ပွင့်ပြန်ပြီလား ဒီလက်သည်း
မေလေးတစ်ယောက် သူ့လက်သည်းသူကြည့်ပြီး တစ်တွက်တွက်ပြောနေသည်။
” လက်သည်းပွင့်တိုင်းသာ စန်းပွင့်ရမယ်ဆိုငါလည်းတော်တော်စန်းပွင့်နေလောက်ပြီ”
ဟုတ်လည်းဟုတ်သည်။ မေလေးလက်၅ချောင်းရှိရာ ၃ချောင်းလောက်က အဖြူအစက်လေးတွေကိုယ်စီနဲ့ မေလေး စိတ်မချမ်းသာတော့ ။ စိတ်ထဲမှာရောဂါတစ်ခုခုဖြစ ်နေပြီလို့လဲထင်နေမိတယ်။ ဒါနဲ့ ချစ်သူငယ်ချင်း ဆရာဝန်မလေး ဒေါက်တာစုဆီ အပြေးသွားလိုက်သည်။
” မိစုရယ် ငါ့လက်သည်းတွေကိုကြည့်ပါဦးဟယ်”
” အဖြူအစက်အပြောက်တွေနဲ့ တော်တော့်ကို ရုပ်ဆိုးနေတာ ၊ ငါ ကိုရီးယားကားထဲကလို ကင်ဆာတွေဘာတွေများဖြစ်နေသလားဘဲ?”
မိစုက ရယ်ကျဲကျဲနဲ့ ” ပြကြည့်ပါဦးဟ”
” ဒါလက်သည်းပွင့်တာပဲ ကင်ဆာလည်းဟုတ်ပါဘူး”
” အဓိကတော့ ၂မျိုးရှိတယ်။ အဖြူအစက်အပြောက်လေးတွေကတော့ ခိုက်မိလို့ဖြစ်တာ(ဥပမာလက်သည်းကိုက်တာ၊ လက်သည်းညှပ်ရင်းဖြစ်တာ) ဒါပေမယ့်အခြားရောဂါလေးတွေကြောင့်လည်းဖြစ်တတ်တယ်။ ရောဂါကြောင့်ဆိုရင်တော့ အဖြူအစက်အပြောက်မဟုတ်ဘဲ လက်သည်းတစ်လျှောက်လုံးအဖြူစင်းတွေ
ကန့်လန့်ဖြတ် ဒါမှမဟုတ် ဒေါင်လိုက်ရှိနေတတ်တယ်။ရောဂါတွေကတော့ ဥပမာ_ သံဓာတ်အားနည်းတာ၊ အသည်းခြောက်တာ၊ ကျောက်ကပ်မကောင်းတာ
နှလုံးညစ်အားမကောင်းတော့တာ၊ ဇင့်ဓာတ်အားနည်းတာ၊ လည်ပင်းသိုင်းရွိုက်ဟော်မုန်းများတာ ကိုပြတာလည်းဖြစ်နိုင်သေးတယ်။
” စစ်ဆေးမှုအနေနဲ့တော့ ခုနကပြောတဲ့ ရောဂါတွေရှိမရှိစစ်ကြည့်ရမယ်၊ လက်သည်းမှိုဟုတ်မဟုတ်သေချာအောင်စစ်ကြည့်လို့ရပါတယ်။
“မဖြစ်အောင်ဆိုရင်တော့ လက်သည်းဖျက်ဆေးတွေမကြာခဏသုံးတာ၊ လက်သည်းကိုအလွန်တိုအောင်ညှပ်တာရှောင်ရမယ်။ နောက်ပြီး လက်ဆေးပြီးတိုင်းလက်သည်းကိုခြောက်မနေစေဘဲ အစိုဓာတ်ထိန်းခရမ်လေးတွေလိမ်းပေးသူငယ်ချင်းရေ”
မေလေးလည်း “ငါဒါဆို လက်သည်းဖျက်ဆေးခဏခဏသုံးတာကြောင့်ဖြစ်မယ်”
“ကျေးဇူးပါမိစုရယ် ခုမှပဲ စိတ်ထဲ နေသာသွားတော့တယ်”
မယ်တင်( ဆေး ၁)
ပြင့္ျပန္ၿပီလား ဒီလက္သည္း
ေမေလးတစ္ေယာက္ သူ႔လက္သည္းသူၾကည့္ၿပီး တစ္တြက္တြက္ေျပာေနသည္။
” လက္သည္းပြင့္တိုင္းသာ စန္းပြင့္ရမယ္ဆိုငါလည္းေတာ္ေတာ္စန္းပြင့္ေနေလာက္ၿပီ”
ဟုတ္လည္းဟုတ္သည္။ ေမေလးလက္၅ေခ်ာင္းရွိရာ ၃ေခ်ာင္းေလာက္က အျဖဴအစက္ေလးေတြကိုယ္စီနဲ႔ ေမေလး စိတ္မခ်မ္းသာေတာ့ ။ စိတ္ထဲမွာေရာဂါတစ္ခုခုျဖစ ္ေနၿပီလို႔လဲထင္ေနမိတယ္။ ဒါနဲ႔ ခ်စ္သူငယ္ခ်င္း ဆရာဝန္မေလး ေဒါက္တာစုဆီ အေျပးသြားလိုက္သည္။
” မိစုရယ္ ငါ့လက္သည္းေတြကိုၾကည့္ပါဦးဟယ္”
” အျဖဴအစက္အေျပာက္ေတြနဲ႔ ေတာ္ေတာ့္ကို ရုပ္ဆိုးေနတာ ၊ ငါ ကိုရီးယားကားထဲကလို ကင္ဆာေတြဘာေတြမ်ားျဖစ္ေနသလားဘဲ?”
မိစုက ရယ္က်ဲက်ဲနဲ႔ ” ျပၾကည့္ပါဦးဟ”
” ဒါလက္သည္းပြင့္တာပဲ ကင္ဆာလည္းဟုတ္ပါဘူး”
” အဓိကေတာ့ ၂မ်ိဳးရွိတယ္။ အျဖဴအစက္အေျပာက္ေလးေတြကေတာ့ ခိုက္မိလုိ႔ျဖစ္တာ(ဥပမာလက္သည္းကိုက္တာ၊ လက္သည္းညႇပ္ရင္းျဖစ္တာ) ဒါေပမယ့္အျခားေရာဂါေလးေတြေၾကာင့္လည္းျဖစ္တတ္တယ္။ ေရာဂါေၾကာင့္ဆိုရင္ေတာ့ အျဖဴအစက္အေျပာက္မဟုတ္ဘဲ လက္သည္းတစ္ေလၽွာက္လံုးအျဖဴစင္းေတြ
ကန္႔လန္႔ျဖတ္ ဒါမွမဟုတ္ ေဒါင္လိုက္ရွိေနတတ္တယ္။ေရာဂါေတြကေတာ့ ဥပမာ_ သံဓာတ္အားနည္းတာ၊ အသည္းေျခာက္တာ၊ ေက်ာက္ကပ္မေကာင္းတာ
ႏွလံုးညစ္အားမေကာင္းေတာ့တာ၊ ဇင့္ဓာတ္အားနည္းတာ၊ လည္ပင္းသိုင္းရြိုက္ေဟာ္မုန္းမ်ားတာ ကိုျပတာလည္းျဖစ္ႏိုင္ေသးတယ္။
” စစ္ေဆးမႈအေနနဲ႔ေတာ့ ခုနကေျပာတဲ့ ေရာဂါေတြရွိမရွိစစ္ၾကည့္ရမယ္၊ လက္သည္းမႈိဟုတ္မဟုတ္ေသခ်ာေအာင္စစ္ၾကည့္လို႔ရပါတယ္။
“မျဖစ္ေအာင္ဆိုရင္ေတာ့ လက္သည္းဖ်က္ေဆးေတြမၾကာခဏသံုးတာ၊ လက္သည္းကိုအလြန္တိုေအာင္ညႇပ္တာေရွာင္ရမယ္။ ေနာက္ၿပီး လက္ေဆးၿပီးတိုင္းလက္သည္းကုိေျခာက္မေနေစဘဲ အစိုဓာတ္ထိန္းခရမ္ေလးေတြလိမ္းေပးသူငယ္ခ်င္းေရ”
ေမေလးလည္း “ငါဒါဆို လက္သည္းဖ်က္ေဆးခဏခဏသံုးတာေၾကာင့္ျဖစ္မယ္”
“ေက်းဇူးပါမိစုရယ္ ခုမွပဲ စိတ္ထဲ ေနသာသြားေတာ့တယ္”
မယ္တင္( ေဆး ၁)