ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဆောင်ရန်ရှောင်ရန် အဖြာဖြာ

ချစ်သူစုံတွဲ လင်မယားတွေကြားမှာ ရင်သွေးလေးပိုင်ဆိုင်ရတော့မယ့် အချိန်ဟာ စိတ်လှုပ်ရှားစရာ အချိန်တစ်ခုပဲဖြစ်ပါတယ်။ မိမိတို့ သားသမီး ရတနာလေး ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ ဝမ်းဗိုက်ထဲမှာ ရှိစဉ်အခါတည်းက ဂရုစိုက်သင့်ပါတယ်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားပါ။

✔ သံဓာတ်(iron) ကယ်ဆီယမ်(calcium) နှင့် ဖောလစ်အက်ဆစ်(folic acid) ပေါကြွယ်ဝတဲ့ အစားအစာတွေ စားသုံးသင့်ပါတယ်။ ဒီအာဟာရဓာတ်တွေဟာ ဗိုက်ထဲမှာ ကြီးထွားလာမယ့် ကလေးအတွက် အရေးကြီးပါတယ်။

-သံဓာတ်ပေါကြွယ်ဝသည့် အစားအစာများ- အနီရောင်ရှိသောအသားများ(အမဲသား၊ ဆိတ်သား)၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ(ဟင်းနုနွယ်၊ ကန်စွန်းရွက်)

-Calcium ကယ်ဆီယမ်ဓာတ်ကတော့ နို့၊ ချိပ်စ်၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများမှာ အများဆုံး ပါဝင်ပါတယ်။

-Folic acid ဖောလစ်အက်ဆစ်ဓာတ်ကို ဆန်လုံးညို၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေမှာ အဓိက ပါဝင်ပါတယ်။

✔တစ်နေ့တာ အစားအသောက်ထဲမှာ ကစီဓာတ်၊ အသားဓာတ်နဲ့ အမျှင်ဓာတ် ပါတဲ့ အစားအစာအုပ်စု ၃ခုလည်း ညီညွတ်မျှတစွာ ပါဝင်သင့်ပါတယ်။

– ကစီဓာတ် ( အင်အားဖြစ်စေသော အစားအစာများ)➳ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး

-အသားဓာတ်( ကြီးထွားဖွံ့ဖြိုးစေသော အစားအစာအုပ်စု) ➳ အသားနှင့် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး

-အမျှင်ဓာတ် (ရောဂါကာကွယ်သော အစားအစာအုပ်စု) ➳ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ

✔ ကိုယ်ဝန်ဆောင်တွေမှာ မိမိတို့ သန္ဓေသားလေးကို ဘေးဥပါဒ် မဖြစ်စေဖို့ အောက်ပါ အစားအသောက်တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

-အသားစိမ်း၊ ငါးစိမ်းများ

-အမှည့်လွန်နေသော အသီးများ

-ပိုးသတ်ထားခြင်း မရှိသော သို့ ကောင်းမွန်စွာ ကြိုချက်ထားခြင်း မရှိသော နို့များ

-ကောင်းမွန်စွာ ချက်ပြုတ်ထားခြင်း မရှိသော အသားနှင့် ဥများ

-ငါးမန်း၊ ကြယ်ငါး ကဲ့သို့ ပင်လယ်ငါးများ

-ကော်ဖီ၊ လ္ဘက်ရည် အလွန်အကျွံ သောက်သုံးခြင်း

၂။ ကိုယ်ဝန်ဆောင်စဉ် ဆေးဝါးများ သောက်သုံးမှု သတိပြုပါ။

✔ Paracetamol- ကိုယ်ဝန်ဆောင်စဉ် ခေါင်းကိုက်ခြင်း၊ ခါးနာခြင်းနှင့် ကိုယ်ခန္ဓာ ကိုက်ခဲမှုများအတွက် Paracetamol 500mg ၁ပြားကို စိတ်ချစွာသောက်သုံးနိုင်ပါတယ်။

✔ အခြားသော အကိုက်အခဲပျောက်ဆေးများ (ဥပမာ- Ibuprofen) သည် သန္ဓေသားလေးကို ဘေးဥပါဒ် ဖြစ်စေနိုင်လို့. ကိုယ်ဝန်ဆောင်စဉ် ပုံမှန်အားဖြင့် မသုံးစွဲသင့်ပါ။

✔ ဝမ်းနှုတ်ဆေး(laxatives) – ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းများအတွက် ဝမ်းနှုတ်ဆေးများအစား အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်နှင့် ရေများများသောက်သင့်တယ်။ မသက်သာပါက သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားသော ဝမ်းမှန်ဆေး သို့ ဝမ်းနှုတ်ဆေးသာ သောက်ပါ။

✔ ကိုယ်ဝန်မရှိမီ မိမိပုံမှန်မှီဝဲနေသော ဆေးဝါးများရှိလျှင် ကိုယ်ဝန်နှင့်သင့်တော်ခြင်း ရှိ၊မရှိ ဆက်လက်သောက်သုံးရန် သင့်၊မသင့် ဆရာဝန်နှင့် မေးမြန်းဆွေးနွေးသင့်ပါတယ်။

✔ folic acid(ဖောလစ်အက်ဆစ်)- ရင်သွေးရတနာ ယူရန် ရည်ရွယ်ချက်ရှိပါက folic acid ဆေးကို ကိုယ်ဝန်မရှိမီကပင် စတင်သောက်သုံးသင့်ပါတယ်။ ကြိုတင်မမျှော်လင့်ထားသော ကိုယ်ဝန်ဖြစ်ပါက ကိုယ်ဝန်ရှိသည်ဟု စသိရသည့်အချိန်မှစ၍ folic acid ကို နေ့စဉ် ပုံမှန်သောက်သုံးပါ။ မိခင် folic acid ဓာတ်ချို့တဲ့မှုကြောင့် မွေးဖွားလာမည့် ကလေးတွင် ဦးနှောက်နှင့် ကျောရိုးမဆိုင်ရာ မွေးရာပါ ချို့ယွင်းမှုများမှ ကာကွယ်ရန်ဖြစ်သည်။

✔ Vit-D ဖြည့်စွက်အားဆေး- ဝမ်းထဲရှိ ရင်သွေးငယ် ကြီးထွားဖွံဖြိုးမှုများ ကောင်းမွန်စေရန် Vit-D ဖြည့်စွက်အားဆေးများလည်း သောက်သုံးနိုင်ပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

– ဆေးလိပ်နှင့် ဆေးပေါ့လိပ်များ သောက်သုံးမှုက ဝမ်းထဲရှိ သန္ဓေသားကို များစွာ ထိခိုက်နိုင်လို့ ကိုယ်ဝန်ဆောင်မှ နို့တိုက်ချိန်အထိ ဆေးလိပ်သောက်ခြင်း ရှောက်ကြဉ်သင့်ပါတယ်။

၄။ အရက်သေစာ သောက်သုံးခြင်း

– ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းတွေမှာ အရက်သောက်သုံးခြင်းကလည်း မသင့်တော်ပါဘူး။ မိခင်အရက်သောက်လျှင် အရက်အနည်းငယ်သည် အချင်းမှတစ်ဆင့် ဝမ်းထဲရှိ သန္ဓေသားကို ရောက်ရှိနိုင်ပါတယ်။ သန္ဓေသားအဆင့်မှာ ကိုယ်ခန္ဓာထဲရောက်ရှိလာတဲ့ အရက်ကို ချေဖျက်နိုင်ခြင်း၊ စွန့်ထုတ်နိုင်ခြင်း စွမ်းရည် နည်းပါးနေပါသေးတယ်။ ဒါကြောင့် ဖွံဖြိုးမှုနှောင့်နှေးခြင်း၊ လမစေ့မီ မွေးဖွားခြင်း၊ ကိုယ်ကာယ ဖွံ့ဖြိုးမှု၊ ဉာဏ ဖွံဖြိုးမှု ပေါင်းစုံ ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်နုစဉ်(ပထမ၃လအတွင်း) အရက်သေစာ သောက်သုံးခြင်းကလည်း ကလေးပျက်ကျနိုင်ချေ ပိုများနိုင်ပါတယ်။

၅။ အန္တရာယ်ရှိတဲ့ အလုပ်အကိုင်များကို ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုပစ္စည်း၊ မီးခိုးငွေ့များ၊ ဓာတ်မှန်ရောင်ခြည်များ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း၊ လှုပ်ရှားမှုများလည်း ရှောင်ကြဉ်သင့်ပါတယ်။

၆။ ဒါတွေအပြင် အရေးကြီးတဲ့ အချက်တစ်ခုကတော့ တတ်နိုင်သမျှစောလျှင်စွာ တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ်ဆရာဝန် သို့ ဆရာမများနှင့် ဗိုက်အပ်ခြင်း၊ မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ၊ သွေးစစ်ခြင်းများ ပြုလုပ်ပြီး ကျန်းမာသော ကိုယ်ဝန်ဆောင်ကာလများကို ပိုင်ဆိုင်နိုင်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

ကိုယ္​ဝန္​​ေဆာင္​​ေမ​ေမတို႔အတြက္​ ​ေဆာင္​ရန္​​ေ႐ွာင္​ရန္​ အျဖာျဖာ

ခ်စ္​သူစံုတြဲ လင္​မယား​ေတြၾကားမွာ ရင္​​ေသြး​ေလးပိုင္​ဆိုင္​ရ​ေတာ့မယ္​့ အခ်ိန္​ဟာ စိတ္​လႈပ္​ရွားစရာ အခ်ိန္​တစ္​ခုပဲျဖစ္​ပါတယ္​။ မိမိတို႔ သားသမီး ရတနာ​ေလး က်န္​းက်န္​းမာမာနဲ႔ ​ေမြးဖြားႏိုင္​ဖို႔ ဝမ္​းဗိုက္​ထဲမွာ ရိွစဥ္​အခါတည္​းက ဂ႐ုစိုက္​သင္​့ပါတယ္​။

၁။ က်န္​းမာ​ေရးနဲ႔ ညီညြတ္​မ်ွတစြာ စားပါ။

✔ သံဓာတ္​(iron) ကယ္​ဆီယမ္​(calcium) ႏွင္​့ ​ေဖာလစ္​အက္​ဆစ္​(folic acid) ​ေပါႂကြယ္​ဝတဲ့ အစားအစာ​ေတြ စားသံုးသင္​့ပါတယ္​။ ဒီအာဟာရဓာတ္​​ေတြဟာ ဗိုက္​ထဲမွာ ႀကီးထြားလာမယ္​့ က​ေလးအတြက္​ အ​ေရးႀကီးပါတယ္​။

-သံဓာတ္​​ေပါႂကြယ္​ဝသည္​့ အစားအ​စာမ်ား- အနီ​ေရာင္​ရိွ​ေသာအသားမ်ား(အမဲသား၊ ဆိတ္​သား)၊ အစိမ္​း​ေရာင္​ ဟင္​းသီးဟင္​းရြက္​မ်ား(ဟင္​းႏုႏြယ္​၊ ကန္​စြန္​းရြက္​)

-Calcium ကယ္​ဆီယမ္​ဓာတ္​က​ေတာ့ ႏို႔၊ ခ်ိပ္​စ္​၊ ဒိန္​ခ်ဥ္​၊ ဒိန္​ခဲ စ​တဲ့ ႏို႔နဲ႔ႏို႔ထြက္​ပစၥည္​းမ်ားမွာ အမ်ားဆံုး ပါဝင္​ပါတယ္​။

-Folic acid ​ေဖာလစ္​အက္​ဆစ္​ဓာတ္​ကို ဆန္​လံုးညိဳ၊ အစိမ္​း​ေရာင္​ဟင္​းသီးဟင္​းရြက္​နဲ႔ ​အ​ေစ့အဆံ​ေတြမွာ အဓိက ပါဝင္​ပါတယ္​။

✔တစ္​​ေန႔တာ အစားအ​ေသာက္​ထဲမွာ ကစီဓာတ္​၊ အသားဓာတ္​နဲ႔ အမ်ွင္​ဓာတ္​ ပါတဲ့ အစားအစာအုပ္​စု ၃ခုလည္​း ညီၫြတ္​မ်ွတစြာ ပါဝင္​သင္​့ပါတယ္​။

– ကစီဓာတ္​ ( အင္​အားျဖစ္​​ေစ​ေသာ အစားအစာမ်ား)➳ ဆန္​၊ ဂ်ံဳ၊ ​ေျပာင္​း၊ အာလူး

-အသားဓာတ္​( ႀကီးထြားဖြံ႔ၿဖိဳး​ေစ​ေသာ အစားအစာအုပ္​စု) ➳ အသားႏွင္​့ ပဲအမ်ိဳးမ်ိဳး၊ ဥအမ်ိဳးမ်ိဳး

-အမ်ွင္​ဓာတ္​ (​ေရာဂါကာကြယ္​​ေသာ အစားအစာအုပ္​စု) ➳ လတ္​ဆတ္​​ေသာ ဟင္​းသီးဟင္​းရြက္​ႏွင္​့ အသီးအႏွံမ်ား

✔ ကိုယ္​ဝန္​​ေဆာင္​​ေတြမွာ မိမိတို႔ သ​ေႏၶသား​ေလး​ကို ​ေဘးဥပါဒ္​ မျဖစ္​​ေစဖို႔ ​ေအာက္​ပါ အစားအ​ေသာက္​​ေတြကို​ေတာ့ ​ေ႐ွာင္​ၾကဥ္​သင္​့ပါတယ္​။

-အသားစိမ္​း၊ ငါးစိမ္​းမ်ား

-အမွည္​့လြန္​​ေန​ေသာ အသီးမ်ား

-ပိုးသတ္​ထားျခင္​း မရိွ​ေသာ သို႔ ​ေကာင္​းမြန္​စြာ ႀကိဳခ်က္​ထားျခင္​း မရိွ​ေသာ ႏို႔မ်ား

-​ေကာင္​းမြန္​စြာ ခ်က္​ျပဳတ္​ထားျခင္​း မရိွ​ေသာ အသားႏွင္​့ ဥမ်ား

-ငါးမန္​း၊ ၾကယ္​ငါး ကဲ့သို႔ ပင္​လယ္​ငါးမ်ား

-​ေကာ္​ဖီ၊ လၻက္​ရည္​ အလြန္​အကၽြံ ​ေသာက္​သံုးျခင္​း

၂။ ကိုယ္​ဝန္​​ေဆာင္​စဥ္​ ​ေဆးဝါးမ်ား ​ေသာက္​သံုးမႈ သတိျပဳပါ။

✔ Paracetamol- ကိုယ္​ဝန္​​ေဆာင္​စဥ္​ ​ေခါင္​းကိုက္​ျခင္​း၊ ခါးနာျခင္​းႏွင္​့ ကိုယ္​ခႏၶာ ကိုက္​ခဲမႈမ်ားအတြက္​ Paracetamol 500mg ၁ျပားကို စိတ္​ခ်စြာ​ေသာက္​သံုးႏိုင္​ပါတယ္​။

✔ အျခား​ေသာ အကိုက္​အခဲ​ေပ်ာက္​​ေဆးမ်ား (ဥပမာ- Ibuprofen) သည္​ သ​ေႏၶသား​ေလး​ကို ​ေဘးဥပါဒ္​ ျဖစ္​​ေစႏိုင္​လို႔. ကိုယ္​ဝန္​​ေဆာင္​စဥ္​ ပံုမွန္​အားျဖင္​့ မသံုးစြဲသင္​့ပါ။

✔ ဝမ္​းႏႈတ္​​ေဆး(laxatives) – ကိုယ္​ဝန္​​ေဆာင္​စဥ္​ ဝမ္​းခ်ဳပ္​ျခင္​းမ်ားအတြက္​ ဝမ္​းႏႈတ္​​ေဆးမ်ားအစား အမ်ွင္​ဓာတ္​ပါ​ေသာ ဟင္​းသီးဟင္​းရြက္​ႏွင္​့ ​ေရမ်ားမ်ား​ေသာက္​သင္​့တယ္​။ မသက္​သာပါက သက္​ဆိုင္​ရာ ဆရာဝန္​ၫႊန္​ၾကား​ေသာ ဝမ္​းမွန္​​ေဆး သို႔ ဝမ္​းႏႈတ္​​ေဆးသာ ​ေသာက္​ပါ။

✔ ကိုယ္​ဝန္​မရိွမီ မိမိပံုမွန္​မီွဝဲ​ေန​ေသာ ​ေဆးဝါးမ်ားရိွလ်ွင္​ ကိုယ္​ဝန္​ႏွင္​့သင္​့​ေတာ္​ျခင္​း ရိွ၊မရိွ ဆက္​လက္​​ေသာက္​သံုးရန္​ သင္​့၊မသင္​့ ဆရာဝန္​ႏွင္​့ ​ေမးျမန္​း​ေဆြး​ေႏြးသင္​့ပါတယ္​။

✔ folic acid(​ေဖာလစ္​အက္​ဆစ္​)- ရင္​​ေသြးရတနာ ယူရန္​ ရည္​ရြယ္​ခ်က္​ရိွပါက folic acid ​ေဆးကို ကိုယ္​ဝန္​မရိွမီကပင္​ စတင္​​ေသာက္​သံုးသင္​့ပါတယ္​။ ႀကိဳတင္​​မ​ေမ်ွာ္​လင္​့ထား​ေသာ ကိုယ္​ဝန္​ျဖစ္​ပါက ကိုယ္​ဝန္​ရိွသည္​ဟု စသိရသည္​့အခ်ိန္​မွစ၍ folic acid ကို ​ေန႔စဥ္​ ပံုမွန္​​ေသာက္​သံုးပါ။ မိခင္​ folic acid ဓာတ္​ခ်ိဳ႕တဲ့မႈ​ေၾကာင္​့ ​ေမြးဖြားလာမည္​့ က​ေလး​တြင္​ ဦး​ေႏွာက္​ႏွင္​့ ​ေက်ာ႐ိုးမဆိုင္​ရာ ​ေမြးရာပါ ခ်ိဳ႕ယြင္​းမႈမ်ားမွ ကာကြယ္​ရန္​ျဖစ္​သည္​။

✔ Vit-D ျဖည္​့စြက္​အား​ေဆး- ဝမ္​းထဲရိွ ရင္​​ေသြးငယ္​ ႀကီးထြားဖြံၿဖိဳးမႈမ်ား ​ေကာင္​းမြန္​​ေစရန္​ Vit-D ျဖည္​့စြက္​အား​ေဆးမ်ားလည္​း ​ေသာက္​သံုးႏိုင္​ပါတယ္​။

၃။ ​ေဆးလိပ္​​ေသာက္​ျခင္​း

– ​ေဆးလိပ္​ႏွင္​့ ​ေဆး​ေပါ့လိပ္​မ်ား ​ေသာက္​သံုးမႈက ဝမ္​းထဲရိွ သ​ေႏၶသားကို မ်ားစြာ ထိခိုက္​ႏိုင္​လို႔ ကိုယ္​ဝန္​​ေဆာင္​မွ ႏို႔တိုက္​ခ်ိန္​အထိ ​ေဆးလိပ္​​ေသာက္​ျခင္​း ​ေ႐ွာက္​ၾကဥ္​သင့္​ပါတယ္​။

၄။ အရက္​​ေသစာ ​ေသာက္​သံုးျခင္​း

– ကိုယ္​ဝန္​​ေဆာင္​ထားတဲ့ မိခင္​​ေလာင္​း​ေတြမွာ အရက္​​ေသာက္​သံုးျခင္​းကလည္​း မသင္​့​ေတာ္​ပါဘူး။ မိခင္​အရက္​​ေသာက္​လ်ွင္​ အရက္​အနည္​းငယ္​သည္​ အခ်င္​းမွတစ္​ဆင္​့ ဝမ္​းထဲရိွ သ​ေႏၶသားကို ​ေရာက္​ရိွႏိုင္​ပါတယ္​။ သ​ေႏၶသားအဆင္​့မွာ ကိုယ္​ခႏၶာထဲ​ေရာက္​ရိွလာတဲ့ အရက္​ကို ​ေခ်ဖ်က္​ႏိုင္​ျခင္​း၊ စြန္​႔ထုတ္​ႏိုင္​ျခင္​း စြမ္​းရည္​ နည္​းပါး​ေနပါ​ေသးတယ္​။ ဒါ​ေၾကာင္​့ ဖြံၿဖိဳးမ​ႈ​ေႏွာင္​့​ေႏွးျခင္​း၊ လမ​ေစ့မီ ​ေမြးဖြားျခင္​း၊ ကိုယ္​ကာယ ဖံြ႔ၿဖိဳးမႈ၊ ဥာဏ ဖြံၿဖိဳးမႈ ​ေပါင္​းစံု ထိခိုက္​ႏိုင္​ပါတယ္​။ ကိုယ္​ဝန္​ႏုစဥ္​(ပထမ၃လအတြင္​း) အရက္​​ေသစာ​ ​ေသာက္​သံုးျခင္​းကလည္​း က​ေလးပ်က္​က်ႏိုင္​​ေခ် ပိုမ်ားႏိုင္​ပါတယ္​။

၅။ အႏၱရာယ္​ရိွတဲ့ အလုပ္​အကိုင္​မ်ားကို ​ေ႐ွာင္​ၾကဥ္​ပါ။

ကိုယ္​ဝန္​​ေဆာင္​စဥ္​ကာလအတြင္​း ဓာတုပစၥည္​း၊ မီးခိုး​ေငြ႔မ်ား၊ ဓာတ္​မွန္​​ေရာင္​ျခည္​မ်ား၊ တိရစာၦန္​မ်ားႏွင္​့ ထိ​ေတြ႔ျခင္​း၊ ျပင္​းျပင္​းထန္​ထန္​ ​ေလ့က်င္​့ခန္​း၊ လႈပ္​႐ွားမႈမ်ားလည္​း ​ေ႐ွာင္​ၾကဥ္​သင္​့ပါတယ္​။

၆။ ဒါ​ေတြအျပင္​ အ​ေရးႀကီးတဲ့ အခ်က္​တစ္​ခုက​ေတာ့ တတ္​ႏိုင္​သမ်ွ​ေစာလ်ွင္​စြာ တတ္​ကြၽမ္​းနားလည္​တဲ့ သားဖြားမီးယပ္​ဆရာဝန္​ သို႔ ဆရာမမ်ားႏွင္​့ ဗိုက္​အပ္​ျခင္​း၊ ​ေမးခိုင္​ကာကြယ္​​ေဆးထိုးျခင္​း၊ လိုအပ္​​ေသာ စမ္​းသပ္​စစ္​​ေဆးမႈမ်ား၊ ​ေသြးစစ္​ျခင္​းမ်ား ျပဳလုပ္​ၿပီး က်န္​းမာ​ေသာ ကိုယ္​ဝန္​​ေဆာင္​ကာလမ်ားကို ပိုင္​ဆိုင္​ႏိုင္​ပါတယ္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…