အသည်းကင်ဆာ ကြောက်စရာ

ကင်ဆာဆိုတာဟာ သိပ်ကိုကြောက်စရာကောင်းပြီး ဒီဘက်ခေတ်တွေမှာ ပိုပြီးအဖြစ်များလာနေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီထဲကမှ ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေတဲ့ အသည်းကင်ဆာအကြောင်းကို ပြောပြပေးချင်ပါတယ်။ အသည်းကင်ဆာဆိုတာ ဘယ်နှစ်မျိုးရှိလဲ?

အသည်းကင်ဆာဆိုတာမပြောခင်မှာ အသည်းမှာကင်ဆာဖြစ်ဖို့(၂)မျိုးရှိတယ်ဆိုတာ အရင်ပြောချင်ပါတယ်၊၊ အသည်းရဲ့ဆဲလ်တွေကိုယ်၌က စတဲ့ကင်ဆာနဲ့ အခြားကင်ဆာများမှကင်ဆာဆဲလ်များပြန့်နှံ့ပြီးအသည်းဆီကိုရောက်လာလို့ဖြစ်တဲ့ကင်ဆာဆိုပြီး ရှိပါတယ်။ ဒီမှာတော့ အသည်းကနေဖြစ်တဲ့ကင်ဆာ(HCC-hepatocellular carcinoma)အကြောင်းကိုပဲ ပြောမှာဖြစ်ပါတယ်။

ဘယ်အရာတွေက အသည်းကင်ဆာ(HCC)ကို ဖြစ်စေသလဲ?

အသည်းကင်ဆာဟာ နာတာရှည်အသည်းရောဂါတစ်ခုခုရှိနေသူတွေ(သို့)အသည်းခြောက်ပြီးသားလူတွေမှာပဲအတွေ့များပါတယ်။ဘယ်လိုရောဂါအခံရှိတဲ့လူတွေလဲဆိုရင်-

၁)အသည်းရောင်အသားဝါ ဘီပိုး/စီပိုး ရှိသူတွေ။

၂)အရက်အလွန်အကျွံသောက်သူတွေ။

၃)အသည်းအဆီဖုံး/ရောင် ရောဂါရှိသူတွေ(Non alcoholic fatty liver disease/Non alcoholic steatohepatitis)

၄)အဝလွန်တဲ့လူတွေနဲ့ ဆီးချိုသမားတွေပဲ ဖြစ်ပါတယ်။

ဘယ်နေရာတွေမှာအဖြစ်များလဲ?

ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့စာရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပိုပြီးအဖြစ်များလာပါတယ်။ဒါ့အပြင် အာရှနဲ့အာဖရိကမှာ အသည်းကင်ဆာဖြစ်ပွားမှုနှုန်းဟာတရိပ်ရိပ်တက်လာနေပါတယ်။ကျွန်တော်တို့ နိုင်ငံအတွက်လဲ စိုးရိမ်စရာပါ၊၊ အဓိကကတော့ ကူးစက်ရောဂါတွေဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီပိုး/စီပိုးရယ်၊ အရက်သောက်သုံးမှုမြင့်မားတာရယ်၊ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံရယ် အဝလွန်တာတွေကြောင့်ရယ်ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?

အဓိကအသည်းခြောက်ပြီးမှဖြစ်တာကြောင့် အသည်းခြောက်ခြင်းမှာဖြစ်တဲ့လက္ခဏာတွေအပြင် ညာဘက်ဗိုက်အပေါ်ဘက်ခြမ်းအောင့်ခြင်း၊အကြောင်းရင်းတစ်စုံတစ်ရာမရှိပဲ ကိုယ်အလေးချိန်လျော့ကျခြင်း၊အသား/မျက်လုံးဝါခြင်း၊ရေဖျဉ်းစွဲခြင်း၊အလွယ်တကူသွေးခြေဥ/သွေးထွက်ခြင်းတို့ကိုလဲတွေ့ရတတ်ပါတယ်။
အသည်းကင်ဆာဖြစ်မဖြစ်ကို ဘယ်လိုသိရမလဲ?

အသည်းအထူးကုနှင့်ပြသပြီး စမ်းသပ်စစ်ဆေးမှုခံယူခြင်း၊သွေးစစ်ခြင်း(Alpha-fetoprotein) ၊Ultrasound ၊ MRI ၊ CT scan ရိုက်ခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။

အသည်းကင်ဆာကို ဘယ်လိုကုသမလဲ?

ကုသမှုနည်းလမ်းတွေအများကြီးရှိပေမယ့် အဓိကက အသည်းအစားထိုးကုသမှုဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကုသဖို့အရမ်းခက်ခဲတာကြောင့် မဖြစ်အောင်ကြိုတင်ကာကွယ်ခြင်းဟာ အသည်းကင်ဆာမှာအရမ်းကိုအရေးပါတဲ့ကဏ္ဏဖြစ်ပါတယ်။

အသည်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

၁)အသည်းရောင်အသားဝါ ဘီပိုး/စီပိုး ကူးစက်မခံရအောင် နေထိုင်ခြင်း၊ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးခြင်း။

၂)အရက်ဖြတ်ခြင်း။

၃)အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာစားသုံးခြင်း။

၄)အသည်းကိုအဆိပ်အတောက်ဖြစ်စေနိုင်သော အရာများကိုရှောင်ခြင်း။

၅)အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း တို့ဖြင့် အသည်းကိုကာကွယ်နိုင်ပါကြောင်းပြောကြားရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

drye’lwin mm

အသည္းကင္ဆာ ေၾကာက္စရာ

ကင္ဆာဆိုတာဟာ သိပ္ကိုေၾကာက္စရာေကာင္းၿပီး ဒီဘက္ေခတ္ေတြမွာ ပိုၿပီးအျဖစ္မ်ားလာေနတယ္ဆိုတာ အားလံုးသိၿပီးသားျဖစ္မွာပါ။ ဒီထဲကမွ ျဖစ္ပြားမႈႏွဳန္းျမင့္တက္လာေနတဲ့ အသည္းကင္ဆာအေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။ အသည္းကင္ဆာဆိုတာ ဘယ္ႏွစ္မ်ိဳးရွိလဲ?

အသည္းကင္ဆာဆိုတာမေျပာခင္မွာ အသည္းမွာကင္ဆာျဖစ္ဖို႔(၂)မ်ိဳးရွိတယ္ဆိုတာ အရင္ေျပာခ်င္ပါတယ္၊၊ အသည္းရဲ႕ဆဲလ္ေတြကိုယ္၌က စတဲ့ကင္ဆာနဲ႕ အျခားကင္ဆာမ်ားမွကင္ဆာဆဲလ္မ်ားျပန္႕ႏွံ႕ၿပီးအသည္းဆီကိုေရာက္လာလို႔ျဖစ္တဲ့ကင္ဆာဆိုၿပီး ရွိပါတယ္။ ဒီမွာေတာ့ အသည္းကေနျဖစ္တဲ့ကင္ဆာ(HCC-hepatocellular carcinoma)အေၾကာင္းကိုပဲ ေျပာမွာျဖစ္ပါတယ္။

ဘယ္အရာေတြက အသည္းကင္ဆာ(HCC)ကို ျဖစ္ေစသလဲ?

အသည္းကင္ဆာဟာ နာတာရွည္အသည္းေရာဂါတစ္ခုခုရွိေနသူေတြ(သို႕)အသည္းေျခာက္ၿပီးသားလူေတြမွာပဲအေတြ႕မ်ားပါတယ္။ဘယ္လိုေရာဂါအခံရွိတဲ့လူေတြလဲဆိုရင္-

၁)အသည္းေရာင္အသားဝါ ဘီပိုး/စီပိုး ရွိသူေတြ။

၂)အရက္အလြန္အကၽြံေသာက္သူေတြ။

၃)အသည္းအဆီဖံုး/ေရာင္ ေရာဂါရွိသူေတြ(Non alcoholic fatty liver disease/Non alcoholic steatohepatitis)

၄)အဝလြန္တဲ့လူေတြနဲ႕ ဆီးခ်ဳိသမားေတြပဲ ျဖစ္ပါတယ္။

ဘယ္ေနရာေတြမွာအျဖစ္မ်ားလဲ?

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြနဲ႕စာရင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာပိုၿပီးအျဖစ္မ်ားလာပါတယ္။ဒါ့အျပင္ အာရွနဲ႕အာဖရိကမွာ အသည္းကင္ဆာျဖစ္ပြားမႈႏွဳန္းဟာတရိပ္ရိပ္တက္လာေနပါတယ္။ကၽြန္ေတာ္တို႕ ႏိုင္ငံအတြက္လဲ စိုးရိမ္စရာပါ၊၊ အဓိကကေတာ့ ကူးစက္ေရာဂါေတြျဖစ္တဲ့ အသည္းေရာင္အသားဝါ ဘီပိုး/စီပိုးရယ္၊ အရက္ေသာက္သံုးမွဳျမင့္မားတာရယ္၊က်န္းမာေရးနဲ႕မညီၫြတ္တဲ့စားေသာက္ေနထိုင္မွဳပံုစံရယ္ အဝလြန္တာေတြေၾကာင့္ရယ္ျဖစ္ပါတယ္။

ေရာဂါလကၡဏာေတြက ဘာေတြလဲ?

အဓိကအသည္းေျခာက္ၿပီးမွျဖစ္တာေၾကာင့္ အသည္းေျခာက္ျခင္းမွာျဖစ္တဲ့လကၡဏာေတြအျပင္ ညာဘက္ဗိုက္အေပၚဘက္ျခမ္းေအာင့္ျခင္း၊အေၾကာင္းရင္းတစ္စံုတစ္ရာမရွိပဲ ကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္း၊အသား/မ်က္လံုးဝါျခင္း၊ေရဖ်ဥ္းစြဲျခင္း၊အလြယ္တကူေသြးေျခဥ/ေသြးထြက္ျခင္းတို႕ကိုလဲေတြ႕ရတတ္ပါတယ္။
အသည္းကင္ဆာျဖစ္မျဖစ္ကို ဘယ္လိုသိရမလဲ?

အသည္းအထူးကုႏွင့္ျပသၿပီး စမ္းသပ္စစ္ေဆးမႈခံယူျခင္း၊ေသြးစစ္ျခင္း(Alpha-fetoprotein) ၊Ultrasound ၊ MRI ၊ CT scan ႐ိုက္ျခင္းတို႕ျဖင့္ သိရွိႏိုင္ပါတယ္။

အသည္းကင္ဆာကို ဘယ္လိုကုသမလဲ?

ကုသမႈနည္းလမ္းေတြအမ်ားႀကီးရွိေပမယ့္ အဓိကက အသည္းအစားထိုးကုသမႈဟာ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ ကုသဖို႕အရမ္းခက္ခဲတာေၾကာင့္ မျဖစ္ေအာင္ႀကိဳတင္ကာကြယ္ျခင္းဟာ အသည္းကင္ဆာမွာအရမ္းကိုအေရးပါတဲ့ကဏၰျဖစ္ပါတယ္။

အသည္းကင္ဆာမျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ?

၁)အသည္းေရာင္အသားဝါ ဘီပိုး/စီပိုး ကူးစက္မခံရေအာင္ ေနထိုင္ျခင္း၊ အသည္းေရာင္အသားဝါဘီပိုးကာကြယ္ေဆးထိုးျခင္း။

၂)အရက္ျဖတ္ျခင္း။

၃)အာဟာရျပည့္ဝ၍ က်န္းမာေရးႏွင့္ညီၫြတ္ေသာ အစားအစာမ်ားကိုသာစားသံုးျခင္း။

၄)အသည္းကိုအဆိပ္အေတာက္ျဖစ္ေစႏိုင္ေသာ အရာမ်ားကိုေရွာင္ျခင္း။

၅)အဝမလြန္ေအာင္ ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္း တို႕ျဖင့္ အသည္းကိုကာကြယ္ႏိုင္ပါေၾကာင္းေျပာၾကားရင္းနဲ႕ပဲ အဆံုးသတ္လိုက္ပါတယ္။

အားလံုးပဲ က်န္းမာခ်မ္းသာၾကပါေစ။

drye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…