All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid-19 ရောဂါပိုးရဲ့ ရှင်သန်မှုသက်တမ်းနှင့် Quarantine ရဲ့အရေးပါပုံတစ်ချို့….

1 Mins read
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid-19 ရောဂါပိုးရဲ့ ရှင်သန်မှုသက်တမ်းနှင့် Quarantine ရဲ့အရေးပါပုံတစ်ချို့….

1 Mins read

Covid-19 ရောဂါပိုးရဲ့ ရှင်သန်မှုသက်တမ်းနှင့် Quarantine ရဲ့အရေးပါပုံတစ်ချို့….

⚕️ Covid-19 (ခေါ်) Corona virus ရောဂါပိုးဟာ ယခုဆိုရင် ဗီဇအသစ်ပြောင်းလဲပြီး ကူးစက်မှုနှုန်း အရင်ကထက်ပိုမိုများပြားလာပြီပဲဖြစ်ပါတယ်။
ဒီ Corona ရောဂါပိုးဟာ အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ ကိုယ်ခံအားနည်းသူတွေ၊ နာတာရှည် ရောဂါရှိသူတွေမှာ ရောဂါအခြေအနေပိုဆိုးရွားတတ်ပြီး သေဆုံးနှုန်းများစေတဲ့ရောဂါပိုးတစ်မျိုးပါ။

ကူးစက်ပြန့်ပွားပုံတွေကိုပြောရရင်…

  • ရောဂါပိုးရှိသူဆီက ချောင်းဆိုး၊နှာချေလိုက်တဲ့လေကို ရှူရှိုက်မိတဲ့အခါ
  • ရောဂါပိုးရှိသူနှင့် ၁ မီတာအတွင်းထိတွေ့ဆက်ဆံမိတဲ့အခါ
  • ရောဂါပိုးရှိသူကနေ ထွက်ရှိလာတဲ့ secretions တွေကို ထိတွေ့မိတဲ့အခါ
    ထို secretions တွေနဲ့ မျက်နှာအနှံ့ကို ကိုင်တွယ်မိတဲ့အခါမှာ ကူးစက်တတ်ပါတယ်။

ဒီ Corona ရောဂါပိုးဟာ Secretions တွေကို ထိတွေ့ကိုင်တွယ်မိရာကနေတစ်ဆင့် ကူးစက်တတ်တဲ့အတွက် ပစ္စည်းတွေရဲ့ Surface တွေပေါ်မှာရောဂါပိုးနေထိုင်ရှင်သန်နိုင်တဲ့သက်တမ်းဟာလည်း အရေးကြီးလာပါတယ်။

Corona ရောဂါပိုးဟာ သတ္တုနဲ့ပြုလုပ်ထားတဲ့ တံခါးလက်ကိုင်တို့၊ ငွေထည်ပစ္စည်းတွေပေါ်မှာ ၅ ရက်ခန့် အသက်ရှင်နိုင်ပြီး ပရိဘောဂတို့၊ သစ်သားမျက်နှာပြင်တွေပေါ်မှာ ၄ ရက်ခန့်အသက်ရှင်နိုင်ပါတယ်။ ပလတ်စတစ်နဲ့ စတီးပစ္စည်းတွေပေါ်မှာ ၂ ရက် ၃ ရက်ခန့်ရှင်သန်နိုင်ပြီး copper နဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေပေါ်မှာတော့ ၄ နာရီခန့်ရှင်သန်နိုင်ပါတယ်။ Aluminium ပစ္စည်းတွေပေါ်မှာ ရှင်သန်နိုင်ချိန်က ၂ နာရီကနေ ၈ နာရီလောက်ထိရှိနိုင်ပြီး ဖန်ခွက်တွေပေါ်မှာ ရှင်သန်နိုင်ချိန်ကတော့ ၅ ရက်လောက်ထိဖြစ်ပါတယ်။ စာရွက်တွေပေါ်မှာ ရှင်သန်နိုင်ချိန်ကတော့ မိနစ်ပိုင်းကနေ ၅ ရက်လောက်ထိပြောင်းလဲနိုင်ပါတယ်။

အကယ်၍ လူတစ်ယောက်ဟာလွန်ခဲ့တဲ့ ၁၄ ရက်အတွင်းရောဂါပိုးပြန့်ပွားနေတဲ့နိုင်ငံကိုသွားရောက်ခဲ့တာပဲဖြစ်စေ၊ ရောဂါပိုးရှိသူနဲ့ထိတွေ့ဆက်ဆံခဲ့တာပဲဖြစ်စေ စောင့်ကြည့်ကာလအနေနဲ့ Quarantine ၂၁ ရက်သတ်သတ်နေရပါတယ်။ ဒီကာလအတွင်းမှာ စစ်ဆေးကြည့်လို့ရောဂါပိုးမရှိဘူးဆိုရင် Quarantine မှကင်းလွတ်ပြီး ရောဂါပိုးရှိနေရင်တော့ Isolation လုပ်ပြီး ကုသမှုခံယူရမှာပဲဖြစ်ပါတယ်။ ဒီလို Quarantine လုပ်တာကိုလိုက်နာမှသာ မိမိရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားပြန်တွေရှိနေခဲ့ရင် Quarantine ဝင်ဖို့ဝိုင်းဝန်းတိုက်တွန်းကြဖို့ များစွာလိုအပ်ပါတယ်။

ဒေါက်တာသွန်းထည်ဝါ (ဆေး ၂)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…