” မီးဖွားရက် due date တွေအမျိုးမျိုးဖြစ်နေလျှင် “
” အာထရာဆောင်း ၃ ခါရိုက်တယ်….due date(မီးဖွားမယ့်ရက်)က ၃ မျိုးထွက်တယ်……ပြီးတော့ ကိုယ်ဝန် စအပ်အပ်ချင်းတုန်းက အိုဂျီက ရာသီလာတဲ့ရက်နဲ့ ကိုက်ပြီးတွက်ပေးတဲ့ရက်ကလည်း တစ်ရက်ရှိသေးတယ်။ ဘယ်ဟာအတည်ယူရမလဲ မသိတော့ဘူး ”
ဒါဟာကိုယ်ဝန်ဆောင်တွေ ခေါင်းရှုပ်လေ့ရှိတဲ့ကိစ္စပါ။
မဗိုက်တို့ ကိုယ်ဝန်စအပ်ပြီဆိုတာနဲ့ ဆရာဝန်က နောက်ဆုံးရာသီလာခဲ့တဲ့ပထမဆုံးရက်ပေါ်မူတည်ပြီး မီးဖွားမယ့်ရက်ကိုခန့်မှန်းတွက်ချက်ပေးလေ့ရှိပါတယ်။နောက်ဆုံးရာသီလာခဲ့တဲ့ပထမဆုံးရက်ဆိုတာ …..ဥပမာ – 2018 ဇန်နဝါရီလ 10ရက် ၊11 ရက် ၊12 ရက် တွေမှာ နောက်ဆုံးရာသီပေါ်ခဲ့တယ်ဆိုရင်….ထိုရာသီလာခဲ့တဲ့ ပထမဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ 10 ရက်ကို ဆိုလိုပါတယ်။
ထိုရက်ကို နောက်ထပ် ရက်ပေါင်း 280(9 လ နဲ့ 7 ရက်)ပေါင်းလိုက်ရင် မီးဖွားမယ့်ရက် (ရက်သတ္တပတ် 40)ရပါတယ်။ပုံမှန်အားဖြင့် မီးဖွားမယ့်ရက်က ရက်သတ္တပတ် 40 အတိမှာဖြစ်နိုင်သလို 2ပတ်ရှေ့တိုး 2ပတ်နောက်ကျနိုင်ပါတယ်။သို့သော် ဒီနည်းဟာ ရာသီစက်ဝန်းမှန်တဲ့အမျိုးသမီးတွေမှာသာ ပိုတိကျသလို၊နောက်ဆုံးရာသီလာခဲ့တဲ့ရက်ကို တိတိကျကျသိဖို့လည်းလိုပါတယ်။ကိုယ်ဝန်ဆောင်အများစုဟာ နောက်ဆုံးရာသီလာခဲ့တဲ့ရက်ကို လုံးဝမေ့သွားတာ၊ မှတ်မိပေမယ့် ရက်အတိအကျ မသိတော့တာများပါတယ်။ဒါကြောင့် ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ထားသူအမျိုးသမီးများအနေနဲ့ လစဉ်မိမိရာသီလာရက်များကို ပြက္ခဒိန် (သို့) တစ်နေရာရာမှာ မှတ်မှတ်သားသားရှိထားသင့်ပါတယ်။
အာထရာဆောင်းအကြောင်း ဆက်ကြည့်လိုက်ကြရအောင်! ကိုယ်ဝန်ဆောင်နေစဉ် အကြောင်းကြောင်းကြောင့် အာထရာဆောင်းခဏခဏရိုက်ရတဲ့အခါ မီးဖွားရက်လည်း အမျိုးမျိုးထွက်လာတတ်ပါတယ်။ဘယ်ရက်က အသေချာဆုံးလည်းဆိုတော့ အစောဆုံးရိုက်ထားတဲ့ အာထရာဆောင်းမှ မီးဖွားရက်က အနီးစပ်ဆုံးပါ။ကိုယ်ဝန်ပထမ 12 ပတ် (အထူးသဖြင့် ကိုယ်ဝန် 8 ပတ်နဲ့ 11 ပတ်ကြား)ရိုက်ခဲ့တဲ့ အာထရာဆောင်းမှာဖော်ပြထားတဲ့ မီးဖွားရက်က အတိကျဆုံးပါ။
နောက်ဆုံးရာသီလာရက်ကနေတွက်တဲ့ date နဲ့ ကိုယ်ဝန်ပထမ 12 ပတ်က အာထရာဆောင်း date နဲ့ ကွာဟမှုရှိနေရင်လည်း အာထရာဆောင်းdate ကိုပဲ အတည်ယူပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ပြီးပြီဆိုရင် မိမိရာသီလာရက်လေးတွေ သေချာမှတ်ထားဖို့နဲ့ ဆရာဝန်ညွှန်ကြားတဲ့ အချိန်မှာအာထရာဆောင်းရိုက်ဖို့လိုအပ်ပါတယ်။အပေါ်မှာလည်းသေချာရှင်းပြပြီးပြီဆိုတော့မီးဖွားရက် due date အမျိုးမျိုးကြောင့်ခေါင်းရှုပ်နေဖို့ မလိုတော့ပါဘူးနော်!
မေ (ဆေး ၂)
” မီးဖြားရက္ due date ေတြအမ်ိဳးမ်ိဳးျဖစ္ေနလ်ွင္ “
” အာထရာေဆာင္း ၃ ခါ႐ိုက္တယ္….due date(မီးဖြားမယ့္ရက္)က ၃ မ်ိဳးထြက္တယ္……ၿပီးေတာ့ ကိုယ္ဝန္ စအပ္အပ္ခ်င္းတုန္းက အိုဂ်ီက ရာသီလာတဲ့ရက္နဲ႔ ကိုက္ၿပီးတြက္ေပးတဲ့ရက္ကလည္း တစ္ရက္႐ွိေသးတယ္။ ဘယ္ဟာအတည္ယူရမလဲ မသိေတာ့ဘူး ”
ဒါဟာကိုယ္ဝန္ေဆာင္ေတြ ေခါင္း႐ႈပ္ေလ့႐ွိတဲ့ကိစၥပါ။
မဗိုက္တို့ ကိုယ္ဝန္စအပ္ၿပီဆိုတာနဲ႔ ဆရာဝန္က ေနာက္ဆံုးရာသီလာခဲ့တဲ့ပထမဆံဳးရက္ေပၚမူတည္ၿပီး မီးဖြားမယ့္ရက္ကိုခန္႔မွန္းတြက္ခ်က္ေပးေလ့႐ွိပါတယ္။ေနာက္ဆံုးရာသီလာခဲ့တဲ့ပထမဆံုးရက္ဆိုတာ …..ဥပမာ – 2018 ဇန္နဝါရီလ 10ရက္ ၊11 ရက္ ၊12 ရက္ ေတြမွာ ေနာက္ဆံုးရာသီေပၚခဲ့တယ္ဆိုရင္….ထိုရာသီလာခဲ့တဲ့ ပထမဆံုးရက္ျဖစ္တဲ့ ဇန္နဝါရီလ 10 ရက္ကို ဆိုလိုပါတယ္။
ထိုရက္ကို ေနာက္ထပ္ ရက္ေပါင္း 280(9 လ နဲ႔ 7 ရက္)ေပါင္းလိုက္ရင္ မီးဖြားမယ့္ရက္ (ရက္သတၱပတ္ 40)ရပါတယ္။ပံုမွန္အားျဖင့္ မီးဖြားမယ့္ရက္က ရက္သတၱပတ္ 40 အတိမွာျဖစ္နိဳင္သလို 2ပတ္ေ႐ွ႕တိုး 2ပတ္ေနာက္က်ႏိုင္ပါတယ္။သို႔ေသာ္ ဒီနည္းဟာ ရာသီစက္ဝန္းမွန္တဲ့အမ်ိဳးသမီးေတြမွာသာ ပိုတိက်သလို၊ေနာက္ဆံုးရာသီလာခဲ့တဲ့ရက္ကို တိတိက်က်သိဖို႔လည္းလို္ပါတယ္။ကိုယ္ဝန္ေဆာင္အမ်ားစုဟာ ေနာက္ဆံုးရာသီလာခဲ့တဲ့ရက္ကို လံုးဝေမ့သြားတာ၊ မွတ္မိေပမယ့္ ရက္အတိအက် မသိေတာ့တာမ်ားပါတယ္။ဒါေၾကာင့္ ကိုယ္ဝန္ယူဖို႔ဆံုးျဖတ္ထားသူအမ်ိဳးသမီးမ်ားအေနနဲ႔ လစဥ္မိမိရာသီလာရက္မ်ားကို ျပကၡဒိန္ (သို႔) တစ္ေနရာရာမွာ မွတ္မွတ္သားသား႐ွိထားသင့္ပါတယ္။
အာထရာေဆာင္းအေၾကာင္း ဆက္ၾကည့္လိုက္ၾကရေအာင္! ကိုယ္ဝန္ေဆာင္ေနစဥ္ အေၾကာင္းေၾကာင္းေၾကာင့္ အာထရာေဆာင္းခဏခဏ႐ိုက္ရတဲ့အခါ မီးဖြားရက္လည္း အမ်ိဳးမ်ိဳးထြက္လာတတ္ပါတယ္။ဘယ္ရက္က အေသခ်ာဆံုးလည္းဆိုေတာ့ အေစာဆံုး႐ိုက္ထားတဲ့ အာထရာေဆာင္းမွ မီးဖြားရက္က အနီးစပ္ဆံုးပါ။ကိုယ္ဝန္ပထမ 12 ပတ္ (အထူးသျဖင့္ ကိုယ္ဝန္ 8 ပတ္နဲ႔ 11 ပတ္ၾကား)႐ိုက္ခဲ့တဲ့ အာထရာေဆာင္းမွာေဖာ္ျပထားတဲ့ မီးဖြားရက္က အတိက်ဆံုးပါ။
ေနာက္ဆံုးရာသီလာရက္ကေနတြက္တဲ့ date နဲ႔ ကိုယ္ဝန္ပထမ 12 ပတ္က အာထရာေဆာင္း date နဲ႔ ကြာဟမႈ႐ွိေနရင္လည္း အာထရာေဆာင္းdate ကိုပဲ အတည္ယူပါတယ္။
ဒါေၾကာင့္ အမ်ိဳးသမီးေတြ ကိုယ္ဝန္ယူဖို႔ဆံုးျဖတ္ၿပီးၿပီဆိုရင္ မိမိရာသီလာရက္ေလးေတြ ေသခ်ာမွတ္ထားဖို့နဲ့ ဆရာဝန္ၫႊန္ၾကားတဲ့ အခ်ိန္မွာအာထရာေဆာင္း႐ိုက္ဖို႔လိုအပ္ပါတယ္။အေပၚမွာလည္းေသခ်ာ႐ွင္းျပၿပီးၿပီဆိုေတာ့မီးဖြားရက္ due date အမ်ိဳးမ်ိဳးေၾကာင့္ေခါင္း႐ႈပ္ေနဖို႔ မလိုေတာ့ပါဘူးေနာ္!
ေမ (ေဆး ၂)