ပါဝင်သောဆေး-Al and Mg hydroxide, activated polymethylsiloxane
ဆေးပုံစံ-ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ် အနာရောဂါလက္ခဏာများ သက်သာစေရန်၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ အစာအိမ် အက်ဆစ်အထွက်များခြင်း။
သုံးစွဲရန်အညွှန်း- လူကြီး ၁-၂ထုပ်၊ ကလေး ၁/၂-၁ ထုပ် သို့ လိုအပ်သလိုသုံးစွဲရန်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီး သောက်ရန်။
လုံးဝအသုံးမပြုသင့်သူများ-အစာအိမ် အက်ဆစ်အထွက်နည်းသူများ။
သတိပြုရမည့်အချက်များ-ကျောက်ကပ်မကောင်းသူများ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ ၂ပတ်ထက် ပို၍ မသုံးစွဲရ။ ၆နှစ်အောက် ကလေးများ အသုံးမပြုသင့်ပါ။
ဘေးထွက်ဆိုးကျိုး-ကြာရှည်စွာ သုံးစွဲပါက ကျောက်ကပ် ကျောက်တည်ခြင်းများ ဖြစ်တတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)