ကိုယ်ဝန်ရင့်ချိန်တွင်ရှိသင့်သောနေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်ချိန်ကိုပျမ်းမျှအားဖြင့်သုံးပိုင်းခွဲနိုင်သည်။သန္ဓေတည်ချိန်မှစ၍ကိုယ်ဝန်၁၂ပတ်ထိ စဦးပိုင်း, ၁၃ပတ်-၂၆ပတ် နှင့် ၂၇ပတ်မှ အပတ်၄၀ထိ ဟူ၍ဖြစ်သည်။ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံးတွင် မိခင်တို့ အနေအထိုင်စားသောက်မှု ဂရုပြုရပေမည်။ အထူးသဖြင့်ကိုယ်ဝန်သက်ရင့်လာချိန်တွင် အထူးဂရုစိုက်သင့်ပါသည်။

  • အဝတ်အစားကျပ်ကျပ်ဝတ်ခြင်းရှောင်သင့်သည်
  • ဒေါက်မြင့်ဖိနပ်လည်းမစီးသင့်
  • နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်သင့်သည်။ သို့သော်ပြင်းထန်သောလေ့ကျင့်ခန်းများမလုပ်သင့်ပါ
  • အသား,ငါး,ပဲ,ဥ,ဟင်းသီးဟင်းရွက် နှင့်အသီးအနှံများ မျှတအောင်စားသုံးရမည်။ ဆီကြော်မုန့်များ ရှောင်သင့်သည်။ ကဖင်းဓာတ် (caffeine) ပါသောအစားအသောက်များလည်း လျှော့သင့်သည်။
  • တစ်နေ့လျှင် ၈နာရီခန့်အိပ်သင့်သည်။ နေ့လည်နေ့ခင်းတွင်လည်း နာရီဝက် တစ်နာရီခန့် မှေးစက်အနားယူသင့်ပါသည်။
  • ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံးတွင် ချစ်တင်းနှီးနှောခြင်းရှောင်ကြဉ်ရန်မလိုအပ်ပါ။ သို့သော် ကိုယ်ဝန်ရင့်ချိန်ဆက်ဆံလျှင်မူ (Braxton-Hicks contraction) ဟုခေါ်သော ဗိုက်နာခြင်းဖြစ်နိုင်ပါသည်။ရေဆင်း သွေးဆင်းသောအခါများတွင် လိင်ဆက်ဆံမှု မပြုအပ်ပါ။
  • မွေးဖွားချိန် (due date) နီးလာချိန်တွင် ဝေးလံသောခရီးများမသွားသင့်ပေ။ လေယာဉ်ဖြင့်သွားလာခြင်းလည်း ဖြစ်နိုင်လျှင်ရှောင်သင့်သည်။ ကိုယ်ဝန်သက်တမ်းတလျှောက်လုံးတွင် ဌက်ဖျားပေါသောဒေသများသို့ မသွားလာသင့်ပါ။ မဖြစ်မနေသွားရလျှင်လည်း ခြင်ကိုက်မခံရအောင်အထူးသတိထားသင့်သည်။ ဇီကာ ဗိုင်းရပ်စ် (Zika virus) တွေ့ရှိမှု များသော အမေရိကတိုက်တောင်ပိုင်း, အလယ်ပိုင်းနှင့် ကာရစ်ဘီယန်ဒေသ (Caribbean region) များသို့လည်း မသွားသင့်ပါ။
  • ကိုယ်ဝန်ဆောင်ချိန်အတွင်း သိုး, ကြောင် စသော သတ္တဝါများမမွေးသင့်ပါ။ ယင်းသတ္တဝါများမှ Toxoplasmosis ဟုခေါ်သော ကူးစက်ရောဂါဖြစ်နိုင်သည်။ အဆိုပါရောဂါဖြစ်စေသော ( Toxoplasma gondii ) ဟုခေါ်သော ပိုးမွှားများကို ကြောင်မစင်မှ တဆင့်ကူးစက်နိုင်သည်။ သို့ဖြစ်ပါ၍ ကြောင်(သို့) ကြောင်မစင်ကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစင်ကြယ်အောင်ဆေးသင့်သည်။ ထိုရောဂါသည် ကိုယ်ဝန်ပျက်ကျခြင်း , ကလေးအသေမွေးခြင်း နှင့် မွေးလာမည့်ရင်သွေး၏ ဦးနှောက်နဲ့ မျက်စိများကိုထိခိုက်စေနိုင်ပါသည်။
  • ဆေးလိပ် , အရက်နှင့် မူးယစ်ဆေးဝါးများကိုမူ ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ရှောင်ရှားရပါမည်။

အထက်ပါအချက်များအားကျင့်သုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်သောမိသားစုဘဝများရရှိစေရန်ဆုမွန်ကောင်းတောင်းလျက်

မေတ္တာမွန်ဖြင့် နွေ

ကိုယ္ဝန္ရင့္ခ်ိန္တြင္ရွိသင့္ေသာေနထိုင္မွုပုံစံ

ကိုယ္ဝန္ေဆာင္ခ်ိန္ကိုပ်မ္းမ်ွအားျဖင့္သုံးပိုင္းခဲြႏိုင္သည္။သေႏၶတည္ခ်ိန္မွစ၍ကိုယ္ဝန္၁၂ပတ္ထိ စဦးပိုင္း, ၁၃ပတ္-၂၆ပတ္ ႏွင့္ ၂၇ပတ္မွ အပတ္၄၀ထိ ဟူ၍ျဖစ္သည္။ကိုယ္ဝန္ေဆာင္ခ်ိန္တေလ်ွာက္လုံးတြင္ မိခင္တုိ့ အေနအထိုင္စားေသာက္မွု ဂရုျပုရေပမည္။ အထူးသျဖင့္ကိုယ္ဝန္သက္ရင့္လာခ်ိန္တြင္ အထူးဂရုစိုက္သင့္ပါသည္။

  • အဝတ္အစားက်ပ္က်ပ္ဝတ္ျခင္းေရွာင္သင့္သည္
  • ေဒါက္ျမင့္ဖိနပ္လည္းမစီးသင့္
  • ေန့စဥ္ပုံမွန္ ေလ့က်င့္ခန္းလုပ္သင့္သည္။ သုိ့ေသာ္ျပင္းထန္ေသာေလ့က်င့္ခန္းမ်ားမလုပ္သင့္ပါ
  • အသား,ငါး,ပဲ,ဥ,ဟင္းသီးဟင္းရြက္ ႏွင့္အသီးအႏွံမ်ား မ်ွတေအာင္စားသုံးရမည္။ ဆီေျကာ္မုန့္မ်ား ေရွာင္သင့္သည္။ ကဖင္းဓာတ္ (caffeine) ပါေသာအစားအေသာက္မ်ားလည္း ေလ်ွာ့သင့္သည္။
  • တစ္ေန့လ်ွင္ ၈နာရီခန့္အိပ္သင့္သည္။ ေန့လည္ေန့ခင္းတြင္လည္း နာရီဝက္ တစ္နာရီခန့္ ေမွးစက္အနားယူသင့္ပါသည္။
  • ကိုယ္ဝန္ေဆာင္ခ်ိန္တေလ်ွာက္လုံးတြင္ ခ်စ္တင္းနွီးေနွာျခင္းေရွာင္ျကဥ္ရန္မလိုအပ္ပါ။ သုိ့ေသာ္ ကိုယ္ဝန္ရင့္ခ်ိန္ဆက္ဆံလ်ွင္မူ (Braxton-Hicks contraction) ဟုေခၚေသာ ဗိုက္နာျခင္းျဖစ္နိုင္ပါသည္။ေရဆင္း ေသြးဆင္းေသာအခါမ်ားတြင္ လိင္ဆက္ဆံမွု မျပုအပ္ပါ။
  • ေမြးဖြားခ်ိန္ (due date) နီးလာခ်ိန္တြင္ ေဝးလံေသာခရီးမ်ားမသြားသင့္ေပ။ ေလယာဥ္ျဖင့္သြားလာျခင္းလည္း ျဖစ္နိုင္လ်ွင္ေရွာင္သင့္သည္။ ကိုယ္ဝန္သက္တမ္းတေလ်ွာက္လုံးတြင္ ဌက္ဖ်ားေပါေသာေဒသမ်ားသို့ မသြားလာသင့္ပါ။ မျဖစ္မေနသြားရလ်ွင္လည္း ျခင္ကိုက္မခံရေအာင္အထူးသတိထားသင့္သည္။ ဇီကာ ဗိုင္းရပ္စ္ (Zika virus) ေတြ႔ရွိမွု မ်ားေသာ အေမရိကတိုက္ေတာင္ပိုင္း, အလယ္ပိုင္းႏွင့္ ကာရစ္ဘီယန္ေဒသ (Caribbean region) မ်ားသို့လည္း မသြားသင့္ပါ။
  • ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း သိုး, ေျကာင္ စေသာ သတၲဝါမ်ားမေမြးသင့္ပါ။ ယင္းသတၲဝါမ်ားမွ Toxoplasmosis ဟုေခၚေသာ ကူးစက္ေရာဂါျဖစ္နိုင္သည္။ အဆိုပါေရာဂါျဖစ္ေစေသာ ( Toxoplasma gondii ) ဟုေခၚေသာ ပိုးမြွားမ်ားကို ေျကာင္မစင္မွ တဆင့္ကူးစက္နိုင္သည္။ သို့ျဖစ္ပါ၍ ေျကာင္(သိို့) ေျကာင္မစင္ကိုင္ျပီးတိုင္း လက္ကိုဆပ္ျပာျဖင့္ ေသခ်ာစင္ျကယ္ေအာင္ေဆးသင့္သည္။ ထိုေရာဂါသည္ ကိုယ္ဝန္ပ်က္က်ျခင္း , ကေလးအေသေမြးျခင္း နွင့္ ေမြးလာမည့္ရင္ေသြး၏ ဦးေနွာက္န့ဲ မ်က္စိမ်ားကိုထိခိုက္ေစနိုင္ပါသည္။
  • ေဆးလိပ္ , အရက္နွင့္ မူးယစ္ေဆးဝါးမ်ားကိုမူ ကိုယ္ဝန္ေဆာင္ခ်ိန္တေလ်ွာက္လုံး ေရွာင္ရွားရပါမည္။

အထက္ပါအခ်က္မ်ားအားက်င့္သုံးျခင္းျဖင့္ က်န္းမာေပ်ာ္ရြွင္ေသာမိသားစုဘဝမ်ားရရွိေစရန္ဆုမြန္ေကာင္းေတာင္းလ်က္

ေမတၲာမြန္ျဖင့္ ေႏြ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *