ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်း

ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို ကိုယ်ဝန် ဒုတိယသုံးလမှစတင်ကြုံတွေ့ရနိုင်ပါတယ်။ဒါဟာဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာတဲ့အကြောင်းရင်းမရှိပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှတဖြည်းဖြည်းကြီးလာတဲ့ သားအိမ်ရဲ့အလေးချိန်ကြောင့်ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တတ်တဲ့ ခြေထောက်ဖောရောင်ခြင်းဟာလည်း ခြေထောက်ကြွက်သားများကို ကိုက်ခဲစေပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ?

ခြေထောက်များကို အကွေးအဆန့်လုပ်ပါ။ခြေကျင်းဝတ်ကို ဗဟိုပြု ပြီး ခြေဖဝါးကို အပေါ်အောက်အကွေးအဆန့်ပြု လုပ်ပေးပါ။ဒီလိုလုပ်ပြီးတဲ့အခါမှာ ရေနွေးအိတ်လေးကပ်ပေးတာဖြစ်ဖြစ် နှိပ်နယ်ပေးတာဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။လမ်းအနည်းငယ်လျှောက်ပေးတာကလည်း အထောက်အကူဖြစ်စေပါတယ်။

ဘယ်လိုကာကွယ်မလဲ?

ကာကွယ်တဲ့နည်းလမ်းအတိအကျတော့မရှိပေမယ့် အောက်ပါနည်းလမ်းတွေကတော့ ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်းကိုလျော့ပါးသက်သာစေပါတယ်။

(၁)နေ့လည်နေ့ခင်းတွေ နဲ့ ညအိပ်ရာဝင်ခါနီးတွေမှာ ခြေသလုံးကြွက်သားတွေကို ဆန့်ပေးပါ။

(၂)ထိုင်နေတဲ့အချိန် ထမင်းစားတဲ့အချိန် TV ကြည့်ချိန်မျိုးတွေမှာ ခြေကျင်းဝတ်ကို လှည့်လည်လှုပ်ရှားပေးတာ ခြေချောင်းလေးတွေကို လှုပ်ရှားပေးတာမျိုးလေးတွေ လုပ်ပေးနိုင်ပါတယ်

(၃)နေ့စဉ်ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးပါ။

(၄)ခြေထောက်မှ နှလုံးဆီသို့သွေးစီးဆင်းမှုကောင်းအောင် ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ကိုစောင်းအိပ်ပေးပါ။

(၄)ရေဓာတ်ပြည့်ဝအောင် နေပါ။

(၅)ညအိပ်ရာမဝင်ခင်ရေနွေးနွေးနဲ့ရေချိုးပါ။

(၆)ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်း Magnesium နဲ့ Calcium Supplement တွေညွှန်တတ်ကြပါတယ်။ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ပါမှ သောက်သင့်ပါတယ်။

ဒီအချက်တွေကိုလိုက်နာကြည့်သော်လည်း ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်းဟာ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

Dr. ပွင့်ဖြိုးကျော်





ဘယ်လိုကာကွယ်မလဲ?










Dr. ပွင့်ဖြိုးကျော်

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *