Lipoma(အဆီကျိတ်)
အဆီကျိတ်ဆိုတာနဲ့အကျိတ်ကင်ဆာတို့ကိုဖြစ်နေမလားဆိုပြီးစိုးရိမ်စိတ်တွေကြီးစိုးနေမှာဆိုးလို့အဆီကျိတ်ခေါ်(Lipoma)အကြောင်းကိုကျန်းမာရေးအသိအမြင်ဖြင့်ရေးသားပေးလိုက်ပါသည်။ဆေးခန်းတွေမှာလူနာများခဏခဏမှားတတ်ကြတဲ့ဆရာ ကျွန်တော်/ကျွန်မတို့ခန္ဓာကိုယ်မှာအလုံးအကျိတ်ပေါ်လာတယ်ဆိုပြီးလာပြတတ်ကြပါတယ်။များသောအားဖြင့်အဆီကျိတ်ခေါ်(lipoma)များသာဖြစ်တတ်ကြပါသည်။အဆီကျိတ်ဆိုသည်မှာပိုလျှံနေသောပုံမှန်မဟုတ်သောအဆီများကခန္ဓာကိုယ်မှာဆူထွက်လာတဲ့အဆီခဲ သာဖြစ်ပါသည်။ပုံမှန်အားဖြင့်တော့နောက်ကျောအပါ်ပိုင်း /ပုခုံးနှင့်ဝမ်းဗိုက်တို့မှာအများဆုံးတွေ့ရတတ်ပါသည်။တချို့တွေကျတော့လည်းလက်မောင်း လက်ဖျံတို့မှာပေါ်လာတာတွေ့ရပါတယ်။
မေး=အဆီကျိတ်ကနာပါသလား။
ဖြေ=အဆီကျိတ်ကနာတာအင်မတန်မှရှားပါတယ်။ဒါပေမဲ့တခါတလေတော့နာတတ်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့အာရုံကြောအပေါ် သွေးကြောအပေါ်မှရှိနေတယ်ဆိုရင်ဖြင့်နာနိူင်ပါသည်။
မေး=အဆီကျိတ်ကိုဘယ်လိုမျိုးသိနိူင်ပါမည်နည်း။
ဖြေ=အဆီကျိတ်ဟာအဝိုင်းသို့မဟုတ်ဘဲဥပုံစံလေးဖြစ်ပြီးအရွယ်အစားက ၅ဆင်တီမီတာအောက်သာဖြစ်ပါသည်။နာကျင်မှုမရှိပါဘူး။ ပျော့ပျော့လေးနဲ့ခဲမနေပဲလှုပ်လို့ရပါတယ်။
မေး=အဆီကျိတ်ကအရမ်းကြီးထွားနိူင်ပါသလား။
ဖြေ=အဆီကျိတ်ကရောဂါလက္ခဏာမရှိပဲဖြေးဖြေးချင်းကြီးထွားနိူင်ပါသည်။ပုံမှန်အားဖြင့်တော့၅ဆင်တီမီတာအောက်သာရှိပါသည်။
မေး=အဆီကျိတ်မှကင်ဆာသို့ပြောင်းနိူင်ပါသလား။
ဖြေ=အဆီကျိတ်ဟာကင်ဆာရောဂါတော့မဟုတ်ပါ။ကင်ဆာဖြစ်နိူင်ခြေအင်မတန်မှနည်းပါးပါတယ်။သို့သော်လည်းအဆီကျိတ်ကလျင်လျင်မြန်မြန်ကြီးထွားလာပြီးနာကျင်ကိုက်ခဲလာမည်ဆိုပါကနီးစပ်ရာဆရာဝန်နဲ့ပြကြည့်ပြီးအသားစ(biopsy)ယူကာစစ်ဆေးသင့်ပါသည်။
မေး=အဆီကျိတ်ကအမြဲရှိနေနိူင်ပါသလား။
ဖြေ=ရှိနေနိူင်ပါသည်။ခွဲစိတ်ဖယ်ရှားခြင်းမရှိပါကရှိနေနိူင်ပါသည်။ပုံမှန်အားဖြင့်တော့အဆီကျိတ်ဟာအန္တရာယ်မရှိပါဘူး။အဆီကျိတ်ကိုပုံမှန်အားဖြင့်အစောပိုင်းကပြောပြထားသလိုအာရုံကြောတို့သွေးကြောတို့ပေါ်မှာဖိနေလို့နာကျင်တဲ့အခါနှင့် အလှအပရေးရာတွင်အဟန့်အတားဖြစ်နေတဲ့အခါများတွင်သာခွဲစိတ်ဖယ်ရှားပစ်တတ်ကြပါသည်။အဆီကျိတ်ကိုယခုအခါခွဲစိတ်ဖယ်ရှားခြင်းအပြင် steroid ခေါ်ဆေးတစ်မျိုးကိုထိုးပေးခြင်းနှင့်liposuctionခေါ် အဆီကျိတ်မှအဆီများကိုစုပ်ထုတ်ခြင်းတို့ဖြင့်လည်းကုသနိူင်ပါသည်။
မေး=အဆီကျိတ်မဖြစ်အောင်ဘယ်လိုကာကွယ်ရမည်နည်။
ဖြေ=သင့်တင့်မျှတပြီးအာဟာရပြည့်ဝတဲ့အစားအစာများကိုစားသုံးပေးခြင်း အသား/ငါးများကိုလျော့စားခြင်း အဆီများသောအသားဟင်းများကိုရှောင်စားခြင်း အရက်သေစာသောက်သုံးခြင်းကိုရှောင်ခြားခြင်းနှင့် သင့်တင့်သောအားကစားကိုပြုလုပ်ပေးခြင်းတို့ကိုပြုလုပ်ခြင်းတို့ဖြင့်ကာကွယ်နိူင်ပါသည်။
ကျန်းမာ၍ပျော်ရွှင်ကြပါစေ။
Dr Arkar Myo Thant
Lipoma(အဆီက်ိတ္)
အဆီက်ိတ္ဆိုတာန့ဲအက်ိတ္ကင္ဆာတို့ကိုျဖစ္ေနမလားဆိုျပီးစိုးရိမ္စိတ္ေတြျကီးစိုးေနမွာဆိုးလို့အဆီက်ိတ္ေခၚ(Lipoma)အေျကာင္းကိုက်န္းမာေရးအသိအျမင္ျဖင့္ေရးသားေပးလိုက္ပါသည္။ေဆးခန္းေတြမွာလူနာမ်ားခဏခဏမွားတတ္ျကတ့ဲဆရာ က်ြန္ေတာ္/က်ြန္မတို့ခႏၶာကိုယ္မွာအလုံးအက်ိတ္ေပၚလာတယ္ဆိုျပီးလာျပတတ္ျကပါတယ္။မ်ားေသာအားျဖင့္အဆီက်ိတ္ေခၚ(lipoma)မ်ားသာျဖစ္တတ္ျကပါသည္။အဆီက်ိတ္ဆိုသည္မွာပိုလ်ွံေနေသာပုံမွန္မဟုတ္ေသာအဆီမ်ားကခႏၶာကိုယ္မွာဆူထြက္လာတ့ဲအဆီခဲ သာျဖစ္ပါသည္။ပုံမွန္အားျဖင့္ေတာ့ေနာက္ေက်ာအပၚပိုင္း /ပုခုံးႏွင့္ဝမ္းဗိုက္တို့မွာအမ်ားဆုံးေတြ႔ရတတ္ပါသည္။တခ်ိဳ႕ေတြက်ေတာ့လည္းလက္ေမာင္း လက္ဖ်ံတို့မွာေပၚလာတာေတြ႔ရပါတယ္။
ေမး=အဆီက်ိတ္ကနာပါသလား။
ေျဖ=အဆီက်ိတ္ကနာတာအင္မတန္မွရွားပါတယ္။ဒါေပမ့ဲတခါတေလေတာ့နာတတ္ပါတယ္။ဘယ္လိုမ်ိဳးလဲဆိုေတာ့အာရုံေျကာအေပၚ ေသြးေျကာအေပၚမွရွိေနတယ္ဆိုရင္ျဖင့္နာႏိူင္ပါသည္။
ေမး=အဆီက်ိတ္ကိုဘယ္လိုမ်ိဳးသိႏိူင္ပါမည္နည္း။
ေျဖ=အဆီက်ိတ္ဟာအဝိုင္းသို့မဟုတ္ဘဲဥပုံစံေလးျဖစ္ျပီးအရြယ္အစားက ၅ဆင္တီမီတာေအာက္သာျဖစ္ပါသည္။နာက်င္မႈမရွိပါဘူး။ ေပ်ာ့ေပ်ာ့ေလးန့ဲခဲမေနပဲလႈပ္လို့ရပါတယ္။
ေမး=အဆီက်ိတ္ကအရမ္းျကီးထြားႏိူင္ပါသလား။
ေျဖ=အဆီကိ်တ္ကေရာဂါလကၡဏာမရွိပဲေျဖးေျဖးခ်င္းျကီးထြားႏိူင္ပါသည္။ပုံမွန္အားျဖင့္ေတာ့၅ဆင္တီမီတာေအာက္သာရွိပါသည္။
ေမး=အဆီက်ိတ္မွကင္ဆာသို့ေျပာင္းႏိူင္ပါသလား။
ေျဖ=အဆီက်ိတ္ဟာကင္ဆာေရာဂါေတာ့မဟုတ္ပါ။ကင္ဆာျဖစ္ႏိူင္ေျခအင္မတန္မွနည္းပါးပါတယ္။သို့ေသာ္လည္းအဆီက်ိတ္ကလ်င္လ်င္ျမန္ျမန္ျကီးထြားလာျပီးနာက်င္ကိုက္ခဲလာမည္ဆိုပါကနီးစပ္ရာဆရာဝန္နဲ႔ျပျကည့္ျပီးအသားစ(biopsy)ယူကာစစ္ေဆးသင့္ပါသည္။
ေမး=အဆီက်ိတ္ကအျမဲရွိေနႏိူင္ပါသလား။
ေျဖ=ရွိေနႏိူင္ပါသည္။ခဲြစိတ္ဖယ္ရွားျခင္းမရွိပါကရွိေနႏိူင္ပါသည္။ပုံမွန္အားျဖင့္ေတာ့အဆီက်ိတ္ဟာအႏၱရာယ္မရွိပါဘူး။အဆီက်ိတ္ကိုပုံမွန္အားျဖင့္အေစာပိုင္းကေျပာျပထားသလိုအာရုံေျကာတို့ေသြးေျကာတို့ေပၚမွာဖိေနလို့နာက်င္တ့ဲအခါႏွင့္ အလွအပေရးရာတြင္အဟန့္အတားျဖစ္ေနတ့ဲအခါမ်ားတြင္သာခဲြစိတ္ဖယ္ရွားပစ္တတ္ျကပါသည္။အဆီက်ိတ္ကိုယခုအခါခဲြစိတ္ဖယ္ရွားျခင္းအျပင္ steroid ေခၚေဆးတစ္မ်ိဳးကိုထိုးေပးျခင္းႏွင့္liposuctionေခၚ အဆီက်ိတ္မွအဆီမ်ားကိုစုပ္ထုတ္ျခင္းတို့ျဖင့္လည္းကုသႏိူင္ပါသည္။
ေမး=အဆီက်ိ္တ္မျဖစ္ေအာင္ဘယ္လိုကာကြယ္ရမည္နည္။
ေျဖ=သင့္တင့္မ်ွတျပီးအာဟာရျပည့္ဝတ့ဲအစားအစာမ်ားကိုစားသုံးေပးျခင္း အသား/ငါးမ်ားကိုေလ်ာ႔စားျခင္း အဆီမ်ားေသာအသားဟင္းမ်ားကိုေရွာင္စားျခင္း အရက္ေသစာေသာက္သုံးျခင္းကိုေရွာင္ျခားျခင္းႏွင့္ သင့္တင့္ေသာအားကစားကိုျပုလုပ္ေပးျခင္းတို့ကိုျပုလုပ္ျခင္းတို့ျဖင့္ကာကြယ္ႏိူင္ပါသည္။
က်န္းမာ၍ေပ်ာ္ရြွင္ျကပါေစ။
Dr Arkar Myo Thant