ကလေးငယ်များတွင် လက်တို့စ်ဓာတ်မချေဖျက်နိုင်သည့်ရောဂါ
ခန္ဓာကိုယ်မှာ အစာချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်းဓာတ်တွေအမျိူးမျိူးရှိပါတယ်..။ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ လက်တို့စ်ဆိုတဲ့ အချိူဓာတ်ကိုချေဖျက်ဖို့ lactase ဆိုတဲ့ အင်ဇိုင်းဓာတ်လိုပါတယ်…။ အဲဒီအင်ဇိုင်းဓာတ်ချိူ့တဲ့ရင် မချေဖျက်နိုင်တဲ့ လက်တို့စ်ဓာတ်တွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာသွားပြီး စုပုံနေတတ်ပါတယ်..။ အသက်အန္တရာယ်တော့မရှိပေမယ့် နေရထိုင်ရမသက်သာတဲ့ဝေဒနာတွေကို ပေးပါတယ်..။
ဘယ်လိုကလေးငယ်တွေမှာအဖြစ်များလဲ
လမစေ့ဘဲမွေးတဲ့ကလေးငယ်တွေ လက်တေ့စ်အင်ဇိုင်းဓာတ်မထုတ်နိုင်တဲ့ မျိူးရိုးဗီဇရှိသူတွေမှာ အဖြစ်များပါတယ်..။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
ဝမ်းသွားခြင်း ။လေပွခြင်း။ဗိုက်အောင့်ခြင်း စတဲ့လက္ခဏာတွေ သင့်ကလေးငယ် နို့စို့ပြီး ဒါမှမဟုတ် ဒိန်ချဉ်လို နွားနို့လို နို့ထွက်ပစ္စည်းတွေစားသုံးပြီး နှစ်နာရီလောက်အကြာမှာ ဖြစ်တတ်တယ်ဆိုရင် သင့်ကလေးမှာ လက်တို့စ်မချေဖျက်နိုင်တဲ့ရောဂါ ရှိနေသလားလို့ သံသယရှိစရာကောင်းပါတယ်..။
လက်တို့စ်ဓာတ် မချေဖျက်နိုင်တဲ့ရောဂါ ရှိမရှိဘယ်လိုသိနိုင်မလဲ
သင့်ကလေးမှာ ဒီရောဂါများဖြစ်နေသလားလို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ..။ ဆရာဝန်က သင့်ကလေးရဲ့ ရောဂါလက္ခဏာတွေကို သေချာမေးပါလိမ့်မယ်..။ အဲဒီနောက် လက်တို့စ် ဓာတ်ပါတဲ့ အစားအစာတွေကို ရက်သတ္တပတ်အနည်းငယ်ကြာ မတိုက်ကျွေးဖို့ အကြံပေးပါလိမ့်မယ်..။ အဲဒီအချိန်တွေမှာ ရောဂါလက္ခဏာတွေပျောက်သွားသလားဆိုတာ စောင့်ကြည့်ခိုင်းပါလိမ့်မယ်..။
လက်တို့စ်ဓာတ်မချေဖျက်နိုင်တဲ့ရောဂါကို ကာကွယ်ကုသလို့ရလား
ကာကွယ်လို့မရသလို အပြီးပြတ်ပျောက်အောင် ကုသလို့လဲမရပါဘူး..။ ဒါပေမယ့် သင့်ကလေးငယ်မှာ ဒီရောဂါရှိနေပြီဆိုရင် အကူအညီထောက်ပံ့ပေးနိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်..။
အနီရောင်အမှတ်အသားမှတ်ထားပါ
လက်တို့စ်ဓာတ်ပါဝင်တဲ့ အစားအစာတွေရဲ့ ဘူးခွံတွေမှာ အနီရောင်အမှတ်အသားမှတ်ထားပါ..။ နို့နဲ့နို့ထွက်ပစ္စည်းတွေ.. ကွတ်ကီး.. ကွေကာအုတ်.. ထောပတ်..ဒိန်ခဲ စတဲ့အစားအသောက်တွေမှာ လက်တို့စ်ဓာတ်ပါဝင်ပါတယ်..။
သင့်ကလေးရဲ့တုန့်ပြန်ပုံကိုကြည့်ပါ
ဒီရောဂါရှိတာချင်းတူရင်တောင် ရောဂါပြင်းထန်မှူ အတိုင်းအဆက တစ်ယောက်နဲ့တစ်ယောက်မတူတတ်ပါဘူး…။ တချို့လေးငယ်တွေက လက်တို့စ်ဓာတ် အတော်များများဝင်မှ လက္ခဏာပြပေမယ့် တချိူ့ကလေးငယ်တွေမှာတော့ နည်းနည်းကလေးစားသောက်မိရုံနဲ့တင် လက္ခဏာ ဆိုးဆိုးဝါးဝါးခံစားရတတ်ပါတယ်..။ သင့်ကလေးက လက်တို့စ်ဓာတ်ကို လုံးလုံးမခံနိုင်ဘူးဆိုရင်တော့ လက်တို့စ်ဓာတ်ပါတဲ့အစားအစာတွေကို လုံးဝရှောင်ခိုင်းရတော့မှာပါ..။
သင့်ကလေးမှာ အာဟာရဓာတ်ကို တခြားနည်းနဲ့ပြည့်ဝနေပါစေ
ကယ်လ်ဆီယမ် ဓာတ်ကို အစိမ်းရောင်အသီးအရွက်တွေ.. အသီးဖျော်ရည်တွေ..ပဲနို့..တို့ဟူး.. ပန်းပွင့်စိမ်း စတာတွေကနေ ရနိုင်လို့ မကြာခဏကျွေးပေးပါ..။ ဗီတာမင် အေ ဒီ နဲ့ သွပ်ဓာတ်တွေလဲ အလုံအလောက်ရနေဖို့လိုပါတယ်..။ ယနေ့ခေတ်မှာတော့ လက်တို့စ်ဓာတ်မပါဝင်တဲ့ နို့မှူန့်နဲ့ နို့ထွက်ပစ္စည်းတွေအလွယ်တကူ ဝယ်လို့ရနိုင်နေပြီဖြစ်ပါတယ်..။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဗီတာမင်အားဆေးတွေသောက်နိုင်ပါတယ်..။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Ref https://www.babycenter.com/0_lactose-intolerance-in-babies_1201464.bc
ကေလးငယ္မ်ားတြင္ လက္တို႕စ္ဓာတ္မေခ်ဖ်က္နိုင္သည့္ေရာဂါ
ခႏၶာကိုယ္မွာ အစာေခ်ဖ်က္ဖို႕ လိုအပ္တဲ႕ အင္ဇိုင္းဓာတ္ေတြအမ်ိဴးမ်ိဴးရွိပါတယ္..။ ႏြားနို႕နဲ႕ နို႕ထြက္ပစၥည္းေတြထဲမွာပါတဲ႕ လက္တို႕စ္ဆိုတဲ႕ အခ်ိဴဓာတ္ကိုေခ်ဖ်က္ဖို႕ lactase ဆိုတဲ႕ အင္ဇိုင္းဓာတ္လိုပါတယ္…။ အဲဒီအင္ဇိုင္းဓာတ္ခ်ိဴ႕တဲ႕ရင္ မေခ်ဖ်က္နိုင္တဲ႕ လက္တို႕စ္ဓာတ္ေတြဟာ အစာအိမ္နဲ႕အူလမ္းေၾကာင္းမွာသြားျပီး စုပံုေနတတ္ပါတယ္..။ အသက္အႏၱရာယ္ေတာ့မရွိေပမယ့္ ေနရထိုင္ရမသက္သာတဲ႕ေ၀ဒနာေတြကို ေပးပါတယ္..။
ဘယ္လိုကေလးငယ္ေတြမွာအျဖစ္မ်ားလဲ
လမေစ့ဘဲေမြးတဲ႕ကေလးငယ္ေတြ လက္ေတ့စ္အင္ဇိုင္းဓာတ္မထုတ္နိုင္တဲ႕ မ်ိဴးရိုးဗီဇရွိသူေတြမွာ အျဖစ္မ်ားပါတယ္..။
ေရာဂါလကၡဏာေတြက ဘာေတြလဲ
၀မ္းသြားျခင္း ။ေလပြျခင္း။ဗိုက္ေအာင့္ျခင္း စတဲ႕လကၡဏာေတြ သင့္ကေလးငယ္ နို႕စို႕ျပီး ဒါမွမဟုတ္ ဒိန္ခ်ဥ္လို ႏြားနို႕လို နို႕ထြက္ပစၥည္းေတြစားသံုးျပီး နွစ္နာရီေလာက္အၾကာမွာ ျဖစ္တတ္တယ္ဆိုရင္ သင့္ကေလးမွာ လက္တို႕စ္မေခ်ဖ်က္နိုင္တဲ႕ေရာဂါ ရွိေနသလားလို႕ သံသယရွိစရာေကာင္းပါတယ္..။
လက္တို႕စ္ဓာတ္ မေခ်ဖ်က္နိုင္တဲ႕ေရာဂါ ရွိမရွိဘယ္လိုသိနိုင္မလဲ
သင့္ကေလးမွာ ဒီေရာဂါမ်ားျဖစ္ေနသလားလို႕ သံသယရွိတယ္ဆိုရင္ ဆရာ၀န္နဲ႕ ျပသတိုင္ပင္ပါ..။ ဆရာ၀န္က သင့္ကေလးရဲ႕ ေရာဂါလကၡဏာေတြကို ေသခ်ာေမးပါလိမ့္မယ္..။ အဲဒီေနာက္ လက္တို႕စ္ ဓာတ္ပါတဲ႕ အစားအစာေတြကို ရက္သတၱပတ္အနည္းငယ္ၾကာ မတိုက္ေက်ြးဖို႕ အၾကံေပးပါလိမ့္မယ္..။ အဲဒီအခ်ိန္ေတြမွာ ေရာဂါလကၡဏာေတြေပ်ာက္သြားသလားဆိုတာ ေစာင့္ၾကည့္ခိုင္းပါလိမ့္မယ္..။
လက္တို႕စ္ဓာတ္မေခ်ဖ်က္နိုင္တဲ႕ေရာဂါကို ကာကြယ္ကုသလို႕ရလား
ကာကြယ္လို႕မရသလို အျပီးျပတ္ေပ်ာက္ေအာင္ ကုသလို႕လဲမရပါဘူး..။ ဒါေပမယ့္ သင့္ကေလးငယ္မွာ ဒီေရာဂါရွိေနျပီဆိုရင္ အကူအညီေထာက္ပံ့ေပးနိုင္မယ့္ နည္းလမ္းေတြေတာ့ ရွိပါတယ္..။
အနီေရာင္အမွတ္အသားမွတ္ထားပါ
လက္တို႕စ္ဓာတ္ပါ၀င္တဲ႕ အစားအစာေတြရဲ႕ ဘူးခြံေတြမွာ အနီေရာင္အမွတ္အသားမွတ္ထားပါ..။ နို႕နဲ႕နို႕ထြက္ပစၥည္းေတြ.. ကြတ္ကီး.. ေကြကာအုတ္.. ေထာပတ္..ဒိန္ခဲ စတဲ႕အစားအေသာက္ေတြမွာ လက္တို႕စ္ဓာတ္ပါ၀င္ပါတယ္..။
သင့္ကေလးရဲ႕တုန့္ျပန္ပံုကိုၾကည့္ပါ
ဒီေရာဂါရွိတာခ်င္းတူရင္ေတာင္ ေရာဂါျပင္းထန္မွူ အတိုင္းအဆက တစ္ေယာက္နဲ႕တစ္ေယာက္မတူတတ္ပါဘူး…။ တခ်ိဳ႕ေလးငယ္ေတြက လက္တို႕စ္ဓာတ္ အေတာ္မ်ားမ်ား၀င္မွ လကၡဏာျပေပမယ့္ တခ်ိဴ႕ကေလးငယ္ေတြမွာေတာ့ နည္းနည္းကေလးစားေသာက္မိရံုနဲ႕တင္ လကၡဏာ ဆိုးဆိုး၀ါး၀ါးခံစားရတတ္ပါတယ္..။ သင့္ကေလးက လက္တို႕စ္ဓာတ္ကို လံုးလံုးမခံနိုင္ဘူးဆိုရင္ေတာ့ လက္တို႕စ္ဓာတ္ပါတဲ႕အစားအစာေတြကို လံုး၀ေရွာင္ခိုင္းရေတာ့မွာပါ..။
သင့္ကေလးမွာ အာဟာရဓာတ္ကို တျခားနည္းနဲ႕ျပည့္၀ေနပါေစ
ကယ္လ္ဆီယမ္ ဓာတ္ကို အစိမ္းေရာင္အသီးအရြက္ေတြ.. အသီးေဖ်ာ္ရည္ေတြ..ပဲနို႕..တို႕ဟူး.. ပန္းပြင့္စိမ္း စတာေတြကေန ရနိုင္လို႕ မၾကာခဏေက်ြးေပးပါ..။ ဗီတာမင္ ေအ ဒီ နဲ႕ သြပ္ဓာတ္ေတြလဲ အလံုအေလာက္ရေနဖို႕လိုပါတယ္..။ ယေန႕ေခတ္မွာေတာ့ လက္တို႕စ္ဓာတ္မပါ၀င္တဲ႕ နို႕မွူန့္နဲ႕ နို႕ထြက္ပစၥည္းေတြအလြယ္တကူ ၀ယ္လို႕ရနိုင္ေနျပီျဖစ္ပါတယ္..။ လိုအပ္ရင္ ဆရာ၀န္နဲ႕ ျပသတိုင္ပင္ျပီး ဗီတာမင္အားေဆးေတြေသာက္နိုင္ပါတယ္..။
ေမတၱာျဖင့္
ေဒါက္တာ စိမ္းမိုးစက္
Ref https://www.babycenter.com/0_lactose-intolerance-in-babies_1201464.bc