ပါဝင်သောဆေး-L-ornithine L-aspartate 500mg
ဆေးပုံစံ-အကြောဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းနှင့် နာတာရှည်အသည်းရောဂါများကြောင့် သွေးတွင်း အမိုးနီးယားပမာဏတက်နေသူများ၊ အထူးသဖြင့် အသည်းရောဂါကြောင့် သတိလစ်ခြင်း၊ ဦးနှောက်ထိခိုက်မှုဖြစ်သူများ။
သုံးစွဲရန်အညွှန်း- ဆေးရည်တောင့် တစ်နေ့ ၄ လုံး။ ရောဂါ အခြေအနေပေါ်မူတည်၍ အများဆုံး ၈လုံးထိ သုံးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ။
သတိပြုရမည့်အချက်များ-သွေးလွှတ်ကြောမှ ဆေးမသွင်းရပါ။ ဆေးရည်ပုလင်း ၅၀၀စီစီ ရှိသောဆေးပုလင်းထဲသို့ ဆေး ၆လုံးထက်ပိုမဖျော်ရ။ အသည်းဓာတ်နှင့် သွေးတွင်း ureaဓာတ် စစ်ဆေးနေရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြုသုံးစွဲပါ။ ဆေးအသုံးပြုနေစဉ် ကားမောင်းခြင်း၊ စက်ပစ္စည်းများ မောင်းနှင်ခြင်းမပြုသင့်ပါ။
ဘေးထွက်ဆိုးကျိုး-အန်ခြင်း၊ ပျို့ခြင်း၊ ရင်တုန်ခြင်း၊ ကိုယ်ပူသလိုခံစားရခြင်း။
ဒေါက်တာချို(ဆေး ၁)