All Articlesအခြားရောဂါများအထွေထွေရောဂါများ

အဆိပ်သင့် အသည်း(သို့)အသည်းလေးကို ကယ်တင်ကြပါစို့

1 Mins read

အဆိပ်သင့် အသည်း(သို့)အသည်းလေးကို ကယ်တင်ကြပါစို့

တကယ်တော့ အသည်းလေးမဟုတ်ပါဘူး အသည်းကြီးပါ။အိမ်က မိန်းမကိုပြောတာမဟုတ်ပါ၊လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ၃ပေါင်ကျော်လေးကာ အသက်ရှင်ဖို့မရှိမဖြစ်လိုအပ်တဲ့ ဗိုက်ထဲကအသည်းကိုပြောတာပါ။

အသည်းကိုကယ်တင်ရအောင် ဒင်းကဘာဖြစ်နေလို့လဲ…

ဖြစ်နေပါတယ်၊၊ဘာတွေဖြစ်နေသလဲဆိုတော့ သင်တို့ရဲ့ ကျန်းမာရေးနဲ့မလျော်ညီတဲ့ နေထိုင်စားသောက်မှုပုံစံအချို့ကြောင့် အသည်းဟာနေ့စဉ်ထိခိုက်ခံနေရပါတယ်။အသည်းရဲ့ များပြားလှသောလုပ်ငန်းဆောင်တာတွေထဲက တစ်ခုဖြစ်တဲ့ အဆိပ်အတောက်ဓါတ်များကိုဖယ်ရှားပေးရတဲ့အလုပ်မှာ သင်တို့ရဲ့အစားအသောက်၊ဆေးဝါးအချို့ဟာ မကောင်းတဲ့သက်ရောက်မှုတွေရှိနေပါတယ်။

ဘယ်အရာတွေက အသည်းကိုထိခိုက်နာကျင်စေသလဲ…

အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ…

၁။နံပါတ်တစ်နေရာမှာ အမြဲရပ်တည်နေသူကြီးကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး အရက်ပေ့ါ။အရက်ကို နှစ်ရှည်လများ၊အလွန်အကျွံသောက်သုံးခြင်းဟာ အသည်းရောင်ခြင်းသာမက အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။

၂။ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးအချို့(ဥပမာ-Ibuprofen,Naproxen,Aspirin နဲ့ Paracetamol)ဟာလဲ လိုအပ်သည်ထက်ပိုမိုသောက်သုံးခြင်း၊တာရှည်သောက်သုံးခြင်းနှင့် အရက်နဲ့တွဲ၍သောက်သုံးမိခြင်းတို့မှာ အသည်းကိုထိခိုက်စေနိုင်ပါတယ်။

၃။လူတို့သောက်သုံးတဲ့ ပိုးသတ်ဆေးအချို့(ဘက်တီးရီးယားသတ်ဆေးအချို့၊ဗိုင်းရပ်စ်သေဆေးအချို့နဲ့ မှိုသတ်ဆေးအချို့)တို့ဟာလဲ အသည်းကိုဒဏ်ဖြစ်ရောင်ယမ်း စေပါတယ်။ဒါတင်မက စတီးရွိုက်ဆေးတွေဟာလဲ အလွန်အကျွံသုံးစွဲမိရင် အသည်းကိုအင်မတန်ဒုက္ခရောက်စေပါတယ်။

၄။ဆေးဖက်ဝင်အပင်အချို့နဲ့ ဖြည့်စွက်အားဆေးများ။အချို့သော ဆေးဖက်ဝင်အပင်အချို့ဟာ လိုအပ်သည်ထက်ပိုမိုသုံးစွဲမိသည့်အခါ အသည်းကိုထိခိုက်နိုင်ပါတယ်။တိုင်းရင်းဆေးများသုံးမည်ဆိုပါကလည်း တရားဝင်ခွင့်ပြုချက်ရထားပြီးဆေးဝါးများကိုသာ အညွှန်းအတိုင်းသုံးစေချင်ပါတယ်။ဒါ့အပြင် ကလေးသူငယ်တွေမှာအားဆေးတွေကို သကြားလုံးစားသလိုတိုက်ကျွေးနေတာဟာလဲ အသည်းကိုငယ်ငယ်ထဲက ဒုက္ခပေးနေသလိုဖြစ်စေပါတယ်။ကလေးအားဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ တိုက်ပါ၊တန်ဆေးလွန်ဘေးဆိုတာကို သတိပြုပါ။

၅။ဓာတုပစ္စည်းများ။လယ်ယာသုံးပိုးသတ်ဆေး၊ပေါင်းသေဆေးအချို့နဲ့ စက်ရုံသုံးဓာတုပစ္စည်းများ(ဥပမာ-ပလတ်စလစ်ပြုလုပ်ရာတွင်သုံးသောကုန်ကြမ်းများ)ဟာလဲ အသည်းကိုအနာတရဖြစ်ရောင်ယမ်းစေနိုင်ပါတယ်။

၆။Aflatoxin – မှိုမှဖြစ်သောအဆိပ်တစ်မျိုးဖြစ်ပြီး ၎င်းဟာအသည်းကိုရောင်ယမ်းစေရုံမက အသည်းကင်ဆာအထိပါ ဖြစ်ပွားနိုင်ပါတယ်။၎င်းကို သက်တမ်းလွန် ငရုတ်သီး/မှုန့်၊ကောက်ပဲသီးနှံ အစေ့အဆန်တွေမှာတွေ့နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ အသည်းကိုပိုထိခိုက်စေတတ်သလဲ…

အကိုက်အခဲပျောက်ဆေးများအား ဆရာဝန်ညွှန်ကြားချက်မရှိပဲ မိမိဖာသာဝယ်သောက်သူများ/နှစ်ရှည်လများသောက်သုံးနေသူများ၊အရက်အလွန်အကျွံသောက်သူများ၊ဓာတုပစ္စည်းများနဲ့နေ့စဉ်ထိတွေ့နေရသောစက်ရုံ၊အလုပ်ရုံဝန်ထမ်းအချို့နဲ့ ယခင်ကထဲက အသည်းရောဂါအခံရှိသူ(ဥပမာ-အသည်းရောင် အသားဝါ ဘီပိုး၊စီပိုး ရှိသူတွေမှာ အသည်းကိုများစွာ ပိုထိခိုက်စေတတ်ပါတယ်။

အသည်းကို ဘယ်လိုဘယ်ပုံ ထိခိုက်စေမည်လဲ…

အသည်းရောင်ခြင်း၊အသည်းခြောက်ခြင်း၊အသည်းအလုပ်မလုပ်နိုင်ခြင်းမှသည် အသည်းကင်ဆာအထိဖြစ်ပေါ်စေနိုင်ပါတယ်။

အသည်းကို ဘယ်လိုကာကွယ်ကြမလဲ…

အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်…

၁။ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်သုံးပါ။မိမိဖာသာအလွယ်တကူဝယ်သောက်ခြင်းမျိုးကို တတ်နိုင်သရွေ့ရှောင်ပါ။

၂။မလိုအပ်ပဲ ဆေးများအားမသောက်ပါနှင့်။အကိုက်အခဲပျောက်ဆေးများ အလွယ်တကူဝယ်ယူသောက်သုံးနေမှုများ ဆင်ခြင်ပါ။

၃။တိုင်းရင်းဆေးများ၊ဖြည့်စွက်စာ/အားဆေးများအား ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်ပါ။သဘာဝဆေးဖက်ဝင်အပင်တိုင်းသည် ကျန်းမာရေ…

အဆိပ္သင့္ အသည္း(သို႕)အသည္းေလးကို ကယ္တင္ၾကပါစို႕

တကယ္ေတာ့ အသည္းေလးမဟုတ္ပါဘူး အသည္းႀကီးပါ။အိမ္က မိန္းမကိုေျပာတာမဟုတ္ပါ၊လူ႕ခႏၶာကိုယ္ရဲ႕ အႀကီးဆံုးအဂၤါအစိတ္အပိုင္းျဖစ္ၿပီး ၃ေပါင္ေက်ာ္ေလးကာ အသက္ရွင္ဖို႕မရွိမျဖစ္လိုအပ္တဲ့ ဗိုက္ထဲကအသည္းကိုေျပာတာပါ။

အသည္းကိုကယ္တင္ရေအာင္ ဒင္းကဘာျဖစ္ေနလို႕လဲ…

ျဖစ္ေနပါတယ္၊၊ဘာေတြျဖစ္ေနသလဲဆိုေတာ့ သင္တို႕ရဲ႕ က်န္းမာေရးနဲ႕မေလ်ာ္ညီတဲ့ ေနထိုင္စားေသာက္မွဳပံုစံအခ်ဳိ႕ေၾကာင့္ အသည္းဟာေန႕စဥ္ထိခိုက္ခံေနရပါတယ္။အသည္းရဲ႕ မ်ားျပားလွေသာလုပ္ငန္းေဆာင္တာေတြထဲက တစ္ခုျဖစ္တဲ့ အဆိပ္အေတာက္ဓါတ္မ်ားကိုဖယ္ရွားေပးရတဲ့အလုပ္မွာ သင္တို႕ရဲ႕အစားအေသာက္၊ေဆးဝါးအခ်ဳိ႕ဟာ မေကာင္းတဲ့သက္ေရာက္မွဳေတြရွိေနပါတယ္။

ဘယ္အရာေတြက အသည္းကိုထိခိုက္နာက်င္ေစသလဲ…

ေအာက္မွာေဖာ္ျပထားတဲ့အတိုင္းပါပဲ…

၁။နံပါတ္တစ္ေနရာမွာ အၿမဲရပ္တည္ေနသူႀကီးကေတာ့ ကၽြန္ေတာ္တို႕ရဲ႕ ဇာတ္လိုက္ေက်ာ္ႀကီး အရက္ေပ့ါ။အရက္ကို ႏွစ္ရွည္လမ်ား၊အလြန္အကၽြံေသာက္သံုးျခင္းဟာ အသည္းေရာင္ျခင္းသာမက အသည္းေျခာက္ျခင္းႏွင့္ အသည္းကင္ဆာကိုပါ ျဖစ္ေစႏိုင္ပါတယ္။

၂။ေဆးဆိုင္ေတြမွာ အလြယ္တကူဝယ္ယူရရွိႏိုင္တဲ့ အကိုက္အခဲေပ်ာက္ေဆးအခ်ဳိ႕(ဥပမာ-Ibuprofen,Naproxen,Aspirin နဲ႕ Paracetamol)ဟာလဲ လိုအပ္သည္ထက္ပိုမိုေသာက္သံုးျခင္း၊တာရွည္ေသာက္သံုးျခင္းႏွင့္ အရက္နဲ႕တြဲ၍ေသာက္သံုးမိျခင္းတို႕မွာ အသည္းကိုထိခိုက္ေစႏိုင္ပါတယ္။

၃။လူတို႕ေသာက္သံုးတဲ့ ပိုးသတ္ေဆးအခ်ဳိ႕(ဘက္တီးရီးယားသတ္ေဆးအခ်ဳိ႕၊ဗိုင္းရပ္စ္ေသေဆးအခ်ဳိ႕နဲ႕ မွိဳသတ္ေဆးအခ်ဳိ႕)တို႕ဟာလဲ အသည္းကိုဒဏ္ျဖစ္ေရာင္ယမ္း ေစပါတယ္။ဒါတင္မက စတီးရြိဳက္ေဆးေတြဟာလဲ အလြန္အကၽြံသံုးစြဲမိရင္ အသည္းကိုအင္မတန္ဒုကၡေရာက္ေစပါတယ္။

၄။ေဆးဖက္ဝင္အပင္အခ်ဳိ႕နဲ႕ ျဖည့္စြက္အားေဆးမ်ား။အခ်ဳိ႕ေသာ ေဆးဖက္ဝင္အပင္အခ်ဳိ႕ဟာ လိုအပ္သည္ထက္ပိုမိုသံုးစြဲမိသည့္အခါ အသည္းကိုထိခိုက္ႏိုင္ပါတယ္။တိုင္းရင္းေဆးမ်ားသံုးမည္ဆိုပါကလည္း တရားဝင္ခြင့္ျပဳခ်က္ရထားၿပီးေဆးဝါးမ်ားကိုသာ အၫႊန္းအတိုင္းသံုးေစခ်င္ပါတယ္။ဒါ့အျပင္ ကေလးသူငယ္ေတြမွာအားေဆးေတြကို သၾကားလံုးစားသလိုတိုက္ေကၽြးေနတာဟာလဲ အသည္းကိုငယ္ငယ္ထဲက ဒုကၡေပးေနသလိုျဖစ္ေစပါတယ္။ကေလးအားေဆးေတြကို ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္းသာ တိုက္ပါ၊တန္ေဆးလြန္ေဘးဆိုတာကို သတိျပဳပါ။

၅။ဓာတုပစၥည္းမ်ား။လယ္ယာသံုးပိုးသတ္ေဆး၊ေပါင္းေသေဆးအခ်ဳိ႕နဲ႕ စက္ရံုသံုးဓာတုပစၥည္းမ်ား(ဥပမာ-ပလတ္စလစ္ျပဳလုပ္ရာတြင္သံုးေသာကုန္ၾကမ္းမ်ား)ဟာလဲ အသည္းကိုအနာတရျဖစ္ေရာင္ယမ္းေစႏိုင္ပါတယ္။

၆။Aflatoxin – မွိဳမွျဖစ္ေသာအဆိပ္တစ္မ်ိဳးျဖစ္ၿပီး ၎ဟာအသည္းကိုေရာင္ယမ္းေစရံုမက အသည္းကင္ဆာအထိပါ ျဖစ္ပြားႏိုင္ပါတယ္။၎ကို သက္တမ္းလြန္ င႐ုတ္သီး/မွဳန္႕၊ေကာက္ပဲသီးႏွံ အေစ့အဆန္ေတြမွာေတြ႕ႏိုင္ပါတယ္။

ဘယ္လိုလူေတြမွာ အသည္းကိုပိုထိခိုက္ေစတတ္သလဲ…

အကိုက္အခဲေပ်ာက္ေဆးမ်ားအား ဆရာဝန္ၫႊန္ၾကားခ်က္မရွိပဲ မိမိဖာသာဝယ္ေသာက္သူမ်ား/ႏွစ္ရွည္လမ်ားေသာက္သံုးေနသူမ်ား၊အရက္အလြန္အကၽြံေသာက္သူမ်ား၊ဓာတုပစၥည္းမ်ားနဲ႕ေန႕စဥ္ထိေတြ႕ေနရေသာစက္ရံု၊အလုပ္ရံုဝန္ထမ္းအခ်ဳိ႕နဲ႕ ယခင္ကထဲက အသည္းေရာဂါအခံရွိသူ(ဥပမာ-အသည္းေရာင္ အသားဝါ ဘီပိုး၊စီပိုး ရွိသူေတြမွာ အသည္းကိုမ်ားစြာ ပိုထိခိုက္ေစတတ္ပါတယ္။

အသည္းကို ဘယ္လိုဘယ္ပံု ထိခိုက္ေစမည္လဲ…

အသည္းေရာင္ျခင္း၊အသည္းေျခာက္ျခင္း၊အသည္းအလုပ္မလုပ္ႏိုင္ျခင္းမွသည္ အသည္းကင္ဆာအထိျဖစ္ေပၚေစႏိုင္ပါတယ္။

အသည္းကို ဘယ္လိုကာကြယ္ၾကမလဲ…

ေအာက္ပါအတိုင္း ကာကြယ္ႏိုင္ပါတယ္…

၁။ေဆးဝါးမ်ားကို ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္းသာေသာက္သံုးပါ။မိမိဖာသာအလြယ္တကူဝယ္ေသာက္ျခင္းမ်ဳိးကို တတ္ႏိုင္သေရြ႕ေရွာင္ပါ။

၂။မလိုအပ္ပဲ ေဆးမ်ားအားမေသာက္ပါႏွင့္။အကိုက္အခဲေပ်ာက္ေဆးမ်ား အလြယ္တကူဝယ္ယူေသာက္သံုးေနမွဳမ်ား ဆင္ျခင္ပါ။

၃။တိုင္းရင္းေဆးမ်ား၊ျဖည့္စြက္စာ/အားေဆးမ်ားအား ဆရာဝန္ႏွင့္တိုင္ပင္ၿပီးမွေသာက္ပါ။သဘာဝေဆးဖက္ဝင္အပင္တိုင္းသည္ က်န္းမာေရ…

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…