အမျိုးသားများ၏သန္ဓေအောင်ဖို့စွမ်းရည်ကို ဘာတွေကဆိုးကျိုးဖြစ်စေနိုင်သလဲ
အမျိုးသားများတွင် သန္ဓေမအောင်ခြင်း တနည်းအားဖြင့် မြုံခြင်းဟာ အချက်များစွာကြောင့်ဖြစ်နိုင်ပါတယ်။ သုတ်ပိုးထုတ်လုပ်မှုနည်းပါးခြင်း၊ သုတ်ပိုးတွေရဲ့ အလုပ်လုပ်တဲ့နေရာမှာ မှားယွင်းနေခြင်း၊ သုတ်ပိုးတွေရောက်ရှိရမယ့်နေရာကို မရောက်ဘဲ ပိတ်ဆို့နေခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဖျားနာခြင်း၊ ထိခိုက်မှု၊ နာတာရှည်ရောဂါများ၊ ဘဝနေထိုင်မှုပုံစံများကလည်း သန္ဓေအောင်နိုင်စွမ်းကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ဒီအချက်တွေထဲကမှ အမျိုးသားများရဲ့ ဘယ်လိုနေထိုင်မှုပုံစံတွေက ဆိုးကျိုးဖြစ်စေနိုင်မလဲဆိုတာကို ရေးသားဖော်ပြပေးချင်ပါတယ်။
(၁)ဆေးဝါးများ
ကြွက်သားတွေကို သန်မာကြီးထွားစေဖို့ သောက်သုံးတတ်ကြတဲ့ Anabolic Steroid ဆေးတွေဟာ Testis(ကပ္ပယ်အိတ်)ကိုကျုံ့စေပြီး သုတ်ပိုးကောင်ရေထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ကိုကိန်းနဲ့ ဆေးခြောက်တွေသုံးစွဲရင်လည်း သုတ်ပိုးကောင်ရေနဲ့ သုတ်ပိုးတွေရဲ့ စွမ်းရည်ကို ယာယီလျော့ကျစေပါတယ်။
(၂)အရက်
အရက်သောက်ခြင်းဟာ ကျားဟော်မုန်းကိုလျော့နည်းစေပြီး လိင်စွမ်းဆောင်ရည်ကို ကျစေပါတယ်။ သုတ်ပိုးထုတ်လုပ်မှုလည်းကျစေပါတယ်။ အရက်အလွန်အကျွံသောက်ရင်ဖြစ်တတ်တဲ့ အသည်းရောဂါတွေကတော့ အမျိုးသားများရဲ့ သန္ဓေအောင်ဖို့စွမ်းရည်ကို ဆိုးကျိုးတွေပေးနိုင်ပါတယ်။
(၃)ဆေးလိပ်
ဆေးလိပ်သောက်တတ်တဲ့အမျိုးသားများရဲ့ သုတ်ပိုးကောင်ရေဟာ ဆေးလိပ်မသောက်တဲ့အမျိုးသားတွေရဲ့ သုတ်ပိုးကောင်ရေထက် နည်းပါးပါတယ်။ ကိုယ်တိုင်မသောက်ဘဲ တစ်ဆင့်ခံရှူရှိုက်သူမှာလည်း Fertility ကို ဆိုးကျိုးတွေရရှိစေတာပါပဲ။
(၄)စိတ်ဖိစီးမှုများ
စိတ်ဖိစီးမှုဟာ သုတ်ပိုးထုတ်ဖို့အတွက် လိုအပ်တဲ့အချို့သော ဟော်မုန်းတွေကို အနှောင့်အယှက်ပေးပါတယ်။ အလွန်ဆိုးရွားသော သို့မဟုတ် တာရှည်ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေ၊ လိင်မှုစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုကိစ္စရပ်တွေဟာ သုတ်ပိုးအရေအတွကို လျော့နည်းစေပါတယ်။
(၅)ကိုယ်အလေးချိန်
အဝလွန်ခြင်းဟာ အမျိုးသားရဲ့ ကလေးရနိုင်အောင်စွမ်းဆောင်နိုင်မှုကို နည်းလမ်းတွေအများကြီးနဲ့ ဆိုးကျိုးသက်ရောက်စေပါတယ်။ သုတ်ပိုးတွေကို တိုက်ရိုက်သက်ရောက်မှုပေးတာဖြစ်ဖြစ် fertility ကိုကျစေတဲ့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်စေတာဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ဆိုးကျိုးပေးနိုင်ပါတယ်။
(၆) စက်ရုံအလုပ်ရုံမှထွက်သော ဓာတုပစ္စည်းများ နှင့် ဓာတ်ရောင်ခြည်များ
ဓာတ်ရောင်ခြည်များ၊ Benzene ၊ Toluene ၊ Xylene ၊ ပိုးသတ်ဆေးများ၊ အိမ်သုတ်ဆေးမှာပါဝင်တဲ့ပစ္စည်းများ ၊ ခဲဓာတ်များနဲ့ ကြာရှည်ထိတွေ့ရရင်လည်း အမျိုးသားများရဲ့ သန္ဓေအောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။
(၇)အပူချိန်
အပူချိန်မြင့်မားခြင်းဟာ ကပ္ပယ်အိတ်ရဲ့ သုတ်ပိုးထုတ်လုပ်မှုနဲ့ ကောင်ရေကို ကျဆင်းစေပါတယ်။အလွန်ကြပ်ထုပ်သော ဘောင်းဘီဝတ်ခြင်း၊ အချိန်ကြာမြင့်လွန်းစွာထိုင်ခြင်း၊ ပေါင်ပေါ်တွင် Lap Top တင်ပြီး အချိန်ကြာမြင့်စွာအလုပ်လုပ်ခြင်းစတာတွေဟာ ကပ္ပယ်အိတ်ရဲ့ အပူချိန်ကိုမြင့်တက်စေပြီး သုတ်ပိုးထုတ်လုပ်မှုကို အနည်းငယ်ကျဆင်းစေပါတယ်။
အချုပ်ပြောရရင် အမျိုးသားများရဲ့ ဘယ်လိုနေထိုင်မှုပုံစံတွေက ဆိုးကျိုးဖြစ်စေနိုင်မလဲဆိုတာကို အထက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
အမ်ိဳးသားမ်ား၏သေႏၶေအာင္ဖို႔စြမ္းရည္ကို ဘာေတြကဆိုးက်ိဳးျဖစ္ေစႏိုင္သလဲ
အမ်ိဳးသားမ်ားတြင္ သေႏၶမေအာင္ျခင္း တနည္းအားျဖင့္ ျမံဳျခင္းဟာ အခ်က္မ်ားစြာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ သုတ္ပိုးထုတ္လုပ္မႈနည္းပါးျခင္း၊ သုတ္ပိုးေတြရဲ႕ အလုပ္လုပ္တဲ့ေနရာမွာ မွားယြင္းေနျခင္း၊ သုတ္ပိုးေတြေရာက္ရွိရမယ့္ေနရာကို မေရာက္ဘဲ ပိတ္ဆို႔ေနျခင္း စတဲ့အခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။ ဒါ့အျပင္ ဖ်ားနာျခင္း၊ ထိခိုက္မႈ၊ နာတာရွည္ေရာဂါမ်ား၊ ဘဝေနထိုင္မႈပံုစံမ်ားကလည္း သေႏၶေအာင္ႏိုင္စြမ္းကို ဆိုးက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။ ဒီအခ်က္ေတြထဲကမွ အမ်ိဳးသားမ်ားရဲ႕ ဘယ္လိုေနထိုင္မႈပံုစံေတြက ဆိုးက်ိဳးျဖစ္ေစႏိုင္မလဲဆိုတာကို ေရးသားေဖာ္ျပေပးခ်င္ပါတယ္။
(၁)ေဆးဝါးမ်ား
ႂကြက္သားေတြကို သန္မာႀကီးထြားေစဖို႔ ေသာက္သံုးတတ္ၾကတဲ့ Anabolic Steroid ေဆးေတြဟာ Testis(ကပၸယ္အိတ္)ကိုက်ံဳ႕ေစၿပီး သုတ္ပိုးေကာင္ေရထုတ္လုပ္မႈကို ေလ်ာ့က်ေစပါတယ္။ ကိုကိန္းနဲ႔ ေဆးေျခာက္ေတြသံုးစြဲရင္လည္း သုတ္ပိုးေကာင္ေရနဲ႔ သုတ္ပိုးေတြရဲ႕ စြမ္းရည္ကို ယာယီေလ်ာ့က်ေစပါတယ္။
(၂)အရက္
အရက္ေသာက္ျခင္းဟာ က်ားေဟာ္မုန္းကိုေလ်ာ့နည္းေစၿပီး လိင္စြမ္းေဆာင္ရည္ကို က်ေစပါတယ္။ သုတ္ပိုးထုတ္လုပ္မႈလည္းက်ေစပါတယ္။ အရက္အလြန္အကြ်ံေသာက္ရင္ျဖစ္တတ္တဲ့ အသည္းေရာဂါေတြကေတာ့ အမ်ိဳးသားမ်ားရဲ႕ သေႏၶေအာင္ဖို႔စြမ္းရည္ကို ဆိုးက်ိဳးေတြေပးႏိုင္ပါတယ္။
(၃)ေဆးလိပ္
ေဆးလိပ္ေသာက္တတ္တဲ့အမ်ိဳးသားမ်ားရဲ႕ သုတ္ပိုးေကာင္ေရဟာ ေဆးလိပ္မေသာက္တဲ့အမ်ိဳးသားေတြရဲ႕ သုတ္ပိုးေကာင္ေရထက္ နည္းပါးပါတယ္။ ကိုယ္တိုင္မေသာက္ဘဲ တစ္ဆင့္ခံရႉ႐ွိဳက္သူမွာလည္း Fertility ကို ဆိုးက်ိဳးေတြရရွိေစတာပါပဲ။
(၄)စိတ္ဖိစီးမႈမ်ား
စိတ္ဖိစီးမႈဟာ သုတ္ပိုးထုတ္ဖို႔အတြက္ လိုအပ္တဲ့အခ်ိဳ႕ေသာ ေဟာ္မုန္းေတြကို အေႏွာင့္အယွက္ေပးပါတယ္။ အလြန္ဆိုးရြားေသာ သို႔မဟုတ္ တာရွည္ျဖစ္ေနတဲ့ စိတ္ဖိစီးမႈေတြ၊ လိင္မႈစြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး စိတ္ဖိစီးမႈကိစၥရပ္ေတြဟာ သုတ္ပိုးအေရအတြကို ေလ်ာ့နည္းေစပါတယ္။
(၅)ကိုယ္အေလးခ်ိန္
အဝလြန္ျခင္းဟာ အမ်ိဳးသားရဲ႕ ကေလးရႏိုင္ေအာင္စြမ္းေဆာင္ႏိုင္မႈကို နည္းလမ္းေတြအမ်ားႀကီးနဲ႔ ဆိုးက်ိဳးသက္ေရာက္ေစပါတယ္။ သုတ္ပိုးေတြကို တိုက္႐ိုက္သက္ေရာက္မႈေပးတာျဖစ္ျဖစ္ fertility ကိုက်ေစတဲ့ ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္ေစတာျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဆိုးက်ိဳးေပးႏိုင္ပါတယ္။
(၆) စက္ရံုအလုပ္ရံုမွထြက္ေသာ ဓာတုပစၥည္းမ်ား ႏွင့္ ဓာတ္ေရာင္ျခည္မ်ား
ဓာတ္ေရာင္ျခည္မ်ား၊ Benzene ၊ Toluene ၊ Xylene ၊ ပိုးသတ္ေဆးမ်ား၊ အိမ္သုတ္ေဆးမွာပါဝင္တဲ့ပစၥည္းမ်ား ၊ ခဲဓာတ္မ်ားနဲ႔ ၾကာရွည္ထိေတြ႕ရရင္လည္း အမ်ိဳးသားမ်ားရဲ႕ သေႏၶေအာင္ႏိုင္စြမ္းကို က်ဆင္းေစပါတယ္။
(၇)အပူခ်ိန္
အပူခ်ိန္ျမင့္မားျခင္းဟာ ကပၸယ္အိတ္ရဲ႕ သုတ္ပိုးထုတ္လုပ္မႈနဲ႔ ေကာင္ေရကို က်ဆင္းေစပါတယ္။အလြန္ၾကပ္ထုပ္ေသာ ေဘာင္းဘီဝတ္ျခင္း၊ အခ်ိန္ၾကာျမင့္လြန္းစြာထိုင္ျခင္း၊ ေပါင္ေပၚတြင္ Lap Top တင္ၿပီး အခ်ိန္ၾကာျမင့္စြာအလုပ္လုပ္ျခင္းစတာေတြဟာ ကပၸယ္အိတ္ရဲ႕ အပူခ်ိန္ကိုျမင့္တက္ေစၿပီး သုတ္ပိုးထုတ္လုပ္မႈကို အနည္းငယ္က်ဆင္းေစပါတယ္။
အခ်ဳပ္ေျပာရရင္ အမ်ိဳးသားမ်ားရဲ႕ ဘယ္လိုေနထိုင္မႈပံုစံေတြက ဆိုးက်ိဳးျဖစ္ေစႏိုင္မလဲဆိုတာကို အထက္ပါအတိုင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)