ပါဝင်သောဆေး-Al and Mg hydroxide, simethicone
ဆေးပုံစံ-ဆေးပြားပုံစံ
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ် အနာရောဂါလက္ခဏာများ သက်သာစေရန်၊ အစာအိမ် အက်ဆစ်အထွက်များခြင်း၊ အစာအိမ်နှင့် အစာမျိုပြွန်ရောင်ခြင်း၊ အူရောင်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ ခွဲစိတ်ပြီး ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ အရက်နာကျသူများ၊ အူမကြီးပြဿနာများ ။
သုံးစွဲရန်အညွှန်း- ၁-၄ ပြား တစ်နေ့ ၃-၄ ကြိမ်။ သို့ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲရန်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီး သောက်ရန်။ ၀ါးစားပါ။
လုံးဝအသုံးမပြုသင့်သူများ-မျက်စိရေတိမ်ရှိသူများ၊ အူမလှုပ်သောအခြေအနေများ၊ အစာအိမ်အထွက်ဝ ကျဉ်းနေသူများ။
သတိပြုရမည့်အချက်များ-နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ နှလုံးဖောက်ပြန်ပျက်စီးနေသူများ၊ ဆီးကျိတ်ကြီးနေသူများ သတိပြုသုံးစွဲပါ။ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ tetracycline ဆေးနှင့်တွဲမသောက်သင့်ပါ။
ဘေးထွက်ဆိုးကျိုး- ၀မ်းချုပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဆေးပမာဏများစွာသောက်သုံးမိပါက အူပိတ်တတ်ခြင်း၊ ၀မ်းလျောခြင်း၊ ကျောက်ကပ်မကောင်းသူများတွင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း၊ ဆီးကျဉ်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အချို့သော ပိုးသတ်ဆေးများ၏ စုပ်ယူမှုကိုကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)