Cervical ring ဆိုတဲ့ပစ္စည်းကတော့ combined oral contraceptive နဲ့ အာနိသင်ခြင်းတူပါတယ်။ ကွဲပြားတာတစ်ခုကတော့ ပါးစပ်ကသောက်ရတာမဟုတ်ပဲ မိန်းမကိုယ်ထဲထည့်ထားရတာမျိုးပါ။ diaphragm,cervical cap တို့လို သားအိမ်အဝမှာထားမှရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပဲ မိန်းမကိုယ်ထဲမှာထည့်ထားလိုက်ရင် က်ုယ်ဝန်ရခြင်းကို ကာကွယ်နိုင်မှာပါ။ အလုပ်လုပ်ပုံခြင်းကတော့ combine oral…
မျိုးဆက်ခြားတဲ့နည်းလမ်းများစွာထဲမှာ cervical cap ဆိုတဲ့ပစ္စည်းတစ်ခုလည်းပါဝင်ပါတယ်။ နာမည်မှာပါတဲ့အတိုင်းမိန်းမကိုယ်ကနေတစ်ဆင့် သားအိမ်ခေါင်းမှာသွားပြီးထည့်ထားရပါတယ်။ diaphragm,condom တို့လိုပဲ သုက်ပိုးတွေဝင်ရောက်ခြင်းကနေကာကွယ်ပြီး ကိုယ်ဝန်ရတာကို ကာကွယ်တာဖြစ်ပါတယ်။ barrier method လို့ခေါ်တဲ့ အတားအဆီးနဲ့ ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ cervical capကို spermicide နဲ့တွဲဖက်ပြီးအသုံးပြုမှသာ…
Diaphragmဆိုတဲ့ ကိုယ်ဝန်တားပစ္စည်းကလည်း ကိုယ်ဝန်ကိုတားဆီးရာမှာ အသုံးဝင်တဲ့နည်းဖြစ်ပါတယ်။ diaphragm ဆိုတဲ့ဝေါဟာရဟာ ခန္ဓာဗေဒမှာတော့ ရင်ဝမ်းခြားကြွက်သားလို့ခေါ်ပါတယ်။ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုပိုင်းခြားထားပေးတယ့် ကြွက်သားနစ်ခုဖြစ်ပါတ၌။ diaphragm contraceptiveကလည်း အလားတူကာရံပေးထားနိုင်တဲ့အစွမ်းရှိပါတယ်။ နားလည်လွယ်အောင်ပြောရရင်တော့ အမျိုးသမီးcondomလို့ ခပ်လွယ်လွယ်သဘောပေါက်နိုင်ပါတယ်။ အမျိုးသားရဲ့သုက်ပိုးတွေကို အမျိုးသမီးရဲ့သားအိမ်ထဲမဝင်နိုင်အောင် ကာရံတားဆီးပေးထားနိုင်ပါတယ်။ အဲဒီလိုကာရံထားလိုက်ရင် သုက်ပိုးတွေက…
Condomဆိုတာကတော့ အထူးအထွေရှင်းပြစရာမလိုတော့လောက်အောင် ရင်းနှီးနေနိုင်တဲ့ ကိုယ်ဝန်တားတဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ဆေးသောက်နေဖို့မလိုသလို ဆေးထိုးဖို့လည်းမလိုပါဘူး။ သားအိမ်ထဲမှာလည်း ထည့်ထားစရာမလိုသလို ဟော်မုန်းတွေမပါတဲ့အတွက်လည်းဟော်မုန်းတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမရှိပါဘူး။ အတူနေခါနီးမှာ အမျိုးသား သို့မဟုတ် အမျိုးသမီးက Condom သုံးထားရင် စိတ်ချရပြီလို့ဆိုနိုင်ပါတယ်။ Condom ရဲ့အားသာချက်တစ်ခုကျတာ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။…
ကိုယ်ဝန်တားတဲ့နည်းလမ်တွေမှာ အရင်ခေတ်ကထိုးဆေးသောက်ဆေးတွေရှိပါတယ်။ သုံးစွဲရာမှာလည်း ရွေးချယ်စရာများများမရှိတဲ့အပြင် ရှိတဲ့ရွေးချယ်စရာကို သုံးစွဲရင်လည်းအသုံးပြုနည်းမှားတာ၊ သေချာမသုံးတတ်တာစတာတွေကြောင့် ကိုယ်ဝန်ရသွားတတ်ပါတယ်။ နောက်ပိုင်းမှာတော့ IUCD, implant စတာတွေပေါ်လာလို့သုံးစွဲရတာလွယ်ကူလာတဲ့အပြင် ကိုယ်ဝန်လည်းထိထိရောက်ရောက်ဟန့်တားလာနိုင်ပါတယ်။ contraceptive patch ဆိုတာလည်း နောက်ပိုင်းပေါ်ပေါက်လာတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး အစွမ်းလည်းထက်ပါတယ်။ သူ့ရဲ့အစွမ်းကလည်း ကိုယ်ဝန်ရနိုင်ခြေကို 99%ကျော်ကာကွယ်ပေးနိုင်တာကြောင့် တော်တော်အစွမ်းထက်တယ်လို့ပဲသတ်မှတ်ရမှာပါ။…
ကိုယ်ဝန်မရအောင်တားတယ်ဆိုတာ လွယ်မလိုလိုနဲ့ ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဘယ်နည်းလမ်းသုံးသုံးအားသာချက်၊ အားနည်းချက်တွေကတော့ ကိုယ်စီရှိကြပါတယ်။ မိမိနဲ့အဆင်ပြေတဲ့နည်းတွေနဲ့ပဲ ကာကွယ်ကြရပါတယ်။ဆေးသောက်ဆေးထိုးရတာရှိသလို IUCDလို implant လိုနည်းလမ်းတွေလည်းရှိပါတယ်။ Implant ဆိုတာကလည်း ထိရောက်တဲ့ ကိုယ်ဝန်တားနည်းတစ်မျိုးပါပဲ။ အရွယ်အစားကလည်း သေးငယ်ပြီး အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ လက်မောင်းကအရေပြားအောက်မှာထည့်ထားလိုက်ရုံမို့လို့ ဆေးပုံမှန်သောက်ဖို့မလိုတော့သလို နောက်ထပ်အကာအကွယ်သုးံဖို့လည်းမလိုတော့ပါဘူး။…
ကိုယ်ဝန်တားတဲ့နည်းလမ်းများစွာရှိတဲ့အထဲမှာမှ မိမိနှစ်သက်ရာ၊ အဆင်ပြေရာနည်းလမ်းတွေကို ရွေးချယ်အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုးဆေး၊ သောက်ဆေးစသဖြင့် မျိုးစုံရှိတဲ့အထဲမှာ သူ့နည်းနဲ့သူအားသာချက်၊ အားနည်းချက်တွေရှိကြပါတယ်။ ဆေးပုံမှန်သောက်ရတာ၊ အချိန်မှန်သောက်ရတာ၊ အပြည့်အဝကာကွယ်မှုမပေးနိုင်တာစတဲ့အားနည်းချက်တွေလည်း အမျိုးမျိုးရှိကြပါတယ်။ အဆိုပါနည်းလမ်းတွေထဲကမှ IUCD ဟာလည်းအသုံးများတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ IUCD ဆိုတာ intrauterine contraceptive device…
ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးယူခြင်းဟာ အိမ်ထောင်သည်အများစု စဉ်းစားထားတဲ့အကြောင်းအရာဖြစ်သလိုအရေးကြီးတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ မိမိတို့အစီအစဉ်တွေ၊ အနာဂတ်စီမံကိန်းတွေကို စနစ်တကျစဉ်းစားပြီး ကလေးယူဖို့စီစဉ်တတ်ကြပါတယ်။ ကိုယ်ဝန်ရှိတာကိုတားဆီးနိုင်ဖို့နည်းလမ်းတွေလည်းသုံးလာကြပါတယ်။ ဆေးသောက်တာ အကာအကွယ်သုံးတာတွေလည်းရှိပါတယ်။ နည်းလမ်းအကုန်လုံးကတော့ ကိုယ်ဝန်ကိုတားဆီးရာမှာအင်မတန်ထိရောက်ကြပါတယ်။ 100%နီးပါးကာကွယ်ပေးနိုင်ကြပါတယ်။ ဒါပေမယ့်အဆိုပါနည်းလမ်းတွေက အမှားအယွင်းတွေရှိလာတာ၊ အာနိသင်လျော့နည်းတာတွေရှိလာတဲ့အခါ မရည်ရွယ်ပဲရတဲ့ကိုယ်ဝန်တွေကိုကာကွယ်ဖို့အတွက် emergency contraceptives pills တွေက…
ကိုယ်ဝန်တားဆေးတွေထဲမှာ နောက်ထပ်အသုံးများတဲ့ဆေးတစ်မျိုးကတော့ progesterone only pill (POP) ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလည်း အလွယ်တကူရနိုင်ပြီး သောက်ရတာလည်းလွယ်ကူတာမို့ အသုးံလည်းများကြပါတယ်။ COC နဲ့ကွာခြားတာကတော့ oestrogen မပါပဲ progesteroneတစ်မျိုးပဲပါဝင်တာဖြစ်ပါတယ်။ ကိုယ်ဝန်ကို ဘယ်လိုကာကွယ်လည်းဆိုရင်တော့ progesteroneအနည်းအများအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ မျိုးဥကြွေတာကို လုံးဝပိတ်ပင်လိုက်တာ၊…
ကိုယ်ဝန်တားဆေးတစ်မျိုးဖြစ်တဲ့ combined oral contraceptive pillမှာ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ oestrogenနဲ့progesterone တို့ပါဝင်ပါတယ်။ ကိုယ်ဝန်မရအောင်တားရာမှာလည်း 99%လောက်ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ သောက်ရတာလည်းလွယ်ကူပြီး အကုန်အကျလည်းသက်သာတာမို့ အသုံးများကြပါတယ်။ ကိုယ်ဝန်မရအောင်ကာကွယ်ပုံကတော့ သားအိမ်မှာရှိတဲ့အချွဲတွေကိုပိုမိုထူထဲလာအောင်လုပ်ဆောင်ပေးပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အမျိုးသားဆီကသုက်ပိုးဟာ သားအိမ်ထဲရောက်လာရင် အမျိုးသမီးရဲ့သားဥနဲ့မတွေ့အောင်တားဆီးထားသလိုဖြစ်ပြီး မျိုးအောင်ခြင်းကိုကာကွယ်ပါတယ်။ မတော်တဆမျိုးအောင်ခဲ့ရင်လည်း…