Laser စက် အသုံးပြု၍ အမာရွတ်ကုသခြင်း

ဒီတစ်ခေါက်မှာတော့ ကုသရခက်တဲ့ အမာရွတ်ကြောင့် စိတ်ညစ်နေတဲ့သူတွေအတွက် laser စက်ကို အသုံးပြုပြီး အမာရွတ်ကို ကုသလို့ရတဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်

ထိခိုက်မိလို့ပဲဖြစ်ဖြစ်, ခွဲစိတ်မှုခံယူလို့ပဲ ဖြစ်ဖြစ် အနာကျက်သွားတဲ့အခါ တစ်ချို့အမာရွတ်တွေက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်ပြီး ပျောက်သွားတတ်ပါတယ်
တစ်ချို့ အမာရွတ်တွေကတော့ အရွယ်အစားပိုကြီးလာတာတွေ, ကြည့်ရတာ မလှတာတွေ, လှုပ်ရှားမှုကို အနှောင့်အယှက်ပေးတဲ့ အမာရွတ်တွေ ဆိုရင်တော့ laser စက်ကို အသုံးပြုပြီး ကုသလို့ရနေပြီပဲဖြစ်ပါတယ်

ဘယ်လို အမာရွတ်အမျိုးအစားတွေကို ကုသလို့ရသလဲဆိုရင်?

-ခွဲစိတ်မှုခံယူပြီး ကျန်ခဲ့တဲ့ အမာရွတ်မာမာတွေ, အရေပြား မျက်နှာပြင်ကနေ မြင့်တက်နေတဲ့ အမာရွတ်တွေ

-ရေကျောက်ပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ

-Keloid လို့ခေါ်တဲ့ ဒဏ်ရာထက်အရွယ်အစား ကြီးတဲ့အမာရွတ်တွေ

-Hypertrophic scar လို့ခေါ်တဲ့ အမာရွတ်အမျိုးအစားတွေ

-ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့ ချိုင့်ကွက်နဲ့ အမဲစက်တွေ

-မီးလောင်ဒဏ်ရာတွေ မှာ Laser စက်ကို အသုံးပြုပြီး ကုသလို့ရနေပါပြီ

Laser စက်အသုံးပြုပြီး ကုသမှုမခံယူခင်မှာ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်တို့ အလှအပဆိုင်ရာ အထူးကုဆရာဝန်တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ် အသားအရေ အမျိုးအစားပေါ်မူတည်ပြီး သင့်တော်တဲ့ laser စက်အမျိုးအစားနဲ့ ကုသဖို့လိုအပ်တဲ့ အကြိမ်အရေအတွက်ကို ကျွမ်းကျင်တဲ့အထူးကုဆရာဝန်က ဆုံးဖြတ်ပြီးမှသာ ကုသမှုစတင်သင့်ပါတယ်ကုသဖို့လိုအပ်တဲ့ အကြိမ်အရေအတွက်ကတော့ အမာရွတ်ရဲ့ အရွယ်အစား, အရေအတွက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွားခြားမှုရှိနိုင်ပါတယ်

Laser နဲ့ကုသမှုမခံယူခင်နဲ့ ကုသနေစဉ် ဆောင်ရန်ရှောင်ရန်တွေကတော့

-ကုသမှု ၂ပတ်အလိုမှစပြီး ဆေးလိပ်ဖြတ်ခြင်း, သွေးကျဲဆေး, supplement အမျိုးမျိုး, Isotretonoin တို့ကိုသောက်သုံးခြင်းများ ရပ်ထားဖို့လိုအပ်ပါတယ်
-Retiniods နဲ့ glycolic acid ပါတဲ့ skincare တွေကိုလဲ ရပ်ထားသင့်ပါတယ်

-Laser နဲ့ကုသထားတဲ့ နေရာကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို 4 ပတ်မှ 6ပတ်ထိ ရှောင်ဖို့ လိုအပ်ပါတယ်

-laser နဲ့ကုသထားတဲ့ နေရာကို moisturizer လိမ်းပေးဖို့လိုအပ်ပါတယ်

-မျက်နှာကို laser နဲ့ကုသမှုခံယူထားရင်တော့ make upလိမ်းခြင်း ကို ရက်အနည်းငယ် ရှောင်ဖို့လိုအပ်ပါတယ်

Laser နဲ့ကုသတယ်ဆိုတာ မြင်နေရတဲ့ အမာရွတ်တွေကို မမြင်ရတဲ့ အမာရွတ်ဖြစ်အောင် ကုသခြင်းဖြစ်တဲ့ အတွက် ကုသမှုခံယူပြီးချိန်မှာ နဲနဲစပ်တာတွေ, နီတာတွေ, နာတာလေးတွေဖြစ်တတ်ပါတယ်
ကုသဖို့ အသုံးပြုတဲ့ laser စက်အမျိုးအစားပေါ်မူတည်ပြီး အနာကျက်ဖို့ 3ရက်ကနေ 10ရက်လောက် ကြာမြင့်တတ်ပါတယ်

Laser ပြစ်ပြီး သတိပြုရမယ့်အချက်လေးကတော့ laser ပြစ်ထားတဲ့နေရာကို အပြင်ထွက်ပြီဆိုတာနဲ့ နေလောင်ကာ cream လေးအမြဲလိမ်းပေးဖို့ လိုအပ်ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)

Laser စက္ အသံုးျပဳ၍ အမာရြတ္ကုသျခင္း

ဒီတစ္ေခါက္မွာေတာ့ ကုသရခက္တဲ႕ အမာရြတ္ေၾကာင့္ စိတ္ညစ္ေနတဲ႕သူေတြအတြက္ laser စက္ကို အသံုးျပဳျပီး အမာရြတ္ကို ကုသလို႔ရတဲ႕ အေၾကာင္းေလး ေျပာျပေပးခ်င္ပါတယ္

ထိခိုက္မိလို႕ပဲျဖစ္ျဖစ္, ခြဲစိတ္မႈခံယူလို႕ပဲ ျဖစ္ျဖစ္ အနာက်က္သြားတဲ႕အခါ တစ္ခ်ိဳ႕အမာရြတ္ေတြက အခ်ိန္ၾကာလာတာနဲ႕အမ်ွ ေမွးမွိန္ျပီး ေပ်ာက္သြားတတ္ပါတယ္
တစ္ခ်ိဳ႕ အမာရြတ္ေတြကေတာ့ အရြယ္အစားပိုၾကီးလာတာေတြ, ၾကည့္ရတာ မလွတာေတြ, လႈပ္ရွားမႈကို အေနွာင့္အယွက္ေပးတဲ႕ အမာရြတ္ေတြ ဆိုရင္ေတာ့ laser စက္ကို အသံုးျပဳျပီး ကုသလို႕ရေနျပီပဲျဖစ္ပါတယ္

ဘယ္လို အမာရြတ္အမ်ိဳးအစားေတြကို ကုသလို႕ရသလဲဆိုရင္?

-ခြဲစိတ္မႈခံယူျပီး က်န္ခဲ႕တဲ႕ အမာရြတ္မာမာေတြ, အေရျပား မ်က္နွာျပင္ကေန ျမင့္တက္ေနတဲ႕ အမာရြတ္ေတြ

-ေရေက်ာက္ေပါက္ျပီး က်န္ခဲ႕တဲ႕ အမာရြတ္ေတြ

-Keloid လို႕ေခၚတဲ႕ ဒဏ္္ရာထက္အရြယ္အစား ၾကီးတဲ႕အမာရြတ္ေတြ

-Hypertrophic scar လို႕ေခၚတဲ႕ အမာရြတ္အမ်ိဳးအစားေတြ

-ဝက္ျခံထြက္ျပီး က်န္ခဲ႕တဲ႕ ခ်ိဳင့္ကြက္နဲ႕ အမဲစက္ေတြ

-မီးေလာင္ဒဏ္ရာေတြ မွာ Laser စက္ကို အသံုးျပဳျပီး ကုသလို႕ရေနပါျပီ

Laser စက္အသံုးျပဳျပီး ကုသမႈမခံယူခင္မွာ က်ြမ္းက်င္တဲ႕ အေရျပားအထူးကုဆရာဝန္တို႕ အလွအပဆိုင္ရာ အထူးကုဆရာဝန္တို႕နဲ႕ ေသခ်ာေဆြးေႏြးတိုင္ပင္ဖို႕ လိုအပ္ပါတယ္ အသားအေရ အမ်ိဳးအစားေပၚမူတည္ျပီး သင့္ေတာ္တဲ႕ laser စက္အမ်ိဳးအစားနဲ႕ ကုသဖို႕လိုအပ္တဲ႕ အၾကိမ္အေရအတြက္ကို က်ြမ္းက်င္တဲ႕အထူးကုဆရာဝန္က ဆံုးျဖတ္ျပီးမွသာ ကုသမႈစတင္သင့္ပါတယ္ကုသဖို႕လိုအပ္တဲ႕ အၾကိမ္အေရအတြက္ကေတာ့ အမာရြတ္ရဲ႕ အရြယ္အစား, အေရအတြက္ေပၚမူတည္ျပီး တစ္ေယာက္နဲ႕တစ္ေယာက္ ကြားျခားမႈရွိနိုင္ပါတယ္

Laser နဲ႕ကုသမႈမခံယူခင္နဲ႕ ကုသေနစဥ္ ေဆာင္ရန္ေရွာင္ရန္ေတြကေတာ့

-ကုသမႈ ၂ပတ္အလိုမွစျပီး ေဆးလိပ္ျဖတ္ျခင္း, ေသြးက်ဲေဆး, supplement အမ်ိဳးမ်ိဳး, Isotretonoin တို႕ကိုေသာက္သံုးျခင္းမ်ား ရပ္ထားဖို႕လိုအပ္ပါတယ္
-Retiniods နဲ႕ glycolic acid ပါတဲ႕ skincare ေတြကိုလဲ ရပ္ထားသင့္ပါတယ္

-Laser နဲ႕ကုသထားတဲ႕ ေနရာကို ေနေရာင္ျခည္နဲ႕ တိုက္ရိုက္ထိေတြ႕ျခင္းကို 4 ပတ္မွ 6ပတ္ထိ ေရွာင္ဖို႕ လိုအပ္ပါတယ္

-laser နဲ႕ကုသထားတဲ႕ ေနရာကို moisturizer လိမ္းေပးဖို႕လိုအပ္ပါတယ္

-မ်က္နွာကို laser နဲ႕ကုသမႈခံယူထားရင္ေတာ့ make upလိမ္းျခင္း ကို ရက္အနည္းငယ္ ေရွာင္ဖို႔လိုအပ္ပါတယ္

Laser နဲ႕ကုသတယ္ဆိုတာ ျမင္ေနရတဲ႕ အမာရြတ္ေတြကို မျမင္ရတဲ႕ အမာရြတ္ျဖစ္ေအာင္ ကုသျခင္းျဖစ္တဲ႕ အတြက္ ကုသမႈခံယူျပီးခ်ိန္မွာ နဲနဲစပ္တာေတြ, နီတာေတြ, နာတာေလးေတြျဖစ္တတ္ပါတယ္
ကုသဖို႕ အသံုးျပဳတဲ႕ laser စက္အမ်ိဳးအစားေပၚမူတည္ျပီး အနာက်က္ဖို႕ 3ရက္ကေန 10ရက္ေလာက္ ၾကာျမင့္တတ္ပါတယ္

Laser ျပစ္ျပီး သတိျပဳရမယ့္အခ်က္ေလးကေတာ့ laser ျပစ္ထားတဲ႕ေနရာကို အျပင္ထြက္ျပီဆိုတာနဲ႕ ေနေလာင္ကာ cream ေလးအျမဲလိမ္းေပးဖို႕ လိုအပ္ပါတယ္

အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ

ရႊန္းလဲ႕ (ေဆး ၂)

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…

Leave a Reply

Your email address will not be published. Required fields are marked *