ခန္ဓာကိုယ်က မလိုလားတဲ့ အဆီတွေကို ဘယ်လိုမြန်မြန်ဖယ်ရှားမလဲ?
ခန္ဓာကိုယ်ရဲ့ ရှိသင့်တဲ့နေရာတွေမှာ အလုံးအထည် အချိုးအဆစ်လေးတွေ ပိုင်ဆိုင်ထားရင် ဘာဝတ်ဝတ် ကြည့်ကောင်းနေမှာ အမှန်ပါပဲ
ဒါပေမယ့် မလိုလားတဲ့နေရာတွေမှာ အဆီတွေပိုလျှံလာပြီဆိုရင်တော့ အဲ့အဆီတွေက ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးမှာအမှန်ပါပဲ ဘယ်လောက်ဝိတ်ချချ အဆီတွေက ပျောက်မသွားပဲ ပိုပိုဆိုးလာလို့ ငွေကုန်လူပန်းပြီး စိတ်ဓာတ်ကျလာပြီဆိုရင်တော့ liposuction လို့ခေါ်တဲ့ ခေတ်မှီနည်းပညာနဲ့ အဆီတွေ ဖယ်ရှားစုပ်ထုတ်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။
Liposuction ဆိုတာ- ကုသမှုနည်းတွေအများကြီးရှိပေမယ့် လွယ်လွယ်ရှင်းပြရရင်တော့ ကိုယ်အဆီစုပ်ထုတ်ချင်တဲ့နေရာကို အပေါက်သေးသေးလေးဖောက်ပြီး အပ်သေးသေးလေး ဒါမှမဟုတ် ပိုက်သေးသေးလေးထည့်ပြီး စက်နဲ့စုတ်ထုတ်တာပဲ ဖြစ်ပါတယ်
ကုသမှုခံယူနေတုန်း မနာမကျင်အောင်လို့ အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်က ထုံဆေးဒါမှမဟုတ် မေ့ဆေးအသုံးပြုပြီး ကုသပေးတာပါ
အဆီစုတ်ထုတ်ချင်တဲ့နေရာနဲပြီး သေးရင်တော့ ဆေးရုံတက်စရာမလိုပဲ ကုသမှုပြီးတာနဲ အိမ်တန်းပြန်လို့ရပါတယ် ပမာဏများပြီး ကြီးရင်တော့ ရက်အနည်းငယ် ဆေးရုံတက်ဖို့ လိုအပ်မှာပါ
ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ ကုသလို့ရလဲဆိုရင်
- ပေါင်နားတစ်ဝိုက်မှ အဆီများ
- တင်ပါးနဲ့တင်ပါးနားတစ်ဝိုက်
- ဗိုက်အဆီ
- ခါးအဆီ
- လက်မောင်းအဆီ
- ကျောပြင်က အဆီများ
- ဒူးခေါင်းအနောက်ဖက်က အဆီများ
- ရင်သားတစ်ဝိုက် အဆီများ
- လည်ပင်းနားက အဆီများ
- ခြေထောက်အောက်ပိုင်း အဆီများ
Liposuction ရဲ့အားသာချက်တွေကတော့
ကုသမှုတစ်ကြိမ်ထဲနဲ့ ထိရောက်မှုရှိပြီး ကိုယ်လိုချင်တဲ့နေရာကို ကုသမှုခံယူလို့ရပါတယ်
တစ်ကြိမ်ထဲနဲ့ ခန္ဓာကိုယ်မှာ ကိုယ်စုတ်ထုပ်ချင်တဲ့ နေရာတွေကို တစ်ပြိုင်ထဲ လုပ်လို့ရပါတယ်
သက်တောင့်သက်သာရှိပြီး ထိရောက်မှုရှိတဲ့ ကုသမှုလဲဖြစ်ပါတယ်
ကျွမ်းကျင်တဲ့ အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်ကိုတော့ သေချာလေးရွေးချယ်ဖို့ လိုအပ်ပါတယ်နော်
ကုသမှုခံယူပြီးချိန်မှာတော့ နဲနဲယောင်ပြီး သွေးခြေဥတာလေးတွေ နဲနဲနာတာလေးတွေဖြစ်တတ်ပါတယ်
ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေ ဆက်သောက်ဖို့နဲ့ ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့တော့ လိုအပ်ပါတယ်
ရက်အနည်းငယ်ကြာရင်တော့ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်လို့ ရနေပါပြီ
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ။
ရွှန်းလဲ့ (ဆေး ၂)
ခႏၶာကိုယ္က မလိုလားတဲ႕ အဆီေတြကို ဘယ္လိုျမန္ျမန္ဖယ္ရွားမလဲ?
ခႏၶာကိုယ္ရဲ႕ ရွိသင့္တဲ႕ေနရာေတြမွာ အလံုးအထည္ အခ်ိဳးအဆစ္ေလးေတြ ပိုင္ဆိုင္ထားရင္ ဘာဝတ္ဝတ္ ၾကည့္ေကာင္းေနမွာ အမွန္ပါပဲ
ဒါေပမယ့္ မလိုလားတဲ႕ေနရာေတြမွာ အဆီေတြပိုလ်ွံလာျပီဆိုရင္ေတာ့ အဲ႕အဆီေတြက ၾကည့္ေကာင္းတဲ႕ ခႏၶာကိုယ္ကို ဖ်က္ဆီးမွာအမွန္ပါပဲ ဘယ္ေလာက္ဝိတ္ခ်ခ် အဆီေတြက ေပ်ာက္မသြားပဲ ပိုပိုဆိုးလာလို႕ ေငြကုန္လူပန္းျပီး စိတ္ဓာတ္က်လာျပီဆိုရင္ေတာ့ liposuction လို႕ေခၚတဲ႕ ေခတ္မွီနည္းပညာနဲ႕ အဆီေတြ ဖယ္ရွားစုပ္ထုတ္တဲ႕ ကုသမႈကို ခံယူသင့္ပါတယ္။
Liposuction ဆိုတာ- ကုသမႈနည္းေတြအမ်ားၾကီးရွိေပမယ့္ လြယ္လြယ္ရွင္းျပရရင္ေတာ့ ကိုယ္အဆီစုပ္ထုတ္ခ်င္တဲ႕ေနရာကို အေပါက္ေသးေသးေလးေဖာက္ျပီး အပ္ေသးေသးေလး ဒါမွမဟုတ္ ပိုက္ေသးေသးေလးထည့္ျပီး စက္နဲ႕စုတ္ထုတ္တာပဲ ျဖစ္ပါတယ္
ကုသမႈခံယူေနတုန္း မနာမက်င္ေအာင္လို႕ အလွအပဆိုင္ရာ ခြဲစိတ္ဆရာဝန္က ထံုေဆးဒါမွမဟုတ္ ေမ့ေဆးအသံုးျပဳျပီး ကုသေပးတာပါ
အဆီစုတ္ထုတ္ခ်င္တဲ႕ေနရာနဲျပီး ေသးရင္ေတာ့ ေဆးရံုတက္စရာမလိုပဲ ကုသမႈျပီးတာနဲ အိမ္တန္းျပန္လို႕ရပါတယ္ ပမာဏမ်ားျပီး ၾကီးရင္ေတာ့ ရက္အနည္းငယ္ ေဆးရံုတက္ဖို႕ လိုအပ္မွာပါ
ခႏၶာကိုယ္ရဲ႕ ဘယ္ေနရာေတြမွာ ကုသလို႔ရလဲဆိုရင္
- ေပါင္နားတစ္ဝိုက္မွ အဆီမ်ား
- တင္ပါးနဲ႕တင္ပါးနားတစ္ဝိုက္
- ဗိုက္အဆီ
- ခါးအဆီ
- လက္ေမာင္းအဆီ
- ေက်ာျပင္က အဆီမ်ား
- ဒူးေခါင္းအေနာက္ဖက္က အဆီမ်ား
- ရင္သားတစ္ဝိုက္ အဆီမ်ား
- လည္ပင္းနားက အဆီမ်ား
- ေျခေထာက္ေအာက္ပိုင္း အဆီမ်ား
Liposuction ရဲ႕အားသာခ်က္ေတြကေတာ့
ကုသမႈတစ္ၾကိမ္ထဲနဲ႕ ထိေရာက္မႈရွိျပီး ကိုယ္လိုခ်င္တဲ႕ေနရာကို ကုသမႈခံယူလို႔ရပါတယ္
တစ္ၾကိမ္ထဲနဲ႕ ခႏၶာကိုယ္မွာ ကိုယ္စုတ္ထုပ္ခ်င္တဲ႕ ေနရာေတြကို တစ္ျပိဳင္ထဲ လုပ္လို႕ရပါတယ္
သက္ေတာင့္သက္သာရွိျပီး ထိေရာက္မႈရွိတဲ႕ ကုသမႈလဲျဖစ္ပါတယ္
က်ြမ္းက်င္တဲ႕ အလွအပဆိုင္ရာ ခြဲစိတ္ဆရာဝန္ကိုေတာ့ ေသခ်ာေလးေရြးခ်ယ္ဖို႕ လိုအပ္ပါတယ္ေနာ္
ကုသမႈခံယူျပီးခ်ိန္မွာေတာ့ နဲနဲေယာင္ျပီး ေသြးေျခဥတာေလးေတြ နဲနဲနာတာေလးေတြျဖစ္တတ္ပါတယ္
ဆရာဝန္ ညႊန္ၾကားတဲ႕ေဆးေတြ ဆက္ေသာက္ဖို႕နဲ႕ ညႊန္ၾကားတဲ႕အတိုင္း လိုက္နာဖို႕ေတာ့ လိုအပ္ပါတယ္
ရက္အနည္းငယ္ၾကာရင္ေတာ့ ပံုမွန္အတိုင္း အလုပ္ျပန္လုပ္လို႕ ရေနပါျပီ
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ။
ရႊန္းလဲ႕ (ေဆး ၂)