ကိုယ်ဝန်ဆောင် မိခင်လောင်းတို့နှင့် ဆောင်းရာသီ

ဆောင်းရာသီဟာ ခြောက်သွေ့ပြီးထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတာကြောင့် နေထိုင်ရတာ မအီမသာဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်လောင်းလေးတွေအတွက် ဆောင်ရန်ရှောင်ရန် လမ်းညွှန်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ။

အေးမြတဲ့ ပတ်ဝန်းကျင်ကြောင့် ဆောင်းတွင်းမှာ ရေအလုံအလောက်သောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ တကယ်တော့ ခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ ရေဓာတ်ပိုလိုအပ်နေတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနှင့် မိခင်ရောကလေးပါ ရေဓာတ်လုံလောက်ဖို့ ပုံမှန်ထက် ရေပိုသောက်ဖို့လိုပါတယ်။

၂။ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားပါ။

မုန့်ပဲသရေစာနှင့် အသင့်စားသုံးရန်မုန့်တွေချည်း စားသုံးခြင်းကိုရှောင်ပါ။ ရောဂါကာကွယ်ဖို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွေအပြင် အာဟာရဓာတ် ပြည့်ဝဖို့ အသား၊ငါး၊ ပဲ နှင့် ဥအမျိုးမျိုးကို အချိုးကျစားသုံးသင့်ပါတယ်။ မိခင်ရောကလေးပါ ကျန်းမာဖို့ ကိုယ်ဝန်ဆောင်အားဆေးများလည်း သောက်သုံးသင့်ပါတယ်။

၃။ လူထူထပ်သောနေရာများ သွားခြင်းကိုရှောင်ပါ။

အေးချမ်းတဲ့ ရာသီဥတုနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းဟာ မလိုလားအပ်တဲ့ ဖျားနာခြင်းတွေ နှာစေးချောင်းဆိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းနဲ့ ကိုယ်ခန္ဓာ အပြောင်းအလဲတွေကြောင့် နုနယ်ပြီး ဖျားနာခြင်းတွေ ပိုမိုဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် အေးခဲတဲ့ရာသီဥတုမှာ အချိန်ကြာမြင့်စွာ အပြင်ထွက်ခြင်းကို ရှောင်ပါ။

၄။ ဆေးဝါးများသောက်သုံးခြင်းကို သတိရှိပါ။

ကိုယ်ဝန်ဆောင်စဉ် ဖျားနာခြင်းများဖြစ်ခဲ့လျှင် မိမိဘာသာ ဆေးဝါးများ သောက်သုံးခြင်း မပြုသင့်ပါဘူး။ အချို့ဆေးဝါးများဟာ မွေးဖွားလာမယ့် ကလေးပေါ်မှာ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ဖျားနာလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ ဆေးဝါးများသောက်သုံးသင့်ပါတယ်။

၅။ အစိုဓာတ်ထိန်းလိမ်းဆေး(Moisturizer) သုံးပါ။

ဆောင်းရာသီမှာ ရာသီဥတုဟာ ခြောက်သွေ့လေ့ရှိတာကြောင့် အသားပတ်ခြင်း၊ ခြေဖနောင့်ကွဲခြင်းတွေ ဖြစ်လေ့ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ခြေဖနောင့်အက်ကွဲခြင်းတွေ ပိုဖြစ်တတ်ပြီး လမ်းလျှောက်စဉ် သာမန်လူတွေထက် အခက်အခဲ ပိုဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ခြေဖနောင့်ကွဲခြင်းတွေ အသားပတ်ခြင်းတွေ ကာကွယ်ဖို့နဲ့ သက်သာစေဖို့ အစိုဓာတ်ထိန်းလိမ်းဆေး Moisturizer အသုံးပြုနိုင်ပါတယ်။

၆။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားများ ရွေးချယ်ဝတ်ဆင်ပါ။

ကိုယ်ဝန်ဆောင်စဉ် ကျပ်တည်းတဲ့ အဝတ်အစားများကြောင့် မအီမသာဖြစ်ပြီး နေထိုင်ရ ကျဉ်းကြပ်စေပါတယ်။ ဒါကြောင့် ပွပွချောင်ချောင် အဝတ်အစားများ ရွေးချယ်ဝတ်ဆင်ပါ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်မှာ အသားအရေဟာ ယခင်ထက် နူးညံ့နေတတ်ပါတယ်။ တစ်ခါတစ်ရံ သိုးမွှေးနဲ့ပြုလုပ်ထားတဲ့ အဝတ်အစားများဟာ နူးညံ့တဲ့ အသားအရေကို ပွန်းစေတတ်ပါတယ်။ ထို့ကြောင့် ကြမ်းရှတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ရှောင်ပါ။ ခြေဖဝါး လက်ဖဝါးများ အေးခြင်းကို သက်သာစေရန် ခြေအိတ်လက်အိတ်များ စွပ်နိုင်ပါတယ်။

၇။ မိမိဘာသာ ကာကွယ်ပါ။

ပြင်ပရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကလေးငယ်လေး ကျန်းမာသန်စွမ်းဖို့ မိခင်ကိုယ်တိုင် ကျန်းမာနေဖို့ လိုအပ်တာကြောင့် မိမိကိုယ်ကို ဂရုစိုက်သင့်ပါတယ်။ ထမင်းမစားမီ၊ ရေအိမ်ဝင်ပြီးချိန်နှင့် အညစ်အကြေးများနှင့် ထိတွေ့ပြီးတိုင်း လက်များကို ဆေးကြောသန့်စင်ပါ။ ရေမရှိသော အရပ်ဒေသများဖြစ်ပါက hand sanitizer အသုံးပြုနိုင်ပါတယ်။ ဖျားနာသောသူများနှင့် အနီးကပ်ဆက်ဆံခြင်းမှလည်းရှောင်ပါ။ ကိုယ်ဝန်ဆောင်စဉ် လုံလောက်စွာ အိပ်စက်အနားယူရန်လည်း လိုအပ်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင်ရည်(ဆေး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…