပါဝင်နေပါတယ်။ အသွင်ပြောင်းအဆီတွေကို စားတာ များလာတာနဲ့အမျှ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆီဖုံးခြင်း၊ သွေးကြောကျဉ်းသောကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲရောဂါများ၊ ကိုလက်စရော တက်ခြင်း၊ သွေးတိုးရောဂါတို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

၃။ ဆား များသောအခါ…

ဆားများများပါမှ အရသာရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဆားများများ စားတဲ့အခါ သွေးတွင်း ဆိုဒီယမ်ပမာဏ များလာပါတယ်။ ဒါကြောင့် အသင့်စား အစားအစာ စားတာများလာရင် လူက ဖောသွပ်သွပ် ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ ရနိုင်တယ်။

ဆားစားရင် ရေငတ်တယ်လို့ လူတိုင်း ထင်ကြပါတယ်။ ဒါပေမယ့် ဆိုဒီယမ်ပမာဏများလာရင် ရေတင်ဆာတာ မဟုတ်ပါဘူး။ ဗိုက်ပါ ဆာလာတာပါ။ ဒီတော့ ဆာလိုက်၊ စားလိုက်နဲ့ အဝလွန်လာနိုင်ပါတယ်။ အသင့်စားအစားအစာ တစ်ပွဲထဲမှာ တစ်နေ့စားသင့်တဲ့ ဆားပမာဏရဲ့ ထက်ဝက်လောက် ပါနေတာမို့ ခေါင်းကိုက်တာတွေ၊ ခြေထောက်ယောင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

၄။ အသက်ရှူလမ်းကြောင်း…

အသင့်စား အစားအစာတွေ စားများလို့ အဝလွန်လာတာနဲ့ အမောမခံနိုင်တော့ပါဘူး။ အဝလွန်ခြင်းဟာ အဆုတ်နဲ့ နှလုံးကို ဒဏ်ပိစေပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လှုပ်လှုပ်ရှားရှား လုပ်တာနဲ့ မောပြီး လှုပ်ရှားရင်ဖောက်တဲ့ ပန်းနာရင်ကြပ်ရောဂါတွေ၊ အိပ်လိုက်တာနဲ့ အသက်ရှူကြပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အသင့်စား အစားအစာကို အမြဲ စွဲမစားသင့်ပါကြောင်း…

ဒေါက်တာယမင်း(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *