” မွေးဖွားစဉ်ခါနာကျင်မှုအကြောင်း သိကောင်းစရာ “
မိခင်လောင်းများအနေနဲ့ သဘာဝအတိုင်းမွေးဖွားတဲ့အခါ Labour pain လို့ခေါ်တဲ့ မီးဖွားချိန်နာကျင်မှုကိုဖြတ်ကျော်ရပါတယ်။ ဒါဟာ ကလေးငယ်လေးတစ်ယောက် လူ့လောကထဲရောက်လာဖို့အတွက် မိခင်ရဲ့သားအိမ်နဲ့မိန်းမကိုယ်ရှိကြွက်သားများက ညှစ်ထုတ်ပေးရတဲ့အတွက်ရရှိတဲ့နာကျင်မှုပဲဖြစ်ပါတယ်။ ဒီလိုနာကျင်မှုကို တတ်နိုင်သမျှလျှော့ချနိုင်စေမယ့်နည်းလမ်းလေးတွေကိုတင်ပြလိုက်ပါတယ်။
- ၁။ မွေးဖွားခါနီးအချိန်တွင် စိတ်ချယုံကြည်ရသော မီးဖွားရာနေရာသို့ အရောက်သွားပါ။ ဒါဟာကိုယ့်ရဲ့မသိစိတ်မှစိတ်ပူပင်နေမှုကို အနည်းနဲ့အများလျော့ကျစေမှာပါ။
- ၂။ မီးဖွားခြင်းနှင့်ပတ်သက်ပြီး လေ့လာမှတ်ရှုဖတ်သားပါ။ ဒါဟာသင့်ကိုယ်သင် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတစ်ရပ်ဖြစ်စေပြီး ကြုံတွေ့ရမယ့်နာကျင်မှုကို မြော်လင့်ပြီးသားဖြစ်နေတဲ့အတွက် ရဲဝံ့စွာရင်ဆိုင်နိုင်စေမှာပါ။.
- ၃။ မိမိစိတ်ပူသောအရာများကို တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်ပါ။ စိတ်ပူနေသောအရာများကို နားလည်သည်အထိသင်ယူပါ။
- ၄။ အသက်ရှူလေ့ကျင့်ခန်းကိုလေ့လာပါ။ မီးဖွားစဉ်မှာ အသက်မှန်မှန်ရှူရင်း ညှစ်နိုင်ဖို့ကအရေးကြီးတဲ့အတွက် ကြိုတင်လေ့လာထားသင့်ပါတယ်။
- ၅။ မီးဖွားနေစဉ် စိတ်အေးငြိမ်းပြီးခွန်အားဖြစ်စေမည့် အတွေး၊ လူပုဂ္ဂိုလ်များ၊ အရာဝတ္ထုများကိုစဉ်းစားပါ။ မိမိ၏ကလေးကိုပုံဖော်မှန်းဆခြင်း၊ မိမိအမျိုးသားကိုကြည့်ကာအားအင်ယူခြင်း၊ ကလေးငယ်အတွက်အသုံးအဆောင်ပစ္စည်းလေးများကြိုတင်ဝယ်ယူထားမှုကိုတွေးခြင်း စသည်တို့နှင့်အားဖြည့်ပါ။
- ၆။ ပုံမှန်တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ပေးပါ။ ပင်ပန်းအားစိုက်ရခြင်းနည်းပါးသောလေ့ကျင့်ခန်းများ၊ တစ်နေ့တာဝေယျာဝစ္စဆောင်တာလေးများ လုပ်ပေးခြင်းကကိုယ်ဂန်ဆောင်စဉ် သင့်ကိုကျန်းမာစေမှာပါ။
- ၇။ မွေးဖွားစဉ်မှာ စိတ်မလှုပ်ရှားဘဲ ငါအောင်မြင်စွာမွေးဖွားနိုင်ရမည်ဆိုတဲ့ စိတ်ကိုသွင်းပါ။ ဒါဟာသင့်ရဲ့စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်လွှားနိုင်စေတဲ့အချက်တစ်ခုပါ။
မိခင်လောင်းများ အခက်အခဲမရှိ သားသမီးငယ်များ မွေးဖွားနိုင်ကြပါစေ။
မေတ္တာဖြင့်
စိုင်းမြတ်သူ
” ေမြးဖြားစဥ္ခါနာက်င္မႈအေၾကာင္း သိေကာင္းစရာ “
မိခင္ေလာင္းမ်ားအေနနဲ႔ သဘာဝအတိုင္းေမြးဖြားတဲ့အခါ Labour pain လို႔ေခၚတဲ့ မီးဖြားခ်ိန္နာက်င္မႈကိုျဖတ္ေက်ာ္ရပါတယ္။ ဒါဟာ ကေလးငယ္ေလးတစ္ေယာက္ လူ႔ေလာကထဲေရာက္လာဖို႔အတြက္ မိခင္ရဲ႕သားအိမ္နဲ႔မိန္းမကိုယ္႐ွိႂကြက္သားမ်ားက ညႇစ္ထုတ္ေပးရတဲ့အတြက္ရ႐ွိတဲ့နာက်င္မႈပဲျဖစ္ပါတယ္။ ဒီလိုနာက်င္မႈကို တတ္ႏိုင္သမ်ွေလ်ွာ့ခ်ႏိုင္ေစမယ့္နည္းလမ္းေလးေတြကိုတင္ျပလိုက္ပါတယ္။
- ၁။ ေမြးဖြားခါနီးအခ်ိန္တြင္ စိတ္ခ်ယံုၾကည္ရေသာ မီးဖြားရာေနရာသို႔ အေရာက္သြားပါ။ ဒါဟာကိုယ့္ရဲ႕မသိစိတ္မွစိတ္ပူပင္ေနမႈကို အနည္းနဲ႔အမ်ားေလ်ာ့က်ေစမွာပါ။
- ၂။ မီးဖြားျခင္းႏွင့္ပတ္သက္ၿပီး ေလ့လာမွတ္႐ႈဖတ္သားပါ။ ဒါဟာသင့္ကိုယ္သင္ အေကာင္းဆံုးႀကိဳတင္ျပင္ဆင္မႈတစ္ရပ္ျဖစ္ေစၿပီး ၾကံဳေတြ႔ရမယ့္နာက်င္မႈကို ေျမာ္လင့္ၿပီးသားျဖစ္ေနတဲ့အတြက္ ရဲဝံ့စြာရင္ဆိုင္ႏိုင္ေစမွာပါ။.
- ၃။ မိမိစိတ္ပူေသာအရာမ်ားကို တတ္ကြၽမ္းနားလည္ေသာ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္တိုင္ပင္ပါ။ စိတ္ပူေနေသာအရာမ်ားကို နားလည္သည္အထိသင္ယူပါ။
- ၄။ အသက္႐ွဴေလ့က်င့္ခန္းကိုေလ့လာပါ။ မီးဖြားစဥ္မွာ အသက္မွန္မွန္႐ွဴရင္း ညႇစ္ႏိုင္ဖို႔ကအေရးႀကီးတဲ့အတြက္ ႀကိဳတင္ေလ့လာထားသင့္ပါတယ္။
- ၅။ မီးဖြားေနစဥ္ စိတ္ေအးၿငိမ္းျပီးခြန္အားျဖစ္ေစမည့္ အေတြး၊ လူပုဂၢိဳလ္မ်ား၊ အရာဝတၳဳမ်ားကိုစဥ္းစားပါ။ မိမိ၏ကေလးကိုပံုေဖာ္မွန္းဆျခင္း၊ မိမိအမ်ိဳးသားကိုၾကည့္ကာအားအင္ယူျခင္း၊ ကေလးငယ္အတြက္အသံုးအေဆာင္ပစၥည္းေလးမ်ားႀကိဳတင္ဝယ္ယူထားမႈကိုေတြးျခင္း စသည္တို႔ႏွင့္အားျဖည့္ပါ။
- ၆။ ပံုမွန္တစ္ေန႔တာ ကုိယ္လက္လႈပ္႐ွားမႈကိုျပဳလုပ္ေပးပါ။ ပင္ပန္းအားစိုက္ရျခင္းနည္းပါးေသာေလ့က်င့္ခန္းမ်ား၊ တစ္ေန႔တာေဝယ်ာဝစၥေဆာင္တာေလးမ်ား လုပ္ေပးျခင္းကကိုယ္ဂန္ေဆာင္စဥ္ သင့္ကိုက်န္းမာေစမွာပါ။
- ၇။ ေမြးဖြားစဥ္မွာ စိတ္မလႈပ္႐ွားဘဲ ငါေအာင္ျမင္စြာေမြးဖြားႏိုင္ရမည္ဆိုတဲ့ စိတ္ကိုသြင္းပါ။ ဒါဟာသင့္ရဲ႕စိတ္ဖိစီးမႈကို အေကာင္းဆံုးေက်ာ္လႊားႏိုင္ေစတဲ့အခ်က္တစ္ခုပါ။
မိခင္ေလာင္းမ်ား အခက္အခဲမ႐ွိ သားသမီးငယ္မ်ား ေမြးဖြားႏိုင္ၾကပါေစ။
ေမတၱာျဖင့္
စိုင္းျမတ္သူ