ခဲဆိပ်အန္တရာယ်ကြောက်စဖွယ်
‘သားလေးက ခဏခဏတက်လို့ လာပြတာပါ ဒေါက်တာ။ ဒီနေ့မနက်လည်း တစ်ခါ တက်သေးတယ်’ ဟု အသက် ၂ နှစ်အရွယ် ကလေးငယ်ကို ချီလာသော မိခင်ဖြစ်သူသည် လွန်စွာစိတ်ပူသောအသံဖြင့် ပြောရှာပါသည်။ ဆက်လက်၍ ကလေး၏ဖြစ်စဉ်တို့ကို မေးသော အခါ အသက် ၉ လအရွယ်မှ စ၍ မကြာခဏ တက်တတ်ကြောင်း၊ ကိုယ်ပူပြီး တက်သည်ဟု လည်းပြော၍ မရကြောင်း၊ ကိုယ်မပူဘဲလည်း တက်တတ်ကြောင်း၊ ကလေးလမ်းလျှောက် တတ်ပြီလားဟု မေးသောအခါ မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်သေးကြောင်း စသည်တို့ကို သိရှိပါသည်။

ကလေးကို စမ်းသပ်ကြည့်သောအခါ ကလေးသည် မိခင်၏ပေါင်ပေါ်တွင် လှုပ်ရှားမှု ကင်းစွာ ငြိမ်သက်၍ ထိုင်နေပြီး တစ်နေရာကိုသာ စူးစိုက်ကြည့်နေပါသည်။ ပြုံးရွှင်ရယ်မော မှုလည်းမရှိ၊ ငိုကြွေးမှုလည်းမရှိဘဲ ပုံမှန်ကလေးတစ်ယောက်၏ အမူအကျင့်မဟုတ်သည်ကို သတိထားမိပါသည်။ နှုတ်ခမ်း၊ လက်ဖဝါးတို့ကို ကြည့်သောအခါ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သွေးအားအလွန်နည်းသော လက္ခဏာ ရှိနေပါသည်။ ဝမ်းချုပ်တတ်သလားဟု မေးသောအခါ ဝမ်းအလွန်ချုပ်ကြောင်း မိခင်က ဖြေပါသည်။

ဒါဆိုရင်ဘာရောဂါများဖြစ်နိုင်မလဲ
ကလေးသည် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ပုံမှန်ဘောင်အတွင်း၌ မရှိခြင်း၊ လွန်စွာ သွေးအားနည်းခြင်း၊ ဝမ်းချုပ်လွန်ခြင်း လက္ခများရှိရာ ထိုကလေးအတွက် လွန်စွာစိုးရိမ်မိပါ သည်။ မိမိထင်ထားသော ရောဂါကို အတည်ပြုရန် မေးခွန်းများ ဆက်၍မရတော့သည်။ ကလေးနှင့် မိသားစု နေထိုင်သည့် အရပ်၏ ဝန်းကျင်တွင် ဘက်ထရီလုပ်ငန်းများ ရှိသလား။ မိသားစုဝင် အခြားကလေးများ ရှိသလား။ ရှိလျှင် ဤကလေးဖြစ်နေသော လက္ခဏာများကဲ့ သို့ ရှိနေသလားဟူ၍ မေးသောအခါ ကလေးမှာ တစ်ဦးတည်သောသားဖြစ်ကြောင်း၊ ယခင်က မြေလတ်ပိုင်း ရွာတစ်ရွာတွင် နေကြကြောင်း၊ ဤကလေးကို မွေးဖွားပြီး နှစ်လ၊ သုံးလကြာသောအခါ မိခင်၏ညီမ မိသားစုရှိရာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကြောင်း၊ လုပ်ငန်းမှာ ဘက်ထရီ ပလိတ်ပြားရိုက်ကြောင်းလည်း သိရပါသည်။ သေချာပါပြီ။ ထင်သည့်အတိုင်း ကွက်တိမှန်နေပါသည်။ ကလေးသည် ခဲဆိပ်သင့်သော ရောဂါ ဖြစ်နေခြင်းပင် ဖြစ်ပါသည်။

ခဲဆိပ်သင့်သတဲ့လား
မှန်ပါသည်။ ဘက်ထရီ ပလိတ်ပြားရိုက်လျှင် လေထဲတွင် ပျံ့နှံ့နေပါသည်။ ထိုအမှုန့် များထဲတွင် ခဲဓာတ်ပါပါသည်။ ခဲမှုန့်များလေထဲတွင် ရှိနေသည်ကို ရှုမိလျှင် အသက်ရှုလမ်း ကြောင်းမှတစ်ဆင့် ခဲမှုန့်များ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ပြီး သွေးထဲသို့ရောက်နိုင်သလို အရိုးများထဲတွင်လည်း ခဲမှုန့်များကို သိုလှောင်ထားနိုင်ပါသည်။ ခဲသည် အသက်ရှုလမ်း ကြောင်းမှ ဝင်နိုင်သလို အစာအူလမ်းကြောင်းမှလည်း ဝင်နိုင်ပြီး အူထဲ၍လည်း ရှိနိုင်ပါသည်။

မေးစရာ ရှိပါသည်။ ပုံမှန်အားဖြင့်ရော လေထုထဲတွင် ခဲဓာတ်မရှိနိုင်ဘူးလား။ ရှိနိုင်ပါ သည်။ ဤသို့ဆိုလျှင် လူတိုင်း၊ တိရစ္ဆာန်တိုင်းသည် လေကိုရှုုနေရသဖြင့် အားလုံး ခဲဆိပ်သင့် ကုန်မှာပေါ့ဟု ဆက်၍ စောဒကတက်နိုင်ပါသည်။ လေထဲ၌ ခဲဓာတ်ရှိနေသလို သက်ရှိတို်င်း၌ လည်း ခဲဓာတ်ရှိနေသည်ဟု ဖြေပါက လက်ခံလိုက်မည်မဟုတ်ပါ။ စင်စစ်၌အဖြေသည် အမှန် ပင် ဖြစ်ပါသည်။

လေထုထဲ၌လည်းကောင်း၊ သက်ရှိတို့၏ ခန္ဓာကိုယ်တွင်း၌လည်းကောင်း ခဲဓာတ်ရှိနေ သော်လည်း သက်ရှိတိုင်း ခဲဆိပ်မသင့်နိုင်ပါ။ အတိုင်းအတာတစ်ခုအထိ ကိုယ်တွင်း၌ရှိ၍ မည်သည့်လက္ခဏာမှ မပေါ်နိုင်သော်လည်း ထိုအတိုင်းအတာထက် ကျော်လွန်၍ ခဲဓာတ်ဝင် ရောက်ပါက ခဲဆိပ်သင့်သော လက္ခဏာများမုချ ပေါ်ပေါက်လာမည်သာ ဖြစ်ပါသည်။ ဆိုလိုရင်းမှာ အနည်းငယ်မျှသော ခဲဓာတ်ပမာဏ ကိုယ်တွင်း၌ ရှိနိုင်ပါသည်။ ထိုပမာဏမျှဖြင့် ခဲဆိပ်မသင့်နိုင်ဘဲ ကိုယ်တွင်း၌ နိုင်နင်းစွာ ချေဖျက်နိုင်ပါသည်။ သဘာဝအလျှောက်ရှိနိုင်သော ပမာဏာထက် ကျော်လွန်၌ ကိုယ်တွင်း၌ ခဲဓာတ်များ ရှိလာလျှင် ကိုယ်တွင်းမှ မချေပျက်နိုင် တော့ဘဲ ခဲဓာတ်များ စုပုံနေပြီး ခဲဆိပ်သင့်ရောဂါ ဖြစ်ပါတော့သည်။

ဘာတွေကြောင့် ခဲဆိပ်သင့်နိုင်သလဲ
လူကြီးများ ခဲဆိပ်သင်ခြင်းမှာ အဓိကအားဖြင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် သက်ဆိုင်ပါသည်။ ဥပမာ ဘက်ထရီလုပ်ငန်း၊ ရေပိုက်လုပ်ငန်း စသည်ဖြင့် ခဲနှင့်ပတ်သက်သော လုပ်ငန်းများကို လုပ်သောသူများ၌ အများဆုံးဖြစ်နိုင်ပါသည်။

ကလေးများတွင်ကား အထက်ကဖော်ပြခဲ့သည့်အတိုင်း လုပ်ငန်းခွင်ပတ်ဝန်းကျင်တွင် နေထိုင်သည့် ကလေးများသည် ခဲဆိပ်သင့်ရောဂါဖြစ်ရန် အသေချာဆုံးပင် ဖြစ်ပါသည်။ အကြောင်းမှာ ခဲဓာတ်များသည် လေထုထဲတွင် အန္တရာယ်ကင်းသော အဆင့်ထက် ကျော်လွန် ၍ များပြားစွာရှိနေနိုင်သဖြင့် အသက်ရှူလိုက်တိုင်း ကိုယ်တွင်းသို့ ဝင်နေသဖြင့် ရောဂါဖြစ် သည့်အဆင့်အထိ ရောက်လာမည်သာဖြစ်ပေသည်။ ထိုနေရာ၌ လုပ်ငန်းဆက်မလုပ်တော့ပဲ ရပ်နားပြီးသည့်တိုင်အောင် ဆက်လက်နေထိုင်ရန်အတွက်မူ အန္တရာယ်မကင်းနိုင်သေးပါ။ အကြောင်းမှာ ခဲတို့သည် မြေကြီးထဲ၌လည်း စိမ့်ဝင်၍ ခဲဓာတ်များ အန္တရာယ်ရှိသောအဆင့် အထိများစွာရှိနေ၊ ကျန်နေခဲ့သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုနေရာမှ ပြောင်းရွှေ့ သွားနိုင် မှ ဘေးကင်းမည်ဖြစ်ပါသည်။

ကလေးများကို ခဲဆိပ်သင့်စေနိုင်သော အနေအထား နောက်တစ်ခုမှာ လှပတောက် ပြောင်သော အရောင်များ ဆိုးပေးထားသည့် ကစားစရာများ၊ကလေးအသုံးအဆောင်များ ဖြစ်ပါသည်။ ကလေးများကို ဆွဲဆောင်မှုရှိအောင် အရောင်ခြယ်ထားသော သုတ်ဆေးများတွင် ခဲဓာတ်ပါရှိနိုင်ပါသည်။ ကလေးများမည်သည့်ပစ္စည်းကိုမဆို ပါးစပ်ထဲသို့ ထည့်လေ့ရှိပါသည်။ ထိုအခါ ခဲဓာတ်များသည် ပါးစပ်ထဲမှ တစ်ဆင့် အူလမ်းကြောင်းသို့ ရောက်ရှိသွားပါ တော့ သည်။

ခဲဆိပ်သင့်နိုင်သော အခြားနည်းမှာ အစားအသောက်များပင် ဖြစ်ပါသည်။ ယနေ့ ခေတ်တွင် အန္တရာယ်ကင်းသော သဘာဝအစားသောက်ဆိုသည်မှာ ပို၍ ပို၍ ရှားပါးလာပြီ ဖြစ် ပါသည်။ အစားအစာများကို ထုပ်ပိုးထားသော ခဲဓာတ်ပါသည့် အိတ်များ၊ ဘူးများ၊ ခွက်များ၊ နှင့်အစားအစာများတွင် ထည့်သုံးသော ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် ရေရရှိရေး အတွက် သုံးသော ရေပိုက်များတွင်လည်း ခဲဓာတ်ပါရှိနိုင်သည်ကို သတိပြုသင့် ပါသည်။ ရေပိုက်များ ဟောင်လာသောအခါ အတွင်း၌ ဆေးများကွာကျပြီးရေထဲ၌ ခဲဓာတ်များ သည် အန္တရာယ်ကင်းသော အဆင့်ထက် ကျော်လွန်၍ ပါရှိလာနိုင်ပါသည်။

နောက်တစ်နည်းမှာ ဉာဏ်ရည်ဉာဏ်သွေး မမီသော ကလေးများတွင် ဖြစ်လေ့ရှိသော သဘာဝကြောင့်လည်း ခဲဆိပ်သင့်နိုင်ပါသည်။ ကလေးမှာ ပုံမှန် ကလေးကဲ့သို့ မည်သည့် အရာသည် စားသောက်၍ရသည်၊ မည်သည့်အရာသည် စားသောက်၍မရ ဟူသည်ကို ခွဲခြား၍ သိနိုင်သောသညာ မရှိသဖြင့် မစားသင့်၊ မစားထိုက်သော အရာများကိုလည်း ကောက်၍စား တတ်ပါသည်။ ဥပမာအားဖြင့် မြေကြီးခဲများကို ဝါးစားခြင်း၊ ကျောက်ခဲများကို ငုံခြင်း စသည်တို့ ဖြစ်ပါသည်။ pica ဟူ၍ ခေါ်ဆိုပါသည်။

ခဲဆိပ်သင့်တော့ ဘာတွေဖြစ်သလဲ
အသက် ၂ နှစ်အောက် ကလေးများသည် ဦးနှောက်လွန်စွာဖွံ့ဖြိုးသော အရွယ်ဖြစ် ပါသည်။ လျင်မြန်စွာ၊ အရှိန်အဟုတ်ပြင်းစွာ ဖွံ့ဖြိုးဆဲဦးနှောက်ကို အကြောင်း တစ်စုံတစ် ရာကြောင့် ထိခိုက်ခဲ့ပါလျှင် ဦးနှောက်သည် ဆက်၍မဖွံ့ဖြိုးမကြီးထွားနိုင်တော့ပါ။ ထိုအခါ ကလေးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ ရပ်တန့်သွားပြီး ဉာဏ်ရည် ဉာဏ်သွေးမမီသောသူ ဖြစ်ပါသွားတော့သည်။ ယခုတွေ့ရှိခဲ့ရသော ကလေးသည်မွေးဖွားစဉ် ကလည်း ပုံမှန်ပင်ဖြစ်သလို၊ အသက် ၃ လခန့်အထိလည်း ပုံမှနပင် ဖွံ့ဖြိုးခဲ့ပါသည်။ ဘက်ထရီ ပလိတ်ပြား ရိုက်သည့်နေရာသို့ အသက် ၃ လ နောက်ပိုင်းတွင် ရောက်ရှိလာပြီး ၆ လခန့်အထိ မည်သည့်လက္ခဏာမှ မပြသေးပါ။ အကြောင်းမှာ ကိုယ်တွင်းသို့ရောက်ရှိသော ခဲဓာတ်များသည့် အန္တရာယ်ပေးနိုင်သော အဆင့်အထိ မြင့်တက်မလာသေးသောကြောင့် ဖြစ်ပါသည်။

အသက် ၉ လခန့်တွင် ကလေးသည် စ၍ တက်ပါသည်။ ထိုအချိန်တွင် ကလေး၏ ကိုယ်တွင်း၌ ခဲဓာတ်တို့သည် အန္တရာယ်ပေးနိုင်သော အဆင့်အထိရောက်ရှိလာပြီး သွေးလှည့် ပတ်မှုမှတစ်ဆင့် ဦးနှောက်ထဲသို့ ရောက်ရှိလာပါတော့သည်။ ဦးနှောက်ကို စတင်ဖျက်ဆီး သဖြင့် ကလေးသည် တက်ခြင်း ဖြစ်ပါသည်။ ကလေးတ က်သည်ကိုလည်း အရေးကြီးသည်ဟု မထင်မှတ်ဘဲ ဆေးမြီးတိုဖြင့်သာ ကုသနေခြင်းဖြင့်လည်းကောင်း၊ ထိုနေရာတွင်ပင် ဆက်၍ နေသဖြင့်လည်းကောင်း ကိုယ်တွင်းရှိ ခဲဓာတ်ပမာဏ ဆက်လက်မြင့်တက်လာပြီး ထိခိုက် မှုများ ဆက်ဖြစ်လာကာ ကလေး၏ ဦးနှောက်ပျက်စီးသွားရရှာသည်မှာ လွန်စွာမှ သနားစရာ ကောင်းလှပါသည်။

ကစားစရာအရုပ်များကို ပါးစပ်ဖြင့်ကိုက်သဖြင့် သုတ်ဆေးတွင်ပါဝင်သော ခဲဓာတ်များ အူလမ်း ကြောင်းသို့ ရောက်ရှိသွားခြင်းကြောင့် ဝမ်းအလွန်ချုပ်ခြင်း ဖြစ်နိုင်ပါသည်။ ရိုးတွင်း ခြင်ဆီသို့ ရောက်သွားသော ခဲဓာတ်တို့ကြောင့် ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်သော သွေးနီဥများ၏ ဖွံ့ဖြိုးမှု သည်လည်း ရပ်တန့်သွားသဖြင့် မဖွံ့ဖြိုးသော သွေးနီဥများသာ သွေးကြောထဲသို့ ရောက်ရှိ လာပြီး ကလေးသည် အကြောင်းရှာ၍မရသော သွေးအားနည်းခြင်းလည်း ဖြစ်ပေါ်တတ်သည်။

ခဲဆိပ်သင့်သောကလေး၏ အရိုးများကို ဓာတ်မှန်ရိုက်ကြည့်လျှင် အရိုးများ၏အဖျား ဘက်တွင် ခဲဓာတ်များ စုပုံနေသော ကန့်လန့်လိုင်းများကို တွေ့ရှိနိုင်ပါသည်။ ဗိုက်ကို ဓာတ်မှန်ရိုက်၍လည်း ခဲဓာတ်ကို ကြည့်နိုင်ပါသည်။ သွေးထဲရှိ ခဲဓာတ်၊ ဆီးထဲရှိ ခဲဓာတ်ပမာဏတို့ကိုလည်း စစ်ဆေးနိုင်ပါသည်။

ခဲဆိပ်အန္တရာယ်ကာကွယ်ကြစို့
ကုသရန် ဆေးမရှိသည် မဟုတ်။ ရှိပါသည်။ သို့သော် ကလေးများတွင် သွေးကြောမှ တစ်ဆင့် ဦးနှောက်ထဲသို့ ရောက်ရှိသွားသော ခဲဓာတ်များကို ပြန်၍ထုတ်နိုင်မည်မဟုတ်ပါ။ ဦးနှောက်၏ ပျက်စီးသွားသော အပိုင်းသည် ပြန်၍ကောင်းလာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဉာဏ်ရည်မမီ သော ကလေးဖြစ်မလာစေရန် ကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပါသည်။

အိမ်တွင်းလုပ်ငန်းခွင်အချို့၊ ဥပမာ ဘက်ထရီ ပလိတ်ပြားရိုက်ခြင်းသည် လွန်စွာ အန္တရာယ်ကြီးပါသည်။ အိမ်ပတ်ဝန်းကျင်ရှိ ကလေးများ၊ ရပ်ကွက်အတွင်းရှိ ကလေးများ အတွက် အလွန်ရင်လေးဖွယ်ကောင်းပါသည်။ သို့ဖြစ်၍ လုပ်ငန်းခွင် ကျန်းမာရေး ဥပဒေများ နှင့် အညီ အခြားနေရာများတွင်သာ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။

ကလေးကစားစရာများ၊ အစားအသောက် အရည်များကိုလည်း မိဘများက စိစစ်ပြီးမှ ကလေးကို ပေးရန်၊ ကျွေးရန်သင့်ပါသည်။ ရေပိုက်များကိုလည်း မကြာခဏ စစ်ဆေးပေးသင့် ပါသည်။

မည်သို့ဆိုစေ ရောဂါဖြစ်မှ ဆေးကုလျှင် ကလေး၏ ဘဝတစ်တစ်ခုလုံး ပျက်စီးစေ မည်သာ ဖြစ်ပါသည်။ သို့ဖြစ်၍ ကာကွယ်မှုများကို မိမိပြုလုပ်နိုင်သော အတိုင်းအတာအထိ ပြုလုပ်ပေးခြင်းဖြင့် ခဲဆိပ်ကြောင့် ဘဝဆုံးသွားရသော ကလေးများကို ကယ်တင်နိုင်ရန် စေတနာရှေ့ထား၍ အသိပေးလိုက်ရပါသည်။

ခဲဆိပ္အႏၲရာယ္ေၾကာက္စဖြယ္
‘သားေလးက ခဏခဏတက္လို႔ လာျပတာပါ ေဒါက္တာ။ ဒီေန႔မနက္လည္း တစ္ခါ တက္ေသးတယ္’ ဟု အသက္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္ကို ခ်ီလာေသာ မိခင္ျဖစ္သူသည္ လြန္စြာစိတ္ပူေသာအသံျဖင့္ ေျပာရွာပါသည္။ ဆက္လက္၍ ကေလး၏ျဖစ္စဥ္တို႔ကို ေမးေသာ အခါ အသက္ ၉ လအ႐ြယ္မွ စ၍ မၾကာခဏ တက္တတ္ေၾကာင္း၊ ကိုယ္ပူၿပီး တက္သည္ဟု လည္းေျပာ၍ မရေၾကာင္း၊ ကိုယ္မပူဘဲလည္း တက္တတ္ေၾကာင္း၊ ကေလးလမ္းေလွ်ာက္ တတ္ၿပီလားဟု ေမးေသာအခါ မတ္တတ္ပင္ ေကာင္းေကာင္းမရပ္ႏိုင္ေသးေၾကာင္း စသည္တို႔ကို သိရွိပါသည္။

ကေလးကို စမ္းသပ္ၾကည့္ေသာအခါ ကေလးသည္ မိခင္၏ေပါင္ေပၚတြင္ လႈပ္ရွားမႈ ကင္းစြာ ၿငိမ္သက္၍ ထိုင္ေနၿပီး တစ္ေနရာကိုသာ စူးစိုက္ၾကည့္ေနပါသည္။ ၿပဳံး႐ႊင္ရယ္ေမာ မႈလည္းမရွိ၊ ငိုေႂကြးမႈလည္းမရွိဘဲ ပုံမွန္ကေလးတစ္ေယာက္၏ အမူအက်င့္မဟုတ္သည္ကို သတိထားမိပါသည္။ ႏႈတ္ခမ္း၊ လက္ဖဝါးတို႔ကို ၾကည့္ေသာအခါ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနၿပီး ေသြးအားအလြန္နည္းေသာ လကၡဏာ ရွိေနပါသည္။ ဝမ္းခ်ဳပ္တတ္သလားဟု ေမးေသာအခါ ဝမ္းအလြန္ခ်ဳပ္ေၾကာင္း မိခင္က ေျဖပါသည္။

ဒါဆိုရင္ဘာေရာဂါမ်ားျဖစ္ႏိုင္မလဲ
ကေလးသည္ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈ ပုံမွန္ေဘာင္အတြင္း၌ မရွိျခင္း၊ လြန္စြာ ေသြးအားနည္းျခင္း၊ ဝမ္းခ်ဳပ္လြန္ျခင္း လကၡမ်ားရွိရာ ထိုကေလးအတြက္ လြန္စြာစိုးရိမ္မိပါ သည္။ မိမိထင္ထားေသာ ေရာဂါကို အတည္ျပဳရန္ ေမးခြန္းမ်ား ဆက္၍မရေတာ့သည္။ ကေလးႏွင့္ မိသားစု ေနထိုင္သည့္ အရပ္၏ ဝန္းက်င္တြင္ ဘက္ထရီလုပ္ငန္းမ်ား ရွိသလား။ မိသားစုဝင္ အျခားကေလးမ်ား ရွိသလား။ ရွိလွ်င္ ဤကေလးျဖစ္ေနေသာ လကၡဏာမ်ားကဲ့ သို႔ ရွိေနသလားဟူ၍ ေမးေသာအခါ ကေလးမွာ တစ္ဦးတည္ေသာသားျဖစ္ေၾကာင္း၊ ယခင္က ေျမလတ္ပိုင္း ႐ြာတစ္႐ြာတြင္ ေနၾကေၾကာင္း၊ ဤကေလးကို ေမြးဖြားၿပီး ႏွစ္လ၊ သုံးလၾကာေသာအခါ မိခင္၏ညီမ မိသားစုရွိရာ ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕လာေၾကာင္း၊ လုပ္ငန္းမွာ ဘက္ထရီ ပလိတ္ျပား႐ိုက္ေၾကာင္းလည္း သိရပါသည္။ ေသခ်ာပါၿပီ။ ထင္သည့္အတိုင္း ကြက္တိမွန္ေနပါသည္။ ကေလးသည္ ခဲဆိပ္သင့္ေသာ ေရာဂါ ျဖစ္ေနျခင္းပင္ ျဖစ္ပါသည္။

ခဲဆိပ္သင့္သတဲ့လား
မွန္ပါသည္။ ဘက္ထရီ ပလိတ္ျပား႐ိုက္လွ်င္ ေလထဲတြင္ ပ်ံ႕ႏွံ႔ေနပါသည္။ ထိုအမႈန႔္ မ်ားထဲတြင္ ခဲဓာတ္ပါပါသည္။ ခဲမႈန႔္မ်ားေလထဲတြင္ ရွိေနသည္ကို ရႈမိလွ်င္ အသက္ရႈလမ္း ေၾကာင္းမွတစ္ဆင့္ ခဲမႈန႔္မ်ား ခႏၶာကိုယ္တြင္းသို႔ ဝင္ေရာက္ၿပီး ေသြးထဲသို႔ေရာက္ႏိုင္သလို အ႐ိုးမ်ားထဲတြင္လည္း ခဲမႈန႔္မ်ားကို သိုေလွာင္ထားႏိုင္ပါသည္။ ခဲသည္ အသက္ရႈလမ္း ေၾကာင္းမွ ဝင္ႏိုင္သလို အစာအူလမ္းေၾကာင္းမွလည္း ဝင္ႏိုင္ၿပီး အူထဲ၍လည္း ရွိႏိုင္ပါသည္။

ေမးစရာ ရွိပါသည္။ ပုံမွန္အားျဖင့္ေရာ ေလထုထဲတြင္ ခဲဓာတ္မရွိႏိုင္ဘူးလား။ ရွိႏိုင္ပါ သည္။ ဤသို႔ဆိုလွ်င္ လူတိုင္း၊ တိရစာၦန္တိုင္းသည္ ေလကိုရႈုေနရသျဖင့္ အားလုံး ခဲဆိပ္သင့္ ကုန္မွာေပါ့ဟု ဆက္၍ ေစာဒကတက္ႏိုင္ပါသည္။ ေလထဲ၌ ခဲဓာတ္ရွိေနသလို သက္ရွိတို္င္း၌ လည္း ခဲဓာတ္ရွိေနသည္ဟု ေျဖပါက လက္ခံလိုက္မည္မဟုတ္ပါ။ စင္စစ္၌အေျဖသည္ အမွန္ ပင္ ျဖစ္ပါသည္။

ေလထုထဲ၌လည္းေကာင္း၊ သက္ရွိတို႔၏ ခႏၶာကိုယ္တြင္း၌လည္းေကာင္း ခဲဓာတ္ရွိေန ေသာ္လည္း သက္ရွိတိုင္း ခဲဆိပ္မသင့္ႏိုင္ပါ။ အတိုင္းအတာတစ္ခုအထိ ကိုယ္တြင္း၌ရွိ၍ မည္သည့္လကၡဏာမွ မေပၚႏိုင္ေသာ္လည္း ထိုအတိုင္းအတာထက္ ေက်ာ္လြန္၍ ခဲဓာတ္ဝင္ ေရာက္ပါက ခဲဆိပ္သင့္ေသာ လကၡဏာမ်ားမုခ် ေပၚေပါက္လာမည္သာ ျဖစ္ပါသည္။ ဆိုလိုရင္းမွာ အနည္းငယ္မွ်ေသာ ခဲဓာတ္ပမာဏ ကိုယ္တြင္း၌ ရွိႏိုင္ပါသည္။ ထိုပမာဏမွ်ျဖင့္ ခဲဆိပ္မသင့္ႏိုင္ဘဲ ကိုယ္တြင္း၌ ႏိုင္နင္းစြာ ေခ်ဖ်က္ႏိုင္ပါသည္။ သဘာဝအေလွ်ာက္ရွိႏိုင္ေသာ ပမာဏာထက္ ေက်ာ္လြန္၌ ကိုယ္တြင္း၌ ခဲဓာတ္မ်ား ရွိလာလွ်င္ ကိုယ္တြင္းမွ မေခ်ပ်က္ႏိုင္ ေတာ့ဘဲ ခဲဓာတ္မ်ား စုပုံေနၿပီး ခဲဆိပ္သင့္ေရာဂါ ျဖစ္ပါေတာ့သည္။

ဘာေတြေၾကာင့္ ခဲဆိပ္သင့္ႏိုင္သလဲ
လူႀကီးမ်ား ခဲဆိပ္သင္ျခင္းမွာ အဓိကအားျဖင့္ လုပ္ငန္းခြင္ က်န္းမာေရးႏွင့္ သက္ဆိုင္ပါသည္။ ဥပမာ ဘက္ထရီလုပ္ငန္း၊ ေရပိုက္လုပ္ငန္း စသည္ျဖင့္ ခဲႏွင့္ပတ္သက္ေသာ လုပ္ငန္းမ်ားကို လုပ္ေသာသူမ်ား၌ အမ်ားဆုံးျဖစ္ႏိုင္ပါသည္။

ကေလးမ်ားတြင္ကား အထက္ကေဖာ္ျပခဲ့သည့္အတိုင္း လုပ္ငန္းခြင္ပတ္ဝန္းက်င္တြင္ ေနထိုင္သည့္ ကေလးမ်ားသည္ ခဲဆိပ္သင့္ေရာဂါျဖစ္ရန္ အေသခ်ာဆုံးပင္ ျဖစ္ပါသည္။ အေၾကာင္းမွာ ခဲဓာတ္မ်ားသည္ ေလထုထဲတြင္ အႏၲရာယ္ကင္းေသာ အဆင့္ထက္ ေက်ာ္လြန္ ၍ မ်ားျပားစြာရွိေနႏိုင္သျဖင့္ အသက္ရႉလိုက္တိုင္း ကိုယ္တြင္းသို႔ ဝင္ေနသျဖင့္ ေရာဂါျဖစ္ သည့္အဆင့္အထိ ေရာက္လာမည္သာျဖစ္ေပသည္။ ထိုေနရာ၌ လုပ္ငန္းဆက္မလုပ္ေတာ့ပဲ ရပ္နားၿပီးသည့္တိုင္ေအာင္ ဆက္လက္ေနထိုင္ရန္အတြက္မူ အႏၲရာယ္မကင္းႏိုင္ေသးပါ။ အေၾကာင္းမွာ ခဲတို႔သည္ ေျမႀကီးထဲ၌လည္း စိမ့္ဝင္၍ ခဲဓာတ္မ်ား အႏၲရာယ္ရွိေသာအဆင့္ အထိမ်ားစြာရွိေန၊ က်န္ေနခဲ့ေသာေၾကာင့္ ျဖစ္ပါသည္။ သို႔ျဖစ္၍ ထိုေနရာမွ ေျပာင္းေ႐ႊ႕ သြားႏိုင္ မွ ေဘးကင္းမည္ျဖစ္ပါသည္။

ကေလးမ်ားကို ခဲဆိပ္သင့္ေစႏိုင္ေသာ အေနအထား ေနာက္တစ္ခုမွာ လွပေတာက္ ေျပာင္ေသာ အေရာင္မ်ား ဆိုးေပးထားသည့္ ကစားစရာမ်ား၊ကေလးအသုံးအေဆာင္မ်ား ျဖစ္ပါသည္။ ကေလးမ်ားကို ဆြဲေဆာင္မႈရွိေအာင္ အေရာင္ျခယ္ထားေသာ သုတ္ေဆးမ်ားတြင္ ခဲဓာတ္ပါရွိႏိုင္ပါသည္။ ကေလးမ်ားမည္သည့္ပစၥည္းကိုမဆို ပါးစပ္ထဲသို႔ ထည့္ေလ့ရွိပါသည္။ ထိုအခါ ခဲဓာတ္မ်ားသည္ ပါးစပ္ထဲမွ တစ္ဆင့္ အူလမ္းေၾကာင္းသို႔ ေရာက္ရွိသြားပါ ေတာ့ သည္။

ခဲဆိပ္သင့္ႏိုင္ေသာ အျခားနည္းမွာ အစားအေသာက္မ်ားပင္ ျဖစ္ပါသည္။ ယေန႔ ေခတ္တြင္ အႏၲရာယ္ကင္းေသာ သဘာဝအစားေသာက္ဆိုသည္မွာ ပို၍ ပို၍ ရွားပါးလာၿပီ ျဖစ္ ပါသည္။ အစားအစာမ်ားကို ထုပ္ပိုးထားေသာ ခဲဓာတ္ပါသည့္ အိတ္မ်ား၊ ဘူးမ်ား၊ ခြက္မ်ား၊ ႏွင့္အစားအစာမ်ားတြင္ ထည့္သုံးေသာ ပစၥည္းမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ ထို႔အျပင္ ေရရရွိေရး အတြက္ သုံးေသာ ေရပိုက္မ်ားတြင္လည္း ခဲဓာတ္ပါရွိႏိုင္သည္ကို သတိျပဳသင့္ ပါသည္။ ေရပိုက္မ်ား ေဟာင္လာေသာအခါ အတြင္း၌ ေဆးမ်ားကြာက်ၿပီးေရထဲ၌ ခဲဓာတ္မ်ား သည္ အႏၲရာယ္ကင္းေသာ အဆင့္ထက္ ေက်ာ္လြန္၍ ပါရွိလာႏိုင္ပါသည္။

ေနာက္တစ္နည္းမွာ ဉာဏ္ရည္ဉာဏ္ေသြး မမီေသာ ကေလးမ်ားတြင္ ျဖစ္ေလ့ရွိေသာ သဘာဝေၾကာင့္လည္း ခဲဆိပ္သင့္ႏိုင္ပါသည္။ ကေလးမွာ ပုံမွန္ ကေလးကဲ့သို႔ မည္သည့္ အရာသည္ စားေသာက္၍ရသည္၊ မည္သည့္အရာသည္ စားေသာက္၍မရ ဟူသည္ကို ခြဲျခား၍ သိႏိုင္ေသာသညာ မရွိသျဖင့္ မစားသင့္၊ မစားထိုက္ေသာ အရာမ်ားကိုလည္း ေကာက္၍စား တတ္ပါသည္။ ဥပမာအားျဖင့္ ေျမႀကီးခဲမ်ားကို ဝါးစားျခင္း၊ ေက်ာက္ခဲမ်ားကို ငုံျခင္း စသည္တို႔ ျဖစ္ပါသည္။ pica ဟူ၍ ေခၚဆိုပါသည္။

ခဲဆိပ္သင့္ေတာ့ ဘာေတြျဖစ္သလဲ
အသက္ ၂ ႏွစ္ေအာက္ ကေလးမ်ားသည္ ဦးေႏွာက္လြန္စြာဖြံ႕ၿဖိဳးေသာ အ႐ြယ္ျဖစ္ ပါသည္။ လ်င္ျမန္စြာ၊ အရွိန္အဟုတ္ျပင္းစြာ ဖြံ႕ၿဖိဳးဆဲဦးေႏွာက္ကို အေၾကာင္း တစ္စုံတစ္ ရာေၾကာင့္ ထိခိုက္ခဲ့ပါလွ်င္ ဦးေႏွာက္သည္ ဆက္၍မဖြံ႕ၿဖိဳးမႀကီးထြားႏိုင္ေတာ့ပါ။ ထိုအခါ ကေလးသည္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈမ်ား ရပ္တန႔္သြားၿပီး ဉာဏ္ရည္ ဉာဏ္ေသြးမမီေသာသူ ျဖစ္ပါသြားေတာ့သည္။ ယခုေတြ႕ရွိခဲ့ရေသာ ကေလးသည္ေမြးဖြားစဥ္ ကလည္း ပုံမွန္ပင္ျဖစ္သလို၊ အသက္ ၃ လခန႔္အထိလည္း ပုံမွနပင္ ဖြံ႕ၿဖိဳးခဲ့ပါသည္။ ဘက္ထရီ ပလိတ္ျပား ႐ိုက္သည့္ေနရာသို႔ အသက္ ၃ လ ေနာက္ပိုင္းတြင္ ေရာက္ရွိလာၿပီး ၆ လခန႔္အထိ မည္သည့္လကၡဏာမွ မျပေသးပါ။ အေၾကာင္းမွာ ကိုယ္တြင္းသို႔ေရာက္ရွိေသာ ခဲဓာတ္မ်ားသည့္ အႏၲရာယ္ေပးႏိုင္ေသာ အဆင့္အထိ ျမင့္တက္မလာေသးေသာေၾကာင့္ ျဖစ္ပါသည္။

အသက္ ၉ လခန႔္တြင္ ကေလးသည္ စ၍ တက္ပါသည္။ ထိုအခ်ိန္တြင္ ကေလး၏ ကိုယ္တြင္း၌ ခဲဓာတ္တို႔သည္ အႏၲရာယ္ေပးႏိုင္ေသာ အဆင့္အထိေရာက္ရွိလာၿပီး ေသြးလွည့္ ပတ္မႈမွတစ္ဆင့္ ဦးေႏွာက္ထဲသို႔ ေရာက္ရွိလာပါေတာ့သည္။ ဦးေႏွာက္ကို စတင္ဖ်က္ဆီး သျဖင့္ ကေလးသည္ တက္ျခင္း ျဖစ္ပါသည္။ ကေလးတ က္သည္ကိုလည္း အေရးႀကီးသည္ဟု မထင္မွတ္ဘဲ ေဆးၿမီးတိုျဖင့္သာ ကုသေနျခင္းျဖင့္လည္းေကာင္း၊ ထိုေနရာတြင္ပင္ ဆက္၍ ေနသျဖင့္လည္းေကာင္း ကိုယ္တြင္းရွိ ခဲဓာတ္ပမာဏ ဆက္လက္ျမင့္တက္လာၿပီး ထိခိုက္ မႈမ်ား ဆက္ျဖစ္လာကာ ကေလး၏ ဦးေႏွာက္ပ်က္စီးသြားရရွာသည္မွာ လြန္စြာမွ သနားစရာ ေကာင္းလွပါသည္။

ကစားစရာအ႐ုပ္မ်ားကို ပါးစပ္ျဖင့္ကိုက္သျဖင့္ သုတ္ေဆးတြင္ပါဝင္ေသာ ခဲဓာတ္မ်ား အူလမ္း ေၾကာင္းသို႔ ေရာက္ရွိသြားျခင္းေၾကာင့္ ဝမ္းအလြန္ခ်ဳပ္ျခင္း ျဖစ္ႏိုင္ပါသည္။ ႐ိုးတြင္း ျခင္ဆီသို႔ ေရာက္သြားေသာ ခဲဓာတ္တို႔ေၾကာင့္ ႐ိုးတြင္းျခင္ဆီမွ ထုတ္လုပ္ေသာ ေသြးနီဥမ်ား၏ ဖြံ႕ၿဖိဳးမႈ သည္လည္း ရပ္တန႔္သြားသျဖင့္ မဖြံ႕ၿဖိဳးေသာ ေသြးနီဥမ်ားသာ ေသြးေၾကာထဲသို႔ ေရာက္ရွိ လာၿပီး ကေလးသည္ အေၾကာင္းရွာ၍မရေသာ ေသြးအားနည္းျခင္းလည္း ျဖစ္ေပၚတတ္သည္။

ခဲဆိပ္သင့္ေသာကေလး၏ အ႐ိုးမ်ားကို ဓာတ္မွန္႐ိုက္ၾကည့္လွ်င္ အ႐ိုးမ်ား၏အဖ်ား ဘက္တြင္ ခဲဓာတ္မ်ား စုပုံေနေသာ ကန႔္လန႔္လိုင္းမ်ားကို ေတြ႕ရွိႏိုင္ပါသည္။ ဗိုက္ကို ဓာတ္မွန္႐ိုက္၍လည္း ခဲဓာတ္ကို ၾကည့္ႏိုင္ပါသည္။ ေသြးထဲရွိ ခဲဓာတ္၊ ဆီးထဲရွိ ခဲဓာတ္ပမာဏတို႔ကိုလည္း စစ္ေဆးႏိုင္ပါသည္။

ခဲဆိပ္အႏၲရာယ္ကာကြယ္ၾကစို႔
ကုသရန္ ေဆးမရွိသည္ မဟုတ္။ ရွိပါသည္။ သို႔ေသာ္ ကေလးမ်ားတြင္ ေသြးေၾကာမွ တစ္ဆင့္ ဦးေႏွာက္ထဲသို႔ ေရာက္ရွိသြားေသာ ခဲဓာတ္မ်ားကို ျပန္၍ထုတ္ႏိုင္မည္မဟုတ္ပါ။ ဦးေႏွာက္၏ ပ်က္စီးသြားေသာ အပိုင္းသည္ ျပန္၍ေကာင္းလာႏိုင္မည္ မဟုတ္ပါ။ ထို႔ေၾကာင့္ ဉာဏ္ရည္မမီ ေသာ ကေလးျဖစ္မလာေစရန္ ကာကြယ္ျခင္းသည္သာလွ်င္ အေကာင္းဆုံးျဖစ္ပါသည္။

အိမ္တြင္းလုပ္ငန္းခြင္အခ်ိဳ႕၊ ဥပမာ ဘက္ထရီ ပလိတ္ျပား႐ိုက္ျခင္းသည္ လြန္စြာ အႏၲရာယ္ႀကီးပါသည္။ အိမ္ပတ္ဝန္းက်င္ရွိ ကေလးမ်ား၊ ရပ္ကြက္အတြင္းရွိ ကေလးမ်ား အတြက္ အလြန္ရင္ေလးဖြယ္ေကာင္းပါသည္။ သို႔ျဖစ္၍ လုပ္ငန္းခြင္ က်န္းမာေရး ဥပေဒမ်ား ႏွင့္ အညီ အျခားေနရာမ်ားတြင္သာ ျပဳလုပ္ေဆာင္႐ြက္သင့္ပါသည္။

ကေလးကစားစရာမ်ား၊ အစားအေသာက္ အရည္မ်ားကိုလည္း မိဘမ်ားက စိစစ္ၿပီးမွ ကေလးကို ေပးရန္၊ ေကြၽးရန္သင့္ပါသည္။ ေရပိုက္မ်ားကိုလည္း မၾကာခဏ စစ္ေဆးေပးသင့္ ပါသည္။

မည္သို႔ဆိုေစ ေရာဂါျဖစ္မွ ေဆးကုလွ်င္ ကေလး၏ ဘဝတစ္တစ္ခုလုံး ပ်က္စီးေစ မည္သာ ျဖစ္ပါသည္။ သို႔ျဖစ္၍ ကာကြယ္မႈမ်ားကို မိမိျပဳလုပ္ႏိုင္ေသာ အတိုင္းအတာအထိ ျပဳလုပ္ေပးျခင္းျဖင့္ ခဲဆိပ္ေၾကာင့္ ဘဝဆုံးသြားရေသာ ကေလးမ်ားကို ကယ္တင္ႏိုင္ရန္ ေစတနာေရွ႕ထား၍ အသိေပးလိုက္ရပါသည္။

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *