ပါဝင်သောဆေး-lansoprazole ၁၅ နှင့် ၃၀ မီလီဂရမ်။
ဆေးပုံစံ-ဆေးတောင့်ပုံစံ
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ်အက်ဆစ် အထွက်များခြင်းကို သက်သာစေရန်(ကာလတို ကုသရန်)၊ အစာအိမ်အနာများ၊ အစာအိမ်တွင်းရှိ အက်ဆစ် အစာမျိုပြွန်သို့ ဆန်တက်၍ ရောင်ခြင်း၊ အစာအိမ်ဆေး တစ်မျိုးဖြစ်သော histamine H2 blocker နှင့် မသက်သာသူများ။
သုံးစွဲရန်အညွှန်း- ၁၅-၃၀မီလီဂရမ် ၂-၈ ပတ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင်သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အသည်းမကောင်းသူများ ၃၀ မီလီဂရမ်ထက်ပိုမသုံးစွဲရပါ။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ အစာအိမ်ကင်ဆာနှင့် အခြားကင်ဆာရှိမရှိ စစ်ဆေးပြီးမှ သောက်သုံးပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားပြဿနာဖြစ်တတ်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Al and Mg hydroxide ဆေးများ၏ သွေးတွင်းပမာဏကို ကျစေပါသည်။ sulcrafate ဆေး၏ စုပ်ယူမှုကိုကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)