မဖြူစင်သော အဖြူဆင်းခြင်း

ကျွန်မတို့မိန်းမသားအများစုဟာအဖြူဆင်းခြင်းပြသနာကို တစ်ကြိမ်မဟုတ်တစ်ကြိမ်ကြုံတွေ့ဖူးကြမှာပါ။

ဒါကိုသာမာန်လို့သဘောထားသူရှိသလို သဲသဲလှုပ်စိုးရိမ်တတ်သူများလည်း ရှိပါတယ်။

ဒါဆိုဘယ်လိုအနေအထားကိုသာမန်လို့သတ်မှတ်မလဲ? ဘယ်လိုအနေအထားဆို သတိထားဖို့လိုမလ ဲဆိုတာသိဖို့လိုပါတယ်။ သာမန်(သဘာဝအရ)အဖြူဆင်းခြင်း၊ခန္တာကိုယ်ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်စေ၊ မျိုးဥကြွေခြင်းကြောင့်ဖြစ်စေ၊ သားအိမ်တည်ဆောက်ပုံအနေအထားကြောင့်ဖြစ်စေ၊ သဘာဝအရအဖြူဆင်းတတ်ပါတယ်။

ဒီလိုအဖြူဆင်ခြင်းမှာအများအားဖြင့်

အရည်ကျဲတတ်ပါတယ်။
အနံ့မနံတတ်ပါဘူး။
မိန်းမကိုယ်ယားယံခြင်း၊ နီရဲခြင်းမရှိတတ်ပါဘူး။
ဆီးပူဆီးကျင်ခြင်းနဲ့တွဲမဖြစ်တတ်ပါဘူး။

ဒါဆို စိတ်ပူဖို့မလိုပါဘူး၊

၁) အိပ်ရေးဝဝအိပ်မယ်။
၂) အပူအစပ်တွေလျှော့စားမယ်။
၃) မိန်းမကိုယ်သန့်ရှင်းအောင်ထားမယ်ဆိုရင်သက်သာနိုင်ပါတယ်။

သတိထားသင့်တဲ့ ရောဂါကြောင့်အဖြူဆင်းခြင်းကတော့

၁) မွေးလမ်းကြောင်းယောင်ယမ်ခြင်း( ဘက်တီးရီးယား၊ မှိုတို့ကြောင့်)
၂) သားအိမ်ခေါင်းယောင်ယမ်းခြင်း တို့ကြောင့်ဖြစ်တတ်ပါတယ်။

ဒီလိုအဖြူဆင်းခြင်းမျိုးကတော့ အများအားဖြင့်

ပျစ်ချွဲတတ်ပါတယ်။တခါတရံ ဒိန်ခဲလိုအဖတ်အဖတ်တွေပါတတ်ပါတယ်။
အနံ့အားဖြင့် ငါးညှီနံ့ကဲ့သို့ အနံ့အသက်ရတတ်ပါတယ်။
မိန်းမကိုယ် အလွန်အမင်းယားယံခြင်း၊ နီရဲ၊ယောင်ယမ်းခြင်းတို့နဲ့ တွဲပြီးဖြစ်တတ်ပါတယ်။
ဆီးပူ၊ဆီးကျင်ခြင်းတိုနဲ့လည်း တွဲဖြစ်တတ်ပါတယ်။့

ဒီလိုလက္ခဏာတွေနဲ့တွံဖြစ်တယ်ဆိုရင်တော့ ပေါ့ဆမနေသင့်ဘဲ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေး၊ စမ်းသပ်စစ်ဆေးရပါမယ်။

ကဲ မမတို့၊ ညီမလေးတို့လည်း အဖြူဆင်းတယ်ဆိုရင် ဒီလက္ခဏာလေးတွေနဲ့တိုက်ကြည့် ၊ ဘာဆက်လုပ်ရမလဲ သိလောက်ပြီထင်ပါတယ်။

မယ်တင်( ဆေး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *