” လေဆာ အသုံးပြု၍ တက်တူးဖျက်ခြင်း “

🤔တက်တူးတစ်ခု ထိုးပြီးသွားလို့ မကြိုက်တော့တာပဲဖြစ်ဖြစ် ကောင်မလေးနာမည် ထိုးထားပြီးတော့ ပြတ်သွားလို့ ပြန်ဖျက်ပြစ် ရတာပဲ ဖြစ်ဖြစ်လုပ်လို့ရတာက Cover up လို့ခေါ်တဲ့ တက်တူးကို အုပ်ပြီး တခြားပုံထိုးလိုက်တာ နဲ့ Laser Tattoo Removal လို့ခေါ်တဲ့ လေဆာနဲ့ တက်တူးဖျက်တာ ၂ မျိုးလုပ်လို့ရပါတယ်။
ကာဗာထိုးတာကတော့ ရှင်းပါတယ်။ ကောင်မလေးပုံဆို ဘီလူးပုံဖြစ်ဖြစ် အုပ်ထိုးလိုက်တာပေါ့။
👉 လေဆာ အကြောင်းလေး နည်းနည်း ရှင်းပြပါမယ်။
အရှေ့က ရှင်းပြခဲ့သလိုပဲ တက်တူးထိုးတယ်ဆိုတာက Dermis အရေပြားအလွှာထဲကို Ink Granules မှင်ရည်တွေ ထိုးသွင်းလိုက်တာပေါ့။ လေဆာနဲ့ တက်တူးဖျက်ရတာက ထိုးရတာထက်ပို ရှုပ်ထွေးပြီး တခါထဲနဲ့ မပြီးပါဘူး။
👉 လေဆာက ဘယ်လို တက်တူးကိုဖျက်တာလဲ။
📌Concentrated beam လေဆာနဲ့ တက်တူးထဲက Ink granules မှင်ရည်လေးတွေကို ဖြိုခွဲလိုက်တယ်။
Smaller particles လေးတွေဖြစ်သွားတဲ့အခါ အရေပြားရဲ့ Immune system က အဲ့ မှင်လေးတွေကို စားသုံးပြီး ဖြိုခွဲပစ်လိုက်တယ်။
တက်တူးအရောင်ကွဲလေ သုံးရတဲ့ လေဆာ အမျိုးအစားကွဲလေပါပဲ။ Wavelength မတူတာကြောင့်ပါ။
📌လေဆာနဲ့ တက်တူးဖျက်ရင် လုံးဝပျက်လား?
အမဲတို့ အစိမ်းတို့ အပြာတို့ဆို လုံးဝပျက်ပါတယ်။ တချို့မှင်အမျိုးအစားနဲ့ အသားထဲ ဘယ်လောက်နက်အောင်ထိုးထားလဲပေါ်မူတည်ပြီး လုံးဝမပျက်နိုင်တာတွေလဲ ရှိပါတယ်။
📌လေဆာနဲ့ ဖျက်တာ နာပါတယ်။ (တက်တူးထိုးသလောက်နာတယ်၊ တချို့လဲ အဲ့ထက်ပိုနာတယ်လို့ဆိုပါတယ်)
📌လေဆာနဲ့ တက်တူးဖျက်ရင် တစ်ဆက်ရှင်ထဲနဲ့ မပြီးပါဘူး။ ကျန်ရင် ကျန်သလောက် ဖျက်ရတဲ့အတွက် ဆေးခန်းကို ၁၀ ခါလောက်တော့ ချိန်းပါတယ်။
📌After care အနေနဲ့ ရေခဲအုံ ပေးတာ၊ Ointment တခုခုလိမ်းတာ၊ ပိုးသတ်ဆေး cream လိမ်းပေးတာ၊ Sunscreen လိမ်းတာ တို့လုပ်ပေးလို့ရပြီး၊ အနာကို အရမ်းကုတ်တာ ပွတ်တာမျိုးမလုပ်ဖို့ လိုပါတယ်။
📌ဆိုးကျိုးအနေနဲ့တော့ ၏
✨ ပိုးဝင်နိုင်တယ်
✨ အမာရွတ်ဖြစ်သွားနိုင်တယ်
✨ လေဆာ ပစ်ထားတဲ့နေရာက အသားရောင်က ပုံမှန်နေရာနဲ့ ကွဲနေနိုင်တယ် (မှိန်နေတာရော၊ ပိုမဲနေတာရော နှစ်မျိုးလုံးဖြစ်နိုင်တယ်)
တက်တူး ဖျက်ရတာ ထိုးရတာထက်ပို ဈေးကြီးပါတယ်။ တစ်ဆက်ရှင်ကို သိန်းဂဏန်း ပေးရနိုင်ပြီး တက်တူး အရွယ်အစားပေါ်မူတည်ပြီး ဈေးပိုကြီးနိုင်ပါတယ်။
📌myDoctor အနေနဲ့ ပေးချင်တဲ့ အကြံကတော့ “Think before you Ink” ပါ။📌
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Dr_KyawYe_ဆေး(၁)