နွေရာသီမှာ ဆောင်ရန်ရှောင်ရန် အချက်(၈)ချက်
ပူပြင်းတဲ့နွေရာသီကို ရောက်လာတဲ့အခါ နေကပူ၊ချွေးကထွက်နဲ့ စိတ်တွေကမကြည်ဖြစ်တတ်ပါတယ်။ ဒီကြားထဲမှာ အပူချိန်မြင့်မားလို့ဖြစ်တတ်တဲ့
- နေလောင်ခြင်း
- ချွေးထွက်လွန်ခြင်း
- ဗိုက်တွေ ခြေသလုံးကြွက်သားတွေနာကျင်ခြင်း၊
- ခေါင်းကိုက်ခြင်း၊မူးဝေခြင်း
- နွမ်းနယ်လာခြင်းဝေဒနာတွေ (Heat Exhaustion)နဲ့
- အပူလျှပ်ခြင်း (Heat Stroke) တို့ရဲ့အန္တရာယ်ကလည်း ကြောက်ရပါသေးတယ်။
ဒါကြောင့် ပူပြင်းလှတဲ့နွေရာသီကို ဘယ်လိုဖြတ်သန်းသင့်သလဲဆိုတာလေး ရေးသားဖော်ပြလိုက်ပါတယ်။
(၁)ပေါ့ပါးပြီး ချောင်ချိတဲ့ ချည်ထည်အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။ ကြပ်တုပ်နေတဲ့နိုင်လွန်အဝတ်အစားတွေဟာ ခန္ဓာကိုယ်ကို မအေးမြစေပါဘူး။
(၂)နေလောင်ဒဏ်ကို ကာကွယ်ရပါမယ်။ နေလောင်သွားရင် ခန္ဓာကိုယ်အေးမြမှုကို ပျက်စီးသွားစေပါလိမ့်မယ်။ ဒါကြောင့် နေပူထဲထွက်တိုင်း ဦးထုပ်ကြီးကြီးဆောင်းခြင်း ၊ နေကာမျက်မှန်တပ်ခြင်း၊ အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးမယ့် နေရောင်ကာလိမ်းဆေးများလိမ်းခြင်းတို့ ပြုလုပ်ပေးရပါမယ်။ နေရောင်ကာလိမ်းဆေးဟာ အနည်းဆုံး SPF 15 ပါသင့်ပြီး နှစ်နာရီတိုင်းတစ်ခါပြန်လိမ်းပေးသင့်ပါတယ်။
(၃) ရေများများသောက်ပါ
ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ကိုယ်တွင်းအပူချိန်ထိန်းညှိမှုမှာ အထောက်အကူပြုပါတယ်။
(၄) သောက်သုံးနေတဲ့ဆေးဝါးတွေကို ဂရုစိုက်ပါ
ကိုယ်သောက်နေကျဆေးတွေမှာ ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ထိန်းညှိမှုနဲ့ အပူချိန်ထွက်မှုကို သက်ရောက်စေတဲ့ဆေးမျိုးပါရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဂရုစိုက်သောက်သုံးသင့်ပါတယ်။
(၅)နေပူထဲရပ်ထားတဲ့ ကားထဲမှာဘယ်သူ့ကိုမှ မထားခဲ့ပါနဲ့။ ကလေးတွေသေဆုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းပါ။ နေပူထဲရပ်ထားတဲ့ကားမှာ အပူချိန်ဟာ ဆယ်မိနစ်ကို 20′ F စီမြင့်တက်ပါတယ်။
(၆)နေပူထဲမှာ လှုပ်လှုပ်ရှားရှားလုပ်ရမယ့် အလုပ်ကို ရှောင်လို့မရခဲ့ရင် ရေများများသောက်ပါ။ ဓာတ်ဆားရေသောက်ပါ။ အရိပ်ထဲမှာ ခဏအနားယူတာမျိုး အခွင့်သင့်သလို ပြုလုပ်ပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်လက်လှုပ်ရှားရမယ့် အလုပ်မျိုးကို နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်တွေမှာ မလုပ်ဘဲ နေအေးတဲ့အချိန်မျိုးမှာ ပြုလုပ်ပေးရင်ပိုကောင်းပါတယ်။
(၇)တကယ်လို့များ သင်ဟာ ပူပြင်းတဲ့ရာသီဥတုနဲ့ နေသားမကျတဲ့လူ / အေးမြတဲ့အရပ်ဒေသကလာတဲ့လူဆိုရင် ပူပြင်းတဲ့နေရောင်အောက်မှာ ချက်ချင်းအကျွမ်းတဝင်ဖြစ်ဖို့မလွယ်ပါဘူး။ ခံနိုင်ရည်ရှိလာပြီး ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။ အလေ့အကျင့်မရှိသေးဘဲ အပူချိန်ကို အလွန်အမင်းခံရရင် အပူလျှပ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်ချိန်ကို ကိုယ့်ကျန်းမာရေးအတွက်စဉ်းစားပြီး တဖြည်းဖြည်းချင်း ညှိယူသွားရပါမယ်။
(၈) နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးဖို့ပါ။ လေအေးပေးစက်မရှိတဲ့အိမ်က အိမ်သားတွေ၊သက်ကြီးရွယ်အိုတွေ၊နာတာရှည်ဝေဒနာခံစားနေရသူတွေ၊ အပူဆုံးအချိန်မှာ အိမ်မှာတစ်ယောက်တည်းနေရသူတွေကို ဂရုစိုက်ပေးသင့်ပါတယ်။ လေအေးစက်မရှိရင်တောင် အရိပ်ရပြီး အေးတဲ့နေရာတွေမှာ နေဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ပူပြင်းလှတဲ့နွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း အပူလွန်ကဲပြီး အပူလျှပ်တာခံစားနိုင်ခြေရှိတာမို့ သူတို့ကိုလည်း ရေအေးအေး ပုံမှန်တိုက်ပြီး စောင့်ကြည့်ပေးသင့်ပါတယ်။
နွေရာသီကိုကျန်းမာစွာဖြတ်သန်းနိုင်ကြဖို့ ဆောင်ရန်၊ရှောင်ရန် အချက်(၈)ချက်ကို ရေးသားလိုက်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ေႏြရာသီမွာ ေဆာင္ရန္ေရွာင္ရန္ အခ်က္(၈)ခ်က္
ပူျပင္းတဲ့ေႏြရာသီကို ေရာက္လာတဲ့အခါ ေနကပူ၊ေခြ်းကထြက္နဲ႔ စိတ္ေတြကမၾကည္ျဖစ္တတ္ပါတယ္။ ဒီၾကားထဲမွာ အပူခ်ိန္ျမင့္မားလို႔ျဖစ္တတ္တဲ့
- ေနေလာင္ျခင္း
- ေခြ်းထြက္လြန္ျခင္း
- ဗိုက္ေတြ ေျခသလံုးႂကြက္သားေတြနာက်င္ျခင္း၊
- ေခါင္းကိုက္ျခင္း၊မူးေဝျခင္း
- ႏြမ္းနယ္လာျခင္းေဝဒနာေတြ (Heat Exhaustion)နဲ႔
- အပူလွ်ပ္ျခင္း (Heat Stroke) တို႔ရဲ႕အႏၲရာယ္ကလည္း ေၾကာက္ရပါေသးတယ္။
ဒါေၾကာင့္ ပူျပင္းလွတဲ့ေႏြရာသီကို ဘယ္လိုျဖတ္သန္းသင့္သလဲဆိုတာေလး ေရးသားေဖာ္ျပလိုက္ပါတယ္။
(၁)ေပါ့ပါးၿပီး ေခ်ာင္ခ်ိတဲ့ ခ်ည္ထည္အဝတ္အစားမ်ားကို ဝတ္ဆင္သင့္ပါတယ္။ ၾကပ္တုပ္ေနတဲ့ႏိုင္လြန္အဝတ္အစားေတြဟာ ခႏၶာကိုယ္ကို မေအးျမေစပါဘူး။
(၂)ေနေလာင္ဒဏ္ကို ကာကြယ္ရပါမယ္။ ေနေလာင္သြားရင္ ခႏၶာကိုယ္ေအးျမမႈကို ပ်က္စီးသြားေစပါလိမ့္မယ္။ ဒါေၾကာင့္ ေနပူထဲထြက္တိုင္း ဦးထုပ္ႀကီးႀကီးေဆာင္းျခင္း ၊ ေနကာမ်က္မွန္တပ္ျခင္း၊ အသားအေရကို ေနေလာင္ဒဏ္မွ ကာကြယ္ေပးမယ့္ ေနေရာင္ကာလိမ္းေဆးမ်ားလိမ္းျခင္းတို႔ ျပဳလုပ္ေပးရပါမယ္။ ေနေရာင္ကာလိမ္းေဆးဟာ အနည္းဆံုး SPF 15 ပါသင့္ၿပီး ႏွစ္နာရီတိုင္းတစ္ခါျပန္လိမ္းေပးသင့္ပါတယ္။
(၃) ေရမ်ားမ်ားေသာက္ပါ
ေရမ်ားမ်ားေသာက္ျခင္းဟာ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေစၿပီး ကိုယ္တြင္းအပူခ်ိန္ထိန္းညွိမႈမွာ အေထာက္အကူျပဳပါတယ္။
(၄) ေသာက္သံုးေနတဲ့ေဆးဝါးေတြကို ဂ႐ုစိုက္ပါ
ကိုယ္ေသာက္ေနက်ေဆးေတြမွာ ခႏၶာကိုယ္ရဲ႕ေရဓာတ္ကို ထိန္းၫွိမႈနဲ႔ အပူခ်ိန္ထြက္မႈကို သက္ေရာက္ေစတဲ့ေဆးမ်ိဳးပါရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ဂ႐ုစိုက္ေသာက္သံုးသင့္ပါတယ္။
(၅)ေနပူထဲရပ္ထားတဲ့ ကားထဲမွာဘယ္သူ႔ကိုမွ မထားခဲ့ပါနဲ႔။ ကေလးေတြေသဆံုးမႈ အမ်ားဆံုးျဖစ္ေစတဲ့ အေၾကာင္းရင္းပါ။ ေနပူထဲရပ္ထားတဲ့ကားမွာ အပူခ်ိန္ဟာ ဆယ္မိနစ္ကို 20′ F စီျမင့္တက္ပါတယ္။
(၆)ေနပူထဲမွာ လႈပ္လႈပ္ရွားရွားလုပ္ရမယ့္ အလုပ္ကို ေရွာင္လို႔မရခဲ့ရင္ ေရမ်ားမ်ားေသာက္ပါ။ ဓာတ္ဆားေရေသာက္ပါ။ အရိပ္ထဲမွာ ခဏအနားယူတာမ်ိဳး အခြင့္သင့္သလို ျပဳလုပ္ေပးရပါမယ္။ ျဖစ္ႏိုင္ရင္ေတာ့ ကိုယ္လက္လႈပ္ရွားရမယ့္ အလုပ္မ်ိဳးကို ေန႔တစ္ေန႔ရဲ႕ အပူဆံုးအခ်ိန္ေတြမွာ မလုပ္ဘဲ ေနေအးတဲ့အခ်ိန္မ်ိဳးမွာ ျပဳလုပ္ေပးရင္ပိုေကာင္းပါတယ္။
(၇)တကယ္လို႔မ်ား သင္ဟာ ပူျပင္းတဲ့ရာသီဥတုနဲ႔ ေနသားမက်တဲ့လူ / ေအးျမတဲ့အရပ္ေဒသကလာတဲ့လူဆိုရင္ ပူျပင္းတဲ့ေနေရာင္ေအာက္မွာ ခ်က္ခ်င္းအကြ်မ္းတဝင္ျဖစ္ဖို႔မလြယ္ပါဘူး။ ခံႏိုင္ရည္ရွိလာၿပီး ရက္သတၱပတ္အနည္းငယ္ၾကာႏိုင္ပါတယ္။ အေလ့အက်င့္မရွိေသးဘဲ အပူခ်ိန္ကို အလြန္အမင္းခံရရင္ အပူလွ်ပ္ျခင္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အလုပ္ခ်ိန္ကို ကိုယ့္က်န္းမာေရးအတြက္စဥ္းစားၿပီး တျဖည္းျဖည္းခ်င္း ညွိယူသြားရပါမယ္။
(၈) ေနာက္တစ္ခုကေတာ့ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ေပးဖို႔ပါ။ ေလေအးေပးစက္မရွိတဲ့အိမ္က အိမ္သားေတြ၊သက္ႀကီးရြယ္အိုေတြ၊နာတာရွည္ေဝဒနာခံစားေနရသူေတြ၊ အပူဆံုးအခ်ိန္မွာ အိမ္မွာတစ္ေယာက္တည္းေနရသူေတြကို ဂ႐ုစိုက္ေပးသင့္ပါတယ္။ ေလေအးစက္မရွိရင္ေတာင္ အရိပ္ရၿပီး ေအးတဲ့ေနရာေတြမွာ ေနဖို႔လိုအပ္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ကေတာ့ ပူျပင္းလွတဲ့ေႏြမွာ အိမ္ေမြးတိရစၧာန္ေလးေတြလည္း အပူလြန္ကဲၿပီး အပူလွ်ပ္တာခံစားႏိုင္ေျခရွိတာမို႔ သူတို႔ကိုလည္း ေရေအးေအး ပံုမွန္တိုက္ၿပီး ေစာင့္ၾကည့္ေပးသင့္ပါတယ္။
ေႏြရာသီကိုက်န္းမာစြာျဖတ္သန္းႏိုင္ၾကဖို႔ ေဆာင္ရန္၊ေရွာင္ရန္ အခ်က္(၈)ခ်က္ကို ေရးသားလိုက္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)