အမျိုးသမီးများ၏သန္ဓေအောင်ဖို့စွမ်းရည်ကို ဘာတွေကဆိုးကျိုးဖြစ်စေနိုင်သလဲ
အမျိုးသမီးတစ်ဦးရဲ့ Fertility ဆိုတာဟာ မိမိရင်မှဖြစ်တဲ့ ကလေးတစ်ဦးကို ကိုယ်ဝန်ဆောင်နိုင်ခြင်း၊မွေးဖွားနိုင်ခြင်းကို ခေါ်တာပါ။
အမျိုးသမီးတစ်ဦးရဲ့ သန္ဓေအောင်နိုင်စွမ်းကို သူ့ရဲ့ဘဝနေထိုင်မှုပုံစံတွေကလည်း အကျိုးများစွာသက်ရောက်စေနိုင်ပါတယ်။
လိုက်နာသင့်တဲ့အချက်တွေကတော့
-သင့်တင့်သော ကိုယ်အလေးချိန်ရအောင် ထိန်းသိမ်းပါ။ ဝလွန်းခြင်း၊ ပိန်လွန်းခြင်းဟာ မမျိုးဥကြွေခြင်းကို တားနိုင်ပါတယ်။
-လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါတွေမရအောင်ရှောင်ကြည်ပါ။ လိင်ကတစ်ဆင့်ကူးစက်တဲ့ Chlamydiae နဲ့ Gonorrhoea ရောဂါတွေဟာ အမျိုးသမီးတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကို ဆိုးကျိုးပေးပစ်နိုင်ပါတယ်။
-ညဘက်မအိပ်ဘဲအလုပ်လုပ်ခြင်းဟာ ဟော်မုန်းအပြောင်းလဲများစွာဖြစ်စေပြီး ကလေးရနိုင်စွမ်းကိုကျစေပါတယ်။ တတ်နိုင်သလောက် ညဘက်အလုပ်လုပ်ပြီး မအိပ်ဘဲနေတာကို ရှောင်ကြဉ်သင့်ပါတယ်။
-ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ သားဥအိမ်ကို အိုမင်းရင့်ရော်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကလေးရနိုင်စွမ်းကို လျော့စေပါတယ်။
-အရက်သောက်ခြင်း
အရက်သောက်ခြင်းဟာ Ovulation Disorder တွေနဲ့ဆက်စပ်နေပါတယ်။ အရက်သောက်တတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ဖို့စဉ်းစားတာနဲ့ အရက်ကို လုံးဝဖြတ်သင့်ပါတယ်။
-Caffeine (ကဖိန်းဓာတ်)
Caffeine Intakeကို တစ်နေ့မှာ 200 mg ထက် မပိုသင့်ပါဘူး။ အဲဒီထက်ပိုရင် fertility ကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကော်ဖီကို တစ်နေ့မှာ တစ်ခွက်ကနေ နှစ်ခွက်(၆ကနေ၈အောင်စ)ထိပဲသောက်ဖို့ ကန့်သတ်ထားသင့်ပါတယ်။
-ပြင်းထန်သော လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းဟာ Progesterone ဟော်မုန်းကိုကျစေပြီး သားဥကြွေခြင်းကို တားပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း သင့်တင့်တဲ့အားကစားကိုသာ ပြုလုပ်သင့်ပါတယ်။
-ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကနေ ထွက်တဲ့အဆိပ်ငွေ့တွေ၊ ခဲဓာတ်တွေ၊ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုတွေဟာ အမျိုးသမီးတစ်ဦးရဲ့ သန္ဓေအောင်နိုင်စွမ်းကို ဆိုးကျိုးပေးနိုင်တာကြောင့် တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
အမ်ိဳးသမီးမ်ား၏သေႏၶေအာင္ဖို႔စြမ္းရည္ကို ဘာေတြကဆိုးက်ိဳးျဖစ္ေစႏိုင္သလဲ
အမ်ိဳးသမီးတစ္ဦးရဲ႕ Fertility ဆိုတာဟာ မိမိရင္မွျဖစ္တဲ့ ကေလးတစ္ဦးကို ကိုယ္ဝန္ေဆာင္ႏိုင္ျခင္း၊ေမြးဖြားႏိုင္ျခင္းကို ေခၚတာပါ။
အမ်ိဳးသမီးတစ္ဦးရဲ႕ သေႏၶေအာင္ႏိုင္စြမ္းကို သူ႔ရဲ႕ဘဝေနထိုင္မႈပံုစံေတြကလည္း အက်ိဳးမ်ားစြာသက္ေရာက္ေစႏိုင္ပါတယ္။
လိုက္နာသင့္တဲ့အခ်က္ေတြကေတာ့
-သင့္တင့္ေသာ ကိုယ္အေလးခ်ိန္ရေအာင္ ထိန္းသိမ္းပါ။ ဝလြန္းျခင္း၊ ပိန္လြန္းျခင္းဟာ မမ်ိဳးဥေႂကြျခင္းကို တားႏိုင္ပါတယ္။
-လိင္မွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါေတြမရေအာင္ေရွာင္ၾကည္ပါ။ လိင္ကတစ္ဆင့္ကူးစက္တဲ့ Chlamydiae နဲ႔ Gonorrhoea ေရာဂါေတြဟာ အမ်ိဳးသမီးေတြရဲ႕ သေႏၶေအာင္ႏိုင္စြမ္းကို ဆိုးက်ိဳးေပးပစ္ႏိုင္ပါတယ္။
-ညဘက္မအိပ္ဘဲအလုပ္လုပ္ျခင္းဟာ ေဟာ္မုန္းအေျပာင္းလဲမ်ားစြာျဖစ္ေစၿပီး ကေလးရႏိုင္စြမ္းကိုက်ေစပါတယ္။ တတ္ႏိုင္သေလာက္ ညဘက္အလုပ္လုပ္ၿပီး မအိပ္ဘဲေနတာကို ေရွာင္ၾကဥ္သင့္ပါတယ္။
-ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းဟာ သားဥအိမ္ကို အိုမင္းရင့္ေရာ္ေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ ကေလးရႏိုင္စြမ္းကို ေလ်ာ့ေစပါတယ္။
-အရက္ေသာက္ျခင္း
အရက္ေသာက္ျခင္းဟာ Ovulation Disorder ေတြနဲ႔ဆက္စပ္ေနပါတယ္။ အရက္ေသာက္တတ္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ ကိုယ္ဝန္ေဆာင္ဖို႔စဥ္းစားတာနဲ႔ အရက္ကို လံုးဝျဖတ္သင့္ပါတယ္။
-Caffeine (ကဖိန္းဓာတ္)
Caffeine Intakeကို တစ္ေန႔မွာ 200 mg ထက္ မပိုသင့္ပါဘူး။ အဲဒီထက္ပိုရင္ fertility ကိုဆိုးက်ိဳးျဖစ္ေစႏိုင္ပါတယ္။ဒါေၾကာင့္ ေကာ္ဖီကို တစ္ေန႔မွာ တစ္ခြက္ကေန ႏွစ္ခြက္(၆ကေန၈ေအာင္စ)ထိပဲေသာက္ဖို႔ ကန္႔သတ္ထားသင့္ပါတယ္။
-ျပင္းထန္ေသာ ေလ့က်င့္ခန္းအလြန္အကြ်ံလုပ္ျခင္းဟာ Progesterone ေဟာ္မုန္းကိုက်ေစၿပီး သားဥေႂကြျခင္းကို တားပါတယ္။ ဒါေၾကာင့္ တန္ေဆး လြန္ေဘးဆိုတဲ့အတိုင္း သင့္တင့္တဲ့အားကစားကိုသာ ျပဳလုပ္သင့္ပါတယ္။
-ပတ္ဝန္းက်င္ညစ္ညမ္းမႈေတြကေန ထြက္တဲ့အဆိပ္ေငြ႕ေတြ၊ ခဲဓာတ္ေတြ၊ ပိုးသတ္ေဆးေတြနဲ႔ ထိေတြ႕မႈေတြဟာ အမ်ိဳးသမီးတစ္ဦးရဲ႕ သေႏၶေအာင္ႏိုင္စြမ္းကို ဆိုးက်ိဳးေပးႏိုင္တာေၾကာင့္ တတ္ႏိုင္သမွ်ေရွာင္ရွားသင့္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)