ပါဝင်သောဆေး-L isoleucine, L leucine, L valine
ဆေးပုံစံ-ဆေးထုပ်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- အသည်းခြောက်သူများတွင် လုံလောက်စွာ စားသုံးသော်လည်း အသားဓာတ်ကျဆင်းနေသူများတွင် အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- ၁ ထုပ် တစ်နေ့ ၃ ကြိမ်။
အစာနှင့်စားရန်သင့်မသင့်- အစားစားပြီးသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ မွေးရာပါ အသားဓာတ်ဇီဝဖြိုခွဲစဉ်တွင် ပြဿနာရှိသူများ၊ ဆီးထဲတွင် အသားဓာတ်အနည်များပါသော မွေးရာပါ ရောဂါ maple syrup urine disease ရှိသူများ။
သတိပြုရမည့်အချက်များ- ရောဂါကျွမ်းနေသော အသည်းခြောက်နေသူများ၊ အသည်းဓာတ်များကာ ဦးနှောက်ထိ၍ သတိမော့နေသူများ၊ သွေးတွင်းအဝါဓာတ် ၃ mg/dl ထက်များနေသူများ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းနေသူများတွင် မသုံးသင့်ပါ။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးနှင့် အသက်ကြီးသူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဗိုက်ဖောင်းခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းချုပ်ခြင်း။
ဒေါက်တာချို(ဆေး ၁)