မိခင်နို့တိုက်ရင်း သားဆက်ခြားကြမယ်

ကိုယ်ဝန်ဆောင်ဘဝကနေ မီးဖွားသန့်စင်သောအမှု အောင်မြင်စွာပြီးမြောက်သွားတဲ့အခါမှာ မျိုးဥကြွေခြင်းဟာလည်း သဘာဝအလျောက် ခဏတာရပ်နားသွားပါတယ်။ အကယ်၍သာ မီးဖွားပြီးစမိခင်တစ်ဦးဟာ သားသမီးကို စနစ်ကျကျမိခင်နို့ရည် တိုက်သွားမယ်ဆိုရင် မိခင်ခန္ဓာကိုယ်ရဲ့သဘာဝအလျောက် သားဆက်ခြားနိုင်ခြင်း (Lactational Amenorrhoea Method – LAM) အကျိုးကျေးဇူးကိုရရှိမှာပဲဖြစ်ပါတယ်။

ဒီ LAM နည်းကိုအသုံးပြုပြီး မိခင်အယောက် ၁၀၀ မှာ ၉၈ယောက်ဟာ အနည်းဆုံးခြောက်လအထိ အခြားသားဆက်ခြားနည်းတွေမလိုအပ်ဘဲ အောင်အောင်မြင်မြင် သားဆက်ခြားနိုင်တာကိုတွေ့ရပါတယ်။ ဒါဟာ ကလေးကိုနို့တိုက်တဲ့အခါမှာ မိခင်ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပေါ်လာပြီးမျိုးဥကြွေခြင်းကိုဟန့်တားပေးလိုက်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် Lactational amenorrhoea method. LAM အောင်မြင်ဖို့အတွက် မိခင်နို့ကို ပမာဏတစ်ခုအထိရအောင်တိုက်ပေးရင်း နည်းစနစ်ကျကျလိုက်နာဖို့တော့လိုအပ်ပါတယ်။

လိုက်နာရမယ့်အချက်တွေကတော့

– ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပါမယ်။

– မိခင်နို့ကို နေ့ဘက်မှာ အနည်းဆုံးလေးနာရီခြားတစ်ကြိမ်၊ ညဘက်မှာအနည်းဆုံး ခြောက်နာရီခြားတစ်ကြိမ် ခဏခဏ တိုက်ပေးရပါမယ်။

– ကလေးမွေးပြီး ၅၆ရက်အတွင်းမှာ ရာသီသွေးထပ်မဆင်းသော အမျိုးသမီးဖြစ်ရပါမယ်။

– ကလေးကိုအနေအထားမှန်မှန်နို့တိုက်ပေးခြင်းဖြစ်ရပါမယ်။ နို့တိုက်တဲ့အခါမှာ ကလေးရဲ့မျက်နှာဟာ မိခင်နို့အုံနဲ့ပိနေခြင်း၊ နှာခေါင်းပိနေခြင်းတို့ဖြစ်မနေသင့်ပါ။

အထက်ပါနည်းလမ်းများကိုလိုက်နာပြီး မိခင်နို့ရည်တိုက်ကျွေးခြင်းအားဖြင့် သဘာဝကျကျသားဆက်ခြားခြင်းအကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်လို့ တင်ပြရင်း။

မေတ္တာဖြင့်

စိုင်းမြတ်သူ

မိခင္ႏို႔တိုက္ရင္း သားဆက္ျခားၾကမယ္

ကိုယ္ဝန္ေဆာင္ဘဝကေန မီးဖြားသန္႔စင္ေသာအမႈ ေအာင္ျမင္စြာၿပီးေျမာက္သြားတဲ့အခါမွာ မ်ိဳးဥေႂကြျခင္းဟာလည္း သဘာဝအေလ်ာက္ ခဏတာရပ္နားသြားပါတယ္။ အကယ္၍သာ မီးဖြားၿပီးစမိခင္တစ္ဦးဟာ သားသမီးကို စနစ္က်က်မိခင္ႏို႔ရည္ တိုက္သြားမယ္ဆိုရင္ မိခင္ခႏၶာကိုယ္ရဲ႕သဘာဝအေလ်ာက္ သားဆက္ျခားႏိုင္ျခင္း (Lactational Amenorrhoea Method - LAM) အက်ိဳးေက်းဇူးကိုရ႐ွိမွာပဲျဖစ္ပါတယ္။

ဒီ LAM နည္းကိုအသံုးျပဳၿပီး မိခင္အေယာက္ ၁၀၀ မွာ ၉၈ေယာက္ဟာ အနည္းဆံုးေျခာက္လအထိ အျခားသားဆက္ျခားနည္းေတြမလိုအပ္ဘဲ ေအာင္ေအာင္ျမင္ျမင္ သားဆက္ျခားႏိုင္တာကိုေတြ႔ရပါတယ္။ ဒါဟာ ကေလးကိုႏို႔တိုက္တဲ့အခါမွာ မိခင္ကိုယ္တြင္းမွာ ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္ေပၚလာၿပီးမ်ိဳးဥေႂကြျခင္းကိုဟန္႔တားေပးလိုက္ျခင္းေၾကာင့္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ Lactational amenorrhoea method. LAM ေအာင္ျမင္ဖို႔အတြက္ မိခင္ႏို႔ကို ပမာဏတစ္ခုအထိရေအာင္တိုက္ေပးရင္း နည္းစနစ္က်က်လိုက္နာဖို႔ေတာ့လိုအပ္ပါတယ္။

လိုက္နာရမယ့္အခ်က္ေတြကေတာ့

- ကေလးအသက္ေျခာက္လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာ တိုက္ေကြၽးရပါမယ္။

- မိခင္ႏို႔ကို ေန႔ဘက္မွာ အနည္းဆံုးေလးနာရီျခားတစ္ႀကိမ္၊ ညဘက္မွာအနည္းဆံုး ေျခာက္နာရီျခားတစ္ႀကိမ္ ခဏခဏ တိုက္ေပးရပါမယ္။

- ကေလးေမြးၿပီး ၅၆ရက္အတြင္းမွာ ရာသီေသြးထပ္မဆင္းေသာ အမ်ိဳးသမီးျဖစ္ရပါမယ္။

- ကေလးကိုအေနအထားမွန္မွန္ႏို႔တိုက္ေပးျခင္းျဖစ္ရပါမယ္။ ႏို႔တိုက္တဲ့အခါမွာ ကေလးရဲ႕မ်က္ႏွာဟာ မိခင္ႏို႔အံုနဲ႔ပိေနျခင္း၊ ႏွာေခါင္းပိေနျခင္းတို႔ျဖစ္မေနသင့္ပါ။

အထက္ပါနည္းလမ္းမ်ားကိုလိုက္နာၿပီး မိခင္ႏို႔ရည္တိုက္ေကြၽးျခင္းအားျဖင့္ သဘာဝက်က်သားဆက္ျခားျခင္းအက်ိဳးေက်းဇူးမ်ားကိုရ႐ွိမွာျဖစ္ပါတယ္လို႔ တင္ျပရင္း။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *