mydoctor-top-telemedicine

Laser စက်ဖြင့် tattoo ဖျက်ခြင်း

Tattoo ထိုးခြင်း အနုပညာက ခေတ်အဆက်ဆက် လူငယ်တွေရော လူကြီးတွေနဲ့ပါ အကျွမ်းတစ်ဝင် ရှိပြီးသားအရာတစ်ခုပါအရင်တုန်းက စကားပုံထဲမှာ ဖျက်ရ ပြင်ရခက်တယ်ပြောခဲ့တဲ့ tattoo ကို အခုခေတ်မှာတော့ laser စက်ကို အသုံးပြုပြီး ဖျက်လို့ရနေပြီ ဖြစ်တဲ့အတွက် laser tattoo removal အကြောင်းကို ပြောပြပေးချင်ပါတယ်တစ်ချို့က tattoo ထိုးပြီးမှ မကြိုက်တော့တာတွေ, ထိုးပြီးသား tattoo ရဲ့ အစိတ်အပိုင်းတစ်ချို့ကို ဖျက်ချင်တာတွေ ပြင်ချင်တာတွေကို laser စက်အမျိုးမျိုးနဲ့ ဖျက်လို့ရနေပါပြီ

Laser Tattoo Removal ဆိုတာဘာလဲ?

Laser စက်ရဲ့ အလင်းတန်းလေးေhttp://128.199.224.56/wp-admin/admin.php?page=avadaတွက tattoo ရဲ့ဆေးရောင် လေးတွေကို အစိတ်အပိုင်း သေးသေးလေးတွေ ဖြစ်အောင် ဖြိုခွဲခြင်း ဖြစ်ပါတယ် ပြိုကွဲသွားတဲ့ tattoo ဆေးရောင်ချယ်လေးတွေကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ ချေဖျက်ပေးပြီး အချိန်ကြာလာတာနဲ့ အမျှ tattoo ရဲ့ ဆေးရောင်တွေ ထိုးထားတဲ့နေရာကနေ ပျောက်ကွယ်သွားအောင် ကုသခြင်းဖြစ်ပါတယ်

Tattoo ဖျက်ဖို့ အချိန် ဘယ်လောက်ကြာလဲ?

Tattoo ထိုးထားတဲ့ နေရာနဲ့ ဆေးရောင် အမျိုးအစားပေါ်မူတည်ပြီး ကြာမြင့်ချိန်ပြောင်းလဲနိုင်ပါတယ်ဆေးရောင် အမဲနဲ့ အပြာရောင်တို့က မြန်မြန်ပျောက်ပြီးတော့ ဆေးရောင်အဖျော့တွေက ကုသဖို့ ပိုကြာပါတယ်Laser တစ်ခါပြစ်ပြီး 6 ပတ်ကနေ ၈ ပတ်ထိ စောင့်ပြီးမှ နောက်တစ်ကြိမ် ပြန်ပြစ်ဖို့ လိုအပ်ပါတယ်
ဆေးရောင် အမျိုးအစားနဲ့ နေရာ ပေါ်မူတည်ပြီး စုစုပေါင်း laser ပြစ်ရန် ၄ ကြိမ်မှ ၁၂ ကြိမ်ထိ လိုအပ်နိုင်ပါတယ်ထိုးထားတာ ကြာနေတဲ့ tattoo တွေက ဖျက်ရလွယ်ပြီးတော့ လတ်တလောထိုးထားတဲ့ tattoo တွေက ဖျက်ရတာ ပိုကြာတတ်ပါတယ်

Laser နဲ့ tattoo ဖျက်ရင် နာလား?

အသားမှာ စွဲနေတဲ့ ဆေးရောင်ကို ဖျက်တာဖြစ်တဲ့အတွက် နဲနဲတော့ နာပါတယ်တစ်ယောက်နဲ့ တစ်ယောက်နာကျင်မှုကို ခံနိုင်ရည်အားမတူတဲ့အတွက် နာကျင်မှုလဲ မတူပါဘူးဥပမာအားဖြင့် သားရေပင်နဲ့ အပြစ်ခံရသလိုမျိုးတော့ နာကျင်နိုင်ပါတယ်

ဘာဆိုးကျိုးတွေရှိလဲ?

ကျွမ်းကျင်တဲ့ အလှအပဆိုင်ရာ ဆရာဝန်ကို သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်ကုသမှုခံယူနေစဉ်အတွင်း ဆရာဝန်ရှင်းပြတဲ့အတိုင်း လိုက်နာဖို့လဲ လိုအပ်ပါတယ်laser ပြစ်ပြီးပြီးချင်း ပူခြင်း, နီခြင်း, နာခြင်း, သွေးခြေဥခြင်း, အရေကြည်ဖု ထွက်ခြင်းများ ခံစားရနိုင်ပါတယ်hypopigmentation နဲ့hyperpigmentation လို့ခေါ်တဲ့ ဘေးပတ်လည်က အသားထက် ပိုဖြူတာတွေ ပိုမဲတာတွေလဲ ဖြစ်နိုင်ပါတယ် ( ပုံမှန်အသားအရောင် ပြန်ရဖို့ ၆လမှ ၁နှစ် ကြာနိုင်ပါတယ်)

Laser ပြစ်ထားတဲ့နေရာကို tattoo ပြန်ထိုးလို့ရလား?

tattoo ဆေးရောင် ကုန်သွားရင်တော့ အဲ့ဒီနေရာကိုပဲ tattoo နောက်တစ်ကြိမ်ပြန်ထိုးလို့ရပါတယ်Laser ပြစ်ပြီး သတိပြုရမယ့်အချက်လေးကတော့ laser ပြစ်ထားတဲ့နေရာကို အပြင်ထွက်ပြီဆိုတာနဲ့ နေလောင်ကာ cream လေးအမြဲလိမ်းပေးဖို့ လိုအပ်ပါတယ် အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)









ဘာဆိုးကျိုးတွေရှိလဲ?




ရွှန်းလဲ့ (ဆေး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *