ရင်သားကင်ဆာကုသခံထားရသူများအတွက် ဘဝနေနည်းလမ်းညွှန်
ဆရာရှင့် ။ ကျွန်မဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ဘာဘက်ရင်သားတွေမှာ ကင်ဆာဖြစ်လို့ ခွဲထုတ်ခဲ့ရပါတယ်။ ညာဘက်ဂျိုင်းမှာလည်း အကျိတ်တွေရှိနေလို့ ထုတ်ပစ်ခဲ့ရပါတယ်။ အဲသည့်နောက် ကင်ဆာဆေးခြောက်ကြိမ်သွင်းပြီး ဓာတ်ရောင်ခြည်ကုထုံးနဲ့ပါ ကုသပြီးစီးခဲ့ပါပြီ။ အခုတော့ Tamoxifen သွင်းပြီး ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသပြီးစီးထားတဲ့ လူနာတွေအနေနဲပ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့အချက်တွေကိုပါဆရာ။ ဆရာဝန်နဲ့ဘယ်လောက်တစ်ခါပြန်ပြရမယ်။ ဘယ်လိုအရာတွေကို သတိထားရမယ်။ ဘယ်လိုဆေးစစ်မှုတွေကို ဘယ်အချိန်ထိလုပ်ရမယ်ဆိုတာကို ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ ။ အခုလိုကင်ဆာကုသမှုကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့လို့ ဝမ်းသာစကားကို အရင်ဆုံးဆိုပါရစေ။ ကုသခဲ့တဲ့ ကင်ဆာကုထုံးများကိုလေ့လာကြည့်ခြင်းအားဖြင့် အနည်းဆုံး ရင်သားကင်ဆာအဆင့်(၂)ရှိမယ်လို့ခန့်မှန်းရပါတယ်။ နောက်ER/PR ခေါ်တဲ့ မဟော်မုန်းတွေလည်း Positive ဖြစ်နေလို့ Tamoxifen ဆေးကို ၅ နှစ်သောက်နေရရတယ်လို့လည်း နားလည်မိပါတယ်။
ရင်သားတစ်ဖက်မှာ ကင်ဆာဖြစ်ဖူးသူတစ်ဦးဟာ ဖြတ်ထုတ်ထားပြီးသားနေရာကနေပြီးတော့ လည်း ကင်ဆာပြန်ကြွလာနိုင်တယ်။ ကင်ဆာဆဲလ်တွေအဝေးကိုရောက်ပြီး ကင်ဆာဆင့်(၄)အဖြစ်နဲ့ လည်း ဆရာဝန်ဆီပြန်ရောက်လာနိုင်တယ်။ ကောင်းနေတဲ့ရင်သားနောက်တစ်ဖက်မှာလည်း ကင်ဆာ အသစ်ထပ်ဖြစ်လာနိုင်ပါတယ်။ ကင်ဆာအသစ်ထပ်ဖြစ်လာနိုင်ပါတယ်။ ကင်ဆာအသစ်ဆိုရာမှာ ကင်ဆာဖြစ်တဲ့ဖက်က ကင်ဆာဆဲလ်တွေ ကောင်းတဲ့ဘက်ရောက်လာတာလည်း ဖြစ်နိုင်သလို သူ့အလိုလို နောက်ထပ်ရင်သားကင်ဆာအသစ်ထပ်ဖြစ်တာပါ ပါတာပေါ့။
ရင်သားကင်ဆာအောင်မြင်စွာကုသပြီးသူတစ်ယောက်ဟာ ဆရာဝန်ဆီအနည်းဆုံး လေးလ တစ်ကြိမ်လောက်ပြန်လာပြီး စမ်းသပ်မှုခံယူဖို့လိုပါတယ်။ အဲလိုပုံမှန်စမ်းသပ်မှုများကို (၅)နှစ်ပြည့်သည် အထိ ခံယူနေဖို့ပါ (၅)နှစ်ပြည့်သွားပြီဆိုရင်တော့ ဆရာဝန်နဲ့ပုံမှန်စမ်းသပ်မှုကို တစ်နှစ်တစ်ကြိမ် လောက်လုပ်မယ်ဆို လုံလောက်ပါပြီ။ ဆရာဝန်နဲ့မတွေ့ဖြစ်တဲ့အချိန်များမှာလည်း မိမိရင်သားကို စမ်းသပ်တတ်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ Lymphodema ခေါ်တဲ့ ဂျိုင်းထဲကအကျိတ်တွေ ကိုခွဲထုတ်လိုက်လို့ လက်ကြီးတစ်ဖက်လုံးရောင်လာတာမျိုးကို ကာကွယ်ထားချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ကိုယ်ကာယ ပညာရှင်များနဲ့ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
ရင်သားကင်ဆာကိုကုသပြီးရင် တစ်နှစ်မှာတစ်ကြိမ် ရင်သားဓာတ်မှန် (Mammography) ရိုက်ဖို့လိုအပ်သွားပါပြီ။ ရင်သားဓာတ်မှန်ရိုက်ခြင်းဟာ ရင်သားကင်ဆာဖြစ်ဖူးသူများအတွက် နောက်ရင်သားကင်ဆာအသစ်တစ်ခုဖြစ်လာနိုင်သလားဆိုတာကို စောစီးစွာခန့်မှန်းတွေ့ရှိနိုင်တဲ့ နည်း လမ်းတစ်ခုဖြစ်ပါတယ်။ ရင်သားဓာတ်မှန်ရိုက်တယ်ဆိုတဲ့နေရာမှာ ရောဂါမဖြစ်ဘဲ ကျန်ခဲ့တဲ့ရင်သားကို ပါ ရိုက်ရမှာဖြစ်ပါတယ်။ တချို့သော ရင်သားကင်ဆာများမှာ ရင်သားတစ်ဖက်လုံးကို ဖြတ်မထုတ်ဘဲ ကင်ဆာအကျိတ်လေးတွေကိုပဲ ခွဲထုတ်ပြီးဓာတ်ရောင်ခြည်ပေး၊ ဆေးသွင်းကုသထားခဲ့တာမျိုးတွေ လည်းရှိတော့ အဲ့သလို အနေအထားမျိုးမှာလည်း ရောဂါဖြစ်ဖူးတဲ့င်သားကို ရင်သားဓါတ်မှန် ရိုက်ဖို့လိုပါတယ်။
လက်ရှိသောက်လက်စ ဟော်မုန်းဆေးကိုလည်း ဆရာဝန်ကမရပ်ခိုင်းဘဲ မရပ်ဖို့အရေးကြီး ပါတယ်။ ဆရာဝန်များနဲ့ လေးလတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် တွေ့ရတဲ့ အခါမှာ ဟော်မုန်းဆေးရဲ့ ဘေးထွက်ဆိုးကျိုးများကို ရှာဖွေပေးမှာဖြစ်ပါတယ်။ Tamoxifan ဆးဟာ သားအိမ်တွင်း ကင်ဆာဖြစ်နိုင်ခြေ ရှိတာမို့ သွေးဆုံးပြီးမှ ပြန်ပေါ်တာမျိုးဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်း တိုင်ပင်ဖို့လိုပါတယ်။ နောက်ဟော်မုန်းဆေးတစ်မျိုး ဖြစ်တဲ့ Letrozole လိုဆေးမျိုးကတော့ အရွယ်မတိုင်မီ အရိုးပွရောဂါမျိုးတွေ ဖြစ်နိုင်ပါတယ်။ Bone Mineral Density (BMD) ခေါ်တဲ့ အရိုးသိပ်သည်းဆကို တိုင်းတာပြီး အရိုးကျိုးနိုင်ခြေကို ခန့်မှန်းတွက်ချက် နိုင်ပါတယ်။
ရင်သားကင်ဆာ ကုသအပြီးမှာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖို့ အရေးကြီးပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ကင်ဆာကုသ အောင်မြင်ရေးမှာ အထောက်အကူ ပြုနိုင်တယ်ဆိုတဲ့ သုတေသန များစွာရှိပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းတဲ့နေရာမှာ ယနေ့ကိုယ်ခန္ဒာညွှန်းကိန်း လို့ခေါ်နေကြတဲ့ BMI ကို(၂၀) မှ (၂၅) အတွင်းထားရမှာ ဖြစ်ပါတယ်။
တစ်ချို့သော ကံမကောင်းတဲ့ လူနာတွေမှာတော့ ရင်သားကင်ဆာဟာ ပြန်ကြွလာနိုင်ပါတယ်။ ပြန်ကြွလာတယ် ဆိုရာမှာ အကြမ်းဖျင်းနှစ်မျိုးရှိတယ်။ အရင်ကင်ဆာဖြစ်ဖူးတဲ့ ဒဏ်ရာဟောင်း နေရာမှာ ပြန်ကြွလာတာလား။ ကင်ဆာဆဲလ်တွေ အဝေးကိုရောက်ပြီး ပြန်ကြွလာတာလားဆိုတဲ့ နည်းလမ်းနှစ်မျိုးပါ။
ဒဏ်ရာဟောင်း နေရာမှာပြန်ဖြစ်ရင် ဖြစ်တဲ့နေရာကိုပြန်ပြီးခွဲထုတ်လို့ရတယ်။ ပြီးရင်တော့ ဓာတ်ရောင်ခြည်ပေးရမှာပေါ့။ ဓာတ်ရောင်ခြည်ပေးတယ်ဆိုတဲ့နေရာမှာလည်း အရင်တုန်းကပေးခဲ့ဖူး တဲ့ဓာတ်ရောင်ခြည်ပမာဏကို တွက်ချက်ပြီး ပြန်လည်ချိန်ဆရတာမျိုးဖြစ်ပါတယ်။
ရင်သားကင်ဆာဟာ အဝေးကိုပျံ့တယ်ဆိုတဲ့နေရာမှာ အရိုးတွေ၊ဦးနှောက်နဲ့ အသည်းတွေကို ပိုပြီး ပျံ့နှံ့တတ်တဲ့သဘောရှိပါတယ်။ ဆရာဝန်များနဲ့ ပုံမှန်စစ်ဆေးမှုယူကြတဲ့အခါ အဝေးကိုကင်ဆာ ပျံ့နှံ့နေခြင်း ရှိ၊ မရှိ မေးခွန်းတွေကိုမေးပြီး စမ်းသပ်ကြပါလိမ့်မယ်။
ဦးနှောက်ထဲကို ကင်ဆာပျံ့နှံ့နေမှု ရှိ၊ မရှိ အကောင်းဆုံးစစ်ဆေးနည်းက သံလိုက်စက်ကွင်း ဓာတ်မှန် (MRI) ဖြစ်ပါတယ်။ အရိုးတွေကို ကင်ဆာပျံ့နှံ့နေခြင်း ရှိ၊ မရှိကိုတော့ Bone Scan ခေါ်တဲ့ အရိုးကိုဆေးသွင်းပြီး ဓာတ်မှန်ရိုက်တဲ့နည်းနဲ့ စစ်ဆေးပေးပါလိမ့်မယ်။ အသည်းကို ပျံ့၊ မပျံ့ဆိုတာက တော့ ကွန်ပြူတာဓာတ်မှန် (CT scan) ကအကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း ဖြေကြားလိုက်ရပါ တယ်။
ဒေါက်တာလွှမ်းမိုးဟန်
ရင္သားကင္ဆာကုသခံထားရသူမ်ားအတြက္ ဘ၀ေနနည္းလမ္းညႊန္
ဆရာရွင့္ ။ ကြ်န္မဟာ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကစၿပီး ဘာဘက္ရင္သားေတြမွာ ကင္ဆာျဖစ္လို႔ ခြဲထုတ္ခဲ့ရပါတယ္။ ညာဘက္ဂ်ိဳင္းမွာလည္း အက်ိတ္ေတြရွိေနလို႔ ထုတ္ပစ္ခဲ့ရပါတယ္။ အဲသည့္ေနာက္ ကင္ဆာေဆးေျခာက္ႀကိမ္သြင္းၿပီး ဓာတ္ေရာင္ျခည္ကုထံုးနဲ႔ပါ ကုသၿပီးစီးခဲ့ပါၿပီ။ အခုေတာ့ Tamoxifen သြင္းၿပီး ဓာတ္ေရာင္ျခည္ကုထံုးနဲ႔ ကုသၿပီးစီးထားတဲ့ လူနာေတြအေနနဲပ ဘယ္လိုျပဳမူေနထိုင္ရမယ္ဆိုတဲ့အခ်က္ေတြကိုပါဆရာ။ ဆရာ၀န္နဲ႔ဘယ္ေလာက္တစ္ခါျပန္ျပရမယ္။ ဘယ္လိုအရာေတြကို သတိထားရမယ္။ ဘယ္လိုေဆးစစ္မႈေတြကို ဘယ္အခ်ိန္ထိလုပ္ရမယ္ဆိုတာကို ေျပာျပေပးေစလိုပါတယ္ရွင့္။
ေျဖ ။ အခုလိုကင္ဆာကုသမႈကို ေအာင္ျမင္စြာျဖတ္သန္းႏိုင္ခဲ့လို႔ ၀မ္းသာစကားကို အရင္ဆံုးဆိုပါရေစ။ ကုသခဲ့တဲ့ ကင္ဆာကုထံုးမ်ားကိုေလ့လာၾကည့္ျခင္းအားျဖင့္ အနည္းဆံုး ရင္သားကင္ဆာအဆင့္(၂)ရွိမယ္လို႔ခန္႔မွန္းရပါတယ္။ ေနာက္ER/PR ေခၚတဲ့ မေဟာ္မုန္းေတြလည္း Positive ျဖစ္ေနလို႔ Tamoxifen ေဆးကို ၅ ႏွစ္ေသာက္ေနရရတယ္လို႔လည္း နားလည္မိပါတယ္။
ရင္သားတစ္ဖက္မွာ ကင္ဆာျဖစ္ဖူးသူတစ္ဦးဟာ ျဖတ္ထုတ္ထားၿပီးသားေနရာကေနၿပီးေတာ့ လည္း ကင္ဆာျပန္ၾကြလာႏိုင္တယ္။ ကင္ဆာဆဲလ္ေတြအေ၀းကိုေရာက္ၿပီး ကင္ဆာဆင့္(၄)အျဖစ္နဲ႔ လည္း ဆရာ၀န္ဆီျပန္ေရာက္လာႏိုင္တယ္။ ေကာင္းေနတဲ့ရင္သားေနာက္တစ္ဖက္မွာလည္း ကင္ဆာ အသစ္ထပ္ျဖစ္လာႏိုင္ပါတယ္။ ကင္ဆာအသစ္ထပ္ျဖစ္လာႏုိင္ပါတယ္။ ကင္ဆာအသစ္ဆိုရာမွာ ကင္ဆာျဖစ္တဲ့ဖက္က ကင္ဆာဆဲလ္ေတြ ေကာင္းတဲ့ဘက္ေရာက္လာတာလည္း ျဖစ္ႏုိင္သလို သူ႔အလိုလို ေနာက္ထပ္ရင္သားကင္ဆာအသစ္ထပ္ျဖစ္တာပါ ပါတာေပါ့။
ရင္သားကင္ဆာေအာင္ျမင္စြာကုသၿပီးသူတစ္ေယာက္ဟာ ဆရာ၀န္ဆီအနည္းဆံုး ေလးလ တစ္ႀကိမ္ေလာက္ျပန္လာၿပီး စမ္းသပ္မႈခံယူဖို႔လိုပါတယ္။ အဲလိုပံုမွန္စမ္းသပ္မႈမ်ားကို (၅)ႏွစ္ျပည့္သည္ အထိ ခံယူေနဖို႔ပါ (၅)ႏွစ္ျပည့္သြားၿပီဆိုရင္ေတာ့ ဆရာ၀န္နဲ႔ပုံမွန္စမ္းသပ္မႈကို တစ္ႏွစ္တစ္ႀကိမ္ ေလာက္လုပ္မယ္ဆို လံုေလာက္ပါၿပီ။ ဆရာ၀န္နဲ႔မေတြ႔ျဖစ္တဲ့အခ်ိန္မ်ားမွာလည္း မိမိရင္သားကို စမ္းသပ္တတ္ေအာင္ ေလ့က်င့္ထားဖို႔လိုအပ္ပါတယ္။ Lymphodema ေခၚတဲ့ ဂ်ိဳင္းထဲကအက်ိတ္ေတြ ကိုခြဲထုတ္လုိက္လို႔ လက္ႀကီးတစ္ဖက္လံုးေရာင္လာတာမ်ိဳးကို ကာကြယ္ထားခ်င္တယ္ဆိုရင္ေတာ့ ကြ်မ္းက်င္တဲ့ကိုယ္ကာယ ပညာရွင္မ်ားနဲ႔ ေလ့က်င့္ခန္းလုပ္လို႔ရပါတယ္။
ရင္သားကင္ဆာကိုကုသၿပီးရင္ တစ္ႏွစ္မွာတစ္ႀကိမ္ ရင္သားဓာတ္မွန္ (Mammography) ႐ိုက္ဖို႔လိုအပ္သြားပါၿပီ။ ရင္သားဓာတ္မွန္႐ိုက္ျခင္းဟာ ရင္သားကင္ဆာျဖစ္ဖူးသူမ်ားအတြက္ ေနာက္ရင္သားကင္ဆာအသစ္တစ္ခုျဖစ္လာႏိုင္သလားဆိုတာကို ေစာစီးစြာခန္႔မွန္းေတြ႔ရွိႏုိင္တဲ့ နည္း လမ္းတစ္ခုျဖစ္ပါတယ္။ ရင္သားဓာတ္မွန္႐ိုက္တယ္ဆိုတဲ့ေနရာမွာ ေရာဂါမျဖစ္ဘဲ က်န္ခဲ့တဲ့ရင္သားကို ပါ ႐ိုက္ရမွာျဖစ္ပါတယ္။ တခ်ိဳ႕ေသာ ရင္သားကင္ဆာမ်ားမွာ ရင္သားတစ္ဖက္လံုးကို ျဖတ္မထုတ္ဘဲ ကင္ဆာအက်ိတ္ေလးေတြကိုပဲ ခြဲထုတ္ၿပီးဓာတ္ေရာင္ျခည္ေပး၊ ေဆးသြင္းကုသထားခဲ့တာမ်ိဳးေတြ လည္းရွိေတာ့ အဲ့သလို အေနအထားမ်ိဳးမွာလည္း ေရာဂါျဖစ္ဖူးတဲ့င္သားကို ရင္သားဓါတ္မွန္ ရိုက္ဖို႔လိုပါတယ္။
လက္ရွိေသာက္လက္စ ေဟာ္မုန္းေဆးကိုလည္း ဆရာ၀န္ကမရပ္ခိုင္းဘဲ မရပ္ဖို႔အေရးႀကီး ပါတယ္။ ဆရာ၀န္မ်ားနဲ႔ ေလးလတစ္ႀကိမ္၊ တစ္ႏွစ္တစ္ႀကိမ္ ေတြ႔ရတဲ့ အခါမွာ ေဟာ္မုန္းေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ားကို ရွာေဖြေပးမွာျဖစ္ပါတယ္။ Tamoxifan ဆးဟာ သားအိမ္တြင္း ကင္ဆာျဖစ္ႏိုင္ေျခ ရွိတာမို႔ ေသြးဆံုးၿပီးမွ ျပန္ေပၚတာမ်ိဳးျဖစ္လာရင္ ဆရာ၀န္နဲ႔ခ်က္ခ်င္း တိုင္ပင္ဖို႔လိုပါတယ္။ ေနာက္ေဟာ္မုန္းေဆးတစ္မ်ိဳး ျဖစ္တဲ့ Letrozole လိုေဆးမ်ိဳးကေတာ့ အရြယ္မတိုင္မီ အရိုးပြေရာဂါမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ Bone Mineral Density (BMD) ေခၚတဲ့ အရိုးသိပ္သည္းဆကို တိုင္းတာၿပီး အရိုးက်ိဳးႏိုင္ေျခကို ခန္႔မွန္းတြက္ခ်က္ ႏိုင္ပါတယ္။
ရင္သားကင္ဆာ ကုသအၿပီးမွာ ကိုယ္လက္လႈပ္ရွားမႈ ပံုမွန္လုပ္ဖို႔ အေရးႀကီးပါတယ္။ သင့္တင့္ေလ်ာက္ပတ္တဲ့ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းဟာ ကင္ဆာကုသ ေအာင္ျမင္ေရးမွာ အေထာက္အကူ ျပဳႏိုင္တယ္ဆိုတဲ့ သုေတသန မ်ားစြာရွိပါတယ္။ ကိုယ္အေလးခ်ိန္ကို ထိန္းတဲ့ေနရာမွာ ယေန႔ကိုယ္ခႏၵာညႊန္းကိန္း လို႔ေခၚေနၾကတဲ့ BMI ကို(၂၀) မွ (၂၅) အတြင္းထားရမွာ ျဖစ္ပါတယ္။
တစ္ခ်ိဳ႕ေသာ ကံမေကာင္းတဲ့ လူနာေတြမွာေတာ့ ရင္သားကင္ဆာဟာ ျပန္ၾကြလာႏိုင္ပါတယ္။ ျပန္ၾကြလာတယ္ ဆိုရာမွာ အၾကမ္းဖ်င္းႏွစ္မ်ိဳးရွိတယ္။ အရင္ကင္ဆာျဖစ္ဖူးတဲ့ ဒဏ္ရာေဟာင္း ေနရာမွာ ျပန္ၾကြလာတာလား။ ကင္ဆာဆဲလ္ေတြ အေ၀းကိုေရာက္ၿပီး ျပန္ၾကြလာတာလားဆိုတဲ့ နည္းလမ္းႏွစ္မ်ိဳးပါ။
ဒဏ္ရာေဟာင္း ေနရာမွာျပန္ျဖစ္ရင္ ျဖစ္တဲ့ေနရာကိုျပန္ၿပီးခြဲထုတ္လို႔ရတယ္။ ၿပီးရင္ေတာ့ ဓာတ္ေရာင္ျခည္ေပးရမွာေပါ့။ ဓာတ္ေရာင္ျခည္ေပးတယ္ဆိုတဲ့ေနရာမွာလည္း အရင္တုန္းကေပးခဲ့ဖူး တဲ့ဓာတ္ေရာင္ျခည္ပမာဏကို တြက္ခ်က္ၿပီး ျပန္လည္ခ်ိန္ဆရတာမ်ိဳးျဖစ္ပါတယ္။
ရင္သားကင္ဆာဟာ အေ၀းကိုပ်႕ံတယ္ဆိုတဲ့ေနရာမွာ အ႐ိုးေတြ၊ဦးေႏွာက္နဲ႔ အသည္းေတြကို ပိုၿပီး ပ်ံ႕ႏွံ႔တတ္တဲ့သေဘာရွိပါတယ္။ ဆရာ၀န္မ်ားနဲ႔ ပံုမွန္စစ္ေဆးမႈယူၾကတဲ့အခါ အေ၀းကိုကင္ဆာ ပ်ံ႕ႏွံ႔ေနျခင္း ရွိ၊ မရွိ ေမးခြန္းေတြကိုေမးၿပီး စမ္းသပ္ၾကပါလိမ့္မယ္။
ဦးေႏွာက္ထဲကို ကင္ဆာပ်ံ႕ႏွံ႔ေနမႈ ရွိ၊ မရွိ အေကာင္းဆံုးစစ္ေဆးနည္းက သံလုိက္စက္ကြင္း ဓာတ္မွန္ (MRI) ျဖစ္ပါတယ္။ အ႐ိုးေတြကို ကင္ဆာပ်႕ံႏွံ႔ေနျခင္း ရွိ၊ မရွိကိုေတာ့ Bone Scan ေခၚတဲ့ အ႐ိုးကိုေဆးသြင္းၿပီး ဓာတ္မွန္႐ိုက္တဲ့နည္းနဲ႔ စစ္ေဆးေပးပါလိမ့္မယ္။ အသည္းကို ပ်ံ႕၊ မပ်ံ႕ဆိုတာက ေတာ့ ကြန္ျပဴတာဓာတ္မွန္ (CT scan) ကအေကာင္းဆံုးနည္းလမ္းျဖစ္ပါေၾကာင္း ေျဖၾကားလိုက္ရပါ တယ္။
ေဒါက္တာလႊမ္းမိုးဟန္